အပင္မသန္ရင္ေန ပန္းေတြပြင့္ေနရင္ကို ေပ်ာ္ေနပါျပီဆိုတဲ႔ ပန္းခ်စ္သူတို႔အတြက္ ပန္းပြင့္ေစတဲ႔ အားေဆးေတြ


ပန္းမ်ားပြင့္ေစဖို႔ အိမ္သံုးေဆးမ်ား

အပင္မသန္ရင္ေန ပန္းေတြပြင့္ေနရင္ကို ေပ်ာ္ေနပါျပီဆိုတဲ႔ ပန္းခ်စ္သူတို႔အတြက္ ပန္းပြင့္ေစတဲ႔ အားေဆးေတြေျပာျပခ်င္ပါတယ္ခင္ဗ်။ ပန္းဆိုေပမယ့္ ဓါတ္သေဘာအရ အသီးနဲ႔လည္း ဆိုင္ပါတယ္။ ဒါေၾကာင့္ အလ်င္းသင့္သလို ခ်ဲ႕ျပီး သံုးၾကပါခင္ဗ်။

၁) ၾကက္ဥခြံ

ဒါကေတာ့ ကြ်န္ေတာ္အျမဲေျပာေနက်မို႔ ေတာ္ေတာ္မ်ားမ်ားသိေနေလာက္ပါျပီခင္ဗ်။ ၾကက္ဥအခြံမွာက အပြင့္အတြက္လိုအပ္တဲ႔ Calcium နဲ႔ Phosphoric acid တို႔အျပင္ Nitrogen ပါ ပါဝင္လို႔ အပင္ကိုလည္း အားရွိေစပါတယ္။ ၾကက္ဥခြံကို အမႈန္႔ႀကိတ္ျပီးပဲျဖစ္ျဖစ္သံုးလို႔ရသလို ေဆးရည္အေနနဲ႔လည္း သံုးလို႔ရပါတယ္ခင္ဗ်။ ေဆးရည္ ရယူပံုက ၾကက္ဥခြံ ငါးလံုးခန္႔ကို ထုေျချပီး ေရတစ္လီတာနဲ႔ျပဳပ္ပါတယ္။ ျပီးရင္ ေရတစ္ဂါလံနဲ႔ ျပန္ေရာသံုးပါတယ္ခင္ဗ်။ ေဆးရည္ပိုထိေရာက္ေစခ်င္ရင္ေတာ့ တစ္ညတိတိ နွပ္ထားျပီးမွာ ေနာက္ရက္မွာ သံုးေပးပါ။

၂) ငွက္ေပ်ာခြံ

ငွက္ေပ်ာခြံေတြကို အေျခာက္လွမ္းထားျပီး နုတ္နုတ္စင္းတာပဲျဖစ္ျဖစ္ blender ထဲထည့္ႀကိတ္တာပဲျဖစ္ျဖစ္ လုပ္ယူလိုက္ပါခင္ဗ်။ အစိုမသံုးဘဲ အေျခာက္လွန္းၿပီးမွ သံုးဖို႔ ဂရုစိုက္ေစခ်င္ပါတယ္။ စိုေနခ်ိန္ဆို ပိုးေတြ မိႈေတြလာတက္လို႔ပါ။ငွက္ေပ်ာခြံအေျခာက္မွာဆို အပင္အတြက္လိုအပ္တဲ႔ Potassium, Potash, Phosphorous, nitrogen နဲ႔ Magnesium ဓါတ္ေတြပါဝင္လို႔ အပင္၊ အပြင့္နဲ႔ အျမစ္ေတြအထိ အကုန္အားရွိေစပါတယ္ခင္ဗ်။ ေရာဂါခံနိုင္ရည္ကိုလည္း ျမင့္တက္ေစပါတယ္။ ငွက္ေပ်ာေျခာက္အမႈန္႔ေတြကိုေတာ့ အပင္ေျခေတြမွာ ျဖဴးေပးျပီး slow release fertilizer အျဖစ္သံုးနိုင္ပါတယ္။ ေဆးရည္အေနနဲ႔ျဖန္းခ်င္ရင္ေတာ့ ၾကက္ဥအခြံျပဳပ္ခ်ိန္မွာ လက္တစ္ဆုပ္စာထည့္ျပဳပ္ေပးပါခင္ဗ်။

၃) ႏြားနို႔

ႏြားနို႔ေလာက္ အဟာရေပါၾကြယ္ဝတာကေတာ့ ႏြားနို႔ပဲရွိမယ္ခင္ဗ်။ အသားဓါတ္ေတြျပည့္ဝတဲ႔အျပင္ calcium ဓါတ္ကလည္း အပြင့္ကို သန္ေစပါတယ္။ ေနာက္ျပီး ႏြားနို႕ကေန အခ်ဥ္ေပါက္လာတဲ႔ အက်ဳိးျပဳပိုးေတြက အပင္မွာ က်ေရာက္တဲ႔ ပိုးေတြကို တိုက္ဖ်က္ေပးပါတယ္။ ေရနဲ႔ေရာသံုးမယ္ဆို ႏြားနို႔တစ္ဆ ေရေလးဆ ေရာေပးပါခင္ဗ်။ ကုန္က်စရိတ္ သက္သာခ်င္ရင္ေတာ့ ႏြားနို႔တစ္ဆ ေရ ရွစ္ဆလည္း ရပါတယ္ခင္ဗ်။

ဒါေတြက အိမ္မွာ အလြယ္တကူရွိေနတဲ႔ အသီး အပြင့္အားေဆးေတြပါ။ ႏြားနို႔ကလြဲရင္ က်န္တာေတြက ကုန္က်စရိတ္မရွိတဲ႔ ေဆးနည္းေတြျဖစ္လို႔ သံုးရတာ အဆင္ေျပၾကမွာပါခင္ဗ်။ တစ္ခါတည္း ေျပာျပခ်င္တာရွိေသးတယ္ခင္ဗ်။ ဘာလဲဆိုေတာ့ ဘုရားပန္းထိုးတာပဲျဖစ္ျဖစ္ စားပြဲတင္ ပန္းထိုးတာပဲ ျဖစ္ျဖစ္ ပန္းကို တာရွည္ခံေအာင္ ထားနိုင္မယ့္ ေဆးနည္းကိုေျပာျပခ်င္ပါတယ္။

*** ပန္းတာရွည္ခံေအာင္ထားနည္း ***

၁) သၾကား လၻက္စားဇြန္း တစ္ဇြန္း

၂) ခြ်တ္ေဆး လၻက္စားဇြန္း တစ္ဇြန္း

၃) သံပုရာရည္ လၻက္စားဇြန္း နွစ္ဇြန္း

၄) ေရ တစ္လီတာ

ပါဝင္ပစၥည္းေတြကို ေရာစပ္ထားတဲ႔ေဆးရည္ထဲ ပန္းေတြထိုးေပးျပီး တာရွည္ခံေအာင္ ထားလို႔ရပါတယ္ခင္ဗ်။ ကိုယ္သံုးမယ့္ ပမာဏအေပၚမူတည္ျပီး အနည္းအမ်ား အဆင္ေျပသလို လုပ္လို႔ရပါတယ္။

အဆင္ေျပၾကပါေစခင္ဗ်

Credit - ၾကည္မိုးျမင့္


Unicode Version   


ပန်းများပွင့်စေဖို့ အိမ်သုံးဆေးများ

အပင်မသန်ရင်နေ ပန်းတွေပွင့်နေရင်ကို ပျော်နေပါပြီဆိုတဲ့ ပန်းချစ်သူတို့အတွက် ပန်းပွင့်စေတဲ့ အားဆေးတွေပြောပြချင်ပါတယ်ခင်ဗျ။ ပန်းဆိုပေမယ့် ဓါတ်သဘောအရ အသီးနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် အလျင်းသင့်သလို ချဲ့ပြီး သုံးကြပါခင်ဗျ။

၁) ကြက်ဥခွံ

ဒါကတော့ ကျွန်တော်အမြဲပြောနေကျမို့ တော်တော်များများသိနေလောက်ပါပြီခင်ဗျ။ ကြက်ဥအခွံမှာက အပွင့်အတွက်လိုအပ်တဲ့ Calcium နဲ့ Phosphoric acid တို့အပြင် Nitrogen ပါ ပါဝင်လို့ အပင်ကိုလည်း အားရှိစေပါတယ်။ ကြက်ဥခွံကို အမှုန့်ကြိတ်ပြီးပဲဖြစ်ဖြစ်သုံးလို့ရသလို ဆေးရည်အနေနဲ့လည်း သုံးလို့ရပါတယ်ခင်ဗျ။ ဆေးရည် ရယူပုံက ကြက်ဥခွံ ငါးလုံးခန့်ကို ထုခြေပြီး ရေတစ်လီတာနဲ့ပြုပ်ပါတယ်။ ပြီးရင် ရေတစ်ဂါလံနဲ့ ပြန်ရောသုံးပါတယ်ခင်ဗျ။ ဆေးရည်ပိုထိရောက်စေချင်ရင်တော့ တစ်ညတိတိ နှပ်ထားပြီးမှာ နောက်ရက်မှာ သုံးပေးပါ။

၂) ငှက်ပျောခွံ

ငှက်ပျောခွံတွေကို အခြောက်လှမ်းထားပြီး နုတ်နုတ်စင်းတာပဲဖြစ်ဖြစ် blender ထဲထည့်ကြိတ်တာပဲဖြစ်ဖြစ် လုပ်ယူလိုက်ပါခင်ဗျ။ အစိုမသုံးဘဲ အခြောက်လှန်းပြီးမှ သုံးဖို့ ဂရုစိုက်စေချင်ပါတယ်။ စိုနေချိန်ဆို ပိုးတွေ မှိုတွေလာတက်လို့ပါ။ငှက်ပျောခွံအခြောက်မှာဆို အပင်အတွက်လိုအပ်တဲ့ Potassium, Potash, Phosphorous, nitrogen နဲ့ Magnesium ဓါတ်တွေပါဝင်လို့ အပင်၊ အပွင့်နဲ့ အမြစ်တွေအထိ အကုန်အားရှိစေပါတယ်ခင်ဗျ။ ရောဂါခံနိုင်ရည်ကိုလည်း မြင့်တက်စေပါတယ်။ ငှက်ပျောခြောက်အမှုန့်တွေကိုတော့ အပင်ခြေတွေမှာ ဖြူးပေးပြီး slow release fertilizer အဖြစ်သုံးနိုင်ပါတယ်။ ဆေးရည်အနေနဲ့ဖြန်းချင်ရင်တော့ ကြက်ဥအခွံပြုပ်ချိန်မှာ လက်တစ်ဆုပ်စာထည့်ပြုပ်ပေးပါခင်ဗျ။

၃) နွားနို့

နွားနို့လောက် အဟာရပေါကြွယ်ဝတာကတော့ နွားနို့ပဲရှိမယ်ခင်ဗျ။ အသားဓါတ်တွေပြည့်ဝတဲ့အပြင် calcium ဓါတ်ကလည်း အပွင့်ကို သန်စေပါတယ်။ နောက်ပြီး နွားနို့ကနေ အချဉ်ပေါက်လာတဲ့ အကျိုးပြုပိုးတွေက အပင်မှာ ကျရောက်တဲ့ ပိုးတွေကို တိုက်ဖျက်ပေးပါတယ်။ ရေနဲ့ရောသုံးမယ်ဆို နွားနို့တစ်ဆ ရေလေးဆ ရောပေးပါခင်ဗျ။ ကုန်ကျစရိတ် သက်သာချင်ရင်တော့ နွားနို့တစ်ဆ ရေ ရှစ်ဆလည်း ရပါတယ်ခင်ဗျ။

ဒါတွေက အိမ်မှာ အလွယ်တကူရှိနေတဲ့ အသီး အပွင့်အားဆေးတွေပါ။ နွားနို့ကလွဲရင် ကျန်တာတွေက ကုန်ကျစရိတ်မရှိတဲ့ ဆေးနည်းတွေဖြစ်လို့ သုံးရတာ အဆင်ပြေကြမှာပါခင်ဗျ။ တစ်ခါတည်း ပြောပြချင်တာရှိသေးတယ်ခင်ဗျ။ ဘာလဲဆိုတော့ ဘုရားပန်းထိုးတာပဲဖြစ်ဖြစ် စားပွဲတင် ပန်းထိုးတာပဲ ဖြစ်ဖြစ် ပန်းကို တာရှည်ခံအောင် ထားနိုင်မယ့် ဆေးနည်းကိုပြောပြချင်ပါတယ်။

*** ပန်းတာရှည်ခံအောင်ထားနည်း ***

၁) သကြား လ္ဘက်စားဇွန်း တစ်ဇွန်း

၂) ချွတ်ဆေး လ္ဘက်စားဇွန်း တစ်ဇွန်း

၃) သံပုရာရည် လ္ဘက်စားဇွန်း နှစ်ဇွန်း

၄) ရေ တစ်လီတာ

ပါဝင်ပစ္စည်းတွေကို ရောစပ်ထားတဲ့ဆေးရည်ထဲ ပန်းတွေထိုးပေးပြီး တာရှည်ခံအောင် ထားလို့ရပါတယ်ခင်ဗျ။ ကိုယ်သုံးမယ့် ပမာဏအပေါ်မူတည်ပြီး အနည်းအများ အဆင်ပြေသလို လုပ်လို့ရပါတယ်။

အဆင်ပြေကြပါစေခင်ဗျ

Credit - ကြည်မိုးမြင့်

Post a Comment

0 Comments