ဖေလာ္ရီဒါမွာ ဖမ္းမိခဲ့တဲ့ ဥ(၇၃)ဥနဲ႔ (၁၇) ေပအရွည္ရွိတဲ့ ဧရာမေႁမြႀကီ


ျမန္မာစပါးအုံး မ်ိဳးဟာ ကမာၻေပၚက အႀကီးဆုံးေႁမြႀကီးမ်ိဳးေတြထဲမွာ ပါဝင္ပါတယ္။ စပါးအုံးခ်င္းယွဥ္ရင္ေတာင္ ျမန္မာစပါးအုံးေတြဟာ အဆမတန္ အေကာင္ႀကီးပါတယ္။ သိပၸံပညာရွင္ေတြဟာ မၾကာေသးခင္ကေတာ့ ဖေလာ္ရီဒါႏိုင္ငံ အဲဗားဂလိတ္ဒ္စိမ့္ေျမမွာ ျမန္မာစပါးအုံးအမႀကီးတစ္ေကာင္ကို ဖမ္းမိခဲ့ပါတယ္။ စပါးအုံးမႀကီးဟာ (၁၇) ေက်ာ္အရွည္ရွိၿပီး ေပါင္(၁၄၀) အေလးခ်ိန္ရွိကာ သူ႔ကိုေတာ့ ဥေပါင္း(၇၃) ဥနဲ႔ ေတြ႕ခဲ့ရတာပါ။

အခုဖမ္းဆီးရမိခဲ့တဲ့ ေႁမြႀကီး ဟာ ဘစ္ဆိုင္းပရက္စ္အမ်ိဳးသားဥယ်ာဥ္ထဲမွာေတာ့ ေတြ႕ရသမွ်စပါးအုံးေတြထဲ အႀကီးဆုံးပဲျဖစ္ပါတယ္။ ၎ အမ်ိဳးသားဥယ်ာဥ္ႀကီးဟာ ဖေလာ္ရီဒါေတာင္ပိုင္းက မီယာမီအေနာက္ဘက္မွာရွိတဲ့ ဧကေပါင္း (၇၂၉,၀၀၀) က်ယ္ဝန္းတဲ့ စိမ့္ေျမႀကီး ျဖစ္ပါတယ္။

ေႁမြႀကီးက ဘယ္ေလာက္ေတာင္ ႀကီးသလဲဆိုတာေတာ့ ဓာတ္ပုံထဲမွာ ေတြ႕ျမင္ရမွာပါ။ သုေတသနထဲမွာ ပါဝင္တဲ့ အဖြဲ႕သား(၄) ဦးဟာ ဧရာမစပါးအုံးႀကီးကို ေခါင္းကေန အၿမီးအထိ ကိုင္ထားၾကတာပါ။ အဲဗားဂလိတ္ဒ္စိမ့္ေျမထဲမွာေတာ့ (၆) ေပကေန (၈) ေပၾကားရွိတဲ့ စပါးအုံးေႁမြအမ်ိဳးမ်ိဳးကို ေတြ႕ျမင္ႏိုင္ပါတယ္။ ဒီထဲမွာ အႀကီးဆုံးေႁမြႀကီးဟာ (၁၈) ေပအရွည္ထိရွိၿပီး ေပါင္(၁၀၀) အထက္ရွိပါတယ္။

လတ္တေလာမွာေတာ့ သုေတသနပညာရွင္ေတြဟာ စပါးအုံးေတြရဲ႕ တည္ေနရာေတြကို လိုက္လံရွာေဖြလ်က္ ရွိပါတယ္။ ေရဒီယိုထရန္စမစ္တာေတြရဲ႕ အကူအညီနဲ႔ စပါးအုံးအထီးေတြကိုလႊတ္ၿပီး သားေပါက္ေနတဲ့ စပါးအုံးအမေတြကို လိုက္ရွာတာ ျဖစ္ပါတယ္။ သုေတသနပညာရွင္အုပ္စုဟာ သုေတသနအတြက္ပဲ သီးသန႔္ေဒတာေတြကို စုတာမဟုတ္ပဲ စပါးအုံးေတြက စိမ့္ေျမမွာ ဘယ္လို အခန္းကဏၰကေန ပါေနသလဲဆိုတာ ေလ့လာတာ ျဖစ္ပါတယ္။

ျမန္မာစပါးအုံးေတြဟာ အေရွ႕ေတာင္အာရွမွာ အမ်ားဆုံးရွိပါတယ္။ ဒါေပမယ့္ မၾကာေသးခင္ကေတာ့ စပါးအုံးႀကီးေတြဟာ ဖေလာ္ရီဒါမွာ ေျခာက္ျခားစရာ အန ၱရာယ္တစ္ခု ျဖစ္လာခဲ့ပါတယ္။ အဲဗားဂလိတ္ဒ္စိမ့္ေျမဟာဆိုရင္ က်ယ္ဝန္းၿပီး ရာသီဥတုပူတာေၾကာင့္ စပါးအုံးေတြအတြက္ ခိုေအာင္းဖို႔ အေကာင္းဆုံးေနရာ ျဖစ္လာပါတယ္။ အခုဆိုရင္ စပါးအုံးေႁမြေပါင္း (၁) သိန္းဟာ မီယာမီရဲ႕ အျပင္ဘက္ စိမ့္ေတာေတြထဲမွာ ရွိေနပါတယ္။ အခုလို စပါးအုံးေတြ အဆမတန္မ်ားလာတာက သဘာဝပတ္ဝန္းက်င္အတြက္ေတာ့ စိုးရိမ္စရာတစ္ခု ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဖေလာ္ရီဒါဟာ စပါးအုံးေကာင္ေရကို ထိန္းသိမ္းဖို႔အတြက္ စပါးအုံးအမဲလိုက္ၿပိဳင္ပြဲေတြေတာင္ ျပဳလုပ္ၿပီး ေႁမြေကာင္ေရကို ေလ်ာ့ခ်ေနၾကတယ္လို႔ သိရပါတယ္။

Credit - burmese.asia


Unicode Version

ဖလော်ရီဒါ မှာ ဖမ်းမိခဲ့တဲ့ ဥ(၇၃)ဥနဲ့ (၁၇) ပေအရှည်ရှိတဲ့ ဧရာမမြွေကြီး


မြန်မာစပါးအုံး မျိုးဟာ ကမ္ဘာပေါ်က အကြီးဆုံးမြွေကြီးမျိုးတွေထဲမှာ ပါဝင်ပါတယ်။ စပါးအုံးချင်းယှဉ်ရင်တောင် မြန်မာစပါးအုံးတွေဟာ အဆမတန် အကောင်ကြီးပါတယ်။ သိပ္ပံပညာရှင်တွေဟာ မကြာသေးခင်ကတော့ ဖလော်ရီဒါနိုင်ငံ အဲဗားဂလိတ်ဒ်စိမ့်မြေမှာ မြန်မာစပါးအုံးအမကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ စပါးအုံးမကြီးဟာ (၁၇) ကျော်အရှည်ရှိပြီး ပေါင်(၁၄၀) အလေးချိန်ရှိကာ သူ့ကိုတော့ ဥပေါင်း(၇၃) ဥနဲ့ တွေ့ခဲ့ရတာပါ။

အခုဖမ်းဆီးရမိခဲ့တဲ့ မြွေကြီး ဟာ ဘစ်ဆိုင်းပရက်စ်အမျိုးသားဥယျာဉ်ထဲမှာတော့ တွေ့ရသမျှစပါးအုံးတွေထဲ အကြီးဆုံးပဲဖြစ်ပါတယ်။ ၎င်း အမျိုးသားဥယျာဉ်ကြီးဟာ ဖလော်ရီဒါတောင်ပိုင်းက မီယာမီအနောက်ဘက်မှာရှိတဲ့ ဧကပေါင်း (၇၂၉,၀၀၀) ကျယ်ဝန်းတဲ့ စိမ့်မြေကြီး ဖြစ်ပါတယ်။

မြွေကြီးက ဘယ်လောက်တောင် ကြီးသလဲဆိုတာတော့ ဓာတ်ပုံထဲမှာ တွေ့မြင်ရမှာပါ။ သုတေသနထဲမှာ ပါဝင်တဲ့ အဖွဲ့သား(၄) ဦးဟာ ဧရာမစပါးအုံးကြီးကို ခေါင်းကနေ အမြီးအထိ ကိုင်ထားကြတာပါ။ အဲဗားဂလိတ်ဒ်စိမ့်မြေထဲမှာတော့ (၆) ပေကနေ (၈) ပေကြားရှိတဲ့ စပါးအုံးမြွေအမျိုးမျိုးကို တွေ့မြင်နိုင်ပါတယ်။ ဒီထဲမှာ အကြီးဆုံးမြွေကြီးဟာ (၁၈) ပေအရှည်ထိရှိပြီး ပေါင်(၁၀၀) အထက်ရှိပါတယ်။

လတ်တလောမှာတော့ သုတေသနပညာရှင်တွေဟာ စပါးအုံးတွေရဲ့ တည်နေရာတွေကို လိုက်လံရှာဖွေလျက် ရှိပါတယ်။ ရေဒီယိုထရန်စမစ်တာတွေရဲ့ အကူအညီနဲ့ စပါးအုံးအထီးတွေကိုလွှတ်ပြီး သားပေါက်နေတဲ့ စပါးအုံးအမတွေကို လိုက်ရှာတာ ဖြစ်ပါတယ်။ သုတေသနပညာရှင်အုပ်စုဟာ သုတေသနအတွက်ပဲ သီးသန့်ဒေတာတွေကို စုတာမဟုတ်ပဲ စပါးအုံးတွေက စိမ့်မြေမှာ ဘယ်လို အခန်းကဏ္ဏကနေ ပါနေသလဲဆိုတာ လေ့လာတာ ဖြစ်ပါတယ်။

မြန်မာစပါးအုံးတွေဟာ အရှေ့တောင်အာရှမှာ အများဆုံးရှိပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ စပါးအုံးကြီးတွေဟာ ဖလော်ရီဒါမှာ ခြောက်ခြားစရာ အန ္တရာယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဗားဂလိတ်ဒ်စိမ့်မြေဟာဆိုရင် ကျယ်ဝန်းပြီး ရာသီဥတုပူတာကြောင့် စပါးအုံးတွေအတွက် ခိုအောင်းဖို့ အကောင်းဆုံးနေရာ ဖြစ်လာပါတယ်။ အခုဆိုရင် စပါးအုံးမြွေပေါင်း (၁) သိန်းဟာ မီယာမီရဲ့ အပြင်ဘက် စိမ့်တောတွေထဲမှာ ရှိနေပါတယ်။ အခုလို စပါးအုံးတွေ အဆမတန်များလာတာက သဘာဝပတ်ဝန်းကျင်အတွက်တော့ စိုးရိမ်စရာတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဖလော်ရီဒါဟာ စပါးအုံးကောင်ရေကို ထိန်းသိမ်းဖို့အတွက် စပါးအုံးအမဲလိုက်ပြိုင်ပွဲတွေတောင် ပြုလုပ်ပြီး မြွေကောင်ရေကို လျော့ချနေကြတယ်လို့ သိရပါတယ်။

Credit - burmese.asia

Post a Comment

0 Comments