ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အင်္ဂလိပ်လိုမိန့်ခွန်းပြောသွားတဲ့ ဗွီဒီယိုဖိုင်..


ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေဟာ တစ်ချိန်က မြန်မာနိုင်ငံတော်ကြီးကိုဦးဆောင်ဦးရွက်ပြုခဲ့တဲ့ နိုင်ငံ့အကြီးအကဲကြီးတစ်ဦးဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့အနားယူနေပြီဖြစ်တဲ့ ဦးသန်းရွှေဟာ ပြည်သူတွေနဲ့ထိတွေ့မှုသိပ်မရှိတော့ပါဘူး။ နိုင်ငံအကြီးအကဲကြီးဦးသန်းရွှေကို လေးစားကြည်ညိုသူတွေလည်းရှိသလို မလိုတဲ့သူတွေလည်းရှိခဲ့ပါတယ်။

ဦးသန်းရွှေရဲ့ ပညာအရည်အချင်းကို တိတိကျကျပြောနိုင်တဲ့သူမရှိခဲ့ပေမယ့် အာဆီယံအဆင့်ဆွေးနွေးပွဲတွေချစ်ကြည်ရေးတွေ့ဆုံပွဲတွေမှာ အင်္ဂလိပ်လိုမိန့်ခွန်းပြောဖူးတဲ့ မှတ်တမ်းရှိခဲ့ပါတယ်။ ဦးသန်းရွှေဟာ အာဆီယံအဆင့်တွေ့ဆုံပွဲတစ်ခုမှာ ကိုယ်တိုင်ကိုယ်ကျ အင်္ဂလိပ်လိုမိန့်ခွန်းကို အိနြေ္ဒရရပြောကြားသွားတဲ့ video file တစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာကြောင့်ပါပဲ။

ဦးသန်းရွှေက မိန့်ခွန်းထဲမှာ “ဒီနေ့တွေ့ဆုံပွဲမှာ ကျွန်တော်တို့ဟာ အာဆီယံအဖွဲ့အစည်းအတွက် ငြိမ်းချမ်းမှု၊သာယာအေးချမ်းမှုတွေရရှိအောင် တက်ကြွစွာပါဝင်ဆောင်ရွက်မည်ဟု အပြည့်အဝကတိကဝတ်ပြုပါတယ်”လို့ အင်္ဂလိပ်လိုမိန့်ခွန်းပြောသွားခဲ့ပါတယ်။ ဦးသန်းရွှေအင်္ဂလိပ်လိုပြောသွားတဲ့ မိန့်ခွန်း video လေးကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။


ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ဦးမြင့်စိုးက “ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အင်္ဂလိပ်စာ အရမ်းကျွမ်းတယ်။ Smart Leader ။ ဦးသန်းရွှေ ၄ တန်းမအောင်ဘူး ဆိုတာလည်း မဟုတ်ဘူး။ သူရဲ့ကိုယ်ကျင့် တရား၊ သူရဲ့ အတွေ့အကြုံ၊ သူရဲ့ ပညာအရည်အချင်း။ လူတွေက ပြောတယ်။

ဟာ ၄ တန်းတောင် မအောင်ဘူးပေါ့။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က တပ်ထဲမ၀င်ခင်ကတည်းက ဟလား ၉ တန်းအောင်၊ ၁၀ တန်းအောင်တဲ့ အနေအထားမျိုး။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောရင် နဂိုကတည်းက အဲဒီခေတ်တုန်းက အင်္ဂလိပ်စာ။

တစ်ချို့ ဗိုလ်ချုပ်မှူးကြီးရဲ့နိုင်ငံခြားခရီးစဉ် တွေမှာ ဗိုလ်ချုပ်မှူးကြီး အင်္ဂလိပ်လိုပြောတာတွေ ထုတ်ထားတယ်။ နားထောင်ရင် နားထောင်ဖူးလိမ့်မယ်။ နောက်တစ်ခုက လက်ရှိသူရဲ့ အင်္ဂလိပ်စာ ဖတ်တဲ့ဟာပေါ့။ ဒါတွေက အခုလက်ရှိ ကိုယ်တို့ ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေ လက်ရှိဟိုဟာဖြစ်တဲ့ဟာ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အင်္ဂလိပ်စာ အရည်အသွေးအားလုံးက သိတယ်။ ကိုယ်တိုင် Time တို့ Newsweek တို့ ကိုယ်တိုင် ဖတ်ပြီးတော့ ဒီအထဲက အချက်အလက်တွေမှာလည်း ထုတ်ပြီးတော့ ရှယ်လုပ်တဲ့ဟာတွေမှာလည်း အများကြီးရှိတယ်။

သူက သာမန်ပေါ့ပေါ့တန်တန်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်တဲ့သူမဟုတ်ဘူး”လို့ ခေတ်သစ်မီဒီယာကို ပြောပြထားခဲ့ပါတယ်။Video လေးကို ကြည့်လိုက်ကြပါဦးနော်။
Can’t Wait To Say


Post a Comment

0 Comments