ေဆးေျခာက္ကို တရားဝင္ ခြင့္ျပဳသင့္တယ္ဆိုတဲ့ အဆိုေတာ္ ဗ်ဴဟာ

ဟစ္ေဟာ့ပ္ အဆိုေတာ္ ဗ်ဴဟာကိုေတာ့ ေတာ္ေတာ္မ်ားမ်ား မွတ္မိၾကမယ္ ထင္ပါတယ္။ ဆိုရလြယ္ျပီး ေခတ္သရုပ္ကို ထင္ဟပ္ႏိုင္တဲ့ သီခ်င္းစာသားေတြေၾကာင့္ ဗ်ဴဟာရဲ႕ သီခ်င္းေတြကို လူၾကိဳက္မ်ားပါတယ္။ ဗ်ဴဟာက စ်ာန္ဝင္ေအာင္ မူးယစ္ေဆးဝါးသံုးရင္း မူးယစ္သားေကာင္အထိ ျဖစ္ခဲ့ရလို႔ မိသားစု ၊ အေပါင္းအသင္း ၊ ပရိသတ္ေတြနဲ႔ အဆက္ျပတ္သလို ျဖစ္ခဲ့ရပါတယ္။ မူးယစ္သားေကာင္ ျဖစ္သြားတဲ့ အေၾကာင္းရင္းနဲ႔ ဘယ္လို ရုန္းထြက္ရတယ္ ဆိုတာကိုေတာ့ အကုန္သိမီဒီယာနဲ႔ အင္တာဗ်ဴးမွာ ခုလို ေျဖၾကားသြားပါတယ္။

“မူးယစ္ေဆးစသံုးတာက လူပ်ိဳေပါက္အရြယ္က ေဆးေျခာက္စေသာက္ဖူးတာ။ တစ္ခါမွ မေသာက္ဖူးတဲ့ အခ်ိန္မွာ ေသာက္လိုက္ေတာ့ ေသြးကၾကိဳက္သြားတာ။ ေနာက္ေတာ့ ကၽြန္ေတာ္ compendium မ်ိဳးႏြယ္စု ၊ methanol လိုင္းဘက္ကို ( ၆ ) ႏွစ္ေလာက္ ဆက္တိုက္သံုးျဖစ္တယ္။ ကေလးေတြမွာ ေခ်ာင္းဆိုးေပ်ာက္ေဆးလို ေဆးေတြကို ကၽြန္ေတာ္ တစ္ရက္ကို အလံုး (၃၀) (၄၀) ေလာက္ထိ စြဲစြဲျမဲျမဲ ေသာက္ျဖစ္တယ္။ ေနာက္ပိုင္းျဖတ္လိုက္ေတာ့ အစားမစားႏိုင္ ေရ ထမေသာက္ႏိုင္တဲ့အထိ ျဖစ္သြားတယ္။” လို႔ ဆိုပါတယ္။

WY ေၾကာင့္ ဘဝပိုပ်က္ခဲ့ေၾကာင္း ကိုယ္ေတြ႕ကိုေတာ့ ဗ်ဴဟာက ခုလို ေျပာျပပါတယ္။

“ေနာက္ပိုင္း WY သြားလုပ္တဲ့ အခ်ိန္မွာ လူက အရမ္းကၽြတ္သြားတယ္။ Limit လည္း မရွိဘူး။ ကိုယ့္ကိုယ္ကိုယ္ မူးလို႔ မူးမွန္းလည္း မသိေတာ့ဘဲ ပ်ာယာေတြ ခတ္လာျပီး အိမ္ထဲမွာ ေနရင္း လမ္းေတြေလွ်ာက္ေနရင္း ရည္ရြယ္ခ်က္မရွိ ဘာလုပ္လို႔ လုပ္မယ္မွန္းလည္း မသိဘူး။ ကိုယ့္ဟာကိုယ္ ျပန္သတိထားလိုက္တဲ့အခ်ိန္မွာ ဘဝလည္း ေတာ္ေတာ္ ဂယက္ရိုက္သြားသလို စိတ္လည္း ဂယက္ရိုက္သြားတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ေဆးေျခာက္ကို အႏုပညာလိုင္းမွာ သံုးၾကတဲ့ အေၾကာင္းကို ဗ်ဴဟာက ခုလို ေျပာျပပါတယ္။

“အဓိကက ခံစားမႈ ပိုေကာင္းေစတယ္။ တစ္ခုခုကို စိတ္ေရာက္မယ္ဆိုရင္ အဲ့ထဲမွာ ေမ်ာေနေစတယ္။ ကၽြန္ေတာ္ အဲ့ဒါ ေသာက္ခဲ့လို႔လည္း လူက မပ်က္စီးေသးဘဲ ခံသာေနတယ္ ေျပာလို႔ရတယ္။ ေဆးေျခာက္ေသာက္တာက WY အရမ္းထိခဲ့တဲ့ လူေတြရဲ႕ ႏွလံုးအတြက္ ေဆးတစ္ခုလို ျဖစ္သြားတယ္။ ေသြးကို ပ်စ္ျပီး ျငိမ္သြားေစတယ္။ အႏုပညာပိုင္းမွာလည္း စ်ာန္ဝင္စားေစလို႔ ေကာင္းတယ္။ လူ႔ရဲ႕ က်န္းမာေရးအတြက္ ေကာင္းတာျဖစ္လို႔ ေဆးေျခာက္သံုးတာကိုေတာ့ ကၽြန္ေတာ္ အျပစ္မေျပာဘူး” ဆိုျပီး ေျပာျပသြားပါတယ္။

Unicode Version     

ဟစ်ဟော့ပ် အဆိုတော် ဗျူဟာကိုတော့ တော်တော်များများ မှတ်မိကြမယ် ထင်ပါတယ်။ ဆိုရလွယ်ပြီး ခေတ်သရုပ်ကို ထင်ဟပ်နိုင်တဲ့ သီချင်းစာသားတွေကြောင့် ဗျူဟာရဲ့ သီချင်းတွေကို လူကြိုက်များပါတယ်။ ဗျူဟာက ဈာန်ဝင်အောင် မူးယစ်ဆေးဝါးသုံးရင်း မူးယစ်သားကောင်အထိ ဖြစ်ခဲ့ရလို့ မိသားစု ၊ အပေါင်းအသင်း ၊ ပရိသတ်တွေနဲ့ အဆက်ပြတ်သလို ဖြစ်ခဲ့ရပါတယ်။ မူးယစ်သားကောင် ဖြစ်သွားတဲ့ အကြောင်းရင်းနဲ့ ဘယ်လို ရုန်းထွက်ရတယ် ဆိုတာကိုတော့ အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။

“မူးယစ်ဆေးစသုံးတာက လူပျိုပေါက်အရွယ်က ဆေးခြောက်စသောက်ဖူးတာ။ တစ်ခါမှ မသောက်ဖူးတဲ့ အချိန်မှာ သောက်လိုက်တော့ သွေးကကြိုက်သွားတာ။ နောက်တော့ ကျွန်တော် compendium မျိုးနွယ်စု ၊ methanol လိုင်းဘက်ကို ( ၆ ) နှစ်လောက် ဆက်တိုက်သုံးဖြစ်တယ်။ ကလေးတွေမှာ ချောင်းဆိုးပျောက်ဆေးလို ဆေးတွေကို ကျွန်တော် တစ်ရက်ကို အလုံး (၃၀) (၄၀) လောက်ထိ စွဲစွဲမြဲမြဲ သောက်ဖြစ်တယ်။ နောက်ပိုင်းဖြတ်လိုက်တော့ အစားမစားနိုင် ရေ ထမသောက်နိုင်တဲ့အထိ ဖြစ်သွားတယ်။” လို့ ဆိုပါတယ်။

WY ကြောင့် ဘဝပိုပျက်ခဲ့ကြောင်း ကိုယ်တွေ့ကိုတော့ ဗျူဟာက ခုလို ပြောပြပါတယ်။

“နောက်ပိုင်း WY သွားလုပ်တဲ့ အချိန်မှာ လူက အရမ်းကျွတ်သွားတယ်။ Limit လည်း မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် မူးလို့ မူးမှန်းလည်း မသိတော့ဘဲ ပျာယာတွေ ခတ်လာပြီး အိမ်ထဲမှာ နေရင်း လမ်းတွေလျှောက်နေရင်း ရည်ရွယ်ချက်မရှိ ဘာလုပ်လို့ လုပ်မယ်မှန်းလည်း မသိဘူး။ ကိုယ့်ဟာကိုယ် ပြန်သတိထားလိုက်တဲ့အချိန်မှာ ဘဝလည်း တော်တော် ဂယက်ရိုက်သွားသလို စိတ်လည်း ဂယက်ရိုက်သွားတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ဆေးခြောက်ကို အနုပညာလိုင်းမှာ သုံးကြတဲ့ အကြောင်းကို ဗျူဟာက ခုလို ပြောပြပါတယ်။

“အဓိကက ခံစားမှု ပိုကောင်းစေတယ်။ တစ်ခုခုကို စိတ်ရောက်မယ်ဆိုရင် အဲ့ထဲမှာ မျောနေစေတယ်။ ကျွန်တော် အဲ့ဒါ သောက်ခဲ့လို့လည်း လူက မပျက်စီးသေးဘဲ ခံသာနေတယ် ပြောလို့ရတယ်။ ဆေးခြောက်သောက်တာက WY အရမ်းထိခဲ့တဲ့ လူတွေရဲ့ နှလုံးအတွက် ဆေးတစ်ခုလို ဖြစ်သွားတယ်။ သွေးကို ပျစ်ပြီး ငြိမ်သွားစေတယ်။ အနုပညာပိုင်းမှာလည်း ဈာန်ဝင်စားစေလို့ ကောင်းတယ်။ လူ့ရဲ့ ကျန်းမာရေးအတွက် ကောင်းတာဖြစ်လို့ ဆေးခြောက်သုံးတာကိုတော့ ကျွန်တော် အပြစ်မပြောဘူး” ဆိုပြီး ပြောပြသွားပါတယ်။

Post a Comment

0 Comments