









Credit –Wunna Htun


Unicode Version 

အိန္ဒိယ က ဗုဒ္ဓဂယာ ကိုလာရင် ရွှေတွေအများကြီး ယူမလာပါနဲ့၊ ထောင်ကျ တဲ့အထိ ဖြစ်နိုင်ပါတယ်


ဒီနေ့အဖြစ်လေးပေါ့နော်..လေယာဉ် ပေါ်မှာ..လူအယောက်20ဘဲပါလာတယ်…ကျွန်တော်တို့ခရီးသည်နဲ့ ကျွန်တော် အပါအဝင်ဆို 11 ယောက်ပေါ့… ကျန်တဲ့9ယောက်က… နောက်တစ်ဖွဲ့ပေါ့… သူတို့ကတော့ မိသားစုပုံစံလေး လာကြ တာပေါ့

ဂယာလေဆိပ်ကို…အိန္ဒိယစံတော်ချိန်…1:40 မှာကျွန်တော်တို့ရောက်တယ်ဗျ နောက်အဖွဲ့မှာပါတဲ့ ခန့်မှန်းအသက် 45 နှစ် လောက်ရှိမဲ့ အမျိုးသမီးက.. 100g.. လက်ကောက်လေးကွင်းနဲ့ 181g ကွင်းဆက်ဆွဲကြိုး..တစ်ကုံးပေါ့…. အာ့မှာပြသနာက စတာဘဲ….

သူကကျွန်တော်အရှေ့က.ပေါ့…သူကိုစစ်ပြီးရွှေတွေတွေ့သွားတဲ့အချိန်မှာ..အာ့အမျိုးသမီးကိုထိန်းသိမ်းထားလိုက်တယ်….သူ့နောက်ကပါတဲ့ကျွန်တော်တို့တစ်ဖွဲ့လုံးအစစ်ခံရတယ်..အာ့မှာကျွန်တော်ခရီးသည်တွေမှာလဲ..အိမ်ဝတ်အိမ်စားပုံစံနဲ့ဝတ်ထားတဲ့ရွှေအနည်းငယ်ပါလာကြတယ်…(ထားခဲ့ဖို့မေ့သွားတာတဲ့)အာ့တော့..ကျွန်တော်..တို့ကိုတော့..နောက်ဆုံးအကြိမ်ဖြစ်ပါစေဆိုပြီး..သတိပေးလိုက်တာပေါ့…ကျွန်တော်တို့အဖွဲ့နဲ့အတူတွေ့ထားတော့…မင်းခရီးသည်တွေကိုသွားစေချင်ရင်..မင်းခဏနေခဲ့ရမယ်တဲ့…အာ့နဲ့ကျွန်တော်ခရီးသည်ကို..ဘုန်းကြီးကျောင်းပို့ပြီးကျွန်တော်နေခဲ့လိုက်တယ်…indiaစံတော်ချိန်…8:00မှ..ပြသနာတွေရှင်းပြီးကျွန်တော်ပြန်လာရတယ်…

ပစ္စည်းတွေအသိမ်းခံရတဲ့အမျိုးသမီးရဲ့passportစာအုပ်ကိုပါထိန်းသိမ်းထားကြတယ်.. aw..ဒါနက်. .ပစ္စည်းသိမ်းခံရတဲ့ အမျိုးသမီးက ခုကြိမ်နဲ့ဆို ဂယာ ကိုရောက်တာသုံးခေါက်ရှိပြီတဲ့…လွန်ခဲ့တဲ့15ရက်လောက်က မြန်မာပြည်က အမျိုးသား တစ်ဦးကိုလဲ…အလားတူပုံစံနဲ့တွေ့လို့..ပစ္စည်းသိမ်းပြီးဂျေးထဲနှစ်လထည့်ထားတယ်လို့လဲကြားတယ်ဗျ….(အာ့အမျိုးသမီးကိုစစ်တာ…ကျွန်တော်အရှ့မှာဘဲဗျ…ဘယ်သူနဲ့လာတာလဲမေးတာ..တစ်ယောက်တည်းလာတာလို့ဘဲပြောတယ်…)သူမှာအဖွဲ့မရှိပါဘူးတဲ့….ဒါမဲ့လေဆိပ်အပြင်မှာသူကိုစောင့်နေတဲ့..ဘုန်းဘုန်းတစ်ပါးနဲ့.ကျွန်တော်နဲ့အတူလေယာဉ်အတူစီးလာတဲ့တစ်ယောက်ရှိတယ်ဗျ)

ကျွန်တော်ကတော့ ကြားကဘဲ.. ဝင်ပြီးတောင်းပန်ပေးလိုက်ပါတယ်… ဂျေးထဲမထည့်ဖို့…. အောင်မြင်တယ်လို့ဘဲ ပြောရမှာ ပေါ့..သူကို..ပြန်လွတ်ပေးလိုက်တယ်။ ပစ္စည်းနဲ့ passport စာအုပ်ကို ထိန်းသိမ်းထားတယ်) မနက်ဖန် 10:30 ပြန်ချိန်းထား တဲ့ဗျ….ဘာတွေဆက်ဖြစ်မလဲတော့ ကျွန်တော်လည်းသိချင်နေတယ်… အောက်ကပုံလေးတွေကိုကျိသွားအုံး….

ထိန်းသိမ်းခံလိုက်ရတဲ့..လက်ကောက်လေးကွင်းနဲ့ဆွဲကြိုး..india ပေါက်ဈေးမြန်မာငွေနဲ့သိန်းလေးရာသုံးဆယ်..ကျော်…

ဂယာ လေဆိပ်ကနေဘုန်းကြီးကျောင်းကို ရုံးကားနဲ့ပြန်လိုက်ပို့ခဲ့တယ်..

6:00လောက်ပေါ့..သူတို့ရဲ့လူကြီးကိုစောင့်နေတာ..စိတ်ကသိပ်မရှည်တော့လို့..ဆေးလိပ်သောက်ချင်တယ်လို့ပြောတော့..လေဆိပ်မှာက cctvတွေနဲ့တဲ့ အိမ်သာထဲသွားသောက်ဆိုပြီးသူပါလိုက်လာပေးတယ်…

Credit –Wunna Htun

Post a Comment

0 Comments