ေနပူပူထဲလည္း မထြက္ အိမ္မွာပဲေနေနတာေတာင္ ဘာေၾကာင့္ အသားမဲ မဲလာရတာလဲ


အသားမဲတဲ့ ျဖစ္စဥ္က ဘယ္လိုျဖစ္ရတာလဲ

ကိုယ္ေပၚက အေရျပားေတြ အေရာင္ရင့္လာျခင္းရဲ႕ အဓိက တရားခံ ကေတာ့ အေရျပားေပၚ မွာရွိတဲ့ Melanocyte ကထုတ္တဲ့ melanin ေၾကာင့္ ျဖစ္ရတာပါ။ ဒါေၾကာင့္ melanin ပိုထြက္ေစတဲ့ အေၾကာင္းအရာေတြ သင့္မွာရွိေနရင္ေတာ့ အိမ္ထဲမွာေနရင္းနဲ႔လည္း သင့္အ သားအေရေတြ မဲသြားႏုိင္ပါတယ္။

ဒါဆုိ ဘယ္လို အေၾကာင္းအရာေတြက melanin ပိုထြက္ျခင္းကို ျဖစ္ေစတာလဲ ။ ။
ေနေရာင္ျခည္ ။ ။

အသားမဲ လာျခင္းကိုျဖစ္ေစတဲ့ melanin ပိုထြက္ေစတဲ့အေၾကာင္းအရင္းေတြထဲမွာ ေနေရာင္ျခည္ကို ခ်န္ခဲ့လို႕ မရပါဘူး။ ေနေရာင္ျခည္ ထဲမွာပါတဲ့ ခရမး္လြန္ေရာင္ျခည္ေတြက အေရျပားေပၚက Melanocytes ကို လံႈ႕ေဆာ္ေပးျပီး melanin ေတြကို ပုိထြက္ေစ တာေၾကာင့္ ေနေရာင္ထဲသြားေလေလ အသားပိုမဲလာရေလေလျဖစ္ပါတယ္။

ေဟာ္မုန္း ။ ။

ေဟာ္မုန္းအေျပာင္းအလဲကလည္း သင့္အသားအေရကို အေရာင္ရင့္ျပီး မဲလာေစတဲ့ ထိပ္ဆံုး အေၾကာင္းအရင္းေတြထဲမွာပါပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ေနတဲ့ အမ်ိဳးသမီးေတြ၊ သေႏၶတားေဆး၊ထုိးေဆးသံုးေနတဲ့ အမ်ိဳးသမီးေတြ အသားအေရာင္ရင့္လာတဲ့ ျဖစ္စဥ္ဟာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္ရတာပါ။

ေနာက္ထပ္ ေဟာ္မုန္းနဲ့ဆုိင္ျပီး အသားအေရာင္ေျပာင္းလဲလာျခင္းကိုျဖစ္ေစတဲ့ နာမည္ၾကီးေရာဂါတစ္ခုကေတာ့ Addison’s disease ပဲ ျဖစ္ပါတယ္။ Addison’s disease ဆိုတာ ကိုယ္ခႏၶာရဲ႕ ေဟာ္မုန္းေတြကို ထုတ္ေပးတဲ့ေက်ာက္ကပ္ အေပၚမွာရွိတဲ့ Adrenal gland ပံုမွန္ အလုပ္မလုပ္ေတာ့ျဖစ္လာရတဲ့ ေရာဂါပါ။ သူ႕ရဲ႕လကၡဏာေတြကေတာ့

ပံုမွန္မဟုတ္ဘဲ ႏုန္းေနတာ
အသားမဲလာတာ
စားခ်င္ေသာက္ခ်င္စိတ္လည္း မရွိ တျဖည္းျဖည္း ပိန္လာျပီး
ေသြးေပါင္လည္းက်၊ ေသြးတြင္းသၾကားဓာတ္လည္းနည္း
ဆံပင္ေတြလည္း ကၽြတ္ျပီးေတာ့ အဆစ္အျမစ္ေတြလည္း ကိုက္ခဲေနတတ္ပါတယ္။

ဒီလိုု Addison’s disease ကိုျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြကေတာ့ Adrenal gland ကင္ဆာေရာဂါ၊ Adrenal gland တီဘီေရာဂါ နဲ႕ ခုခံအားကို ကိုယ္တြင္း ဆဲလ္ေတြကို အမွတ္မွားျပီး တိုက္တဲ့ ျပႆနာေတြပဲ ျဖစ္ပါတယ္။

ေရာဂါမ်ားႏွင့္ အာဟာရ ဓာတ္ခ်ိဳ႕တဲ့မႈမ်ား ။ ။

ဗီတာမင္ B12 ခ်ိဳ႕တဲ့ျခင္း – ဗီတာမင္ B12 ခ်ိဳ႕တဲ့ျခင္း ေၾကာင့္ျဖစ္ရတဲ့ အေရျပားျပႆနာေတြကေတာ့ အသားမဲလာတာ၊ ခရုသင္း၊ သမင္ျဖဴ ျဖစ္တာနဲ႔ ဆံပင္ေတြ ပါးလာရတာပဲ ျဖစ္ပါတယ္။

အသားအေရာင္ ရင့္လာျခငး္ကို ျဖစ္ေစတဲ့ ေရာဂါေတြကေတာ့

ဆီးခ်ိဳေရာဂါ၊ – မုန္႔ခ်ိဳအိတ္ က ဆဲလ္ေတြထိခုိက္သြားတာေၾကာင့္ သံဓာတ္ထုတ္လုပ္မႈေတြ မ်ားလာျပီး အသားအေရာင္ရင့္လာတာ၊ ဆီးခ်ိဳေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ အသားမဲလာတာနဲ႔ ဆီးခ်ိဳေၾကာင့္ ေက်ာက္ကပ္ထိျပီး အသားအေရာင္ရင့္လာတာေတြ ေၾကာင့္ ဆီးခ်ိဳသမားေတြမွာ အသားအေရာင့္ရင့္လာတာ ျဖစ္ရတာပါ။

lupus လုိ႕ေခၚတဲ့ ခုခံအားဆဲလ္ေတြ မွားတိုက္တဲ့ ေရာဂါ – ခုခံအားက ကုိယ္တြင္းက ဆဲလ္ေတြကုိ မွားျပီးတိုက္တဲ့အထဲမွာ အေရျပားေပၚက Melanocytes ေတြလည္း ပါသြားတာေၾကာင့္ melanin ေတြပိုထြက္ျပီး lupus ေရာဂါ သမားေတြ အသားပိုမဲလာရတာျဖစ္ပါတယ္။

အရက္ေၾကာင့္ အသည္းေျခာက္ျခင္း – ႏွစ္လေပါင္းမ်ားစြာ အရက္ေသာက္လာတဲ့အခါ အရက္ကပါတဲ့ အဆိပ္ေတြႏွိပ္စက္လို႕ သင့္အသည္းပ်က္စီးျပီး ေနာက္ဆံုး ျပင္လို႕မရေတာ့တဲ့ အသည္းေျခာက္ျခင္း ျဖစ္လာရပါေတာ့တယ္။

အသည္းေျခာက္ျခင္း ရဲ႕ လကၡဏာေတြကေတာ့ အသားအေရာင္ေတြ ရင့္လာမယ္၊ လူက ပိန္ေျခာက္ေနျပီး ဗုိက္ၾကီးကေတာ့ ေဖာင္းေနမယ္၊ ေျခလက္ေတြလည္း ေဖာေရာင္ေနျပီး လူကလည္း ႏုန္းေနပါလိမ့္မယ္။

သိုင္းရြိဳက္ေဟာ္မုန္းမ်ားျခင္းနည္းျခင္း၊ အာဟာရဓာတ္ခ်ိဳ႕တဲ့ျခင္းနဲ႔ ေက်ာက္ကပ္ဆုိင္တဲ့ ေရာဂါေတြ နဲ႕ ကင္ဆာေရာဂါ ကလည္း သင့္အသားအေရ အေရာင္ရင့္လာျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြ ျဖစ္ပါတယ္။

ေဆးမ်ား

တစ္ခ်ိဳ႕ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္လည္း သင့္အသားမဲလာႏုိင္ပါတယ္။ အ သားအေရာင္ကို ေျပာင္းလဲေစတဲ့ ေဆးေတြကေတာ့ amiodarone, amitriptyline, arsenic, bleomycin, clofazimine, clophosphamide, minocycline, zidovudine တို႕ အျပင္ အတက္ေရာဂါကို ကုသတဲ့ေဆးမ်ား၊ ငွက္ဖ်ားအျမစ္ျပတ္ကုသတဲ့ေဆးေတြနဲ႔ သေႏၶ တားေဆးတို႕ရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္လည္း သင့္အသားအေရ အေရာင္ရင့္ လာႏုိ္င္ပါတယ္။

အသားဆုိတာ ေနေရာင္တစ္ခုတည္းေၾကာင့္နဲ႕ေတာ့ မဲႏုိင္တာမဟုတ္ပါဘူး။ ေနေရာင္မ ဟုတ္ဘဲ အျခား အေၾကာင္းအရာေတြေၾကာင့္လည္း သင့္အသားအေရာင္ရင့္သြားႏုိင္ တယ္ဆိုတဲ့ အေၾကာင္းေလးေတြသိထားေတာ့ ကိုယ္ဘာေၾကာင့္ အသားမဲေနတာလဲဆုိတာ အေျဖတစ္ခ်က္ရွာလို႕ရတာေပါ့ ။

Credit - HelloSayarwon


Unicode Version   


အသားမဲတဲ့ ဖြစ်စဉ်က ဘယ်လိုဖြစ်ရတာလဲ

ကိုယ်ပေါ်က အရေပြားတွေ အရောင်ရင့်လာခြင်းရဲ့ အဓိက တရားခံကတော့ အရေပြားပေါ် မှာရှိတဲ့ Melanocyte ကထုတ်တဲ့ melanin ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် melanin ပိုထွက်စေတဲ့ အကြောင်းအရာတွေ သင့်မှာရှိနေရင်တော့ အိမ်ထဲမှာနေရင်းနဲ့လည်း သင့်အ သားအရေတွေ မဲသွားနိုင်ပါတယ်။

ဒါဆို ဘယ်လို အကြောင်းအရာတွေက melanin ပိုထွက်ခြင်းကို ဖြစ်စေတာလဲ ။ ။
နေရောင်ခြည် ။ ။

အသားမဲလာခြင်းကိုဖြစ်စေတဲ့ melanin ပိုထွက်စေတဲ့အကြောင်းအရင်းတွေထဲမှာ နေရောင်ခြည်ကို ချန်ခဲ့လို့ မရပါဘူး။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အရေပြားပေါ်က Melanocytes ကို လှုံ့ဆော်ပေးပြီး melanin တွေကို ပိုထွက်စေ တာကြောင့် နေရောင်ထဲသွားလေလေ အသားပိုမဲလာရလေလေဖြစ်ပါတယ်။

ဟော်မုန်း ။ ။

ဟော်မုန်းအပြောင်းအလဲကလည်း သင့်အသားအရေကို အရောင်ရင့်ပြီး မဲလာစေတဲ့ ထိပ်ဆုံး အကြောင်းအရင်းတွေထဲမှာပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေ၊ သန္ဓေတားဆေး၊ထိုးဆေးသုံးနေတဲ့ အမျိုးသမီးတွေ အသားအရောင်ရင့်လာတဲ့ ဖြစ်စဉ်ဟာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ရတာပါ။

နောက်ထပ် ဟော်မုန်းနဲ့ဆိုင်ပြီး အသားအရောင်ပြောင်းလဲလာခြင်းကိုဖြစ်စေတဲ့ နာမည်ကြီးရောဂါတစ်ခုကတော့ Addison’s disease ပဲ ဖြစ်ပါတယ်။ Addison’s disease ဆိုတာ ကိုယ်ခန္ဓာရဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ကျောက်ကပ် အပေါ်မှာရှိတဲ့ Adrenal gland ပုံမှန် အလုပ်မလုပ်တော့ဖြစ်လာရတဲ့ ရောဂါပါ။ သူ့ရဲ့လက္ခဏာတွေကတော့

ပုံမှန်မဟုတ်ဘဲ နုန်းနေတာ
အသားမဲလာတာ
သွေးပေါင်လည်းကျ၊ သွေးတွင်းသကြားဓာတ်လည်းနည်း
ဆံပင်တွေလည်း ကျွတ်ပြီးတော့ အဆစ်အမြစ်တွေလည်း ကိုက်ခဲနေတတ်ပါတယ်။

ဒီလို Addison’s disease ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ Adrenal gland ကင်ဆာရောဂါ၊ Adrenal gland တီဘီရောဂါ နဲ့ ခုခံအားကို ကိုယ်တွင်း ဆဲလ်တွေကို အမှတ်မှားပြီး တိုက်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

ရောဂါများနှင့် အာဟာရ ဓာတ်ချို့တဲ့မှုများ ။ ။

ဗီတာမင် B12 ချို့တဲ့ခြင်း – ဗီတာမင် B12 ချို့တဲ့ခြင်း ကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာတွေကတော့ အသားမဲလာတာ၊ ခရုသင်း၊ သမင်ဖြူ ဖြစ်တာနဲ့ ဆံပင်တွေ ပါးလာရတာပဲ ဖြစ်ပါတယ်။

အသားအရောင် ရင့်လာခြင်းကို ဖြစ်စေတဲ့ ရောဂါတွေကတော့

ဆီးချိုရောဂါ၊ – မုန့်ချိုအိတ် က ဆဲလ်တွေထိခိုက်သွားတာကြောင့် သံဓာတ်ထုတ်လုပ်မှုတွေ များလာပြီး အသားအရောင်ရင့်လာတာ၊ ဆီးချိုဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အသားမဲလာတာနဲ့ ဆီးချိုကြောင့် ကျောက်ကပ်ထိပြီး အသားအရောင်ရင့်လာတာတွေ ကြောင့် ဆီးချိုသမားတွေမှာ အသားအရောင့်ရင့်လာတာ ဖြစ်ရတာပါ။

lupus လို့ခေါ်တဲ့ ခုခံအားဆဲလ်တွေ မှားတိုက်တဲ့ ရောဂါ – ခုခံအားက ကိုယ်တွင်းက ဆဲလ်တွေကို မှားပြီးတိုက်တဲ့အထဲမှာ အရေပြားပေါ်က Melanocytes တွေလည်း ပါသွားတာကြောင့် melanin တွေပိုထွက်ပြီး lupus ရောဂါ သမားတွေ အသားပိုမဲလာရတာဖြစ်ပါတယ်။

အရက်ကြောင့် အသည်းခြောက်ခြင်း – နှစ်လပေါင်းများစွာ အရက်သောက်လာတဲ့အခါ အရက်ကပါတဲ့ အဆိပ်တွေနှိပ်စက်လို့ သင့်အသည်းပျက်စီးပြီး နောက်ဆုံး ပြင်လို့မရတော့တဲ့ အသည်းခြောက်ခြင်း ဖြစ်လာရပါတော့တယ်။

အသည်းခြောက်ခြင်း ရဲ့ လက္ခဏာတွေကတော့ အသားအရောင်တွေ ရင့်လာမယ်၊ လူက ပိန်ခြောက်နေပြီး ဗိုက်ကြီးကတော့ ဖောင်းနေမယ်၊ ခြေလက်တွေလည်း ဖောရောင်နေပြီး လူကလည်း နုန်းနေပါလိမ့်မယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်းနည်းခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်းနဲ့ ကျောက်ကပ်ဆိုင်တဲ့ ရောဂါတွေ နဲ့ ကင်ဆာရောဂါ ကလည်း သင့်အသားအရေ အရောင်ရင့်လာခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

ဆေးများ

တစ်ချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း သင့်အသားမဲလာနိုင်ပါတယ်။ အ သားအရောင်ကို ပြောင်းလဲစေတဲ့ ဆေးတွေကတော့ amiodarone, amitriptyline, arsenic, bleomycin, clofazimine, clophosphamide, minocycline, zidovudine တို့ အပြင် အတက်ရောဂါကို ကုသတဲ့ဆေးများ၊ ငှက်ဖျားအမြစ်ပြတ်ကုသတဲ့ဆေးတွေနဲ့ သန္ဓေ တားဆေးတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း သင့်အသားအရေ အရောင်ရင့် လာနိုင်ပါတယ်။

အသားဆိုတာ နေရောင်တစ်ခုတည်းကြောင့်နဲ့တော့ မဲနိုင်တာမဟုတ်ပါဘူး။ နေရောင်မ ဟုတ်ဘဲ အခြား အကြောင်းအရာတွေကြောင့်လည်း သင့်အသားအရောင်ရင့်သွားနိုင် တယ်ဆိုတဲ့ အကြောင်းလေးတွေသိထားတော့ ကိုယ်ဘာကြောင့် အသားမဲနေတာလဲဆိုတာ အဖြေတစ်ချက်ရှာလို့ရတာပေါ့ ။

Credit - HelloSayarwon

Post a Comment

0 Comments