အားလပ္ရက္မွာ လည္ပတ္စရာ ပဲခူး႐ိုးမထဲမွာ အပန္းေျဖမယ္​


ဒီတစ္ပတ္ေတာ့ ရန္ကုန္ၿမိဳ႕နဲ႔ မိုင္ ၂၀၀ ေလာက္အကြာမွာ တည္ရွိတဲ့ ပဲခူး႐ိုးမေတာထဲကို အလည္သြားရေအာင္ပါ။ ၿမိဳ႕ျပရဲ႕ မြန္းက်ပ္မႈေတြထဲက တစ္ခဏတာ ေရွာင္ထြက္ၿပီး သဘာ၀ေတာတြင္း အရသာစစ္စစ္ကို ခံစားႏိုင္မယ့္ ပဲခူး႐ိုးမေတာအတြင္းမွာ အသစ္ဖြင့္လွစ္လိုက္တဲ့ Bago Yoma Eco Resort ကို သြားေရာက္လည္ပတ္ႏုိင္ဖို႔ လမ္းၫႊန္ခ်င္ပါတယ္။

ဒီအပန္းေျဖစခန္းက ျမန္မာႏုိင္ငံရဲ႕ ထင္ရွားတဲ့ ပဲခူး႐ိုးမျဖတ္လမ္းတစ္ခုျဖစ္တဲ့ ျပည္-ေပါက္ေခါင္း-အုတ္တြင္း ကားလမ္း ၄၃ မိုင္မွာ တည္ရွိပါတယ္။ ပဲခူး႐ိုးမအတြင္းက ကၽြန္းစိုက္ခင္းေတြအနီး သဘာ၀ ေတာတြင္းမွာ တည္ေဆာက္ထားတာျဖစ္လို႔ သဘာ၀အရသာကို အျပည့္အ၀ ခံစားရေစမွာပါ။

Bago Yoma Eco Resort ကို သြားေရာက္လိုသူမ်ားအေနျဖင့္ ရန္ကုန္-ျပည္လမ္းကျဖစ္ေစ၊ ရန္ကုန္-မႏၲေလး အျမန္လမ္းမ ႀကီးကျဖစ္ေစ သြားေရာက္ႏုိင္ပါတယ္။ ကိုယ္ပိုင္ကားနဲ႔ မဟုတ္ ဘဲ အေ၀းေျပးကားနဲ႔ သြားေရာက္လုိသူမ်ားအတြက္ေတာ့ ျပည္ၿမိဳ႕ဘက္က သြားေရာက္တာ ပိုအဆင္ေျပပါတယ္။ ရန္ကုန္က ေပါက္ေခါင္းၿမိဳ႕ကို တုိက္႐ိုက္အေ၀းေျပးကားလိုင္း စီးသြားႏုိင္ၿပီး ေပါက္ေခါင္းကတစ္ဆင့္ မိုင္ ၂၀ ခန္႔ ထပ္မံသြားေရာက္ရတဲ့ အဆုိပါ Resort သိ႔ု ဆုိင္ကယ္ကယ္ရီနဲ႔ျဖစ္ေစ၊ ေပါက္ေခါင္း- အုတ္တြင္းသြား ယာဥ္လိုင္းေတြနဲ႔ျဖစ္ေစ သြားေရာက္ႏုိင္္ပါတယ္။

Bago Yoma Eco Resort လုိ႔ ေရးသားထားတဲ့ ၀င္ေပါက္ကို ျဖတ္ေက်ာ္လိုက္တာနဲ႔ စိမ္းစိမ္းစိုစိုရွိလွတဲ့ ေတာအုပ္အတြင္းမွာ လွပၿပီး အျမင္ဆန္းျပားတဲ့ သစ္သားအေဆာက္အအံုေတြကို ေတြ႕ရမွာပါ။ ဒီ Resort အတြင္းက ဧည့္ႀကိဳခန္းမေဆာင္အပါအ၀င္ တည္းခုိအိပ္ေဆာင္၊ စားေသာက္ေဆာင္ေတြကို သဘာ၀သစ္ေတြနဲ႔သာ အလွဆင္ ေဆာက္လုပ္ထားတဲ့အတြက္ သဘာ၀ အေငြ႕အသက္ႏွစ္သက္သူမ်ား သေဘာက်ႏွစ္ၿခိဳက္ေစမွာျဖစ္ပါတယ္။ တည္းခုိအိပ္ေဆာင္ေတြကေတာ့ အမ်ိဳးအစားအလိုက္ ေျခတံရွည္ပံုစံ လံုးခ်င္းအိမ္မ်ား၊ အခန္းတဲြရွည္ေတြနဲ႔ တည္ေဆာက္ထားပါတယ္။

    

တည္းခုိခႏႈန္းထားအေနနဲ႔ အခန္းအမ်ိဳးအစားအလုိက္ ျမန္မာေငြ ကိုးေသာင္းက်ပ္ကေန ေလးသိန္းက်ပ္အထိ သတ္မွတ္ထားၿပီး မိုးတြင္းကာလ အထူးအစီအစဥ္အေနနဲ႔ ေအာက္တိုဘာလကုန္ခန္႔အထိ ၅၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးမွာျဖစ္ပါတယ္။ အဆိုပါ Resort ဟာ ပဲခူး႐ိုးမေတာအတြင္း တည္ေဆာက္ထားတာျဖစ္လုိ႔ ေတာတြင္းေနထိုင္မႈပံုစံကို ခံစားရရွိႏုိင္သလို ပဲခူး႐ိုးမေတာတြင္း လမ္းေလွ်ာက္ျခင္းကိုလည္း ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ ေတာတြင္းဆင္စီးတာ၊ စက္ဘီးစီးတာ၊ အနီးအပါးက ကရင္တိုင္းရင္းသားေက်းရြာမ်ားကို ေလ့လာႏုိင္တာ၊ ငွက္၀ါသနာရွင္ေတြအတြက္ ငွက္မ်ိဳးစိတ္ေတြကို ေတာတြင္း လွည့္လည္ၾကည့္႐ႈႏုိင္တာ၊ သက္တမ္းရင့္ ကၽြန္းပင္ေတြတည္ရွိတဲ့ သစ္ေတာႀကိဳး၀ုိင္းမ်ားကိုလည္း ေလ့လာႏိုင္ပါတယ္။

Resort က အပန္းေျဖအနားယူၿပီးၿပီဆုိရင္ေတာ့ အျပန္လမ္း မွာရွိတဲ့ ျပည္ၿမိဳ႕ကို ၀င္ေရာက္လည္ပတ္ႏုိင္ပါေသးတယ္။ ကမၻာ့အေမြအႏွစ္စာရင္း၀င္ ေရွးေဟာင္းပ်ဴၿမိဳ႕ေတာ္သစ္တစ္ခု ျဖစ္တဲ့ သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းဟာ ျပည္ၿမိဳ႕အ၀င္ ေပါက္ေခါင္း-ျပည္လမ္းမရဲ႕ ဘယ္ဘက္မွာပဲ တည္ရွိပါတယ္။ ယူနက္စကို အသိအမွတ္ျပဳ ေရွးေဟာင္းၿမိဳ႕ေတာ္တစ္ခုျဖစ္တဲ့ သေရေခတၱရာ ၿမိဳ႕ေဟာင္းအတြင္းမွာ ပ်ဴေခတ္လက္ရာ ေစတီ၊ အေဆာက္အအံုနဲ႔ ပ်ဴသခ်ႋဳင္းေတြကို ေလ့လာႏုိင္သလို သေရေခတၱရာျပတိုက္ကိုလည္း ၀င္ေရာက္ေလ့လာႏုိင္ပါတယ္။ ဒီကမွတစ္ဆင့္ ျပည္ၿမိဳ႕အတြင္းရွိ ေရႊဆံေတာ္ဘုရားအပါအ၀င္ လည္ပတ္စရာေနရာေတြကိုလည္း သြားေရာက္လည္ပတ္ႏုိင္ပါတယ္။

ဒီ Bago Yoma Eco Resort ကို သြားေရာက္လည္ပတ္မယ္ဆို ရင္ေတာ့ ရန္ကုန္႐ံုး ဖုန္း ၀၁- ၄၀၀၆၃၆၊ ဖုန္း ၀၁-၅၅၆၇၉၆ ကို ဆက္သြယ္ႏုိင္ပါတယ္။
ဒါ့အျပင္ အဲဒီ Resort ကို တိုက္႐ိုက္ ဆက္သြယ္လိုပါက ဖုန္း ၀၉-၃၃၄၄၅၅၆၆၊ ၀၉-၄၄၅၅၆၆၀၀၀ တို႔သို႔ ဆက္သြယ္ သြားေရာက္ႏိုင္ပါတယ္။

ၿမိဳ႕ျပရဲ႕ အေငြ႕အသက္ေတြကေန ကင္းေ၀းၿပီး ေတာတြင္းအရသာကို ခံစားခ်င္တယ္ဆုိရင္ Bago Yoma Eco Resort ကို သြား ေရာက္လည္ပတ္သင့္တဲ့ ေနရာ တစ္ခုအျဖစ္ လမ္းၫႊန္လိုက္ပါတယ္။



Unicode Version     


ဒီတစ်ပတ်တော့ ရန်ကုန်မြို့နဲ့ မိုင် ၂၀၀ လောက်အကွာမှာ တည်ရှိတဲ့ ပဲခူးရိုးမတောထဲကို အလည်သွားရအောင်ပါ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေထဲက တစ်ခဏတာ ရှောင်ထွက်ပြီး သဘာဝတောတွင်း အရသာစစ်စစ်ကို ခံစားနိုင်မယ့် ပဲခူးရိုးမတောအတွင်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Bago Yoma Eco Resort ကို သွားရောက်လည်ပတ်နိုင်ဖို့ လမ်းညွှန်ချင်ပါတယ်။

ဒီအပန်းဖြေစခန်းက မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပဲခူးရိုးမဖြတ်လမ်းတစ်ခုဖြစ်တဲ့ ပြည်-ပေါက်ခေါင်း-အုတ်တွင်း ကားလမ်း ၄၃ မိုင်မှာ တည်ရှိပါတယ်။ ပဲခူးရိုးမအတွင်းက ကျွန်းစိုက်ခင်းတွေအနီး သဘာ၀ တောတွင်းမှာ တည်ဆောက်ထားတာဖြစ်လို့ သဘာဝအရသာကို အပြည့်အ၀ ခံစားရစေမှာပါ။

Bago Yoma Eco Resort ကို သွားရောက်လိုသူများအနေဖြင့် ရန်ကုန်-ပြည်လမ်းကဖြစ်စေ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးကဖြစ်စေ သွားရောက်နိုင်ပါတယ်။ ကိုယ်ပိုင်ကားနဲ့ မဟုတ် ဘဲ အဝေးပြေးကားနဲ့ သွားရောက်လိုသူများအတွက်တော့ ပြည်မြို့ဘက်က သွားရောက်တာ ပိုအဆင်ပြေပါတယ်။ ရန်ကုန်က ပေါက်ခေါင်းမြို့ကို တိုက်ရိုက်အဝေးပြေးကားလိုင်း စီးသွားနိုင်ပြီး ပေါက်ခေါင်းကတစ်ဆင့် မိုင် ၂၀ ခန့် ထပ်မံသွားရောက်ရတဲ့ အဆိုပါ Resort သိ့ု ဆိုင်ကယ်ကယ်ရီနဲ့ဖြစ်စေ၊ ပေါက်ခေါင်း- အုတ်တွင်းသွား ယာဉ်လိုင်းတွေနဲ့ဖြစ်စေ သွားရောက်နိုင်ပါတယ်။

Bago Yoma Eco Resort လို့ ရေးသားထားတဲ့ ဝင်ပေါက်ကို ဖြတ်ကျော်လိုက်တာနဲ့ စိမ်းစိမ်းစိုစိုရှိလှတဲ့ တောအုပ်အတွင်းမှာ လှပပြီး အမြင်ဆန်းပြားတဲ့ သစ်သားအဆောက်အအုံတွေကို တွေ့ရမှာပါ။ ဒီ Resort အတွင်းက ဧည့်ကြိုခန်းမဆောင်အပါအဝင် တည်းခိုအိပ်ဆောင်၊ စားသောက်ဆောင်တွေကို သဘာဝသစ်တွေနဲ့သာ အလှဆင် ဆောက်လုပ်ထားတဲ့အတွက် သဘာ၀ အငွေ့အသက်နှစ်သက်သူများ သဘောကျနှစ်ခြိုက်စေမှာဖြစ်ပါတယ်။ တည်းခိုအိပ်ဆောင်တွေကတော့ အမျိုးအစားအလိုက် ခြေတံရှည်ပုံစံ လုံးချင်းအိမ်များ၊ အခန်းတွဲရှည်တွေနဲ့ တည်ဆောက်ထားပါတယ်။

တည်းခိုခနှုန်းထားအနေနဲ့ အခန်းအမျိုးအစားအလိုက် မြန်မာငွေ ကိုးသောင်းကျပ်ကနေ လေးသိန်းကျပ်အထိ သတ်မှတ်ထားပြီး မိုးတွင်းကာလ အထူးအစီအစဉ်အနေနဲ့ အောက်တိုဘာလကုန်ခန့်အထိ ၅၀ ရာခိုင်နှုန်း လျှော့ချပေးမှာဖြစ်ပါတယ်။ အဆိုပါ Resort ဟာ ပဲခူးရိုးမတောအတွင်း တည်ဆောက်ထားတာဖြစ်လို့ တောတွင်းနေထိုင်မှုပုံစံကို ခံစားရရှိနိုင်သလို ပဲခူးရိုးမတောတွင်း လမ်းလျှောက်ခြင်းကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် တောတွင်းဆင်စီးတာ၊ စက်ဘီးစီးတာ၊ အနီးအပါးက ကရင်တိုင်းရင်းသားကျေးရွာများကို လေ့လာနိုင်တာ၊ ငှက်ဝါသနာရှင်တွေအတွက် ငှက်မျိုးစိတ်တွေကို တောတွင်း လှည့်လည်ကြည့်ရှုနိုင်တာ၊ သက်တမ်းရင့် ကျွန်းပင်တွေတည်ရှိတဲ့ သစ်တောကြိုးဝိုင်းများကိုလည်း လေ့လာနိုင်ပါတယ်။

Resort က အပန်းဖြေအနားယူပြီးပြီဆိုရင်တော့ အပြန်လမ်း မှာရှိတဲ့ ပြည်မြို့ကို ဝင်ရောက်လည်ပတ်နိုင်ပါသေးတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းပျူမြို့တော်သစ်တစ်ခု ဖြစ်တဲ့ သရေခေတ္တရာပျူမြို့ဟောင်းဟာ ပြည်မြို့အဝင် ပေါက်ခေါင်း-ပြည်လမ်းမရဲ့ ဘယ်ဘက်မှာပဲ တည်ရှိပါတယ်။ ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ သရေခေတ္တရာ မြို့ဟောင်းအတွင်းမှာ ပျူခေတ်လက်ရာ စေတီ၊ အဆောက်အအုံနဲ့ ပျူသင်္ချိုင်းတွေကို လေ့လာနိုင်သလို သရေခေတ္တရာပြတိုက်ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီကမှတစ်ဆင့် ပြည်မြို့အတွင်းရှိ ရွှေဆံတော်ဘုရားအပါအဝင် လည်ပတ်စရာနေရာတွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒီ Bago Yoma Eco Resort ကို သွားရောက်လည်ပတ်မယ်ဆို ရင်တော့ ရန်ကုန်ရုံး ဖုန်း ၀၁- ၄၀၀၆၃၆၊ ဖုန်း ၀၁-၅၅၆၇၉၆ ကို ဆက်သွယ်နိုင်ပါတယ်။
ဒါ့အပြင် အဲဒီ Resort ကို တိုက်ရိုက် ဆက်သွယ်လိုပါက ဖုန်း ၀၉-၃၃၄၄၅၅၆၆၊ ၀၉-၄၄၅၅၆၆၀၀၀ တို့သို့ ဆက်သွယ် သွားရောက်နိုင်ပါတယ်။

မြို့ပြရဲ့ အငွေ့အသက်တွေကနေ ကင်းဝေးပြီး တောတွင်းအရသာကို ခံစားချင်တယ်ဆိုရင် Bago Yoma Eco Resort ကို သွား ရောက်လည်ပတ်သင့်တဲ့ နေရာ တစ်ခုအဖြစ် လမ်းညွှန်လိုက်ပါတယ်။

Post a Comment

0 Comments