ကေလးေတြမွာ ထိခိုက္ ဒဏ္ရာျဖစ္လာရင္ ဒီ (၇) ခ်က္ကိုဂရုစိုက္ေပးပါ


ေခ်ာ္လဲမယ္ေနာ္၊ ျပဳတ္က်မယ္ေနာ္၊ ထိမိေတာ့မွာပဲ ဆိုတဲ့ စကားသံေတြက ကေလးရွိတဲ့ အိမ္ တိုင္းမွာ ၾကားရေလ့ရွိတဲ့အသံပါ။ အျမဲ ေျပးလႊားလႈပ္ရွား အျငိမ္မေနတတ္တဲ့ ကေလးေလးေတြအတြက္က ပြန္းပဲ့ဒဏ္ရာ၊ ထိခိုက္ဒဏ္ရာဆိုတာ မကင္းနိုင္တဲ့အရာေတြျဖစ္ပါတယ္။ ၾကိဳတင္ကာကြယ္လို႔ရတဲ့အရာေတြရွိေပမယ့္ ကေလး မွာထိခိုက္ဒဏ္ရာရွိလာျပီဆိုရင္ နည္းလမ္းမွန္နဲ႔ ျပဳစုဂရုစိုက္ေပးရမွာ မိဘေတြတာဝန္ပါ။

ထိခိုက္မႈဒဏ္ရာၾကီးရင္ေတာ့ ေဆးရံု၊ေဆးခန္းအျမန္ျပဖို႔လိုအပ္ပါတယ္။ ေတာ္တန္ရံုထိခိုက္ပြန္းပဲ့တာ၊ အေရျပားေပါက္ျပဲတာ၊ ထိရွတာေတြကို အိမ္မွာပဲ ဘယ္လုိဂရုစိုက္ေပးလို႔ရမလဲ ဆိုတာ ဆက္ျပီးဖတ္ၾကည့္ပါဦး။

(၁) ဒဏ္ရာကို ေရနဲ႔ေဆးေၾကာပါ

ကပ္ျငိေနတဲ့ အညစ္အေၾကးေတြသန္႔စင္သြားေအာင္ ဒဏ္ရာကို တစ္မိနစ္ခြဲေလာက္ၾကာေအာင္ ေရေလာင္းခ်ျပီး ေဆးေၾကာေပးပါ။ လိုအပ္ရင္ ဆပ္ျပာအေပ်ာ့စားနဲ႔ ေဆးေၾကာပါ။

(၂) အဝတ္ႏုသန္႔သန္႔နဲ႔ တို႔သုတ္ပါ

ခပ္ဖြဖြ တို႔သုတ္ပါေနာ္။ ဒဏ္ရာကေသြးထြက္ေနတုန္းပဲဆိုရင္ အနာေပၚကေန ငါးမိနစ္ေလာက္ ဖိထားေပးပါ။

(၃) အရက္ျပန္ သို႔မဟုတ္ hydrogen peroxide ေတြမသံုးပါနဲ႔

ဒါေတထည့္ရင္ ပိုစပ္မယ္၊ ေလာင္မယ္၊ ျပီးေတာ့ ထည့္ဖို႔မလိုဘူး လို႔သိထားရပါမယ္။ ဒါ့အျပင္ အရက္ျပန္က အေရျပားကို ေျခာက္ေသြ႕ေစျပီး(ေျခာက္ေသြ႔ရင္ အနာက်က္ေႏွးေစနုိင္တယ္) hydrogen peroxide က က်န္းမာတဲ့ဆဲလ္ေတြရွင္သန္မႈကို အဟန္႔အတားျဖစ္ေစနိုင္ပါတယ္။

(၄) ေဆးထည့္ပါ

အနာကိုသန္႔စင္ျပီးတာနဲ႔ Betadine ေဆးရည္ လိုမ်ိဳး အနာထည့္ေဆးေတြ ထည့္ေပးသင့္ပါတယ္။ ေဆးထည့္ျပီးလည္း ဒီအတိုင္းမထားဘဲ ပလာစတာ ဖံုးအုပ္ေပးထားရမယ္ေနာ္။Povidone-iodine ပါဝင္တဲ့အတြက္ ထိခိုက္ဒဏ္ရာ၊ ပြန္းပဲ့ရွနာမွန္သမွ်ကို အနာအျမန္က်က္ေစတဲ့အျပင္ အပူေလာင္နာအတြက္ပါ သံုးလို႔ရပါတယ္။

ဘက္တီးရီးယား၊ ဗိုင္းရပ္စ္တို႔လို ေရာဂါပိုးမႊားေတြ ႏွိမ္နင္း၊ ကာကြယ္နို္င္တဲ့ေဆးျဖစ္လို႔ အနာပိုးမဝင္ဖို႔ပါ ကာကြယ္ေပးနိုင္ပါတယ္။ အနာကိုေဆးထည့္တာေၾကာက္တဲ့ ကေလးေတြအတြက္က အနာေပၚကေန အသာေလးဖ်န္းလိုက္ရံုနဲ႔ ေဆးရည္စြန္းေပမႈမရွိ၊ အျမန္သက္သာေစတဲ့ Betadine Dry Powder Spray ဆိုတာလည္း ရွိပါတယ္။

(၅) မ်က္ႏွာမွာ ထိခိုက္ခဲ့ရင္ ဒဏ္ရာကို စစ္ေဆးပါ

မ်က္ႏွာမွာ အေသးစားထိခိုက္မႈက လြယ္လြယ္နဲ႔အနာက်က္သြားမွာျဖစ္ေပမယ့္ မ်က္လံုးနား နီးေနသလား ေသခ်ာၾကည့္ပါ။ အနာက မ်က္စိနဲ႔ နီးလြန္းတာ ဒါမွမဟုတ္ ဒဏ္ရာၾကီးရင္ ဆရာဝန္အျမန္ျပပါ။ အေသးစားထိခိုက္ဒဏ္ရာဆိုရင္လည္း မေပါ့ဆဘဲ အနာဂရုစိုက္နည္းမွန္ကန္မွ ကေလးရဲ႕မ်က္ႏွာေလးမွာ အမာရြတ္မက်န္နိုင္မွာပါ။

(၆) အနာကို ဒီအတိုင္းမထားပါနဲ႔

ဆိုလိုတာက အနာကို မဖံုးအုပ္ဘဲ ေလသလပ္ခံတာက အေရျပားကိုေျခာက္ေသြ႔ေစျပီး အနာေဖးတက္ေစတာေၾကာင့္ အနာက်က္ေႏွးေစျပီး ပိုးဝင္ျခင္း၊ အမာရြတ္က်န္ျခင္းေတြ ျဖစ္နိုင္ေျခမ်ားေစပါတယ္။ ကေလးဆိုေတာ့ အနာေဖးေတြေျခာက္လာရင္ ခြာတတ္ၾကတယ္၊ ေဆာ့ရင္းကစားရင္း ညစ္ေပသြားနိုင္တယ္၊ အနာျပန္ပြင့္ျပီးေသြးထြက္ေစနိုင္တယ္။ ေနေရာင္ျခည္နဲ႔ထိေတြ႔ရင္လည္း အမာရြတ္ျဖစ္ေစျပီး အေရျပားဆဲလ္အသစ္ေတြကို ထိခိုက္ပ်က္စီးေစနုိင္တယ္။ ေဆးထည့္ျပီးတဲ့အခါ ပလာစတာ သို႔မဟုတ္ ပတ္တီးနဲ႔ ဖံုးအုပ္ထားမွ အေရျပားအသစ္ျဖစ္ေပၚဖို႔ အေကာင္းဆံုးအေျခအေနဖန္တီးေပးနုိင္မယ္၊ အနာပိုးမဝင္ေအာင္ ကာကြယ္နိုင္မယ္။

(၇) ဒဏ္ရာအေျခအေနကို ေန႔တိုင္း စစ္ေဆးပါ

အနာကို စစ္ေဆးတယ္ဆိုတာ ပလာစတာကို ခြာခြာျပီးၾကည့္ဖို႔မဟုတ္ပါဘူးေနာ္။ ပလာစတာ၊ ပတ္တီးကို တစ္ေန႔တစ္ၾကိမ္ လဲရင္း၊ ေဆးထည့္ရင္း အနာက်က္တဲ့အေျခအေနကို ၾကည့္ဖို႔ပါ။ တစ္ေန႔တစ္ၾကိမ္ဆိုေပမယ့္ ပလာစတာမွာ ေရစိုေနတာ၊ ညစ္ေပေနတာဆိုရင္ အခ်ိန္မေရြး အသစ္လဲရပါမယ္။

တကယ္လို႔ထိခိုက္ဒဏ္ရာက သံစူးတာလိုမ်ိဳး အေရျပားကို စူးမိ၊ထိုးေဖာက္မိတဲ့ဒဏ္ရာဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ျပီး ေမးခိုင္ကာကြယ္ေဆး ထိုးသင့္ရင္ထိုးရပါမယ္။ ဒီလိုအနာအေနအထားက ေမးခိုင္ေရာဂါပိုးကူးစက္ခံရဖို႔ ပိုလြယ္ကူေစတာေၾကာင့္ ပိုဂရုစိုက္သင့္ပါတယ္။

Credit - Hellosayarwon


Unicode Version  


ချော်လဲမယ်နော်၊ ပြုတ်ကျမယ်နော်၊ ထိမိတော့မှာပဲ ဆိုတဲ့ စကားသံတွေက ကလေးရှိတဲ့အိမ်တိုင်းမှာ ကြားရလေ့ရှိတဲ့အသံပါ။ အမြဲ ပြေးလွှားလှုပ်ရှား အငြိမ်မနေတတ်တဲ့ ကလေးလေးတွေအတွက်က ပွန်းပဲ့ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာဆိုတာ မကင်းနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ကြိုတင်ကာကွယ်လို့ရတဲ့အရာတွေရှိပေမယ့် ကလေးမှာထိခိုက်ဒဏ်ရာရှိလာပြီဆိုရင် နည်းလမ်းမှန်နဲ့ ပြုစုဂရုစိုက်ပေးရမှာ မိဘတွေတာဝန်ပါ။

ထိခိုက်မှုဒဏ်ရာကြီးရင်တော့ ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့လိုအပ်ပါတယ်။ တော်တန်ရုံထိခိုက်ပွန်းပဲ့တာ၊ အရေပြားပေါက်ပြဲတာ၊ ထိရှတာတွေကို အိမ်မှာပဲ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။

(၁) ဒဏ်ရာကို ရေနဲ့ဆေးကြောပါ

ကပ်ငြိနေတဲ့ အညစ်အကြေးတွေသန့်စင်သွားအောင် ဒဏ်ရာကို တစ်မိနစ်ခွဲလောက်ကြာအောင် ရေလောင်းချပြီး ဆေးကြောပေးပါ။ လိုအပ်ရင် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပါ။

(၂) အဝတ်နုသန့်သန့်နဲ့ တို့သုတ်ပါ

ခပ်ဖွဖွ တို့သုတ်ပါနော်။ ဒဏ်ရာကသွေးထွက်နေတုန်းပဲဆိုရင် အနာပေါ်ကနေ ငါးမိနစ်လောက် ဖိထားပေးပါ။

(၃) အရက်ပြန် သို့မဟုတ် hydrogen peroxide တွေမသုံးပါနဲ့

ဒါတေထည့်ရင် ပိုစပ်မယ်၊ လောင်မယ်၊ ပြီးတော့ ထည့်ဖို့မလိုဘူး လို့သိထားရပါမယ်။ ဒါ့အပြင် အရက်ပြန်က အရေပြားကို ခြောက်သွေ့စေပြီး(ခြောက်သွေ့ရင် အနာကျက်နှေးစေနိုင်တယ်) hydrogen peroxide က ကျန်းမာတဲ့ဆဲလ်တွေရှင်သန်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

(၄) ဆေးထည့်ပါ

အနာကိုသန့်စင်ပြီးတာနဲ့ Betadine ဆေးရည် လိုမျိုး အနာထည့်ဆေးတွေ ထည့်ပေးသင့်ပါတယ်။ ဆေးထည့်ပြီးလည်း ဒီအတိုင်းမထားဘဲ ပလာစတာ ဖုံးအုပ်ပေးထားရမယ်နော်။Povidone-iodine ပါဝင်တဲ့အတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ရှနာမှန်သမျှကို အနာအမြန်ကျက်စေတဲ့အပြင် အပူလောင်နာအတွက်ပါ သုံးလို့ရပါတယ်။

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တို့လို ရောဂါပိုးမွှားတွေ နှိမ်နင်း၊ ကာကွယ်နိုင်တဲ့ဆေးဖြစ်လို့ အနာပိုးမဝင်ဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။ အနာကိုဆေးထည့်တာကြောက်တဲ့ ကလေးတွေအတွက်က အနာပေါ်ကနေ အသာလေးဖျန်းလိုက်ရုံနဲ့ ဆေးရည်စွန်းပေမှုမရှိ၊ အမြန်သက်သာစေတဲ့ Betadine Dry Powder Spray ဆိုတာလည်း ရှိပါတယ်။

(၅) မျက်နှာမှာ ထိခိုက်ခဲ့ရင် ဒဏ်ရာကို စစ်ဆေးပါ

မျက်နှာမှာ အသေးစားထိခိုက်မှုက လွယ်လွယ်နဲ့အနာကျက်သွားမှာဖြစ်ပေမယ့် မျက်လုံးနား နီးနေသလား သေချာကြည့်ပါ။ အနာက မျက်စိနဲ့ နီးလွန်းတာ ဒါမှမဟုတ် ဒဏ်ရာကြီးရင် ဆရာဝန်အမြန်ပြပါ။ အသေးစားထိခိုက်ဒဏ်ရာဆိုရင်လည်း မပေါ့ဆဘဲ အနာဂရုစိုက်နည်းမှန်ကန်မှ ကလေးရဲ့မျက်နှာလေးမှာ အမာရွတ်မကျန်နိုင်မှာပါ။

(၆) အနာကို ဒီအတိုင်းမထားပါနဲ့

ဆိုလိုတာက အနာကို မဖုံးအုပ်ဘဲ လေသလပ်ခံတာက အရေပြားကိုခြောက်သွေ့စေပြီး အနာဖေးတက်စေတာကြောင့် အနာကျက်နှေးစေပြီး ပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်းတွေ ဖြစ်နိုင်ခြေများစေပါတယ်။ ကလေးဆိုတော့ အနာဖေးတွေခြောက်လာရင် ခွာတတ်ကြတယ်၊ ဆော့ရင်းကစားရင်း ညစ်ပေသွားနိုင်တယ်၊ အနာပြန်ပွင့်ပြီးသွေးထွက်စေနိုင်တယ်။ နေရောင်ခြည်နဲ့ထိတွေ့ရင်လည်း အမာရွတ်ဖြစ်စေပြီး အရေပြားဆဲလ်အသစ်တွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးထည့်ပြီးတဲ့အခါ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားမှ အရေပြားအသစ်ဖြစ်ပေါ်ဖို့ အကောင်းဆုံးအခြေအနေဖန်တီးပေးနိုင်မယ်၊ အနာပိုးမဝင်အောင် ကာကွယ်နိုင်မယ်။

(၇) ဒဏ်ရာအခြေအနေကို နေ့တိုင်း စစ်ဆေးပါ

အနာကို စစ်ဆေးတယ်ဆိုတာ ပလာစတာကို ခွာခွာပြီးကြည့်ဖို့မဟုတ်ပါဘူးနော်။ ပလာစတာ၊ ပတ်တီးကို တစ်နေ့တစ်ကြိမ် လဲရင်း၊ ဆေးထည့်ရင်း အနာကျက်တဲ့အခြေအနေကို ကြည့်ဖို့ပါ။ တစ်နေ့တစ်ကြိမ်ဆိုပေမယ့် ပလာစတာမှာ ရေစိုနေတာ၊ ညစ်ပေနေတာဆိုရင် အချိန်မရွေး အသစ်လဲရပါမယ်။

တကယ်လို့ထိခိုက်ဒဏ်ရာက သံစူးတာလိုမျိုး အရေပြားကို စူးမိ၊ထိုးဖောက်မိတဲ့ဒဏ်ရာဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မေးခိုင်ကာကွယ်ဆေး ထိုးသင့်ရင်ထိုးရပါမယ်။ ဒီလိုအနာအနေအထားက မေးခိုင်ရောဂါပိုးကူးစက်ခံရဖို့ ပိုလွယ်ကူစေတာကြောင့် ပိုဂရုစိုက်သင့်ပါတယ်။

Credit - Hellosayarwon

Post a Comment

0 Comments