တ႐ုတ္ျပည္ မွာ ေခတ္စားေနတဲ့ ခ်စ္သူ အငွားထားတဲ့ အလုပ္


Li Chen Xi ဟာ ဘဝမွာ ေျပာပေလာက္စရာ လိုအပ္ခ်က္မရွိဘဲ ဘဝကိုျပည့္ျပည့္စုံစုံနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေနႏိုင္သူတစ္ေယာက္ပါ။ တ႐ုတ္ အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ သူ႔မွာ ဝင္ေငြေကာင္းလွတဲ့ အလုပ္ရွိတယ္။ ဘဝကို အေျခတက်ပဲ ကိုယ္ပိုင္အိမ္နဲ႔ေနႏိုင္တယ္။ ခ်စ္ရတဲ့ လူရင္းသူငယ္ခ်င္းေတြနဲ႔ ခ်စ္ခင္သူေတြ ေပါမ်ားသလို အသက္ကလည္း ၂၇ ႏွစ္အ႐ြယ္ပါ။

သူ႔မွာႀကဳံလာရတဲ့ ျပသနာတစ္ခုရွိပါတယ္။ အဲ့ဒါကသူ႔မိဘေတြရဲ႕ဆႏၵပါပဲ။ တ႐ုတ္ျပည္လူမႈအဖြဲ႕အစည္းမွာ အမ်ိဳးသမီးေတြ ခ်စ္သူခင္ပြန္းရည္းစားမရွိရင္ အပစ္ခဲ့ရသူ လို႔ကဲ့ရဲ႕ရႈံ႕ခ်ၾကတဲ့ ေရွး႐ိုစြဲအခံရွိေနဆဲပါပဲ။ နဖူးစာကို အထူးအေထြ မရွာလိုသူျဖစ္တဲ့ Li က ခ်စ္သူရည္းစားမထားဘဲ တစ္ကိုယ္ရည္ဘဝကိုေအးေဆးစြာေနလိုသူ ေခတ္မီအမ်ိဳးသမီးတစ္ေယာက္ပါ။

သူ႔ဘဝရဲ႕ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈဟာ သူ႔မိဘေတြရဲ႕ ဆႏၵနဲ႔ထိပ္တိုက္ေတြ႕လာခ်ိန္မွာေတာ့ ျပင္ပပတ္ဝန္းက်င္ရဲ႕ အထင္အျမင္ေတြနဲ႔ ေျပာစရာေတြျဖစ္လာမယ့္အေရးမွာ မိဘေတြအေပၚငဲ့ကြက္ၿပီး ခ်စ္သူအငွါးရွာေဖြရပါေတာ့တယ္။ မိဘေတြကို စိတ္ေက်နပ္ေအာင္ျဖည့္ဆည္းေပးႏိုင္ဖို႔ အြန္လိုင္းေပၚမွာ ခ်စ္သူအငွါးရွာဖို႔အတြက္ နည္းလမ္းတစ္ခု သူရွာေတြ႕သြားပါတယ္။

တ႐ုတ္ျပည္မွာလည္း တစ္ကိုယ္ရည္တစ္ကာယသာ ဘဝေနထိုင္မႈပုံစံကိုမက္ေမာတတ္တဲ့ အမ်ိဳးသမီးေတြဟာ ကိုယ့္စိတ္ဆႏၵကိုေသြဖည္ဖို႔ျဖစ္လာတဲ့အခါ ရွဥ့္လည္းေလွ်ာက္သာ ပ်ားလည္းစြဲသာအေနနဲ႔ ဒီနည္းလမ္းကို ေ႐ြးခ်ယ္လာတာမို႔ တစ္ဖက္ကခ်စ္သူအငွါးစီးပြားဟာလည္း တ႐ုတ္ျပည္မွာ ေရပန္းစားလာရပါတယ္။

အြန္လိုင္းေပၚမွာ ခ်စ္သူအငွါးရွာရတာ ကုန္က်စရိတ္ကမေသးပါဘူး။ ခ်စ္သူငွါးခအေနနဲ႔ တစ္ရက္ကို ေဒၚလာ ၁၅၀ ကုန္က်ၿပီးအျပင္ ေပြ႕ဖက္တာ၊ နမ္းရႈံ႕ရတာေတြအတြက္ ေယာက်ာၤးေလးခ်စ္သူအငွါးလိုက္သူကို အပိုေဆာင္းေငြထပ္ေပးရပါတယ္။ တျခားစရိတ္စကေတြလည္းရွိပါေသးတယ္။

Li ဟာ ေနာက္ဆုံးမွာေတာ့ အမ်ားလမ္းစဥ္ကိုလိုက္ရပါေတာ့တယ္။ ခ်စ္သူရဲ႕လက္ကို ရဲရဲကိုင္ဆြဲလို႔ မိဘေတြအေရွ႕အေရာက္သြားႏိုင္ခဲ့တယ္။ ဝင့္ႂကြားလို႔ ေဆြျပမ်ိဳးျပလုပ္ႏိုင္ခဲ့တယ္။ အယူအဆေဟာင္းေတြနဲ႔ ပတ္ဝန္းက်င္အစဥ္အလာဆိုးေအာက္မွာ သမီးမိန္းကေလးေမြးထားရတဲ့ မိဘေတြကို ေခါင္းေမာ့ရင္ေကာ့ေစႏိုင္ခဲ့ပါတယ္။

မိဘေတြကို ပတ္ဝန္းက်င္ေျပာစရာမျဖစ္ေအာင္ စိတ္ခ်မ္းသာကိုယ္ခ်မ္းသာျဖစ္ေအာင္ ထားေပးႏိုင္ခဲ့ပါတယ္။ မိဘေတြမွာ ၿပဳံးလို႔႐ႊင္လို႔ ျမင္ရေတာ့ Li မွာလည္း ဘယ္လာမေပ်ာ္ပဲေနႏိုင္ေတာ့မတုန္း။ မိဘေတြနဲ႔ ပတ္ဝန္းက်င္အျမင္မွာေတာ့ Li ဟာ သမီးအလိမၼာေလးျဖစ္ခဲ့ပါၿပီ။စဥ္းစားၾကည့္ရင္ တစ္ခါတစ္ေလလည္း ဘဝက အူေၾကာင္ေၾကာင္ ႏိုင္လွပါတယ္။

Credit - Burmese.asia


Unicode Version 


Li Chen Xi ဟာ ဘဝမှာ ပြောပလောက်စရာ လိုအပ်ချက်မရှိဘဲ ဘဝကိုပြည့်ပြည့်စုံစုံနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေနိုင်သူတစ်ယောက်ပါ။ တရုတ် အမျိုးသမီး တစ်ယောက်အနေနဲ့ သူ့မှာ ဝင်ငွေကောင်းလှတဲ့ အလုပ်ရှိတယ်။ ဘဝကို အခြေတကျပဲ ကိုယ်ပိုင်အိမ်နဲ့နေနိုင်တယ်။ ချစ်ရတဲ့ လူရင်းသူငယ်ချင်းတွေနဲ့ ချစ်ခင်သူတွေ ပေါများသလို အသက်ကလည်း ၂၇ နှစ်အရွယ်ပါ။

သူ့မှာကြုံလာရတဲ့ ပြသနာတစ်ခုရှိပါတယ်။ အဲ့ဒါကသူ့မိဘတွေရဲ့ဆန္ဒပါပဲ။ တရုတ်ပြည်လူမှုအဖွဲ့အစည်းမှာ အမျိုးသမီးတွေ ချစ်သူခင်ပွန်းရည်းစားမရှိရင် အပစ်ခဲ့ရသူ လို့ကဲ့ရဲ့ရှုံ့ချကြတဲ့ ရှေးရိုစွဲအခံရှိနေဆဲပါပဲ။ နဖူးစာကို အထူးအထွေ မရှာလိုသူဖြစ်တဲ့ Li က ချစ်သူရည်းစားမထားဘဲ တစ်ကိုယ်ရည်ဘဝကိုအေးဆေးစွာနေလိုသူ ခေတ်မီအမျိုးသမီးတစ်ယောက်ပါ။

သူ့ဘဝရဲ့ ကိုယ်ပိုင်ရွေးချယ်မှုဟာ သူ့မိဘတွေရဲ့ ဆန္ဒနဲ့ထိပ်တိုက်တွေ့လာချိန်မှာတော့ ပြင်ပပတ်ဝန်းကျင်ရဲ့ အထင်အမြင်တွေနဲ့ ပြောစရာတွေဖြစ်လာမယ့်အရေးမှာ မိဘတွေအပေါ်ငဲ့ကွက်ပြီး ချစ်သူအငှါးရှာဖွေရပါတော့တယ်။ မိဘတွေကို စိတ်ကျေနပ်အောင်ဖြည့်ဆည်းပေးနိုင်ဖို့ အွန်လိုင်းပေါ်မှာ ချစ်သူအငှါးရှာဖို့အတွက် နည်းလမ်းတစ်ခု သူရှာတွေ့သွားပါတယ်။

တရုတ်ပြည်မှာလည်း တစ်ကိုယ်ရည်တစ်ကာယသာ ဘဝနေထိုင်မှုပုံစံကိုမက်မောတတ်တဲ့ အမျိုးသမီးတွေဟာ ကိုယ့်စိတ်ဆန္ဒကိုသွေဖည်ဖို့ဖြစ်လာတဲ့အခါ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအနေနဲ့ ဒီနည်းလမ်းကို ရွေးချယ်လာတာမို့ တစ်ဖက်ကချစ်သူအငှါးစီးပွားဟာလည်း တရုတ်ပြည်မှာ ရေပန်းစားလာရပါတယ်။

အွန်လိုင်းပေါ်မှာ ချစ်သူအငှါးရှာရတာ ကုန်ကျစရိတ်ကမသေးပါဘူး။ ချစ်သူငှါးခအနေနဲ့ တစ်ရက်ကို ဒေါ်လာ ၁၅၀ ကုန်ကျပြီးအပြင် ပွေ့ဖက်တာ၊ နမ်းရှုံ့ရတာတွေအတွက် ယောကျာၤးလေးချစ်သူအငှါးလိုက်သူကို အပိုဆောင်းငွေထပ်ပေးရပါတယ်။ တခြားစရိတ်စကတွေလည်းရှိပါသေးတယ်။

Li ဟာ နောက်ဆုံးမှာတော့ အများလမ်းစဉ်ကိုလိုက်ရပါတော့တယ်။ ချစ်သူရဲ့လက်ကို ရဲရဲကိုင်ဆွဲလို့ မိဘတွေအရှေ့အရောက်သွားနိုင်ခဲ့တယ်။ ဝင့်ကြွားလို့ ဆွေပြမျိုးပြလုပ်နိုင်ခဲ့တယ်။ အယူအဆဟောင်းတွေနဲ့ ပတ်ဝန်းကျင်အစဉ်အလာဆိုးအောက်မှာ သမီးမိန်းကလေးမွေးထားရတဲ့ မိဘတွေကို ခေါင်းမော့ရင်ကော့စေနိုင်ခဲ့ပါတယ်။

မိဘတွေကို ပတ်ဝန်းကျင်ပြောစရာမဖြစ်အောင် စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင် ထားပေးနိုင်ခဲ့ပါတယ်။ မိဘတွေမှာ ပြုံးလို့ရွှင်လို့ မြင်ရတော့ Li မှာလည်း ဘယ်လာမပျော်ပဲနေနိုင်တော့မတုန်း။ မိဘတွေနဲ့ ပတ်ဝန်းကျင်အမြင်မှာတော့ Li ဟာ သမီးအလိမ္မာလေးဖြစ်ခဲ့ပါပြီ။စဉ်းစားကြည့်ရင် တစ်ခါတစ်လေလည်း ဘဝက အူကြောင်ကြောင် နိုင်လှပါတယ်။

Credit - Burmese.asia

Post a Comment

0 Comments