မေလးရွား ေဘာလုံး အဖြဲ႕ခ်ဳပ္ ဥကၠ႒ ေထာက္ခံမႈကို ရရွိသြားခဲ့တဲ့ ဦးေဇာ္ေဇာ္


လာမည့္ ဧၿပီလ ၆ ရက္ေန႔၊ မေလးရွားႏိုင္ငံ ကြာလာလမ္ပူ ၿမိဳ႕တြင္ အာရွေဘာလုံး အဖြဲ႕ခ်ဳပ္ ဥကၠ႒ေနရာ၊ ဒုဥကၠ႒ ေနရာမ်ား ေ႐ြးေကာက္ပြဲ အခမ္းအနားတြင္ကိုက်င္းပသြားမွာျဖစ္ပါတယ္။ဒီေ႐ြးေကာက္ပြဲကိုျမန္မာေဘာလုံးအဖြဲ႕ခ်ဳပ္ ဦးေဇာ္ေဇာ္လည္းယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး မေလးရွား ေဘာလုံး အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဒါတိုဟာဂ်ီ ဟာမင္ဒင္ အေနျဖင့္ ဦးေဇာ္ေဇာ္အား ေထာက္ခံသြားမည္ ျဖစ္ေၾကာင္း ယေန႔မနက္ပိုင္းက တရားဝင္ ထုတ္ျပန္ေၾကညာ လိုက္တာျဖစ္ပါတယ္။

AFC ဒုတိယ ဥကၠ႒ေနရာ အတြက္ အာဆီယံ ေဘာလုံး အဖြဲ႕ခ်ဳပ္မွ အဆိုျပဳထားသူ (၃)ဦးအနက္မေလးရွားႏိုင္ငံမွထြက္ခြာသြားသျဖင့္ျမန္မာမွ MFF ဥကၠ႒ ဦးေဇာ္ေဇာ္ႏွင့္ ဗီယက္နမ္မွ Dr Tran Quoc Tuan တို႔ ႏွစ္ဦးအနက္ တစ္ဦးကိုသာ မဲေပးေ႐ြးခ်ယ္ ရေတာ့မွာျဖစ္ပါတယ္။ဦးေဇာ္ေဇာ္ကေတာ့ျမန္မာႏိုင္ငံေဘာလုံးကိစၥနဲ႔ပတ္သက္ရင္လည္းေငြကုန္ေၾကးက်ခံၿပီးေတာ့ေအာင္ျမင္ေစခ်င္တဲ့သူတစ္ဦးပဲျဖစ္ပါတယ္။

အာစီယံေဘာလုံးအဖြဲ႕ခ်ဳပ္ဒုဥကၠဌေနရာကိုလည္းတာဝန္ယူထားရတဲ့ဦးေဇာ္ေဇာ္ကေတာ့အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ဒုဥကၠဠေနရာမွာလည္းအႏိုင္ရမလားဆိုတာပရိသတ္ေတြကလည္းစိတ္ဝင္စားေနၾကတာပါ။ဥကၠဠဦးေဇာ္ေဇာ္ကလည္းေထာက္ခံေပးတဲ့မေလးရွားေဘာလုံးအဖြဲ႕ခ်ဳပ္ကိုလည္း ဦးေဇာ္ေဇာ္နဲ႔တာဝန္ရွိသူမ်ားေက်းဇူးတင္ရွိေၾကာင္းလူမႈကြန္ရက္ကေနတင္ထားတာျဖစ္ပါတယ္။

Credit - burmese.asia


Unicode Version 

မလေးရှား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ထောက်ခံမှုကို ရရှိသွားခဲ့တဲ့ ဦးဇော်ဇော်


လာမည့် ဧပြီလ ၆ ရက်နေ့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနေရာ၊ ဒုဥက္ကဋ္ဌ နေရာများ ရွေးကောက်ပွဲ အခမ်းအနားတွင်ကိုကျင်းပသွားမှာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲကိုမြန်မာဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်လည်းယှဉ်ပြိုင်သွားမှာဖြစ်ပြီး မလေးရှား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒါတိုဟာဂျီ ဟာမင်ဒင် အနေဖြင့် ဦးဇော်ဇော်အား ထောက်ခံသွားမည် ဖြစ်ကြောင်း ယနေ့မနက်ပိုင်းက တရားဝင် ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။

AFC ဒုတိယ ဥက္ကဋ္ဌနေရာ အတွက် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ အဆိုပြုထားသူ (၃)ဦးအနက်မလေးရှားနိုင်ငံမှထွက်ခွာသွားသဖြင့်မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဗီယက်နမ်မှ Dr Tran Quoc Tuan တို့ နှစ်ဦးအနက် တစ်ဦးကိုသာ မဲပေးရွေးချယ် ရတော့မှာဖြစ်ပါတယ်။ဦးဇော်ဇော်ကတော့မြန်မာနိုင်ငံဘောလုံးကိစ္စနဲ့ပတ်သက်ရင်လည်းငွေကုန်ကြေးကျခံပြီးတော့အောင်မြင်စေချင်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

အာစီယံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဌနေရာကိုလည်းတာဝန်ယူထားရတဲ့ဦးဇော်ဇော်ကတော့အာရှဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဠနေရာမှာလည်းအနိုင်ရမလားဆိုတာပရိသတ်တွေကလည်းစိတ်ဝင်စားနေကြတာပါ။ဥက္ကဠဦးဇော်ဇော်ကလည်းထောက်ခံပေးတဲ့မလေးရှားဘောလုံးအဖွဲ့ချုပ်ကိုလည်း ဦးဇော်ဇော်နဲ့တာဝန်ရှိသူများကျေးဇူးတင်ရှိကြောင်းလူမှုကွန်ရက်ကနေတင်ထားတာဖြစ်ပါတယ်။

Credit - burmese.asia

Post a Comment

0 Comments