Live လွှင့်ပြီး သတ်သေပြမယ်ဆိုတဲ့ ကိစ္စကို ပြန်ဖြေရှင်းလိုက်တဲ့ ဒေါက်တာမြဝတ်ရည်


အခုလက်ရှိအချိန် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေပန်းစားနေကာ တချို့ကတော့ သူဘက်က ရပ်တည်တယ် တချို့ကတော့ ဝေဖန် ဆဲရေတိုင်းထွာခြင်းတွေကို ခံနေရတဲ့ မီးသတ်နဲ့နောက်ဆုံး ပြဿနာတတ်ထားတဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာမြဝတ်ရည်ကတော့ သူတင်ခဲ့တဲ့ Live လွှင့်ပြီး သေမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်ကို အကုန်သိမီဒီယာနဲ့ တွေ့ဆုံပြီး ပြောသွားခဲ့ပါတယ်။


ဒေါက်တာ မြဝတ်ရည်က “အရင် Cosmetic နဲ့ ပတ်သက်တဲ့ တရားရေးက အစ်မအတွက် မတော်မတရားဖြစ်မယ်ဆိုရင် အစ်မ Live လွှင့်ပြီး သတ်သေပြမယ်ဆိုတဲ့ video file ရှိတယ်။ အဲ့ဟာကို သူတို့က ဖြတ်ညှပ်ကပ်လုပ်ပြီး အခုပဲ ပြောသလိုပုံစံမျိုးနဲ့လုပ်တော့ လူတွေ အကုန်လုံးက စိုးရိမ်ပြီး လာပြောတဲ့သူရှိသလို တစ်ချို့တွေက သေလိုက်တော့လေ နင်သေလိုက်တော့ ငါ့အကောင့်စစ် နင်မြန်မြန်သေ ဆိုပြီး လာပြောတာတွေလအများကြီးပဲ။ ဆိုတော့ ဒါတွေဟာ သူတို့ ကိုယ်ချင်းမစာတာပေါ့နော်။ ကိစ္စမရှိပါဘူး လူဆိုတာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲ ကိုယ်မှန်တယ်ထင်တာကို ကိုယ့်ဘာသာ လုပ်ပိုင်ခွင့်ရှိတယ်ပေါ့နော်။ လုပ်ကြပါ ပြဿနာမရှိဘူး ပြောချင်တာက အနည်းဆုံးတော့ အစ်မအနေနဲ့ အရှေ့မှာလည်း ပြောထားပြီးသားပါ ဘယ်လိုစွပ်စွဲကြလဲဆိုတော့ ဒီမိန်းမက သူ့ကိုသူ အမျိုးသမီး အမျိုးသမီးနဲ့ လုပ်နေပြီး မဟုတ်မခံ ဆက်ဆက်ကြဲ သူများကို လိုက်စွာနေပြီးတော့ သူကသူကိုသူ အမျိုးသမီးထုအတွက်လို ဘာမျိုး လျှောက်ပြောပြီး နာမည်ကြီးချင်တာတဲ့။


မဟုတ်ပါဘူး တကယ်တမ်း အစ်မလုပ်နေတဲ့ ကိစ္စတွေက အမျိုးသမီးထုအတွက် လုပ်နေလား မလုပ်နေဘူးလားဆိုတာ လူတွေကြည့်ရင် မြင်ပါတယ်။ ဒီကိစ္စမှာဆိုရင်လည်း အစ်မက ဒီလိုဖြစ်တယ်ပေါ့နော် အစ်မက ပြဿနာ မီးခွက်ထွန်းရှာတာ မဟုတ်ဘူး အစ်မဖြစ်ချင်နေတာ မဟုတ်ဘူး။ အစ်မမှာလည်း ကိုယ့်အလုပ်နဲ့ကိုယ်။ သူတို့စွပ်စွဲနေသလို အစ်မက ရူးသွပ်ပြီး မခွဲနိုင်မစိတ်နိုင်လည်း မဟုတ်ဘူး။ ဒါက အစ်မခွဲပေးဖူးတဲ့ လူနာတွေ အကုန်သိတယ်။ အဲ့လို Personal တွေပါ ထိခိုက်ပြီးတော့ သူတို့က ဘာပြောလဲဆိုတော့ အစ် Live လွှင့်ပြီး ပြဿနာရှာနေတယ်ဆိုတာ သူက ဆိုက်ကိုဖောက်နေတာတဲ့။ အဲ့လိုဖြစ်တယ်ဆိုရင် အစ်မက အပြင်မှာ ခွဲနိုင်ပါ့မလားကွာ။


လူတစ်ယောက်ကွာ အစ်မထင်တယ် ဒေါသထွက်နေတဲ့ လူတစ်ယောက်ကို ဆိုက်ကိုလို့လဲ ပြောစရာမရှိဘူး။ အစ်မက အဲ့လောက်အထိ ဒေါသထွက်တာ မဟုတ်ဘူး အစ်မှာ Control လုပ်နိုင်စွမ်းရှိတယ်။ အစ်မအဲ့နေ့ကဆို ရိုက်ချင်တာပေါ့ ဒါပေမဲ့ အစ်မ မလုပ်ခဲ့ပါဘူး။ ကောင်းကောင်းပဲ သူသူကိုကိုပြောခဲ့တဲ့ ကိစ္စလေ။ အဲ့ရိုက်ခံရရင် အစ်မခံရမှာ အများနဲ့ တစ်ယောက် အများနဲ့တစ်ယောက်မှာ ဘယ်မိန်းကလေးမှ ပြောရဲဆိုရဲ လုပ်ရဲဖို့ မရှိပါဘူး။ သူတို့စိတ်အထင်တော့ မိန်းကလေးတစ်ယောက် မိုက်ကြေးခွဲရင် လျှော်သွားလိမ့်မယ်လို့ ထင်နေတာဖြစ်ပါလိမ့်မယ်။ ခပ်တည်တည်မျက်နှာပေးတွေနဲ့လာပြောတော့ နောက်တော့ ဒီမိန်းကလေးက မခံဘူး ပြန်ပြောတယ်ဆိုတော့ ရန်လိုတဲ့ ပုံစံမျိုးတွေနဲ့ ပြောင်းပြီး လုပ်တယ်လို့ မြင်ပါတယ်။ သူတို့ထင်တာက ငိုပြီး ထွက်ပြေးသွားမယ့်ကြောက်တဲ့ မိန်းကလေးမျိုးလို့ ထင်နေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့နော်။ အစ်မကတော့ ကိုယ့်အတွက်ဆိုရင်ပဲ ဖြစ်ဖြစ် မှန်တာအတွက် ပြောခဲ့တဲ့ လူလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆက်ပြောဖြစ်တယ်ပေါ့နော် ဒါပါပဲ။”လို့ပြောသွားခဲ့ပါတယ်။


ဆယ်လီဖြစ်ချင်လို ဒီလိုတွေ လုပ်နေတယ်လို့ ပြောကြတဲ့အပေါ်မှာတော့ “အရင်တုန်းက Tik tok ဆော့တာဟာ လူတိုင်းဆော့ပါတယ် Tik Tok က Celebrity မှာပဲ ဆော့ခွင့်ရှိတာ မဟုတ်သလို။ တစ်ခြားလူတွေလည်း ဆော့ခွင့်မရှိတာ မဟုတ်ပါဘူး။ အစ်မ အရင်တုန်းက ဘယ်လိုကြောင်ပဲ ဆော့ဆော့ ဒါဟာ အစ်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ သူဟာ ဒီလိုဟာကိုဆော့တယ် ဒီလိုဟာကို လုပ်တယ်။ အဲ့တာကြောင့် မင်းသမီးရူးရူးနေတာ အဲ့လိုရူးနေလို့ ဒါမျိုးတွေ လုပ်တာလို့ ပုဂ္ဂိုလ် ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ထိပါးဆော်ကားပြီး ဖိနှိပ် ပြောခွင့်မရှိပါဘူး ဒါနိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ပါ။ အမျိုးသမီးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ဆိုလည်း ပိုပြီးမှန်ပါတယ်။ အမျိုးသမီးတစ်ယောက်ကို နာမည်ကြီး ကာတွန်းဆရာတွေကအစ private Part Sex အဲ့ဒီ ဟာကြီးကို အောက်ကဝတ်လစ်စလစ် အောက်က ဘာမှ မပါတဲ့ ပုံကြီးကို ကြက်ခြေလေးခတ်ထားပြီး ချီးယိုနေတာလား မသိဘူးကွာ မီးသတ်ရှေ့မှာ တမင်သွားလုပ်တယ်ဆိုတဲ့ ကာတွန်းကြီးတွေ ဆွဲတာက သူတို့ကတော့ သူတို့ Image ကျမကျမသိဘူးလို့ ထင်ပါတယ်နော်။ သူတို့ အလွန်အကျွံတွေ ပြောခွင့်မရှိဘူး။”လို့ ပြောသွားခဲ့ပါတယ်။

Credit - Nanmalgyi

Post a Comment

0 Comments