မိခင္ျဖစ္သူမွ ၁၃ႏွစ္သမီးရဲ႕PHOLE စစ္ေဆးရာ ရည္းစား(၇)ေယာက္နဲ႔ ခ်စ္တင္းေႏွာမႈ မွတ္တမ္း ေတြ႕ခဲ့ရတဲ့အျဖစ္


အဂၤလန္ တရား႐ုံး တစ္ခုမွာ ကေလးသူငယ္လိင္ပိုင္းဆိုင္ရာ အလြဲသုံးစားမႈတစ္ခုကို စီရင္ခ်က္ခ်မွတ္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ မိခင္ျဖစ္သူက ၁၃ ႏွစ္သမီးရဲ႕ iPad ကို စစ္ေဆးစဥ္ သမီးနဲ႔ပတ္သက္ထားတဲ့ အရႈပ္ထုတ္ေတြကို ေဖာ္ထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သမီးျဖစ္သူဟာ ရည္းစား ၇ ေယာက္ ရွိၿပီး အသက္ ၁၄ ႏွစ္မွ ၂၇ ႏွစ္အထိ ပါဝင္ပါတယ္။ ၎ရည္းစားေတြထဲမွာ Gary ဟာ ကာယကံရွင္မိန္းကေလးနဲ႔ လူသူျပတ္တဲ့ လမ္းတစ္ခုထဲမွာ ခ်စ္တင္းေႏွာခဲ့ပါတယ္။

အဆိုပါ အမႈမွ က်ဴးလြန္သူတရားခံမွာ ဂေရးစ္ ခ်ာရစ္ဒင္ အမည္ရ အသက္ ၃၀အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး သူဟာသူရဲ႕ကိုယ္ဝန္ေဆာင္ခ်စ္သူအေပၚမွာ သစၥာမဲ့ ေဖာက္ျပန္ၿပီး

အသက္ ၁၃ႏွစ္သာ ရွိေသးတဲ့ေကာင္မေလးနဲ႔ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခဲ့တဲ့ အမႈပါ။ Gary ဟာ ပစ္မႈက်ဴးလြန္စဥ္က အသက္ 27 ႏွစ္ျဖစ္ပါတယ္။

ဒါေၾကာင့္ Preston Crown Court တရား႐ုံးက တရားခံ Gary ကို ေထာင္ဒဏ္ ၆ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

တရားသူႀကီး Stuart Baker က ” ကေလးမေလးက ငယ္ေသးတယ္ … သင္က အသက္ ႏွစ္ဆေလာက္ ႀကီးသူျဖစ္ တယ္ ..

သူ႔ဘာသာသူ ဆႏၵရွိသည္ျဖစ္ေစ လူႀကီးျဖစ္သူက သင့္၏မသင့္၏ ဆင္ျခင္ရမယ့္ … သင္ဟာ သူရဲ႕ အသိဉာဏ္မႂကြယ္ဝမႈကို အခြင့္ေကာင္းယူခဲ့တယ္ “လို႔ ေျပာခဲ့ပါတယ္။

သတင္းစာေတြမွာ တရားလို မိခင္နဲ႔ လက္ရွိအခ်ိန္မွာ အသက္ ၁၆ ႏွစ္အ႐ြယ္ကို ေရာက္ေနၿပီျဖစ္တဲ့ ကာယကံရွင္မိန္းက ေလးရဲ႕ အမည္ကိုေတာ့ ထုတ္ေဖာ္ေရးသားျခင္း မရွိပါဘူး။

အဆိုပါ ေကာင္မေလးဟာ သူမရဲ႕ လိင္ပိုင္းဆိုင္ရာ အေတြ႕အႀကဳံေတြကို စာရင္းျပဳစုထားၿပီး၊ အမည္နဲ႔ အသက္ကိုပါ ပူးတြဲေဖာ္ျပထားေၾကာင္း မိခင္ကဆိုပါတယ္။

ဒီအျဖစ္အပ်က္ဟာ 1955 ခုႏွစ္က ထုတ္ေဝခဲ့တဲ့ Vladimir Nabokov ရဲ႕ Lolita စာအုပ္ထဲက ပုံစံနဲ႔ တူညီေနၿပီး ဇာတ္လိုက္ကဗ်ာဆရာ Humbert Humbert နဲ႔ အသက္ ၁၂ ႏွစ္အ႐ြယ္ Lolita တို႔ရဲ႕အခ်စ္ဇာတ္လမ္း ျဖစ္ပါတယ္။

ကဗ်ာဆရာဟာ အ႐ြယ္ငယ္ငယ္ ေကာင္မေလးကို စြဲလမ္းလြန္းလို႔ ပိုင္ဆိုင္ဖို႔နည္းလမ္းေတြ ရွာေဖြခဲ့ပုံကို ေရသားထားခဲ့တဲ့ ဇာတ္လမ္းသြားျဖစ္ပါတယ္။crd

ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ သားသမီးေတြကို ခ်စ္၍ အလိုလိုက္တာက လိုက္တာေပါ့။ ငယ္ႏုစဥ္ကာလ စိတ္ကစားတတ္တဲ့အ႐ြယ္မွာ လူမႈကြန္ယက္ေတြ သုံးစြဲျခင္းကို နည္းမွန္လမ္းမွန္ျဖစ္ေစဖို႔ ထိန္းသိမ္း ၫႊန္းၾကားသင့္ပါတယ္။

Credit - burmese.asia


Unicode Version 

မိခင်ဖြစ်သူမှ ၁၃နှစ်သမီးရဲ့PHOLE စစ်ဆေးရာ ရည်းစား(၇)ယောက်နဲ့ ချစ်တင်းနှောမှု မှတ်တမ်း တွေ့ခဲ့ရတဲ့အဖြစ်


အင်္ဂလန် တရားရုံး တစ်ခုမှာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတစ်ခုကို စီရင်ချက်ချမှတ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူက ၁၃ နှစ်သမီးရဲ့ iPad ကို စစ်ဆေးစဉ် သမီးနဲ့ပတ်သက်ထားတဲ့ အရှုပ်ထုတ်တွေကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သမီးဖြစ်သူဟာ ရည်းစား ၇ ယောက် ရှိပြီး အသက် ၁၄ နှစ်မှ ၂၇ နှစ်အထိ ပါဝင်ပါတယ်။ ၎င်းရည်းစားတွေထဲမှာ Gary ဟာ ကာယကံရှင်မိန်းကလေးနဲ့ လူသူပြတ်တဲ့ လမ်းတစ်ခုထဲမှာ ချစ်တင်းနှောခဲ့ပါတယ်။

အဆိုပါ အမှုမှ ကျူးလွန်သူတရားခံမှာ ဂရေးစ် ချာရစ်ဒင် အမည်ရ အသက် ၃၀အရွယ် အမျိုးသားဖြစ်ပြီး သူဟာသူရဲ့ကိုယ်ဝန်ဆောင်ချစ်သူအပေါ်မှာ သစ္စာမဲ့ ဖောက်ပြန်ပြီး

အသက် ၁၃နှစ်သာ ရှိသေးတဲ့ကောင်မလေးနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ အမှုပါ။ Gary ဟာ ပစ်မှုကျူးလွန်စဉ်က အသက် 27 နှစ်ဖြစ်ပါတယ်။

ဒါကြောင့် Preston Crown Court တရားရုံးက တရားခံ Gary ကို ထောင်ဒဏ် ၆နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

တရားသူကြီး Stuart Baker က ” ကလေးမလေးက ငယ်သေးတယ် … သင်က အသက် နှစ်ဆလောက် ကြီးသူဖြစ် တယ် ..

သူ့ဘာသာသူ ဆန္ဒရှိသည်ဖြစ်စေ လူကြီးဖြစ်သူက သင့်၏မသင့်၏ ဆင်ခြင်ရမယ့် … သင်ဟာ သူရဲ့ အသိဉာဏ်မကြွယ်ဝမှုကို အခွင့်ကောင်းယူခဲ့တယ် “လို့ ပြောခဲ့ပါတယ်။

သတင်းစာတွေမှာ တရားလို မိခင်နဲ့ လက်ရှိအချိန်မှာ အသက် ၁၆ နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ကာယကံရှင်မိန်းက လေးရဲ့ အမည်ကိုတော့ ထုတ်ဖော်ရေးသားခြင်း မရှိပါဘူး။

အဆိုပါ ကောင်မလေးဟာ သူမရဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို စာရင်းပြုစုထားပြီး၊ အမည်နဲ့ အသက်ကိုပါ ပူးတွဲဖော်ပြထားကြောင်း မိခင်ကဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ 1955 ခုနှစ်က ထုတ်ဝေခဲ့တဲ့ Vladimir Nabokov ရဲ့ Lolita စာအုပ်ထဲက ပုံစံနဲ့ တူညီနေပြီး ဇာတ်လိုက်ကဗျာဆရာ Humbert Humbert နဲ့ အသက် ၁၂ နှစ်အရွယ် Lolita တို့ရဲ့အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။

ကဗျာဆရာဟာ အရွယ်ငယ်ငယ် ကောင်မလေးကို စွဲလမ်းလွန်းလို့ ပိုင်ဆိုင်ဖို့နည်းလမ်းတွေ ရှာဖွေခဲ့ပုံကို ရေသားထားခဲ့တဲ့ ဇာတ်လမ်းသွားဖြစ်ပါတယ်။crd

ဒါ့ကြောင့် မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်၍ အလိုလိုက်တာက လိုက်တာပေါ့။ ငယ်နုစဉ်ကာလ စိတ်ကစားတတ်တဲ့အရွယ်မှာ လူမှုကွန်ယက်တွေ သုံးစွဲခြင်းကို နည်းမှန်လမ်းမှန်ဖြစ်စေဖို့ ထိန်းသိမ်း ညွှန်းကြားသင့်ပါတယ်။

Credit - burmese.asia

Post a Comment

0 Comments