ဆင္းရဲသူေလး ဘဝကေန ကမာၻ ့အခ်မ္းသာဆံုး ျဖစ္လာတဲ့ အမိ်ဳးသမီး


သူမရဲ႕ငယ္ရြယ္စဥ္ ဘဝမွာဘဲ မိသားစု ကိုေထာက္ပံ့ ႏိႈင္ဘို႔ အိမ္ကထြက္ ခြါလာၿပိီး မွန္စက္ရံု တခုမွာ သြား ေရာက္အလုပ္လုပ္ ခဲ့ရပါတယ္။ အလုပ္က လက္ပတ္နာရီေတြအတြက္ မွန္ေတြကို ပံုေဖၚရ တဲ့အလုပ္ပါ။

လအနည္းငယ္ေလာက္အၾကာမွာေတာ့ သူမရဲ႕အလုပ္ရွင္ထံ အလုပ္ထြက္ခြင့္ေတာင္း တဲ့စာေပးပို႔ခဲ့ပါတယ္။ အလုပ္ရွင္က သူမရဲ႕အဂၤလိပ္စာ အရည္အေသြးနဲ႔ သူ႔စဥ္းစားေတြးေတာ ပံုေတြကို သေဘာက်တာေၾကာင့္ အလုပ္ထြက္ခြင့္မေပးဘဲ သူမကို စက္ရံု ရဲ႕ဌာန သစ္တခုမွာ ဌာနမႈးအျဖစ္လစာေကာင္းေကာင္းေပးၿပီးရာထူးတိုး ေပးခဲ့ပါတယ္။

က်ိဳးခြ်မ္ေဖး ကိုု တရုတ္ျပည္က ရြာတရြာမွာ ဆင္းဆင္းရဲရဲမိသားစုက ေမြးဖြားခဲ့တယ္။ သူမရဲ႕အေဖဟာ စက္မႈလုပ္ငန္းတခုအတြင္း မေတာ္တဆမႈ ေၾကာင့္ မ်က္စိကြယ္ခဲ့ရ တယ္။သူမအေမကေတာ ့ သူမအသက္ ငါးႏွစ္ မွာေသဆံုးခဲ့ပါတယ္။

အခိ်န္အေတာ္ၾကာၿပီးတဲ့ေနာက္မွာ သူမဟာစက္ရံုထုတ္လုပ္မႈ တခုလံုးရဲ႕ လုပ္ငန္းဒါရုိက္တာ ျဖစ္လာခဲ့ပါတယ္။ ၁၉၉၃ ခုႏွစ္မွာေတာ့ က်ိဳးခြ်မ္ေဖ ဟာအဲဒီအလုပ္ကႏူတ္ထြက္ခဲ့ၿပီး ကိုယ္ပိုင္ကုမၸဏီျဖစ္တဲ့ ” Lens Technology” ကိုစတင္တည္ေထာင္ခဲ့ ပါတယ္။

သူမကုမၸဏီရဲ႕ စဦးအရင္းအႏွီးကေတာ့ အေမရိကန္ေဒၚလာ ၃၀၀၀ ဘဲျဖစ္ပါတယ္။ ဒါဟာ သူမအလုပ္မွာ ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္ၿပီး စုေဆာင္းရရိွခဲ့တဲ့ေငြပါဘဲ။ အဲဒီအခ်ိန္မွာ သူမရဲ႕အသက္က ၂၂ ႏွစ္ရိွပါၿပီ။

သူမဟာ နည္းပညာသစ္ျဖစ္တဲ့ အစင္းအခ်စ္ခံႏိႈင္တဲ့ မွန္သား ကုိတည္ထြင္ခဲ့ပါတယ္။ သူမရဲ႕ Lens Technology ကုမၸဏီကထုတ္တဲ့ မွန္ေတြဟာ အလြယ္တကူ အစင္းရာ၊ အခ်စ္ရာေတြ မထင္ပါဘူး။
တျဖည္းျဖည္းနဲ႔ သူမရဲ႕ကုမၸဏီဟာ ပမာဏအရေရာ၊ နယ္ပယ္အရပါ ( ကုမၸဏီလုပ္ငနး္ခဲြ ၁၀ ခုအပါအဝင္) ႀကီးထြားလာပါတယ္။

က်ိဳးက ျပန္ေျပာတာက ” လုပ္ငန္းၿပိဳင္ဘက္တေယာက္က မနာလိုဘူး။ သူက က်မရဲ႕ကုန္ၾကမ္းေထာက္ပံ့ေပးတဲ့ သူနဲ႔ခ်ိတ္ဆက္ၿပီး ပူးေပါင္းၾကံ စည္ ၾကတယ္။ သူုတို႔က က်မလုပ္ငန္းကို အေသသတ္ဘို႔ႀကိဳးစားတယ္။

ကုန္ၾကမ္းေထာက္ပံ့တဲ့သူက သူ႔ဆီမွာတဲ့ ကုန္ၾကမ္းအားလံုးအတြက္မပို႔ ရေသးခင္မွာ ေငြႀကိဳေပးဘို႔ေတာင္းဆိုတယ္။ က်မ အတြက္ေတာ ့ တကယ့္ တုန္လႈပ္ေခ်ာက္ျခားစရာကိစၥပါဘဲ။ က်မက က်မပိုင္တဲ့အိမ္နဲ႔ တျခားအဘိုးတန္ပစၥည္းေတြကို ေရာင္းခ်ခဲ့ တာေတာင္မွ သူေတာင္းတဲ့ေငြ အျပည့္မေပးႏိႈင္ဘူး။

က်မ ေတာ ္ေတာ့ကို စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ရပါတယ္။ က်မကုမၸဏီ ေတာ့ သြားၿပီေပါ့။ က်မက ျပႆနာေတြကို အဆံုးသတ္ခ်င္ပါၿပီ။ ကိုယ့္ကို ကိုယ္သတ္ေသလိုက္တာက အေကာင္းဆံုးေျဖ ရွင္းနည္းဘဲလို႔ေတြးပါ တယ္။

ဒါနဲ႔ က်မက ကိုယ့္ကိုကိုယ္သတ္ေသဘို႔ ေဟာင္ေကာင္က ဟြမ္ဟြန္း ဘူတာ ပလက္ေဖါင္းမွာ သြားရပ္ေနခဲ့တယ္။ ရထားလာရင္ ရထားေရွ႕မွာ ခုန္ခ်လုိက္ဖို႔အဆင္သင့္ျပင္ထားပါတယ္။ အဲဒီအခ်ိန္ က်မ ဟန္းဖံုးကျမည္ လာတယ္။ က်မသမီးဆီကဖံုးပါ။

အဲဒီအခိ်န္ က်မ စဥး္စားမိလိုက္တာက က်မ မိသားစုနဲ႔ က်မ အလုပ္သမားေတြအေၾကာင္း။ က်မ အရံႈးမေပးသင့္ ဘူး။ က်မက က်မရဲ႕ စီးပြါးေရးၿပိဳင္ဘက္ေတြနဲ႔ စြန္႔စြန္႔စားစားယွဥ္ၿပိဳင္ဖို႔ စိတ္ပိုင္းျဖတ္ ခ်က္ခိုင္ခိုင္မာမာခ်လိုက္ပါတယ္။

က်မ ကုမၸဏီေပါင္းမ်ားစြာ နဲ႔ ေဆြးေႏြးညိွႏိႈင္းပါတယ္။ ေနာက္ဆံုးမွာ မိုတိုရိုလာကုမၸဏီဆီက အကူအညီရပါတယ္။ သူတို႔ရဲ႕အကူအညီနဲ႔ က်မ အၾကပ္အတည္းကေန ရုန္းထြက္ႏိႈင္ခဲ့ပါတယ္။ အဲဒီေနာက္ က်မရဲ႕စီးပြါးေရးလုပ္ငန္းမွာ ျပႆနာ ေပါင္းမ်ားစြာကို ရင္ဆုိင္ေျဖရွင္းခဲ့ပါတယ္။”

2015 ခုႏွစ္မွာ က်ိဳးဟာ ေဒၚလာ ၇ ဘီလ်ံနဲ႔ တရုတ္ႏိုင္ငံရဲ႕အခ်မ္းသာဆံုးအမ်ိဳး သမီးတေယာက္ျဖစ္လာခဲ့ပါတယ္။ သူမရဲ႕ ကုမၸဏီမွာ အလုပ္သ မားေပါင္း ၆၀၀၀၀ ရိွၿပီး၊ သူမပိုင္ဆိုင္မႈ အရပ္ရပ္ဟာ အေမရိကန္ေဒၚ လာ ၉.၈ ဘီလ်ံေဒၚလာတန္ပါတယ္။

အခုေတာ့ သူမဟာ ကမာၻ႔အခ်မ္းသာဆံုးအမ်ိဳးသမီးတေယာက္ျဖစ္ေနပါၿပီ။ မိုဘိုင္းဖံုးေတြ၊ တက္ဘလက္ေတြ အစရိွတဲ့ပစၥည္းေတြထုတ္လုပ္ၾကတဲ့ Tesla, Apple, HTC, Nokia, Huawei နဲ႔ Samsung တို႔ဟာ Lens technology ကထုတ္တဲ့မွန္ကို အသံုးျပဳၾကပါတယ္။

ေနာက္ ကုမၸဏီႀကီး အမ်ားအျပားမွာလည္း Lens Technology ကထုတ္တဲ့ မွန္ေတြကို အသံုးျပဳၾကပါတယ္။ CNBC နဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးတခုမွာ က်ိဳးက ” က်မ ေအာင္ျမင္ရျခင္း ရဲ႕အေၾကာင္းရင္းကေတာ့ မဆုတ္မနစ္ လံု႔လစိုက္ထုတ္တာဘဲျဖစ္ပါ တယ္။

က်မမွာ စြန္႔ဦးတည္ထြင္သူတေယာက္အေနနဲ႔ ဒုကၡအခက္အခဲ ေတြ၊ နစ္နာဆံုးရံႈးမႈေတြ အမ်ားအျပားၾကံဳေတြ႔ခဲ့ရပါတယ္။ တကယ္လို႔ က်မသာ လက္ေျမွာက္အရံႈးေပးခဲ့မယ္ဆုိရင္ က်ိဳးခြ်မ္ေဖး ဆိုတာေရာ၊ Lens Technology ကုမၸဏီဆိုတာေရာရိွလာမွာမဟုတ္ပါဘူး။

လူေတာ္ ေတာ္မ်ားမ်ားဟာ သူတို႔ဘဝမွာ ဆံုးရံႈးနစ္နာမႈနဲ႔ႀကံဳလိုက္ရၿပီဆုိရင္ ယံုၾကည္ စိတ္ကုန္ခမ္းသြားေလာက္ေအာင္ ျဖစ္တတ္ၾကပါတယ္။ ေအာင္ျမင္ေရးအတြက္ အဓိကေသာ့ခ်က္က ဒါေတြကို သတိၱရိွရိွရင္ဆုိင္ဖို႔ နဲ႔ ဆက္လက္စြန္႔စားဘို႔ဘဲျဖစ္ပါတယ္….။”

Credit - Tameelay


Unicode Version   


ကျိုးချွမ်ဖေး ကို တရုတ်ပြည်က ရွာတရွာမှာ ဆင်းဆင်းရဲရဲမိသားစုက မွေးဖွားခဲ့တယ်။ သူမရဲ့အဖေဟာ စက်မှုလုပ်ငန်းတခုအတွင်း မတော်တဆမှု ကြောင့် မျက်စိကွယ်ခဲ့ရ တယ်။သူမအမေကတော့ သူမအသက် ငါးနှစ် မှာသေဆုံးခဲ့ပါတယ်။

သူမရဲ့ငယ်ရွယ်စဉ် ဘဝမှာဘဲ မိသားစုကိုထောက်ပံ့ နှိုင်ဘို့ အိမ်ကထွက် ခွါလာပြီး မှန်စက်ရုံတခုမှာ သွား ရောက်အလုပ်လုပ် ခဲ့ရပါတယ်။ အလုပ်က လက်ပတ်နာရီတွေအတွက် မှန်တွေကို ပုံဖေါ်ရ တဲ့အလုပ်ပါ။

လအနည်းငယ်လောက်အကြာမှာတော့ သူမရဲ့အလုပ်ရှင်ထံ အလုပ်ထွက်ခွင့်တောင်း တဲ့စာပေးပို့ခဲ့ပါတယ်။ အလုပ်ရှင်က သူမရဲ့အင်္ဂလိပ်စာ အရည်အသွေးနဲ့ သူ့စဉ်းစားတွေးတော ပုံတွေကို သဘောကျတာကြောင့် အလုပ်ထွက်ခွင့်မပေးဘဲ သူမကို စက်ရုံရဲ့ဌာန သစ်တခုမှာ ဌာနမှုးအဖြစ်လစာကောင်းကောင်းပေးပြီးရာထူးတိုး ပေးခဲ့ပါတယ်။

အချိန်အတော်ကြာပြီးတဲ့နောက်မှာ သူမဟာစက်ရုံထုတ်လုပ်မှု တခုလုံးရဲ့ လုပ်ငန်းဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ကျိုးချွမ်ဖေ ဟာအဲဒီအလုပ်ကနူတ်ထွက်ခဲ့ပြီး ကိုယ်ပိုင်ကုမ္ပဏီဖြစ်တဲ့ ” Lens Technology” ကိုစတင်တည်ထောင်ခဲ့ ပါတယ်။

သူမကုမ္ပဏီရဲ့ စဦးအရင်းအနှီးကတော့ အမေရိကန်ဒေါ်လာ ၃၀၀၀ ဘဲဖြစ်ပါတယ်။ ဒါဟာ သူမအလုပ်မှာ နှစ်ပေါင်းများစွာလုပ်ကိုင်ပြီး စုဆောင်းရရှိခဲ့တဲ့ငွေပါဘဲ။ အဲဒီအချိန်မှာ သူမရဲ့အသက်က ၂၂ နှစ်ရှိပါပြီ။

သူမဟာ နည်းပညာသစ်ဖြစ်တဲ့ အစင်းအချစ်ခံနှိုင်တဲ့ မှန်သား ကိုတည်ထွင်ခဲ့ပါတယ်။ သူမရဲ့ Lens Technology ကုမ္ပဏီကထုတ်တဲ့ မှန်တွေဟာ အလွယ်တကူ အစင်းရာ၊ အချစ်ရာတွေ မထင်ပါဘူး။
တဖြည်းဖြည်းနဲ့ သူမရဲ့ကုမ္ပဏီဟာ ပမာဏအရရော၊ နယ်ပယ်အရပါ ( ကုမ္ပဏီလုပ်ငန်းခွဲ ၁၀ ခုအပါအဝင်) ကြီးထွားလာပါတယ်။

ကျိုးက ပြန်ပြောတာက ” လုပ်ငန်းပြိုင်ဘက်တယောက်က မနာလိုဘူး။ သူက ကျမရဲ့ကုန်ကြမ်းထောက်ပံ့ပေးတဲ့ သူနဲ့ချိတ်ဆက်ပြီး ပူးပေါင်းကြံ စည် ကြတယ်။ သူုတို့က ကျမလုပ်ငန်းကို အသေသတ်ဘို့ကြိုးစားတယ်။

ကုန်ကြမ်းထောက်ပံ့တဲ့သူက သူ့ဆီမှာတဲ့ ကုန်ကြမ်းအားလုံးအတွက်မပို့ ရသေးခင်မှာ ငွေကြိုပေးဘို့တောင်းဆိုတယ်။ ကျမ အတွက်တော့ တကယ့် တုန်လှုပ်ချောက်ခြားစရာကိစ္စပါဘဲ။ ကျမက ကျမပိုင်တဲ့အိမ်နဲ့ တခြားအဘိုးတန်ပစ္စည်းတွေကို ရောင်းချခဲ့ တာတောင်မှ သူတောင်းတဲ့ငွေ အပြည့်မပေးနှိုင်ဘူး။

ကျမ တော ်တော့ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ ကျမကုမ္ပဏီ တော့ သွားပြီပေါ့။ ကျမက ပြဿနာတွေကို အဆုံးသတ်ချင်ပါပြီ။ ကိုယ့်ကို ကိုယ်သတ်သေလိုက်တာက အကောင်းဆုံးဖြေ ရှင်းနည်းဘဲလို့တွေးပါ တယ်။

ဒါနဲ့ ကျမက ကိုယ့်ကိုကိုယ်သတ်သေဘို့ ဟောင်ကောင်က ဟွမ်ဟွန်း ဘူတာ ပလက်ဖေါင်းမှာ သွားရပ်နေခဲ့တယ်။ ရထားလာရင် ရထားရှေ့မှာ ခုန်ချလိုက်ဖို့အဆင်သင့်ပြင်ထားပါတယ်။ အဲဒီအချိန် ကျမ ဟန်းဖုံးကမြည် လာတယ်။ ကျမသမီးဆီကဖုံးပါ။

အဲဒီအချိန် ကျမ စဥ်းစားမိလိုက်တာက ကျမ မိသားစုနဲ့ ကျမ အလုပ်သမားတွေအကြောင်း။ ကျမ အရှုံးမပေးသင့် ဘူး။ ကျမက ကျမရဲ့ စီးပွါးရေးပြိုင်ဘက်တွေနဲ့ စွန့်စွန့်စားစားယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဖြတ် ချက်ခိုင်ခိုင်မာမာချလိုက်ပါတယ်။

ကျမ ကုမ္ပဏီပေါင်းများစွာ နဲ့ ဆွေးနွေးညှိနှိုင်းပါတယ်။ နောက်ဆုံးမှာ မိုတိုရိုလာကုမ္ပဏီဆီက အကူအညီရပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျမ အကြပ်အတည်းကနေ ရုန်းထွက်နှိုင်ခဲ့ပါတယ်။ အဲဒီနောက် ကျမရဲ့စီးပွါးရေးလုပ်ငန်းမှာ ပြဿနာ ပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။”

2015 ခုနှစ်မှာ ကျိုးဟာ ဒေါ်လာ ၇ ဘီလျံနဲ့ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးအမျိုး သမီးတယောက်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ကုမ္ပဏီမှာ အလုပ်သ မားပေါင်း ၆၀၀၀၀ ရှိပြီး၊ သူမပိုင်ဆိုင်မှု အရပ်ရပ်ဟာ အမေရိကန်ဒေါ် လာ ၉.၈ ဘီလျံဒေါ်လာတန်ပါတယ်။

အခုတော့ သူမဟာ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးတယောက်ဖြစ်နေပါပြီ။ မိုဘိုင်းဖုံးတွေ၊ တက်ဘလက်တွေ အစရှိတဲ့ပစ္စည်းတွေထုတ်လုပ်ကြတဲ့ Tesla, Apple, HTC, Nokia, Huawei နဲ့ Samsung တို့ဟာ Lens technology ကထုတ်တဲ့မှန်ကို အသုံးပြုကြပါတယ်။

နောက် ကုမ္ပဏီကြီး အများအပြားမှာလည်း Lens Technology ကထုတ်တဲ့ မှန်တွေကို အသုံးပြုကြပါတယ်။ CNBC နဲ့ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ကျိုးက ” ကျမ အောင်မြင်ရခြင်း ရဲ့အကြောင်းရင်းကတော့ မဆုတ်မနစ် လုံ့လစိုက်ထုတ်တာဘဲဖြစ်ပါ တယ်။

ကျမမှာ စွန့်ဦးတည်ထွင်သူတယောက်အနေနဲ့ ဒုက္ခအခက်အခဲ တွေ၊ နစ်နာဆုံးရှုံးမှုတွေ အများအပြားကြုံတွေ့ခဲ့ရပါတယ်။ တကယ်လို့ ကျမသာ လက်မြှောက်အရှုံးပေးခဲ့မယ်ဆိုရင် ကျိုးချွမ်ဖေး ဆိုတာရော၊ Lens Technology ကုမ္ပဏီဆိုတာရောရှိလာမှာမဟုတ်ပါဘူး။

လူတော် တော်များများဟာ သူတို့ဘဝမှာ ဆုံးရှုံးနစ်နာမှုနဲ့ကြုံလိုက်ရပြီဆိုရင် ယုံကြည် စိတ်ကုန်ခမ်းသွားလောက်အောင် ဖြစ်တတ်ကြပါတယ်။ အောင်မြင်ရေးအတွက် အဓိကသော့ချက်က ဒါတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့ နဲ့ ဆက်လက်စွန့်စားဘို့ဘဲဖြစ်ပါတယ်….။”

Credit - Tameelay

Post a Comment

0 Comments