အသက္ ( ၅ ) ႏွစ္အရြယ္သာရွိေသးတဲ့ ကမာၻ့အသက္အငယ္ဆုံးမိခင္


ကမာၻ့အသက္အငယ္ဆုံးမိခင္ျဖစ္တဲ့ လီနာမယ္ဒီနာကို ၁၉၃၃ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္မွာေမြးဖြားခဲ့ပါတယ္။ ပီ႐ူးလူမ်ိဳးတစ္ေယာက္ျဖစ္ပီး အသက္ ၅ ႏွစ္အရြယ္မွာ ကေလးေမြးဖြားခဲ့တဲ့မိခင္အျဖစ္ေဆးပညာေလာကမွာအသိအမွတ္ျပဳခံထားရပါတယ္။ သူမဟာပီ႐ူးၿမိဳ႕၊ လီမာမွာေနထိုင္ပါတယ္။ သူမမိဘေတြဟာသူမဗိုက္ထဲမွာအႀကိတ္ရွိေနတယ္ထင္ပီး သူမကိုဆရာဝန္ေတြဆီေခၚသြားခဲ့ပါတယ္။ ဆရာဝန္ေတြကသူမကိုၾကည့္ပီးစမ္းသပ္ပီးတဲ့အခါမွာေတာ့ သူမဟာ ၇ လအရြယ္ကိုယ္ဝန္လြယ္ထားရတာကိုသိရွိခဲ့ရပါတယ္။

လီနာ့အေဖကို ကေလးသူငယ္မုဒိမ္းက်င့္မႈနဲ႔ဖမ္းဆီးခဲ့ေပမဲ့ သက္ေသမရွိတဲ့အတြက္ခဏအၾကာမွာျပန္လႊတ္ေပးခဲ့ရပါတယ္။ လီနာ့ကိုကိုယ္ဝန္ရေစခဲ့တဲ့ အေဖရင္းျဖစ္သူဟာ ဘယ္ေတာ့မွသက္ေသအေထာက္အထားရွာမေတြ႕ခဲ့ပါဘူး။ ဆရာဝန္ဆီသြားျပပီး ၁ လခြဲေလာက္အၾကာမွာေတာ့ လီနာေလးဟာ သားေယာက်ာ္းေလးတစ္ဦးေမြးဖြားခဲ့ပါတယ္။ ၁၉၃၉ ခုႏွစ္ ေမလ ၁၄ ရက္ေန႔မွာေမြးဖြားေပးခဲ့တာပါ။ နာမည္ကိုေတာ့ ဂါရာဒိုလို႔ေပးခဲ့ပါတယ္။ ဂါရာဒိုအသက္ ၁၀ ႏွစ္ေရာက္တဲ့အထိလီနာကိုသူ႔အစ္မအျဖစ္နဲ႔ပဲသိထားခဲ့ပါတယ္။

ဒီပုံထဲမွာဆိုရင္ အသက္ ၄၀ အရြယ္အထိေနထိုင္ခဲ့တဲ့ သူ႔သားဦးဂါရာဒိုနဲ႔တြဲပီး႐ိုက္ထားတာျဖစ္ပါတယ္။ ဂါရာဒိုဟာအသက္ ၄၀ မွာအ႐ိုးေရာဂါနဲ႔ကြယ္လြန္ခဲ့ပါတယ္။ ဆရာဝန္ေတြဟာ လီနာရဲ႕မ်ိဳးပြားစနစ္ကိုစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ သူ႔မ်ိဳးပြားအဂၤါေတြဟာ အသက္ ၂ ႏွစ္ခြဲမွာတည္းက အကုန္ဖြံ့ၿဖိဳးေနပီးျဖစ္တာကိုေတြ႕ရွိခဲ့ရပါတယ္။ အဲ့အျပင္ ေဆးပညာဂ်ာနယ္ထဲမွာေဒါက္တာအယ္မြန္ေရးသားထားခ်က္အရဆိုရင္ သူမဟာ ၈ လအရြယ္တည္းကရာသီလာေနခဲ့တာျဖစ္ပါတယ္။

အသက္ ၃ ႏွစ္အရြယ္တည္းကပုံမွန္ရာသီလာေနခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ရင္သားဟာလဲ အသက္ ၄ ႏွစ္အရြယ္တည္းကဖြံ့ၿဖိဳးေနပီးျဖစ္ပါတယ္။ အသက္ ၅ ႏွစ္အရြယ္မွာေတာ့ ကေလးေမြးဖြားဖို႔ရာအတြက္ အ႐ိုးရင့္မာမႈေတြျဖစ္လာပီး တင္ပါးဆုံ႐ိုးလဲပိုကားလာပါတယ္။ လီနာဟာ အခုထက္ထိကို လီမာျပည္နယ္မွာသက္ရွိထင္ရွားေနထိုင္ေနတုန္းျဖစ္ပီး အသက္ ၈၂ ႏွစ္အရြယ္ရွိပီျဖစ္ပါတယ္။

Writer -Min Thu (Daily Hot News)



Unicode Version     


ကမ္ဘာ့အသက်အငယ်ဆုံးမိခင်ဖြစ်တဲ့ လီနာမယ်ဒီနာကို ၁၉၃၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှာမွေးဖွားခဲ့ပါတယ်။ ပီရူးလူမျိုးတစ်ယောက်ဖြစ်ပီး အသက် ၅ နှစ်အရွယ်မှာ ကလေးမွေးဖွားခဲ့တဲ့မိခင်အဖြစ်ဆေးပညာလောကမှာအသိအမှတ်ပြုခံထားရပါတယ်။ သူမဟာပီရူးမြို့၊ လီမာမှာနေထိုင်ပါတယ်။ သူမမိဘတွေဟာသူမဗိုက်ထဲမှာအကြိတ်ရှိနေတယ်ထင်ပီး သူမကိုဆရာဝန်တွေဆီခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေကသူမကိုကြည့်ပီးစမ်းသပ်ပီးတဲ့အခါမှာတော့ သူမဟာ ၇ လအရွယ်ကိုယ်ဝန်လွယ်ထားရတာကိုသိရှိခဲ့ရပါတယ်။

လီနာ့အဖေကို ကလေးသူငယ်မုဒိမ်းကျင့်မှုနဲ့ဖမ်းဆီးခဲ့ပေမဲ့ သက်သေမရှိတဲ့အတွက်ခဏအကြာမှာပြန်လွှတ်ပေးခဲ့ရပါတယ်။ လီနာ့ကိုကိုယ်ဝန်ရစေခဲ့တဲ့ အဖေရင်းဖြစ်သူဟာ ဘယ်တော့မှသက်သေအထောက်အထားရှာမတွေ့ခဲ့ပါဘူး။ ဆရာဝန်ဆီသွားပြပီး ၁ လခွဲလောက်အကြာမှာတော့ လီနာလေးဟာ သားယောကျာ်းလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် မေလ ၁၄ ရက်နေ့မှာမွေးဖွားပေးခဲ့တာပါ။ နာမည်ကိုတော့ ဂါရာဒိုလို့ပေးခဲ့ပါတယ်။ ဂါရာဒိုအသက် ၁၀ နှစ်ရောက်တဲ့အထိလီနာကိုသူ့အစ်မအဖြစ်နဲ့ပဲသိထားခဲ့ပါတယ်။

ဒီပုံထဲမှာဆိုရင် အသက် ၄၀ အရွယ်အထိနေထိုင်ခဲ့တဲ့ သူ့သားဦးဂါရာဒိုနဲ့တွဲပီးရိုက်ထားတာဖြစ်ပါတယ်။ ဂါရာဒိုဟာအသက် ၄၀ မှာအရိုးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။ ဆရာဝန်တွေဟာ လီနာရဲ့မျိုးပွားစနစ်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ သူ့မျိုးပွားအင်္ဂါတွေဟာ အသက် ၂ နှစ်ခွဲမှာတည်းက အကုန်ဖွံ့ဖြိုးနေပီးဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်။ အဲ့အပြင် ဆေးပညာဂျာနယ်ထဲမှာဒေါက်တာအယ်မွန်ရေးသားထားချက်အရဆိုရင် သူမဟာ ၈ လအရွယ်တည်းကရာသီလာနေခဲ့တာဖြစ်ပါတယ်။

အသက် ၃ နှစ်အရွယ်တည်းကပုံမှန်ရာသီလာနေခဲ့တာဖြစ်ပါတယ်။ သူမရဲ့ရင်သားဟာလဲ အသက် ၄ နှစ်အရွယ်တည်းကဖွံ့ဖြိုးနေပီးဖြစ်ပါတယ်။ အသက် ၅ နှစ်အရွယ်မှာတော့ ကလေးမွေးဖွားဖို့ရာအတွက် အရိုးရင့်မာမှုတွေဖြစ်လာပီး တင်ပါးဆုံရိုးလဲပိုကားလာပါတယ်။ လီနာဟာ အခုထက်ထိကို လီမာပြည်နယ်မှာသက်ရှိထင်ရှားနေထိုင်နေတုန်းဖြစ်ပီး အသက် ၈၂ နှစ်အရွယ်ရှိပီဖြစ်ပါတယ်။

Writer -Min Thu (Daily Hot News)

Post a Comment

0 Comments