ဘိန္းစြဲေနသည့္ ၾကက္တူေရြး မ်ားေၾကာင့္ အိႏၵိယ စိုက္ပ်ိဳးေရးသမားမ်ား ဒုကၡေရာက္ေန


အိႏိၵယႏိုင္ငံ မဟာပရာဒတ္ရွ္ျပည္နယ္က ဘိန္းစိုက္ေတာင္သူေတြဟာ ဘိန္းစြဲေနတဲ့ ၾကက္တူေ႐ြးငွက္ေတြေၾကာင့္ အႀကီးအက်ယ္ အခက္ေတြ႕ေနတယ္လို႔ မတ္ ၁ ရက္ေန႔ OC သတင္းမွာ ေဖာ္ျပပါတယ္။ကြက္က်ားမိုး႐ြာျခင္းေၾကာင့္ ဘိန္းခင္းေတြ ပ်က္စီးခဲ့ရၿပီး တေနတျခားတိုးပြားလာတဲ့ ဘိန္းစြဲေနတဲ့ ၾကက္တူေ႐ြး အေရအတြက္ေၾကာင့္လည္း အေျခအေနေတြကို ပိုမိုဆိုး႐ြားလာတယ္လို႔ ဘိန္းစိုက္သူေတြက ေျပာပါတယ္။ငွက္ေတြဟာ ဘိန္းခင္းေတြထဲဝင္ကာ ဘိန္းပန္း နဲ႔ ဘိန္းေစ့ေတြကို ဝင္ေရာက္စားသုံးၾကၿပီး ေလာ္စပီ ကာေတြ၊ ေဗ်ာက္အိုးေတြနဲ႔ ေျခာက္လွန႔္ေပမယ့္ ေၾကာက္လန႔္ျခင္းမရွိတာေၾကာင့္ လယ္သမားေတြဟာ ေန႔ေရာညပါ အခင္းထဲမွာ အေစာင့္ခ်ထားရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ေဒသဆိုင္ရာ အာဏာပိုင္ေတြကို အကူအညီေတာင္းဆိုထားေပမယ့္ အာဏာပိုင္ေတြဘက္က တစုံတရာ လုပ္ေဆာင္ေပးျခင္းမရွိဘူးလို႔လည္း လယ္သမားေတြက ဆိုပါတယ္။“ဘိန္းပန္းတစ္ပြင့္ကေန ဘိန္း ၂၀-၂၅ ဂရမ္ေလာက္ရပါတယ္။ ဒါေပမယ့္ ႀကီးမားတဲ့ ၾကက္တူေ႐ြးအုပ္ႀကီးက ဘိန္းခင္းထဲကို တေန႔ကို အႀကိမ္ေရ ၃၀ ေလာက္ဝင္ေရာက္စားေသာက္ၾကၿပီး တခ်ိဳ႕ေကာင္ေတြဆိုရင္ ဘိန္းသီးေတြကိုေတာင္ ယူေဆာင္သြားၾကပါတယ္” လို႔ ဘိန္းစိုက္ေတာင္သူ နန္ကီရႈိးက ေျပာပါတယ္။

“က်ေနာ္တို႔ ဒီငွက္ေတြကို နည္းမ်ိဳးစုံနဲ႔ ေျခာက္လွန႔္ေနေပမယ့္လည္း မရပါဘူး၊ အခင္းထဲ လူေစာင့္ေနတာေတာင္ ဒီငွက္ေတြက မေၾကာက္ေတာ့ပါဘူး” လို႔လည္း သူကဆက္လက္ ေျပာဆိုပါတယ္။မၾကာေသးခင္က ထြက္ေပၚလာတဲ့ ဗြီဒီယိုဖိုင္ေတြမွာလည္း ဘိန္းခင္းေတြနားမွာ ပ်ံဝဲေနတဲ့ ၾကက္တူေ႐ြးအုပ္ေတြကို ျမင္ေတြ႕ခဲ့ရၿပီး တခ်ိဳ႕ငွက္ေတြဟာ စိုက္ခင္းထဲ ဝင္ေရာက္စားေသာက္ဟာ ဘိန္းပန္း၊ ဘိန္းသီးမ်ားကို ယူေဆာင္ပ်ံသန္းေနၾကတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ထြက္ေ ပၚလာတဲ့ သတင္းေတြအရ ဒီငွက္ေတြဟာ လူေစာင့္ရွိတဲ့ စိုက္ခင္းေတြကိုေတာင္ ဘယ္အခ်ိန္မွာ ဘယ္လိုဝင္ေရာက္စားေသာက္ရမလဲ ဆိုတာသိရွိ ေနၾကတယ္လို႔လည္း သိရပါတယ္။အိႏၵိယႏိုင္ငံက ဘိန္းစိုက္ေတာင္သူေတြဟာ ဘိန္းစြဲေနတဲ့ ၾကက္တူေ႐ြးေတြရဲ႕ ဝင္ေရာက္စားေသာက္မႈကို မၾကာခဏဆိုသလို ႀကဳံေတြ႕ေနရၿပီး ဘိန္းေစ့မွာပါတဲ့ မူးယစ္ဓာတ္ဟာ လူေတြေကာ္ဖီစြဲသလို ငွက္ေတြကို စြဲလမ္းမႈျဖစ္ေစၿပီး ဘိန္းေစ့ကို တစ္ခါစားဖူးတာနဲ႔ ဒီငွက္ေတြဟာ ဘိန္းကို လ်င္လ်င္ျမန္ျမန္ စြဲလန္းသြားတတ္တယ္လို႔လည္း မန္ဆာေဒသက မူးယစ္ေဆးဝါးပညာရွင္ ေဒါက္တာ အာအက္ခ်န္ဒါဝတ္က Daily Mail သတင္းကို ေျပာပါတယ္။

Credit - Burmese.asia


Unicode Version     


အိန ္ဒိယနိုင်ငံ မဟာပရာဒတ်ရှ်ပြည်နယ်က ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစွဲနေတဲ့ ကြက်တူရွေးငှက်တွေကြောင့် အကြီးအကျယ် အခက်တွေ့နေတယ်လို့ မတ် ၁ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ကွက်ကျားမိုးရွာခြင်းကြောင့် ဘိန်းခင်းတွေ ပျက်စီးခဲ့ရပြီး တနေတခြားတိုးပွားလာတဲ့ ဘိန်းစွဲနေတဲ့ ကြက်တူရွေး အရေအတွက်ကြောင့်လည်း အခြေအနေတွေကို ပိုမိုဆိုးရွားလာတယ်လို့ ဘိန်းစိုက်သူတွေက ပြောပါတယ်။ငှက်တွေဟာ ဘိန်းခင်းတွေထဲဝင်ကာ ဘိန်းပန်း နဲ့ ဘိန်းစေ့တွေကို ဝင်ရောက်စားသုံးကြပြီး လော်စပီ ကာတွေ၊ ဗျောက်အိုးတွေနဲ့ ခြောက်လှန့်ပေမယ့် ကြောက်လန့်ခြင်းမရှိတာကြောင့် လယ်သမားတွေဟာ နေ့ရောညပါ အခင်းထဲမှာ အစောင့်ချထားရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အကူအညီတောင်းဆိုထားပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ လုပ်ဆောင်ပေးခြင်းမရှိဘူးလို့လည်း လယ်သမားတွေက ဆိုပါတယ်။“ဘိန်းပန်းတစ်ပွင့်ကနေ ဘိန်း ၂၀-၂၅ ဂရမ်လောက်ရပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ ကြက်တူရွေးအုပ်ကြီးက ဘိန်းခင်းထဲကို တနေ့ကို အကြိမ်ရေ ၃၀ လောက်ဝင်ရောက်စားသောက်ကြပြီး တချို့ကောင်တွေဆိုရင် ဘိန်းသီးတွေကိုတောင် ယူဆောင်သွားကြပါတယ်” လို့ ဘိန်းစိုက်တောင်သူ နန်ကီရှိုးက ပြောပါတယ်။

“ကျေ နာ်တို့ ဒီငှက်တွေကို နည်းမျိုးစုံနဲ့ ခြောက်လှန့်နေပေမယ့်လည်း မရပါဘူး၊ အခင်းထဲ လူစောင့်နေတာတောင် ဒီငှက်တွေက မကြောက်တော့ပါဘူး” လို့လည်း သူကဆက်လက် ပြောဆိုပါတယ်။မကြာသေးခင်က ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တွေမှာလည်း ဘိန်းခင်းတွေနားမှာ ပျံဝဲနေတဲ့ ကြက်တူရွေးအုပ်တွေကို မြင်တွေ့ခဲ့ရပြီး တချို့ငှက်တွေဟာ စိုက်ခင်းထဲ ဝင်ရောက်စားသောက်ဟာ ဘိန်းပန်း၊ ဘိန်းသီးများကို ယူဆောင်ပျံသန်းနေကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ထွက်ေ ပါ်လာတဲ့ သတင်းတွေအရ ဒီငှက်တွေဟာ လူစောင့်ရှိတဲ့ စိုက်ခင်းတွေကိုတောင် ဘယ်အချိန်မှာ ဘယ်လိုဝင်ရောက်စားသောက်ရမလဲ ဆိုတာသိရှိ နေကြတယ်လို့လည်း သိရပါတယ်။အိန္ဒိယနိုင်ငံက ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစွဲနေတဲ့ ကြက်တူရွေးတွေရဲ့ ဝင်ရောက်စားသောက်မှုကို မကြာခဏဆိုသလို ကြုံတွေ့နေရပြီး ဘိန်းစေ့မှာပါတဲ့ မူးယစ်ဓာတ်ဟာ လူတွေကော်ဖီစွဲသလို ငှက်တွေကို စွဲလမ်းမှုဖြစ်စေပြီး ဘိန်းစေ့ကို တစ်ခါစားဖူးတာနဲ့ ဒီငှက်တွေဟာ ဘိန်းကို လျင်လျင်မြန်မြန် စွဲလန်းသွားတတ်တယ်လို့လည်း မန်ဆာဒေသက မူးယစ်ဆေးဝါးပညာရှင် ဒေါက်တာ အာအက်ချန်ဒါဝတ်က Daily Mail သတင်းကို ပြောပါတယ်။

Credit - Burmese.asia

Post a Comment

0 Comments