ပရိသတ္မ်ား လူသိနည္းၾကတဲ့ ျမန္မာႏိုင္ငံမွာ ပထမဆုံးက်င္းပခဲ့ေသာ STAR AWARDS ရဲ႕ ဆုတံဆိပ္အေၾကာင္း


Star Awards 2018 ဆုေပးပြဲႀကီးဟာ ျမန္မာႏိုင္ငံ ရဲ႕ ပထမဆုံးက်င္းပခဲ့ေသာ အႏုပညာရွင္၊ အတတ္ပညာရွင္ေတြကို ခ်ီးေျမႇာက္တဲ့ ပြဲႀကီးတစ္ခုျဖစ္ၿပီး အကယ္ဒမီေပးပြဲရဲ႕ အျပင္ ေနာက္ထပ္ထြက္ေပၚလာတဲ့ ဒုတိယ ရင္ခုန္ရမဲ့ ဆုေပးပြဲႀကီးတစ္ခုျဖစ္ပါတယ္။ Star Awards ပြဲႀကီးကို ျမန္မာႏိုင္ငံသတင္းစာဆရာအသင္းက ဦးေဆာင္က်င္းပကာ Stellar Seven Entertainment မွစီစဥ္တင္ဆက္ျခင္းျဖစ္ၿပီး ျမန္မာ့႐ုပ္ရွင္ႏွင့္႐ုပ္သံဇာတ္လမ္းတြဲေတြအတြက္ ထူးခြၽန္ဆုေပးအပ္ေသာ အခမ္းအနားျဖစ္ပါတယ္။

Star Awardsရဲ႕ အမွတ္အသားကေတာ့ ၾကယ္(၇)စင္းမွ ျဖာက်လာေသာ ေရာင္စဥ္အလင္းတန္းျဖစ္ၿပီး ထိုအလင္းတန္းမွာ Star Awards ဆုျဖင့္ ဂုဏ္ျပဳအပ္ေသာအႏုပညာရွင္ကို ရွာေဖြျပသေပးမည့္ ေရာင္စဥ္အလင္းတန္းသဖြယ္ကိုယ္စားျပဳတာျဖစ္ပါတယ္။ Star Awardsမွ ခ်ီးျမင့္တဲ့ ဆုတံဆိပ္ကေတာ့ Logo ကိုအေျခခံကာျပဳလုပ္ထားျခင္းျဖစ္ၿပီး ဆုတံဆိပ္၏ အေပၚဖက္ထိပ္ဆုံးပိုင္းတြင္ ေထာင့္(၇)ေထာင့္ပါဝင္သည့္ ခုႏွစ္ေထာင့္ၾကယ္ ပုံသ႑ာန္ေဖာင္းႂကြျပဳလုပ္ထားတာျဖစ္ပါတယ္။

ထို ခုႏွစ္ေထာင့္ၾကယ္မွ ျဖာက်လာေသာအလင္းတန္းေရာင္စဥ္မ်ားျဖင့္ မ်က္ႏွာျပင္ (၇)ခုျဖစ္ေပၚလာရျခင္းျဖစ္ ၿပီးTrophy (ဆု)တံဆိပ္ရဲ႕ ေအာက္ေျခပိုင္းမွာလည္း ခုႏွစ္ေထာင့္ၾကယ္ ကိုသာအေျခ ျပဳၿပီးဖန္တီးျပဳလုပ္ထားျခင္းျဖစ္ပါတယ္။ Trophy ကိုရရွိမႈ၏အဓိပၺာယ္မွာ ဂုဏ္ျပဳအပ္ေသာအႏုပညာရွင္အေပၚသို႔ ထာဝစဥ္ ျဖာကာက်ေရာက္ေနမည့္ ေရာင္စဥ္အလင္းတန္းအဓိပၸာယ္ျဖင့္ မွတ္တမ္းတင္ ေပးအပ္ျခင္းျဖစ္သလို တကယ္ကို ထူးခြၽန္ၿပီး ပရိသတ္ရဲ႕ အမွန္တကယ္ အားေပးခ်စ္ခင္ျခင္းကို ရရွိတဲ့ စံျပအႏုပညာရွင္ေတြ သာဒီဆုနဲ႔ ထိုက္တန္တယ္လို႔ ဆိုရမွာပါ။

Credit - burmese.asia


Unicode Version 

ပရိသတ် များ လူသိနည်းကြတဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခဲ့သော Star Awardsရဲ့ ဆုတံဆိပ်အကြောင်း


Star Awards 2018 ဆုပေးပွဲကြီးဟာ မြန်မာနိုင်ငံ ရဲ့ ပထမဆုံးကျင်းပခဲ့သော အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ချီးမြှောက်တဲ့ ပွဲကြီးတစ်ခုဖြစ်ပြီး အကယ်ဒမီပေးပွဲရဲ့ အပြင် နောက်ထပ်ထွက်ပေါ်လာတဲ့ ဒုတိယ ရင်ခုန်ရမဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်ပါတယ်။ Star Awards ပွဲကြီးကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ဦးဆောင်ကျင်းပကာ Stellar Seven Entertainment မှစီစဉ်တင်ဆက်ခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်နှင့်ရုပ်သံဇာတ်လမ်းတွဲတွေအတွက် ထူးချွန်ဆုပေးအပ်သော အခမ်းအနားဖြစ်ပါတယ်။

Star Awardsရဲ့ အမှတ်အသားကတော့ ကြယ်(၇)စင်းမှ ဖြာကျလာသော ရောင်စဉ်အလင်းတန်းဖြစ်ပြီး ထိုအလင်းတန်းမှာ Star Awards ဆုဖြင့် ဂုဏ်ပြုအပ်သောအနုပညာရှင်ကို ရှာဖွေပြသပေးမည့် ရောင်စဉ်အလင်းတန်းသဖွယ်ကိုယ်စားပြုတာဖြစ်ပါတယ်။ Star Awardsမှ ချီးမြင့်တဲ့ ဆုတံဆိပ်ကတော့ Logo ကိုအခြေခံကာပြုလုပ်ထားခြင်းဖြစ်ပြီး ဆုတံဆိပ်၏ အပေါ်ဖက်ထိပ်ဆုံးပိုင်းတွင် ထောင့်(၇)ထောင့်ပါဝင်သည့် ခုနှစ်ထောင့်ကြယ် ပုံသဏ္ဍာန်ဖောင်းကြွပြုလုပ်ထားတာဖြစ်ပါတယ်။

ထို ခုနှစ်ထောင့်ကြယ်မှ ဖြာကျလာသောအလင်းတန်းရောင်စဉ်များဖြင့် မျက်နှာပြင် (၇)ခုဖြစ်ပေါ်လာရခြင်းဖြစ် ပြီးTrophy (ဆု)တံဆိပ်ရဲ့ အောက်ခြေပိုင်းမှာလည်း ခုနှစ်ထောင့်ကြယ် ကိုသာအခြေ ပြုပြီးဖန်တီးပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Trophy ကိုရရှိမှု၏အဓိပ္ဗာယ်မှာ ဂုဏ်ပြုအပ်သောအနုပညာရှင်အပေါ်သို့ ထာဝစဉ် ဖြာကာကျရောက်နေမည့် ရောင်စဉ်အလင်းတန်းအဓိပ္ပာယ်ဖြင့် မှတ်တမ်းတင် ပေးအပ်ခြင်းဖြစ်သလို တကယ်ကို ထူးချွန်ပြီး ပရိသတ်ရဲ့ အမှန်တကယ် အားပေးချစ်ခင်ခြင်းကို ရရှိတဲ့ စံပြအနုပညာရှင်တွေ သာဒီဆုနဲ့ ထိုက်တန်တယ်လို့ ဆိုရမှာပါ။

Post a Comment

0 Comments