ဝေးကွာခဲ့တဲ့ဆုဖလားတွေအတွက် ဥရောပရဲ့ အမြင်ဆုံးဆိုတဲ့ ချန်ပီယံလိဒ်ဆုဖလားကြီးကို အစားထိုးရယူပေးတဲ့ လီဗာပူ


ယနေ့ညမှာကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ စပါးမသင်းတို့ရဲ့ ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းဟာ 2:0ဆိုတဲ့ ရလဒ်နဲ့ ချန်ပီယံလိဒ်ဆုဖလားကြီးကို ရ ရှိပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။သွင်းဂိုွးျေကိုတော့ဟဆာလတ် ၊အိုရီဂီ တို့က သွင်းယူပေးခဲ့ပီး ဂိုးသမား အလီဆွန်ရဲ့ တည်ငြိမ်တဲ့လက်စွမ်းကြောင့်လဲ အနိုင်ရရှိဖို့ ပိုမိုသေချာခဲ့တာဖြစ်ပါတယ်။




ပထမပိုင်းမှာ ဆာလတ်က ပင်နယ်တီကနေဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းပြီးဆုံးခါနီး ၈၈ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ အိုရီဂီက လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ သေချာစေမယ့် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အိုရီဂီကတော့ လီဗာပူအသင်းရဲ့ သူရဲကောင်းဆိုလဲမမှားပါဘူး။




ယိမ်းယိုင်နေတဲ့ လီဗာပူးအသင်း ကိုဥရောပရဲ့ အကြောက်စရာအကောင်းဆုံးဖြစ်အောင် ဥရောပ ချန်ပီယံ ဖြစ်အောင် အချိန်ယူတည်ဆောက်ခဲ့တဲ့ ကလော့ပ်ဟာ ချီးကျူထိုက်တန်သူဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ဆုဖလားကြီးနဲ့ အောင်ပွဲခံနေတဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။


source:UEFA

Crd - MMLoad

Post a Comment

0 Comments