တစ္ခ်ိန္က ဆင္းရဲလွတဲ့ ဂ်ပန္ႏိုင္ငံ ရဲ႕ လူေတြအိုလာရင္ စြန႔္ပစ္တဲ့ ဓေလ့မွ ထြက္ေပၚလာတဲ့ ပုံျပင္တစ္ပုဒ္


ကြၽန္ေတာ္ငယ္ငယ္က ဂ်ပန္႐ိုးရာ ပုံျပင္ေလးတစ္ခု ဖတ္ဘူးတယ္။ သိပ္လည္း ႀကိဳက္ခဲ့တယ္။ အၿမဲလည္း မွတ္မိေနတယ္။ အခု အသက္ႀကီးလာေတာ့ ဒီပုံျပင္လည္းဟာ အဓိပၸါယ္ ပိုရွိလာတယ္။ ပိုၿပီး ေတြးစရာေတြ ျဖစ္လာခဲ့တယ္။ ပုံျပင္ေလးက ဒီလိုပါ။

ဟိုး လြန္ခဲ့တဲ့ ရာစုႏွစ္ေပါင္းမ်ားစြာ ဂ်ပန္ႏိုင္ငံ ဟာ အလြန႔္အလြန္ ဆင္းရဲတဲ့ ႏိုင္ငံေလး တစ္ခု ျဖစ္ခဲ့တယ္။ လူေတြဟာ အစာေရစာကို ဝလင္ေအာင္ မစားရဘူး။ စိုက္ပ်ိဳးလို႔ရတဲ့ ေျမ က နည္းၿပီး ရာသီဥတုက ျပင္းထန္ ေတာ့ ထြက္သမွ် စပါးဆန္ေရဟာ တိုင္းသူျပည္သားေတြအတြက္ “မဝေရစာ” ျဖစ္ေနခဲ့တယ္။ အထူးသျဖင့္ “ေဆာင္းရာသီ” ကိုေရာက္လာၿပီ ဆိုရင္ အစာေရစာ ရွားပါးတဲ့ ေဘးဆိုးႀကီးဟာ ႏွစ္တိုင္းလိုလို ေရာက္လာတတ္တယ္။ ေၾကာက္စရာ ေကာင္းတဲ့ ေဆာင္းရာသီမွာ ဂ်ပန္လူမ်ိဳး အေတာ္မ်ားမ်ားဟာ ငတ္မြတ္ေခါင္းပါးတဲ့ ေဘးဆိုးႀကီးေၾကာင့္ ေသေၾကပ်က္စီးေလ့ရွိၾကတယ္။

“ကမာၻမီးေလာင္ သားေကာင္ခ်နင္း” ဆိုတဲ့ စကားပုံလို သိပ္ဒုကၡေရာက္လာေတာ့ မိသားစု အခ်င္းခ်င္း ေတာင္မွ တစ္ဦးနဲ႔တစ္ဦး မညႇာတာႏိုင္ေတာ့ပါဘူး။ ဒီေတာ့ ဂ်ပန္လူမႈအဖြဲ႕အစည္းအတြင္းမွာ “ဓေလ့တစ္ခု” ျဖစ္ေပၚလာပါတယ္။ အဲဒီ ဓေလ့ကေတာ့ ကိုယ့္အိမ္မွာ အသက္ႀကီးေနၿပီး အလုပ္မလုပ္ႏိုင္ေတာ့တဲ့ သက္ႀကီး႐ြယ္အိုေတြကို ေတာထဲေတာင္ထဲကို သြားၿပီး စြန႔္ပစ္တဲ့ ဓေလ့တစ္ခု ေပၚထြန္းလာပါတယ္။

ဒီကိစၥဟာ ဒီေခတ္ အျမင္နဲ႔ ၾကည့္ရင္ေတာ့ အေတာ္ဝမ္းနည္းေၾကကြဲစရာေကာင္းတဲ့ ကိစၥတစ္ခု ျဖစ္ေပမယ့္လည္း အဲဒီေခတ္ အခါတုန္းကေတာ့ ဒါဟာ “လုပ္႐ိုးလုပ္စဥ္” အလုပ္တစ္ခုလို႔ဘဲ သေဘာထားခဲ့ၾကပါတယ္။ ကိုယ့္အိမ္က အေဖအို အေမအိုေတြ ကို စြန႔္ပစ္ၾကတာကို ဘယ္သူမွ ကဲ့ရဲ႕ရႈတ္ခ် မေနပါဘူး။ အိမ္တစ္အိမ္မွ သက္ႀကီး႐ြယ္အိုတစ္ေယာက္ ကြယ္လြန္သြားသလိုမ်ိဳးဘဲ ရႈျမင္ခဲ့ၾကပါတယ္။ ဒါဟာ တစ္အိမ္လုံး အငတ္ေဘးကေန ကာကြယ္ရာေရာက္တဲ့ လုပ္သင့္လုပ္အပ္တဲ့ အလုပ္တစ္ခုလို႔ေတာင္မွ ရႈျမင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ႏွစ္တိုင္းႏွစ္တိုင္း ေဆာင္းရာသီကို ေရာက္ၿပီဆိုတာနဲ႔ ဆင္းရဲတဲ့ ေက်း႐ြာေတြမွာ မိအို ဖအိုေတြကို စြန႔္ပစ္ ၾကတဲ့ အလုပ္ကို စလုပ္ၾကပါေတာ့တယ္။ အဲဒီမွာ ဒီပုံျပင္ေလး ျဖစ္ေပၚလာခဲ့ပါတယ္။

ေတာေတာင္ ထူထပ္လွတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ ေတာင္ေျခ တစ္ခုမွာ ရွိတဲ့ ႐ြာေလးတစ္႐ြာမွာေပါ့။ အဲဒီ႐ြာကေလးက မိသားစု တစ္ခုအတြင္းမွာ ဒီပုံျပင္ေလး အစျပဳခဲ့ပါတယ္။ ႐ြာေျမာက္ဖ်ားမွာရွိတဲ့ တဲအိမ္ေလးတစ္ခုအတြင္းမွာ “ရွင္ဂို” လို႔ေခၚတဲ့ ဂ်ပန္လယ္သမားေလး တစ္ေယာက္ဟာ သူ႔မိသားစုနဲ႔ အတူ ေနထိုင္ပါတယ္။ သူတို႔မိသားစုမွာ လူဦးေရ (၆)ေယာက္ ရွိပါတယ္။ သူတို႔ လင္မယားႏွစ္ေယာက္ရယ္ ၊ သားေလးတစ္ေယာက္ ၊ သမီးေလး တစ္ေယာက္ရယ္ ၊ အိုမင္းေနၿပီျဖစ္တဲ့ “ရွင္ဂို” ရဲ႕ အေဖအိုႀကီး နဲ႔ အေမအိုႀကီးရယ္ . . အားလုံး တစ္အိမ္ထဲ အတူေနၾကတယ္။

တစ္ေန႔ေတာ့ “ရွင္ဂို” တို႔ လင္မယားႏွစ္ေယာက္ဟာ တိုးတိုးတိတ္တိတ္နဲ႔ တစုံတခုကို တိုင္ပင္ေနၾကပါတယ္။ သူတို႔ တိုင္ပင္တဲ့ အေၾကာင္းကေတာ့ ၿပီးခဲ့တဲ့ မိုးရာသီမွာ စပါးအထြက္မေကာင္းလို႔ ဒီႏွစ္ ေဆာင္းရာသီမွာ သူတို႔မိသားစု(၆)ေယာက္ အတြက္ စားနပ္ရိကၡာ ဖူလုံမွာ မဟုတ္တဲ့အတြက္ အငတ္ေဘး ႀကဳံလာႏိုင္တယ္။ ဒါေၾကာင္ အေဖအို အေမအို (၂)ေယာက္ထဲက တစ္ေယာက္ေယာက္ကိုေတာ့ ဒီႏွစ္မွာ စြန႔္ပစ္ရေတာ့မယ္။ အဲဒီအေၾကာင္းကို လင္မယားႏွစ္ေယာက္ တိုင္ပင္ေနတာ ျဖစ္တယ္။ ေနာက္ဆုံးေတာ့ ပိုၿပီး အိုမင္းေနၿပီး အလုပ္လုံး၀ မလုပ္ႏိုင္ ေတာ့ဘဲ “ဖခင္အို” ႀကီးကို အရင္စြန႔္ပစ္ဖို႔ လင္မယားႏွစ္ေယာက္ သေဘာတူလိုက္ပါတယ္။

ဒါနဲ႔ “ရွင္ဂို” လို႔ေခၚတဲ့ ဂ်ပန္လူငယ္ဟာ သူ႔အေဖႀကီးကို ဟိုးေတာင္ေပၚကို သြားေရာက္စြန႔္ပစ္ဖို႔ (၂)ရက္(၃)ရက္စာ စားနပ္ရိကၡာေတြနဲ႔ အေဖႀကီးကို ေနာက္ေက်ာမွာ ပိုးသြားဖို႔ ေစာင္ေတြ၊ အဝတ္အေဟာင္းေတြကို ျပင္ဆင္ေန ပါေတာ့တယ္။

အဖိုးႀကီး အဖြားႀကီး လင္မယားကလည္း ငါတို႔(၂)ေယာက္ထဲက တစ္ေယာက္ေယာက္ကိုေတာ့ စြန႔္ပစ္ေတာ့မွာ ဘဲဆိုတာ ရိပ္မိေနၾကပါၿပီ။ ဒါေၾကာင့္ မ်က္ႏွာ ငယ္ငယ္ေလးေတြနဲ႔ အိမ္ရဲ႕ အေမွာင္ဆုံးေနရာက ေခ်ာင္ေလးတစ္ခုထဲမွာ ကုပ္လို႔ေပါ့။ အဖိုးႀကီး နဲ႔ အဖြားႀကီးဟာ တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ႏွစ္ေပါင္း (၅၀)ေလာက္ ေပါင္းလာတာကေန ခြဲရေတာ့မွာပါလားဆိုၿပီး မ်က္ရည္ေတြ ကိုယ္စီနဲ႔ေပါ့။ ဒါေပမယ့္ သူတို႔လည္း ဘာမွ မတတ္ႏိုင္ေတာ့ပါဘူး။ ဒါဟာ သူတို႔လူမ်ိဳးရဲ႕ အစဥ္အလာဘဲေလ။ ေက်ေက်နပ္နပ္နဲ႔ လက္ခံရေတာ့မွာဘဲေပါ့။

ဒါနဲ႔ ျပင္ဆင္လည္းၿပီးေရာ “ရွင္ဂို” ဟာ အဖိုးႀကီး အဖြားႀကီးနားကို ကပ္သြားၿပီး ႐ို႐ိုေသေသနဲ႔ဘဲ . . “အေဖ ၊ စိတ္ေတာ့ မေကာင္းပါဘူး။ ဒီႏွစ္ စပါးအထြက္မေကာင္းတာ အေဖလည္း အသိဘဲ။ ဒါေၾကာင့္ ဒီႏွစ္ေတာ့ အေဖ ေတာထဲမွာ သြားေနေပးပါေနာ္” ဆိုၿပီး ေတာင္းပန္ေျပာလိုက္ပါတယ္။ (အမွန္ကေတာ့ ေတာထဲမွာ သြားေနေပးပါ . . ဆိုတာ စကားလွေအာင္ေျပာၾကတာပါ။ ရာသီက ျပင္းထန္တဲ့ ေဆာင္းရာသီ ၊ ပါလာတဲ့ စားနပ္ရိကၡာကလည္း (၃)(၄)ရက္စာေလာက္ . . ေနာက္ၿပီး ေတာထဲမွာ သားရဲတိရိစာၦန္ေတြကလည္း အမ်ားႀကီး ဆိုေတာ့ အစြန႔္ပစ္ခံရတဲ့ အဖိုးႀကီးအဖြားေတြဟာ “အေအးပတ္ၿပီး ေသခ်င္ေသ ၊ ဒါမွမဟုတ္ သားရဲတိရိစၦန္ေတြ အစားခံရၿပီး ေသခ်င္ေသ ၊ ဒါမွ မေသရင္ ေနာက္ဆုံး အစာငတ္ၿပီး ေသၾကရတာပါဘဲ)

အဖိုးႀကီးလည္း မ်က္ေရေတြ ႐ႊဲေနတဲ့ ၾကားကဘဲ “ေခါင္းတစ္ခ်က္ဘဲၿငိမ့္ၿပီး” “ေအးေလ . . ဒါ ထုံးစံအတိုင္းဘဲမဟုတ္လား ၊ လုပ္စရာ ရွိတာ လုပ္ပါကြာ” ဆိုၿပီး ေခါင္းငိုက္စိုက္ခ်ၿပီး ေျမႀကီးေတြကို တစ္ခါမွ မျမင္ဘူးသလို ေတြေတြႀကီး ၾကည့္ေနပါတယ္။ အဖြားႀကီးလည္း သူကေတာ့ စြန႔္ပစ္ခံရမယ့္ အေျခအေနက လြတ္သြားၿပီဆိုေပမယ့္ ဝမ္းမသာႏိုင္ပါဘူး။ အႏွစ္(၅၀) ေလာက္ေပါင္းလာခဲ့တဲ့ သံေယာဇဥ္ေၾကာင့္ အဖိုးႀကီးရဲ႕ လက္ကေလးကို ကိုင္ၿပီး တရႈံ႕ရႈံ႕နဲ႔သာ တိုးတိုးတိတ္တိတ္ ငိုေႂကြးေနပါေတာ့တယ္။

ေနာက္ေတာ့ “ရွင္ဂို” ဟာ သက္ျပင္းရွည္ႀကီးတစ္ခ်က္ကို ခ်ၿပီး သူ႔အေဖအိုႀကီးကို သူ႔ ေက်ာေပၚမွာတင္ ၊ ေစာင္နဲ႔ ပတ္ခါ ကုန္းပိုးလိုက္ပါတယ္။ ၿပီးေတာ့ သူ႔ဇနီး လွမ္းေပးတဲ့ (၃)ရက္စာ စားေရရိကၡာေလးကို ယူၿပီး အိမ္ကလွမ္းထြက္မယ္ အလုပ္မွာ “အေဖ – သားလဲ လိုက္မယ္” ဆိုတဲ့ အသံၾကားလို႔ ၾကည့္လိုက္ေတာ့ အသက္(၅)ႏွစ္ထဲ ေရာက္ေနၿပီျဖစ္တဲ့ သူ႔သားႀကီး “အကီယို” ဟာ သူ႔အေဖနဲ႔ လိုက္ဖို႔ ျပင္ေနတာကို ေတြ႕လိုက္တယ္။

ဒါနဲ႔ “ရွင္ဂို” ဟာ . . . “အကီယို” ေတာင္ေပၚအထိသြားမွာေနာ္။ ဘာလုပ္ဖို႔ လိုက္မွာလဲ။ အျပင္မွာ ေအးက ေအးနဲ႔” ဆိုၿပီး ဟန႔္လိုက္ေပမယ့္ သားျဖစ္သူက အတင္းလိုက္မယ္ လုပ္ေနတာရယ္ ၊ အဖိုးျဖစ္သူကလည္း “ငါ့ေျမးေလး လိုက္ခ်င္လိုက္ပါေစကြယ္” ဆိုၿပီး ေတာင္းပန္တာနဲ႔ သူ႔သားကို ေခၚခဲ့ရပါတယ္။

အိမ္ကေနထြက္ၿပီး ဖခင္ႀကီးကို ကုန္းပိုးထားတဲ့ “ရွင္ဂို” နဲ႔ သူ႔သားႀကီး “အကီယို” တို႔ဟာ နားလိုက္ တက္လိုက္နဲ႔ တက္လိုက္ၾကတာ (၃)နာရီေလာက္ အၾကာမွာ ေတာင္ထိပ္နားကို ေရာက္သြားပါတယ္။ အခ်ိန္ကလည္း ေနဝင္လုေနပါၿပီ။

ေလစိမ္းအကာအကြယ္ရတဲ့ သစ္ပင္ႀကီးတစ္ပင္ရဲ႕ ေျခရင္းမွာ “ရွင္ဂို” ဟာ သူ႔ဖခင္ကို ေက်ာပိုးရာကေန ခ်ၿပီး ခဏနားေနလိုက္ပါတယ္။ ၿပီးမွ “အေဖ . . ေဟာဒီမွာ ရိကၡာထုတ္၊ ဒီမွာက အေႏြးထည္ေတြလို႔ ေျပာၿပီး သူ ေက်ာပိုးလာတဲ့ “ေစာင္” ကိုေတာ့ “ဒါက အေဖခ်မ္းရင္ ၿခဳံဖို႔ေစာင္” ဆိုၿပီး ေပးလိုက္တဲ့ အခ်ိန္မွာ . . . . . .

“အေဖ . . ေစာင္ကို ျပန္ယူခဲ့ေလ” လို႔ ေအာ္ေျပာလိုက္တဲ့ သူ႔သား “အကီယို” ရဲ႕ စကားေၾကာင့္ “ရွင္ဂို” တစ္ေယာက္ အႀကီးအက်ယ္ အံ့ၾသသြားပါတယ္။ သူ႔သား “အကီယို” ဟာ သူ႔အဖိုးကို အေတာ္ေလး ခ်စ္ပါတယ္။ ဒါနဲ႔ေတာင္မွ “ေစာင္” ကို သူ႔အဖိုးနဲ႔ မထားခဲ့ဖို႔ ေျပာလို႔ “ရွင္ဂို” အေနနဲ႔ မေတြးတတ္ေအာင္ ျဖစ္ေနပါတယ္။

ေနာက္မွ သူ႔သားကို“သားရယ္ . . . မင္း အဖိုးမွာ “ေစာင္” မရွိရင္ ညဖက္က်ရင္ အရမ္းခ်မ္း ေနမွာေပါ့” လို႔ ေျပာလိုက္တယ္။ အဲဒီမွာ သူ႔သား “အကီယို” ျပန္ေျပာလိုက္တဲ့ စကားေၾကာင့္ “ရွင္ဂို” ချမာ ဦးေခါင္းကို မိုးႀကိဳးပစ္ခ်လိုက္သလို တုန္လႈပ္ သြားပါေတာ့တယ္။

သူ႔သား “အကီယို” ေျပာလိုက္တဲ့ စကားက “မဟုတ္ဘူးေလ . . အဲဒီ ေစာင္က အေဖ “အို”လာရင္ သားက အေဖ့ကို ကုန္းပိုးၿပီး လာပစ္ဖို႔ သိမ္းထားရဦးမွာ မဟုတ္လား” တဲ့။

ေကာင္းလိုက္တဲ့ “အကီယို” ရဲ႕ စကား။ “ရွင္ဂို” လုံးဝမေတြးခဲ့တဲ့ စကား။ တကယ္ေတာ့ “ရွင္ဂို” ဟာ သူ႔အေဖႀကီးကို လာစြန႔္ပစ္ေပမယ့္ တစ္ေန႔က်ရင္ သူလည္း ဒီလို အစြန႔္ပစ္ခံရမွာပါလားလို႔ေတာ့ လုံး၀ မစဥ္းစားမိပါဘူး။ ဒီလိုပါဘဲေလ. . “ရွင္ဂို” ရဲ႕ အေဖ ငယ္စဥ္က သူ႔အေဖ (ရွင္ဂိုရဲ႕ အဖိုး) ကို စြန႔္ပစ္ခဲ့တုန္းက လည္း တစ္ေန႔မွာ ငါလည္း ဒီလို စြန႔္ပစ္ခံရမယ္ဆိုတာ မေတြးမိခဲ့ပါဘူး။ အခု အဲဒီေန႔ကို ေရာက္လာခဲ့ၿပီေလ။ သူကိုယ္တိုင္ သူ႔သားရဲ႕ စြန႔္ပစ္မႈကို ခံရေတာ့မယ္။ ေနာက္ၿပီး “ရွင္ဂို” လည္း အဲဒီေန႔မ်ိဳးကို ေရာက္ရေပဦးမယ္။

“ရွင္ဂို” ဟာ အေတြးေတြနဲ႔ ခ်ာခ်ာလည္ ေနပါတယ္။ သူ႔ပါးစပ္ကလည္း “ေၾသာ္ – ငါလည္း ဒီလို ျဖစ္ရဦးမွာဘဲ ၊ ဒီလိုႀကဳံရဦးမွာဘဲ” ဆိုၿပီး ၿငီးတြားေရ႐ြတ္ေနပါတယ္။ သူ ဘာဆက္လုပ္ရမလဲ မသိျဖစ္ေနပါတယ္။ ေနာက္ေတာ့ သူ႔အေဖႀကီးကို တစ္ခ်က္ၾကည့္လိုက္ ၊ သူ႔သားကို တစ္ခ်က္ၾကည့္လိုက္ နဲ႔ ေခါင္းတစ္ဆတ္ဆတ္ ၿငိမ့္ေနပါတယ္။ ေနာက္ေတာ့ သူဟာ ဆုံးျဖတ္ခ်က္တစ္ခုကို ပိုင္ပိုင္ႏိုင္ႏိုင္ ခ်မွတ္ လိုက္ပါတယ္။ သူ႔ဆုံးျဖတ္ခ်က္ကေတာ့ သူ႔အေဖအိုႀကီးကို သူနဲ႔ အတူျပန္ေခၚသြားဖို႔ပါဘဲ။ ဒီလို ဆုံးျဖတ္ၿပီးတာနဲ႔ “ရွင္ဂို” ဟာ သူ႔အေဖႀကီးကို “ကဲ – အေဖ ၊ ဘာမွ စိတ္မပူနဲ႔ေတာ့ ၊ ငတ္လည္း အတူ ၊ ေသလည္း အတူဘဲ ၊ သားတို႔နဲ႔သာ အတူ ျပန္လိုက္ခဲ့ေပေတာ့” ဆိုၿပီး သူ႔အေဖအိုႀကီးကို ေစာင္နဲ႔ပတ္ ကုန္းပိုးၿပီး ေတာင္ေပၚကေလ (၃)ေယာက္သား ျပန္ဆင္းလာခဲ့ၾကပါေတာ့တယ္။

အိမ္ကို ေရာက္တာနဲ႔ ပထမဆုံး အလန႔္တၾကား ေအာ္လိုက္သူကေတာ့ “ရွင္ဂို” ရဲ႕ ဇနီးျဖစ္သူပါဘဲ။ အထိတ္တလန႔္နဲ႔ ေအာ္လိုက္တာ ေဘးနားက အိမ္ေတြကေတာင္မွ လန႔္ျဖတ္သြားၾကပါတယ္။ သူ႔ေယာက်ၤားကို ေအာ္ဟစ္ဆဲဆိုႀကိမ္းေမာင္းေနလိုက္တာ မၾကားဝံ့မနာသာပါဘဲ။ ေနာက္ဆုံး ရွင္ဂိုက ေယာက်ၤားသံနဲ႔ ခပ္မာမာ ျပန္ေအာ္လိုက္မွ ဒီမိန္းမ ၿငိမ္သြားပါေတာ့တယ္။

အိပ္ယာထဲမွာ ေခြေနတဲ့ အဖြားႀကီးလည္း ဆူဆူညံညံ အသံေတြေၾကာင့္ ေျပးထြက္လာတဲ့အခ်ိန္မွာ သူ႔ေယာက်ၤား အဖိုးႀကီးကို ျမင္လိုက္ရေတာ့ အံ့အားသင့္လြန္းလို႔ သတိလစ္ လဲက်လုမတတ္ေတာင္မွ ျဖစ္သြားပါသတဲ့။ ၿပီးေတာ့ အဖိုးႀကီး နဲ႔ အဖြားႀကီး ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ဖက္ၿပီး ငိုေနလိုက္ၾကတာေလ။ အဖြားႀကီးက သူ႔သား “ရွင္ဂို” ကို ႏႈတ္ကေန “ေက်းဇူးတင္ပါတယ္ သားရယ္ ၊ ေက်းဇူးတင္ပါတယ္ သားရယ္” နဲ႔ တစ္ဖြဖြ ေျပာေနေလရဲ႕။

အိမ္နီးနားျခင္းေတြလည္း လာၿပီး စပ္စုၾကတယ္။ အားလုံးက “ရွင္ဂို” ကို ဝိုင္းၿပီး အျပစ္တင္ၾကတယ္။ “လူမိုက္” လို႔ ေခၚေဝၚ သမုတ္ၾကတယ္။ ႏွာေခါင္းရႈံ႕ၾကတယ္။ ခ်ီးမြမ္းတဲ့သူ မရွိဘူး။ ၿပီးေတာ့ “အင္း ဒီႏွစ္ေတာ့ ဒီမိသားစုတစ္စုလုံး ငတ္ၿပီး ေသေတာ့မွာဘဲ” ဆိုၿပီး ပညာရွိေလသံနဲ႔ ဝင္ၿပီး ေျပာတဲ့သူက ေျပာၾကတယ္။

“ရွင္ဂို” ကေတာ့ “အမွန္တရားကို ႐ုတ္တရက္ သိလိုက္ရတဲ့အတြက္” သူ႔ဆုံးျဖတ္ခ်က္ကို သူယုံပါတယ္။ ဘယ္သူ႔စကားကိုမွ နားေထာင္မေနေတာ့ပါဘူး။ သူက တစ္ခြန္းဘဲ ျပန္ေျပာလိုက္တယ္။ “ေအး . . . ခင္ဗ်ားတို႔လည္း တစ္ေန႔အိုလာရင္ ဒီလို အခ်ိန္ကို ေရာက္ရမွာဘဲ။ အဲဒီအခါက်ရင္ ေတာင္ေပၚမွာ ေခြးေသဝက္ေသ မေသခ်င္ၾကရင္ ဒီ “ဓေလ့ဆိုးႀကီး” ကို ဖ်က္ၾကဖို႔သင့္ၿပီ” လို႔ဘဲ ေျပာခ်လိုက္ပါတယ္။

အဲဒီႏွစ္ ေဆာင္းတြင္းတစ္တြင္းလုံး အဲဒီ႐ြာကေလးမွာ “ရင္ဂို” ရဲ႕ လုပ္ရပ္ကိုဘဲ ေျပာမဆုံးေပါင္ ေတာသုံးေထာင္ ျဖစ္ေနပါေတာ့တယ္။ ဟိုနား လူစုစုရွိရင္လည္း ဒီအေၾကာင္း ၊ ဒီနား လူစုစုရွိရင္လည္း ဒီအေၾကာင္းဘဲ ေျပာေနၾကေတာ့တာဘဲ။ အေတာ္မ်ားမ်ားကေတာ့ “ရွင္ဂို” လုပ္တာ မွားတယ္လို႔ ေဝဖန္ၾကတယ္။ ေနာက္ေတာ့ “သူလုပ္တာ မွန္တယ္” ဆိုတဲ့ အသံေတြလည္း ထြက္လာပါတယ္။

ဒါေပမယ့္ “ရွင္ဂို” ကို ရႈတ္ခ်တဲ့ လူေတြေရာ ၊ ေထာက္ခံတဲ့ လူေတြပါ “တစ္ေန႔က်ရင္ ကိုယ့္အလွည့္ ေရာက္ရမယ္” ဆိုတဲ့ “ရွင္ဂို” ရဲ႕ ျပတ္သားလွတဲ့ စကားကို နားထဲက မထြက္ၾကဘူး ျဖစ္ေနပါတယ္။

“ရွင္ဂို” ရဲ႕ လုပ္ရပ္ကို “မိုးနတ္မင္း” ႀကီးက ေကာင္းခ်ီးေပးလိုက္သလား မွတ္ရတယ္။ အဲဒီႏွစ္ ေဆာင္းတြင္း ဟာ ခါတိုင္းထက္ ပိုၿပီး တိုေတာင္းလွပါတယ္တဲ့။ ေရွ႕မွီေနာက္မွီ လူႀကီးေတြ ေျပာစကားအရ ႏွစ္ေပါင္း (၆၀-၇၀)အတြင္းမွာ ဒီႏွစ္ေဆာင္းတြင္းေလာက္ တိုေတာင္းၿပီး အေအးေပါ့တာ မႀကဳံဘူးဘူးလို႔လည္း ေျပာၾကတယ္။ ေျပာရရင္ေတာ့ “ရွင္ဂို” တို႔ မိသားစုဟာ “ေၾကာက္စရာေကာင္းလွတဲ့ ေဆာင္းရာသီႀကီး” ကို ေပါ့ေပါ့ပါးပါး နဲ႔ ျဖတ္သန္းသြားႏိုင္ခဲ့ပါတယ္။ ဘာအငတ္ေဘးမွ မႀကဳံလိုက္ရပါဘူး။

ေနာက္ႏွစ္ေႏြဦးရာသီမွာ “ရွင္ဂို” ရဲ႕ လုပ္ရပ္ဟာ အနီးအနား ႐ြာနီးခ်ဳပ္စပ္ေတြအထိ သတင္းျပန႔္ႏွံ႔သြား ပါတယ္။ မွားတယ္လို႔ ေျပာတဲ့လူေတြ ရွိသလို မွန္တယ္လို႔ ေျပာတဲ့သူေတြလည္း မနည္းလွပါဘူး။ ေနာက္ႏွစ္ ေဆာင္းတြင္းေတြမွာေတာ့ “ရွင္ဂို” ကို အတုယူၿပီး ကိုယ့္ရဲ႕ မိအိုဖအိုေတြကို စြန႔္မပစ္ဘဲ ရွိသမွ်ကို ေဝမွ်စားမယ္ဆိုတဲ့ လူေတြ အလွ်ိဳလွ်ိဳ ေပၚလာပါတယ္။ ပထမေတာ့ လူနည္းစုေပါ့။ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ ဒီလုပ္ရပ္ဟာ မွန္တယ္ဆိုတာ နားလည္လာၾကတယ္။ မိအိုဖအိုေတြအေပၚမွာ ကိုယ္ခ်င္းစာစိတ္ ေမြးလာၾကတယ္။ ေအးအတူ ပူအမွ်စိတ္ေမြးလာၾကတယ္။ “ရွင္ဂို” ရဲ႕ ရဲရင့္ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္တစ္ခုဟာ ဂ်ပန္ျပည္တစ္ခုလုံးကို တျဖည္းျဖည္း ျပန႔္ႏွံ႔သြားပါေတာ့တယ္။ မိအိုဖအိုေတြကို စြန႔္မပစ္ၾကေတာ့တဲ့ လူဦးေရက မ်ားသထက္ မ်ားလာတယ္။

ေနာက္ ရာစုႏွစ္ (၂၀၀)ေလာက္အတြင္းမွာေတာ့ “မိအိုဖအို” ေတြကို စြန႔္ပစ္တဲ့ ဓေလ့စ႐ိုက္ဆိုးႀကီးဟာ ဂ်ပန္ျပည္မွာ အၿပီးတိုင္ ေပ်ာက္ကြယ္သြားပါေတာ့တယ္။ ဒီမွာဘဲ ျဖစ္ရပ္မွန္တစ္ခုအေပၚမွာ အေျခတည္ထားတဲ့ ပုံျပင္ေလး တစ္ခု ၿပီးဆုံးသြားပါၿပီ။

သခၤန္းစာ (၁) ကေလးမ်ား၏ လက္ဦးဆရာသည္ မိဘမ်ား ျဖစ္ၾကသည္။ သူတို႔သည္ မိဘမ်ား၏ အျပဳအမူ ဓေလ့စ႐ိုက္တို႔ကို ပုံတူကူးခ်ေလ့ရွိသည္။ ထို႔ေၾကာင့္ သင္၏ မိဘမ်ား အေပၚ ဆက္ဆံျပဳမူသည့္အတိုင္း (သင္ အသက္ႀကီးလာေသာအခါ) သင့္ သားသမီးမ်ားက ဆက္ဆံျပဳမူၾကလိမ့္မည္။ သင္သည္ မိအိုဖအို မ်ားကို “အခိုင္းအေစမ်ားသဖြယ္” ဆက္ဆံလွ်င္ သင္ အဖိုးႀကီး အဖြားႀကီး ျဖစ္လာေသာအခါ သင့္သားသမီးမ်ားကလည္း ထိုသို႔ ဆက္ဆံလိမ့္မည္။ မိအိုဖအိုမ်ားကို “ဘုရားတစ္ဆူ ဂူတစ္လုံး” ဆက္ဆံလွ်င္ သင့္သားသမီးမ်ားကလည္း ထိုအတိုင္း ျပဳမူေပလိမ့္မည္။ ဤကား “ဝဋ္” လည္ျခင္းတည္း။

သခၤန္းစာ (၂) “အမ်ား မိုးခါးေရ ေသာက္လို႔ ၊ ေသာက္ရသည္” ဟူေသာ စကားသည္ အခါခပ္သိမ္း မမွန္ေခ်။ သင္၏ “ယုံၾကည္ခ်က္ ႏွင့္ အလုပ္အကိုင္” သည္ လူအမ်ားႏွင့္ ဆန႔္က်င္ေနေသာ္လည္း “အမွန္တရား စစ္စစ္သာလွ်င္ ျဖစ္ပါေစ” ။ (ေနာက္ဆုံးတြင္) သင္၏ ျပင္းထန္ေသာ ယုံၾကည္ခ်က္ႏွင့္ ဦးေဆာင္မႈ ေနာက္သို႔ တစ္တိုင္းျပည္လုံး လိုက္ပါလာရမည္သာ ျဖစ္ေလသည္။

ဖတ္ရႈသူအားလုံး က်န္းမာခ်မ္းသာၾကပါေစ။

Credit - burmese.asia


Unicode Version 

တစ်ချိန်က ဆင်းရဲလှတဲ့ ဂျပန်နိုင်ငံ ရဲ့ လူတွေအိုလာရင် စွန့်ပစ်တဲ့ ဓလေ့မှ ထွက်ပေါ်လာတဲ့ ပုံပြင်တစ်ပုဒ်


ကျွန်တော်ငယ်ငယ်က ဂျပန်ရိုးရာ ပုံပြင်လေးတစ်ခု ဖတ်ဘူးတယ်။ သိပ်လည်း ကြိုက်ခဲ့တယ်။ အမြဲလည်း မှတ်မိနေတယ်။ အခု အသက်ကြီးလာတော့ ဒီပုံပြင်လည်းဟာ အဓိပ္ပါယ် ပိုရှိလာတယ်။ ပိုပြီး တွေးစရာတွေ ဖြစ်လာခဲ့တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံ ဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ဝလင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေ က နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မဝရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံလို သိပ်ဒုက္ခရောက်လာတော့ မိသားစု အချင်းချင်း တောင်မှ တစ်ဦးနဲ့တစ်ဦး မညှာတာနိုင်တော့ပါဘူး။ ဒီတော့ ဂျပန်လူမှုအဖွဲ့အစည်းအတွင်းမှာ “ဓလေ့တစ်ခု” ဖြစ်ပေါ်လာပါတယ်။ အဲဒီ ဓလေ့ကတော့ ကိုယ့်အိမ်မှာ အသက်ကြီးနေပြီး အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို တောထဲတောင်ထဲကို သွားပြီး စွန့်ပစ်တဲ့ ဓလေ့တစ်ခု ပေါ်ထွန်းလာပါတယ်။

ဒီကိစ္စဟာ ဒီခေတ် အမြင်နဲ့ ကြည့်ရင်တော့ အတော်ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့်လည်း အဲဒီခေတ် အခါတုန်းကတော့ ဒါဟာ “လုပ်ရိုးလုပ်စဉ်” အလုပ်တစ်ခုလို့ဘဲ သဘောထားခဲ့ကြပါတယ်။ ကိုယ့်အိမ်က အဖေအို အမေအိုတွေ ကို စွန့်ပစ်ကြတာကို ဘယ်သူမှ ကဲ့ရဲ့ရှုတ်ချ မနေပါဘူး။ အိမ်တစ်အိမ်မှ သက်ကြီးရွယ်အိုတစ်ယောက် ကွယ်လွန်သွားသလိုမျိုးဘဲ ရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ တစ်အိမ်လုံး အငတ်ဘေးကနေ ကာကွယ်ရာရောက်တဲ့ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တစ်ခုလို့တောင်မှ ရှုမြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်တိုင်းနှစ်တိုင်း ဆောင်းရာသီကို ရောက်ပြီဆိုတာနဲ့ ဆင်းရဲတဲ့ ကျေးရွာတွေမှာ မိအို ဖအိုတွေကို စွန့်ပစ် ကြတဲ့ အလုပ်ကို စလုပ်ကြပါတော့တယ်။ အဲဒီမှာ ဒီပုံပြင်လေး ဖြစ်ပေါ်လာခဲ့ပါတယ်။

တောတောင် ထူထပ်လှတဲ့ ဂျပန်နိုင်ငံရဲ့ တောင်ခြေ တစ်ခုမှာ ရှိတဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာကလေးက မိသားစု တစ်ခုအတွင်းမှာ ဒီပုံပြင်လေး အစပြုခဲ့ပါတယ်။ ရွာမြောက်ဖျားမှာရှိတဲ့ တဲအိမ်လေးတစ်ခုအတွင်းမှာ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လယ်သမားလေး တစ်ယောက်ဟာ သူ့မိသားစုနဲ့ အတူ နေထိုင်ပါတယ်။ သူတို့မိသားစုမှာ လူဦးရေ (၆)ယောက် ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်ရယ် ၊ သားလေးတစ်ယောက် ၊ သမီးလေး တစ်ယောက်ရယ် ၊ အိုမင်းနေပြီဖြစ်တဲ့ “ရှင်ဂို” ရဲ့ အဖေအိုကြီး နဲ့ အမေအိုကြီးရယ် . . အားလုံး တစ်အိမ်ထဲ အတူနေကြတယ်။

တစ်နေ့တော့ “ရှင်ဂို” တို့ လင်မယားနှစ်ယောက်ဟာ တိုးတိုးတိတ်တိတ်နဲ့ တစုံတခုကို တိုင်ပင်နေကြပါတယ်။ သူတို့ တိုင်ပင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ မိုးရာသီမှာ စပါးအထွက်မကောင်းလို့ ဒီနှစ် ဆောင်းရာသီမှာ သူတို့မိသားစု(၆)ယောက် အတွက် စားနပ်ရိက္ခာ ဖူလုံမှာ မဟုတ်တဲ့အတွက် အငတ်ဘေး ကြုံလာနိုင်တယ်။ ဒါကြောင် အဖေအို အမေအို (၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ ဒီနှစ်မှာ စွန့်ပစ်ရတော့မယ်။ အဲဒီအကြောင်းကို လင်မယားနှစ်ယောက် တိုင်ပင်နေတာ ဖြစ်တယ်။ နောက်ဆုံးတော့ ပိုပြီး အိုမင်းနေပြီး အလုပ်လုံး၀ မလုပ်နိုင် တော့ဘဲ “ဖခင်အို” ကြီးကို အရင်စွန့်ပစ်ဖို့ လင်မယားနှစ်ယောက် သဘောတူလိုက်ပါတယ်။

ဒါနဲ့ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လူငယ်ဟာ သူ့အဖေကြီးကို ဟိုးတောင်ပေါ်ကို သွားရောက်စွန့်ပစ်ဖို့ (၂)ရက်(၃)ရက်စာ စားနပ်ရိက္ခာတွေနဲ့ အဖေကြီးကို နောက်ကျောမှာ ပိုးသွားဖို့ စောင်တွေ၊ အဝတ်အဟောင်းတွေကို ပြင်ဆင်နေ ပါတော့တယ်။

အဖိုးကြီး အဖွားကြီး လင်မယားကလည်း ငါတို့(၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ စွန့်ပစ်တော့မှာ ဘဲဆိုတာ ရိပ်မိနေကြပါပြီ။ ဒါကြောင့် မျက်နှာ ငယ်ငယ်လေးတွေနဲ့ အိမ်ရဲ့ အမှောင်ဆုံးနေရာက ချောင်လေးတစ်ခုထဲမှာ ကုပ်လို့ပေါ့။ အဖိုးကြီး နဲ့ အဖွားကြီးဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ပေါင်း (၅၀)လောက် ပေါင်းလာတာကနေ ခွဲရတော့မှာပါလားဆိုပြီး မျက်ရည်တွေ ကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါဟာ သူတို့လူမျိုးရဲ့ အစဉ်အလာဘဲလေ။ ကျေကျေနပ်နပ်နဲ့ လက်ခံရတော့မှာဘဲပေါ့။

ဒါနဲ့ ပြင်ဆင်လည်းပြီးရော “ရှင်ဂို” ဟာ အဖိုးကြီး အဖွားကြီးနားကို ကပ်သွားပြီး ရိုရိုသေသေနဲ့ဘဲ . . “အဖေ ၊ စိတ်တော့ မကောင်းပါဘူး။ ဒီနှစ် စပါးအထွက်မကောင်းတာ အဖေလည်း အသိဘဲ။ ဒါကြောင့် ဒီနှစ်တော့ အဖေ တောထဲမှာ သွားနေပေးပါနော်” ဆိုပြီး တောင်းပန်ပြောလိုက်ပါတယ်။ (အမှန်ကတော့ တောထဲမှာ သွားနေပေးပါ . . ဆိုတာ စကားလှအောင်ပြောကြတာပါ။ ရာသီက ပြင်းထန်တဲ့ ဆောင်းရာသီ ၊ ပါလာတဲ့ စားနပ်ရိက္ခာကလည်း (၃)(၄)ရက်စာလောက် . . နောက်ပြီး တောထဲမှာ သားရဲတိရိစ္ဆာန်တွေကလည်း အများကြီး ဆိုတော့ အစွန့်ပစ်ခံရတဲ့ အဖိုးကြီးအဖွားတွေဟာ “အအေးပတ်ပြီး သေချင်သေ ၊ ဒါမှမဟုတ် သားရဲတိရိစ္ဆန်တွေ အစားခံရပြီး သေချင်သေ ၊ ဒါမှ မသေရင် နောက်ဆုံး အစာငတ်ပြီး သေကြရတာပါဘဲ)

အဖိုးကြီးလည်း မျက်ရေတွေ ရွှဲနေတဲ့ ကြားကဘဲ “ခေါင်းတစ်ချက်ဘဲငြိမ့်ပြီး” “အေးလေ . . ဒါ ထုံးစံအတိုင်းဘဲမဟုတ်လား ၊ လုပ်စရာ ရှိတာ လုပ်ပါကွာ” ဆိုပြီး ခေါင်းငိုက်စိုက်ချပြီး မြေကြီးတွေကို တစ်ခါမှ မမြင်ဘူးသလို တွေတွေကြီး ကြည့်နေပါတယ်။ အဖွားကြီးလည်း သူကတော့ စွန့်ပစ်ခံရမယ့် အခြေအနေက လွတ်သွားပြီဆိုပေမယ့် ဝမ်းမသာနိုင်ပါဘူး။ အနှစ်(၅၀) လောက်ပေါင်းလာခဲ့တဲ့ သံယောဇဉ်ကြောင့် အဖိုးကြီးရဲ့ လက်ကလေးကို ကိုင်ပြီး တရှုံ့ရှုံ့နဲ့သာ တိုးတိုးတိတ်တိတ် ငိုကြွေးနေပါတော့တယ်။

နောက်တော့ “ရှင်ဂို” ဟာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချပြီး သူ့အဖေအိုကြီးကို သူ့ ကျောပေါ်မှာတင် ၊ စောင်နဲ့ ပတ်ခါ ကုန်းပိုးလိုက်ပါတယ်။ ပြီးတော့ သူ့ဇနီး လှမ်းပေးတဲ့ (၃)ရက်စာ စားရေရိက္ခာလေးကို ယူပြီး အိမ်ကလှမ်းထွက်မယ် အလုပ်မှာ “အဖေ – သားလဲ လိုက်မယ်” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ အသက်(၅)နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ သူ့သားကြီး “အကီယို” ဟာ သူ့အဖေနဲ့ လိုက်ဖို့ ပြင်နေတာကို တွေ့လိုက်တယ်။

ဒါနဲ့ “ရှင်ဂို” ဟာ . . . “အကီယို” တောင်ပေါ်အထိသွားမှာနော်။ ဘာလုပ်ဖို့ လိုက်မှာလဲ။ အပြင်မှာ အေးက အေးနဲ့” ဆိုပြီး ဟန့်လိုက်ပေမယ့် သားဖြစ်သူက အတင်းလိုက်မယ် လုပ်နေတာရယ် ၊ အဖိုးဖြစ်သူကလည်း “ငါ့မြေးလေး လိုက်ချင်လိုက်ပါစေကွယ်” ဆိုပြီး တောင်းပန်တာနဲ့ သူ့သားကို ခေါ်ခဲ့ရပါတယ်။

အိမ်ကနေထွက်ပြီး ဖခင်ကြီးကို ကုန်းပိုးထားတဲ့ “ရှင်ဂို” နဲ့ သူ့သားကြီး “အကီယို” တို့ဟာ နားလိုက် တက်လိုက်နဲ့ တက်လိုက်ကြတာ (၃)နာရီလောက် အကြာမှာ တောင်ထိပ်နားကို ရောက်သွားပါတယ်။ အချိန်ကလည်း နေဝင်လုနေပါပြီ။

လေစိမ်းအကာအကွယ်ရတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းမှာ “ရှင်ဂို” ဟာ သူ့ဖခင်ကို ကျောပိုးရာကနေ ချပြီး ခဏနားနေလိုက်ပါတယ်။ ပြီးမှ “အဖေ . . ဟောဒီမှာ ရိက္ခာထုတ်၊ ဒီမှာက အနွေးထည်တွေလို့ ပြောပြီး သူ ကျောပိုးလာတဲ့ “စောင်” ကိုတော့ “ဒါက အဖေချမ်းရင် ခြုံဖို့စောင်” ဆိုပြီး ပေးလိုက်တဲ့ အချိန်မှာ . . . . . .

“အဖေ . . စောင်ကို ပြန်ယူခဲ့လေ” လို့ အော်ပြောလိုက်တဲ့ သူ့သား “အကီယို” ရဲ့ စကားကြောင့် “ရှင်ဂို” တစ်ယောက် အကြီးအကျယ် အံ့သြသွားပါတယ်။ သူ့သား “အကီယို” ဟာ သူ့အဖိုးကို အတော်လေး ချစ်ပါတယ်။ ဒါနဲ့တောင်မှ “စောင်” ကို သူ့အဖိုးနဲ့ မထားခဲ့ဖို့ ပြောလို့ “ရှင်ဂို” အနေနဲ့ မတွေးတတ်အောင် ဖြစ်နေပါတယ်။

နောက်မှ သူ့သားကို“သားရယ် . . . မင်း အဖိုးမှာ “စောင်” မရှိရင် ညဖက်ကျရင် အရမ်းချမ်း နေမှာပေါ့” လို့ ပြောလိုက်တယ်။ အဲဒီမှာ သူ့သား “အကီယို” ပြန်ပြောလိုက်တဲ့ စကားကြောင့် “ရှင်ဂို” ခမြာ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ် သွားပါတော့တယ်။

သူ့သား “အကီယို” ပြောလိုက်တဲ့ စကားက “မဟုတ်ဘူးလေ . . အဲဒီ စောင်က အဖေ “အို”လာရင် သားက အဖေ့ကို ကုန်းပိုးပြီး လာပစ်ဖို့ သိမ်းထားရဦးမှာ မဟုတ်လား” တဲ့။

ကောင်းလိုက်တဲ့ “အကီယို” ရဲ့ စကား။ “ရှင်ဂို” လုံးဝမတွေးခဲ့တဲ့ စကား။ တကယ်တော့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို လာစွန့်ပစ်ပေမယ့် တစ်နေ့ကျရင် သူလည်း ဒီလို အစွန့်ပစ်ခံရမှာပါလားလို့တော့ လုံး၀ မစဉ်းစားမိပါဘူး။ ဒီလိုပါဘဲလေ. . “ရှင်ဂို” ရဲ့ အဖေ ငယ်စဉ်က သူ့အဖေ (ရှင်ဂိုရဲ့ အဖိုး) ကို စွန့်ပစ်ခဲ့တုန်းက လည်း တစ်နေ့မှာ ငါလည်း ဒီလို စွန့်ပစ်ခံရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။ အခု အဲဒီနေ့ကို ရောက်လာခဲ့ပြီလေ။ သူကိုယ်တိုင် သူ့သားရဲ့ စွန့်ပစ်မှုကို ခံရတော့မယ်။ နောက်ပြီး “ရှင်ဂို” လည်း အဲဒီနေ့မျိုးကို ရောက်ရပေဦးမယ်။

“ရှင်ဂို” ဟာ အတွေးတွေနဲ့ ချာချာလည် နေပါတယ်။ သူ့ပါးစပ်ကလည်း “သြော် – ငါလည်း ဒီလို ဖြစ်ရဦးမှာဘဲ ၊ ဒီလိုကြုံရဦးမှာဘဲ” ဆိုပြီး ငြီးတွားရေရွတ်နေပါတယ်။ သူ ဘာဆက်လုပ်ရမလဲ မသိဖြစ်နေပါတယ်။ နောက်တော့ သူ့အဖေကြီးကို တစ်ချက်ကြည့်လိုက် ၊ သူ့သားကို တစ်ချက်ကြည့်လိုက် နဲ့ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်နေပါတယ်။ နောက်တော့ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ် လိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်ကတော့ သူ့အဖေအိုကြီးကို သူနဲ့ အတူပြန်ခေါ်သွားဖို့ပါဘဲ။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို “ကဲ – အဖေ ၊ ဘာမှ စိတ်မပူနဲ့တော့ ၊ ငတ်လည်း အတူ ၊ သေလည်း အတူဘဲ ၊ သားတို့နဲ့သာ အတူ ပြန်လိုက်ခဲ့ပေတော့” ဆိုပြီး သူ့အဖေအိုကြီးကို စောင်နဲ့ပတ် ကုန်းပိုးပြီး တောင်ပေါ်ကလေ (၃)ယောက်သား ပြန်ဆင်းလာခဲ့ကြပါတော့တယ်။

အိမ်ကို ရောက်တာနဲ့ ပထမဆုံး အလန့်တကြား အော်လိုက်သူကတော့ “ရှင်ဂို” ရဲ့ ဇနီးဖြစ်သူပါဘဲ။ အထိတ်တလန့်နဲ့ အော်လိုက်တာ ဘေးနားက အိမ်တွေကတောင်မှ လန့်ဖြတ်သွားကြပါတယ်။ သူ့ယောင်္ကျားကို အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေလိုက်တာ မကြားဝံ့မနာသာပါဘဲ။ နောက်ဆုံး ရှင်ဂိုက ယောင်္ကျားသံနဲ့ ခပ်မာမာ ပြန်အော်လိုက်မှ ဒီမိန်းမ ငြိမ်သွားပါတော့တယ်။

အိပ်ယာထဲမှာ ခွေနေတဲ့ အဖွားကြီးလည်း ဆူဆူညံညံ အသံတွေကြောင့် ပြေးထွက်လာတဲ့အချိန်မှာ သူ့ယောင်္ကျား အဖိုးကြီးကို မြင်လိုက်ရတော့ အံ့အားသင့်လွန်းလို့ သတိလစ် လဲကျလုမတတ်တောင်မှ ဖြစ်သွားပါသတဲ့။ ပြီးတော့ အဖိုးကြီး နဲ့ အဖွားကြီး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာလေ။ အဖွားကြီးက သူ့သား “ရှင်ဂို” ကို နှုတ်ကနေ “ကျေးဇူးတင်ပါတယ် သားရယ် ၊ ကျေးဇူးတင်ပါတယ် သားရယ်” နဲ့ တစ်ဖွဖွ ပြောနေလေရဲ့။

အိမ်နီးနားခြင်းတွေလည်း လာပြီး စပ်စုကြတယ်။ အားလုံးက “ရှင်ဂို” ကို ဝိုင်းပြီး အပြစ်တင်ကြတယ်။ “လူမိုက်” လို့ ခေါ်ဝေါ် သမုတ်ကြတယ်။ နှာခေါင်းရှုံ့ကြတယ်။ ချီးမွမ်းတဲ့သူ မရှိဘူး။ ပြီးတော့ “အင်း ဒီနှစ်တော့ ဒီမိသားစုတစ်စုလုံး ငတ်ပြီး သေတော့မှာဘဲ” ဆိုပြီး ပညာရှိလေသံနဲ့ ဝင်ပြီး ပြောတဲ့သူက ပြောကြတယ်။

“ရှင်ဂို” ကတော့ “အမှန်တရားကို ရုတ်တရက် သိလိုက်ရတဲ့အတွက်” သူ့ဆုံးဖြတ်ချက်ကို သူယုံပါတယ်။ ဘယ်သူ့စကားကိုမှ နားထောင်မနေတော့ပါဘူး။ သူက တစ်ခွန်းဘဲ ပြန်ပြောလိုက်တယ်။ “အေး . . . ခင်ဗျားတို့လည်း တစ်နေ့အိုလာရင် ဒီလို အချိန်ကို ရောက်ရမှာဘဲ။ အဲဒီအခါကျရင် တောင်ပေါ်မှာ ခွေးသေဝက်သေ မသေချင်ကြရင် ဒီ “ဓလေ့ဆိုးကြီး” ကို ဖျက်ကြဖို့သင့်ပြီ” လို့ဘဲ ပြောချလိုက်ပါတယ်။

အဲဒီနှစ် ဆောင်းတွင်းတစ်တွင်းလုံး အဲဒီရွာကလေးမှာ “ရင်ဂို” ရဲ့ လုပ်ရပ်ကိုဘဲ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါတော့တယ်။ ဟိုနား လူစုစုရှိရင်လည်း ဒီအကြောင်း ၊ ဒီနား လူစုစုရှိရင်လည်း ဒီအကြောင်းဘဲ ပြောနေကြတော့တာဘဲ။ အတော်များများကတော့ “ရှင်ဂို” လုပ်တာ မှားတယ်လို့ ဝေဖန်ကြတယ်။ နောက်တော့ “သူလုပ်တာ မှန်တယ်” ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

ဒါပေမယ့် “ရှင်ဂို” ကို ရှုတ်ချတဲ့ လူတွေရော ၊ ထောက်ခံတဲ့ လူတွေပါ “တစ်နေ့ကျရင် ကိုယ့်အလှည့် ရောက်ရမယ်” ဆိုတဲ့ “ရှင်ဂို” ရဲ့ ပြတ်သားလှတဲ့ စကားကို နားထဲက မထွက်ကြဘူး ဖြစ်နေပါတယ်။

“ရှင်ဂို” ရဲ့ လုပ်ရပ်ကို “မိုးနတ်မင်း” ကြီးက ကောင်းချီးပေးလိုက်သလား မှတ်ရတယ်။ အဲဒီနှစ် ဆောင်းတွင်း ဟာ ခါတိုင်းထက် ပိုပြီး တိုတောင်းလှပါတယ်တဲ့။ ရှေ့မှီနောက်မှီ လူကြီးတွေ ပြောစကားအရ နှစ်ပေါင်း (၆၀-၇၀)အတွင်းမှာ ဒီနှစ်ဆောင်းတွင်းလောက် တိုတောင်းပြီး အအေးပေါ့တာ မကြုံဘူးဘူးလို့လည်း ပြောကြတယ်။ ပြောရရင်တော့ “ရှင်ဂို” တို့ မိသားစုဟာ “ကြောက်စရာကောင်းလှတဲ့ ဆောင်းရာသီကြီး” ကို ပေါ့ပေါ့ပါးပါး နဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ ဘာအငတ်ဘေးမှ မကြုံလိုက်ရပါဘူး။

နောက်နှစ်နွေဦးရာသီမှာ “ရှင်ဂို” ရဲ့ လုပ်ရပ်ဟာ အနီးအနား ရွာနီးချုပ်စပ်တွေအထိ သတင်းပြန့်နှံ့သွား ပါတယ်။ မှားတယ်လို့ ပြောတဲ့လူတွေ ရှိသလို မှန်တယ်လို့ ပြောတဲ့သူတွေလည်း မနည်းလှပါဘူး။ နောက်နှစ် ဆောင်းတွင်းတွေမှာတော့ “ရှင်ဂို” ကို အတုယူပြီး ကိုယ့်ရဲ့ မိအိုဖအိုတွေကို စွန့်မပစ်ဘဲ ရှိသမျှကို ဝေမျှစားမယ်ဆိုတဲ့ လူတွေ အလျှိုလျှို ပေါ်လာပါတယ်။ ပထမတော့ လူနည်းစုပေါ့။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီလုပ်ရပ်ဟာ မှန်တယ်ဆိုတာ နားလည်လာကြတယ်။ မိအိုဖအိုတွေအပေါ်မှာ ကိုယ်ချင်းစာစိတ် မွေးလာကြတယ်။ အေးအတူ ပူအမျှစိတ်မွေးလာကြတယ်။ “ရှင်ဂို” ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ဂျပန်ပြည်တစ်ခုလုံးကို တဖြည်းဖြည်း ပြန့်နှံ့သွားပါတော့တယ်။ မိအိုဖအိုတွေကို စွန့်မပစ်ကြတော့တဲ့ လူဦးရေက များသထက် များလာတယ်။

နောက် ရာစုနှစ် (၂၀၀)လောက်အတွင်းမှာတော့ “မိအိုဖအို” တွေကို စွန့်ပစ်တဲ့ ဓလေ့စရိုက်ဆိုးကြီးဟာ ဂျပန်ပြည်မှာ အပြီးတိုင် ပျောက်ကွယ်သွားပါတော့တယ်။ ဒီမှာဘဲ ဖြစ်ရပ်မှန်တစ်ခုအပေါ်မှာ အခြေတည်ထားတဲ့ ပုံပြင်လေး တစ်ခု ပြီးဆုံးသွားပါပြီ။

သင်္ခန်းစာ (၁) ကလေးများ၏ လက်ဦးဆရာသည် မိဘများ ဖြစ်ကြသည်။ သူတို့သည် မိဘများ၏ အပြုအမူ ဓလေ့စရိုက်တို့ကို ပုံတူကူးချလေ့ရှိသည်။ ထို့ကြောင့် သင်၏ မိဘများ အပေါ် ဆက်ဆံပြုမူသည့်အတိုင်း (သင် အသက်ကြီးလာသောအခါ) သင့် သားသမီးများက ဆက်ဆံပြုမူကြလိမ့်မည်။ သင်သည် မိအိုဖအို များကို “အခိုင်းအစေများသဖွယ်” ဆက်ဆံလျှင် သင် အဖိုးကြီး အဖွားကြီး ဖြစ်လာသောအခါ သင့်သားသမီးများကလည်း ထိုသို့ ဆက်ဆံလိမ့်မည်။ မိအိုဖအိုများကို “ဘုရားတစ်ဆူ ဂူတစ်လုံး” ဆက်ဆံလျှင် သင့်သားသမီးများကလည်း ထိုအတိုင်း ပြုမူပေလိမ့်မည်။ ဤကား “ဝဋ်” လည်ခြင်းတည်း။

သင်္ခန်းစာ (၂) “အများ မိုးခါးရေ သောက်လို့ ၊ သောက်ရသည်” ဟူသော စကားသည် အခါခပ်သိမ်း မမှန်ချေ။ သင်၏ “ယုံကြည်ချက် နှင့် အလုပ်အကိုင်” သည် လူအများနှင့် ဆန့်ကျင်နေသော်လည်း “အမှန်တရား စစ်စစ်သာလျှင် ဖြစ်ပါစေ” ။ (နောက်ဆုံးတွင်) သင်၏ ပြင်းထန်သော ယုံကြည်ချက်နှင့် ဦးဆောင်မှု နောက်သို့ တစ်တိုင်းပြည်လုံး လိုက်ပါလာရမည်သာ ဖြစ်လေသည်။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ။

Post a Comment

0 Comments