လူတစ္ေယာက္က သူေသဆုံးၿပီးေနာက္ အလႉႏွစ္ခုထပ္မံ ျပဳလုပ္လႈဒါန္းႏိုင္ပါေသးတယ္


လူတစ္ေယာက္ေသၿပီးၿပီးခ်င္း –

(1)ႏွလုံးက10မိနစ္အထိရွင္ပါတယ္။

(2) ဦးေႏွာက္ ကမိနစ္20အထိရွင္တယ္။

(3)မ်က္လုံးက4နာရီအထိရွင္ပါတယ္။

(4)အေရျပား ကငါးရက္အထိရွင္ပါတယ္။

(5)အ႐ိုးကရက္30အထိရွင္တယ္လို႔သိရတယ္။

ေသလြန္ၿပီးတဲ့အခ်ိန္မွာလူတစ္ေယာက္ကသုံးရက္အၾကာမွာလက္သည္းခြံေတြေႂကြတယ္။
ေလးရက္အၾကာမွာဆံပင္ေတြကြၽတ္တယ္။ငါးရက္အၾကာမွာဦးေႏွာက္ကအရည္ေပ်ာ္တယ္။ေျခာက္ရက္အၾကာမွာအစာအိမ္ကအရည္ျဖစ္ၿပီးပါးစပ္နဲ႔ဒြါရေပါက္ကေနယိုစီးတယ္။ရက္ေျခာက္ဆယ္အၾကာမွာအ႐ိုးကကမၼဌာန္း႐ုပ္ကလြဲလို႔ဘာမွမက်န္ေအာင္ေျခာက္ေသြ႕သြားတယ္။

လူတစ္ေယာက္ကသူေသဆုံးၿပီးေနာက္အလႈႏွစ္ခုထပ္မံျပဳလုပ္လႈဒါန္းႏိုင္ပါေသးတယ္။အဲဒါကေတာ့မိမိရဲ႕ခႏၶာကိုယ္ကိုလႈဒါန္းျခင္းနဲ႔မ်က္ၾကည္လႊာလႈဒါန္းႏိုင္ျခင္းတို႔ပဲျဖစ္တယ္။

ေသဆုံးၿပီးေနာက္ တန္ဖိုး မရွိသုံးမရေတာ့တဲ့ခႏၶာကိုယ္ကိုမီးေလာင္တိုက္သြင္းၿပီးျပာက်ခံမယ့္တူတူအက်ိဳးျပဳေပးႏိုင္မယ့္ေနရာေတြမွာလႈဒါန္းေပးလိုက္ေတာ့အလႈႏွင့္အျမင္အာ႐ုံခ်ိဳ႕တဲ့သူေတြအတြက္အလင္းဓါတ္အျမင္ဓါတ္ရရွိပိုင္ဆိုင္ေစဖို႔မ်က္ၾကည္လႊာလႈဒါန္းျခင္းအလႈေတြလႈဒါန္းသြားလို႔ရတယ္။

လူတစ္ေယာက္ေသဆုံးၿပီးေနာက္(4)နာရီအတြင္းမ်က္ၾကည္လႊာကရွင္ေနေသးတဲ့အတြက္လႈဒါန္းထားလို႔ရတယ္။ဆႏၵရွိပါကခႏၶာကိုယ္ပါထပ္လႈလို႔လဲရတယ္။ေဆးပညာအက်ိဳးျဖစ္ထြန္းေစတယ္။ျပည္သူေတြရဲ႕အသက္ေပါင္းမ်ားစြာကိုကယ္တင္ဖို႔ပညာသင္ၾကားတဲ့ေနရာမွာအေထာက္အကူျပဳတယ္။

အခ်ိဳ႕ကေတာ့မသိလို႔အဆက္စပ္မရွိလို႔မလႈျဖစ္ၾကသူေတြရွိတယ္။ကြၽန္မကေတာ့ေသဆုံးၿပီးကိုယ့္အတြက္အက်ိဳးမရွိပဲပုပ္သိုးၿပီးသုံးမရအလဟႆအျဖစ္မခံႏိုင္လို႔ခင္တြယ္မမက္ေမာပဲျပတ္သားတဲ့စိတ္နဲ႔အက်ိဳးျပဳေပးမယ့္ေနရာမွာလႈဒါန္းျဖစ္ခဲ့တာၾကာခဲ့ၿပီ။

လႈဒါန္းလိုသူမ်ား city mall နားကေဆး(၁)မွာလဲလႈလို႔ရသလိုေျမာက္ဥကၠလာေဆး(၂)မွာလႈလို႔ရပါတယ္။မ်က္ၾကည္လႊာကိုေတာ့ကန္ပတ္လမ္းမ်က္စိေဆး႐ုံႀကီးအေပၚဆုံးထပ္မွာလႈဒါန္းႏိုင္ပါတယ္။

မ်က္စိေဆး႐ုံေရာက္ရင္ေတာ့မ်က္မျမင္လူနာေပါင္းမ်ားစြာကိုေတြ႕ရင္ငါ့ဆုံးျဖတ္ခ်က္မွန္ပါလားဆိုတဲ့မုဒိတာစိတ္ေတြတိုးလာပါလိမ့္မယ္။

လႈဒါန္းလိုသူမ်ားမွတ္ပုံတင္ရယ္ဓါတ္ပုံေလးပုံရယ္မိသားစုဝင္တစ္ဦးရယ္ေတာ့ေခၚသြားရပါလိမ့္မယ္။စာအေရးအသားေျပာင္းလဲထားလို႔မူရင္းPostပိုင္ရွင္အားcreditေပးပါတယ္ရွင့္။

Credit - xyznews


Unicode Version 

လူတစ်ယောက်က သူသေဆုံးပြီးနောက် အလှူနှစ်ခုထပ်မံပြုလုပ်လှုဒါန်းနိုင်ပါသေးတယ်


လူတစ်ယောက်သေပြီးပြီးချင်း –

(1)နှလုံးက10မိနစ်အထိရှင်ပါတယ်။

(2) ဦးနှောက် ကမိနစ်20အထိရှင်တယ်။

(3)မျက်လုံးက4နာရီအထိရှင်ပါတယ်။

(4)အရေပြား ကငါးရက်အထိရှင်ပါတယ်။

(5)အရိုးကရက်30အထိရှင်တယ်လို့သိရတယ်။

သေလွန်ပြီးတဲ့အချိန်မှာလူတစ်ယောက်ကသုံးရက်အကြာမှာလက်သည်းခွံတွေကြွေတယ်။
လေးရက်အကြာမှာဆံပင်တွေကျွတ်တယ်။ငါးရက်အကြာမှာဦးနှောက်ကအရည်ပျော်တယ်။ခြောက်ရက်အကြာမှာအစာအိမ်ကအရည်ဖြစ်ပြီးပါးစပ်နဲ့ဒွါရပေါက်ကနေယိုစီးတယ်။ရက်ခြောက်ဆယ်အကြာမှာအရိုးကကမ္မဌာန်းရုပ်ကလွဲလို့ဘာမှမကျန်အောင်ခြောက်သွေ့သွားတယ်။

လူတစ်ယောက်ကသူသေဆုံးပြီးနောက်အလှုနှစ်ခုထပ်မံပြုလုပ်လှုဒါန်းနိုင်ပါသေးတယ်။အဲဒါကတော့မိမိရဲ့ခန္ဓာကိုယ်ကိုလှုဒါန်းခြင်းနဲ့မျက်ကြည်လွှာလှုဒါန်းနိုင်ခြင်းတို့ပဲဖြစ်တယ်။

သေဆုံးပြီးနောက် တန်ဖိုး မရှိသုံးမရတော့တဲ့ခန္ဓာကိုယ်ကိုမီးလောင်တိုက်သွင်းပြီးပြာကျခံမယ့်တူတူအကျိုးပြုပေးနိုင်မယ့်နေရာတွေမှာလှုဒါန်းပေးလိုက်တော့အလှုနှင့်အမြင်အာရုံချို့တဲ့သူတွေအတွက်အလင်းဓါတ်အမြင်ဓါတ်ရရှိပိုင်ဆိုင်စေဖို့မျက်ကြည်လွှာလှုဒါန်းခြင်းအလှုတွေလှုဒါန်းသွားလို့ရတယ်။

လူတစ်ယောက်သေဆုံးပြီးနောက်(4)နာရီအတွင်းမျက်ကြည်လွှာကရှင်နေသေးတဲ့အတွက်လှုဒါန်းထားလို့ရတယ်။ဆန္ဒရှိပါကခန္ဓာကိုယ်ပါထပ်လှုလို့လဲရတယ်။ဆေးပညာအကျိုးဖြစ်ထွန်းစေတယ်။ပြည်သူတွေရဲ့အသက်ပေါင်းများစွာကိုကယ်တင်ဖို့ပညာသင်ကြားတဲ့နေရာမှာအထောက်အကူပြုတယ်။

အချို့ကတော့မသိလို့အဆက်စပ်မရှိလို့မလှုဖြစ်ကြသူတွေရှိတယ်။ကျွန်မကတော့သေဆုံးပြီးကိုယ့်အတွက်အကျိုးမရှိပဲပုပ်သိုးပြီးသုံးမရအလဟဿအဖြစ်မခံနိုင်လို့ခင်တွယ်မမက်မောပဲပြတ်သားတဲ့စိတ်နဲ့အကျိုးပြုပေးမယ့်နေရာမှာလှုဒါန်းဖြစ်ခဲ့တာကြာခဲ့ပြီ။

လှုဒါန်းလိုသူများ city mall နားကဆေး(၁)မှာလဲလှုလို့ရသလိုမြောက်ဥက္ကလာဆေး(၂)မှာလှုလို့ရပါတယ်။မျက်ကြည်လွှာကိုတော့ကန်ပတ်လမ်းမျက်စိဆေးရုံကြီးအပေါ်ဆုံးထပ်မှာလှုဒါန်းနိုင်ပါတယ်။

မျက်စိဆေးရုံရောက်ရင်တော့မျက်မမြင်လူနာပေါင်းများစွာကိုတွေ့ရင်ငါ့ဆုံးဖြတ်ချက်မှန်ပါလားဆိုတဲ့မုဒိတာစိတ်တွေတိုးလာပါလိမ့်မယ်။

လှုဒါန်းလိုသူများမှတ်ပုံတင်ရယ်ဓါတ်ပုံလေးပုံရယ်မိသားစုဝင်တစ်ဦးရယ်တော့ခေါ်သွားရပါလိမ့်မယ်။စာအရေးအသားပြောင်းလဲထားလို့မူရင်းPostပိုင်ရှင်အားcreditပေးပါတယ်ရှင့်။

Credit - xyznews

Post a Comment

0 Comments