လပ္ေတာ့တစ္လံုးလိုခ်င္လို Game of Thrones မွာ သရုပ္ေဆာင္ခဲ့တဲ့မင္းသမီး


Game of Thrones ဇာတ္လမ္းတြဲနဲ႕နာမည္ၾကီးလာသူတစ္ေယာက္ျဖစ္တဲ့ Maisie Williiamsဟာ သူမအေနနဲ႔လပ္ပ္ေတာ့တစ္လံုုးလိုခ်င္လို႔ ဒီဇာတ္လမ္းတြဲမွာ ပါဝင္ခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။ Game of Thronesဇာတ္ကားမွာ သူစတင္သရုပ္ေဆာင္ခဲ့တဲ့အခ်ိန္က အသက္၁၂ႏွစ္အရြယ္ပဲ ရွိပါေသးတယ္။

အခုအသက္၁၉ ႏွစ္ျဖစ္လာခဲ့တဲ့အထိ သူပါဝင္ခဲ့တဲ့ Game of Thrones ကေအာင္ျမင္ေနဆဲပါပဲ။ သူမအေနနဲ႔Saturn Awardဆိုတဲ့ လူငယ္သရုပ္ေဆာင္ဆုကိုလည္း ရရွိခဲ့ျပီးျဖစ္သလိုု အျခားဆုေတြလည္းရရွိထားပါတယ္။ဒါေပမယ့္ ဒီလိုုမ်ိဳးေအာင္ျမင္ဖို႔ အစကရည္မွန္းျပီး သရုပ္ေဆာင္ျဖစ္ခဲ့တာေတာ့မဟုတ္ပါဘူး။ ဒီဇာတ္လမ္းတြဲအတြက္သရုပ္ေဆာင္ေတြေရြးေတာ့ သူဝင္ျပိဳင္ခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ လပ္ေတာ့အသစ္တစ္လံုးလိုခ်င္လိုု႔ပါတဲ့။


“ကြ်န္မအရမ္းကို စိတ္ဝင္စားခဲ့တဲ့အရာက ကြ်န္မပိုက္ဆံနဲ႔ကြ်န္မ လက္ပ္ေတာ့တစ္လံုးဝယ္ခ်င္ခဲ့တာပါ။ ကြ်န္မရ့ဲ့ပေထြး Garyက ကြ်န္မကိုၾကည့္ျပီး Maisieေရ လပ္ေတာ့၂လံုး၊ သံုလံုးေလာက္အထိ ပိုက္ဆံနင္ရနုုိင္တယ္ေနာ္”လိုု႔ ကြ်န္မကို ေျပာခဲ့ပါတယ္။

“ရုတ္တရက္ၾကီး ကြ်န္မရဲ့အကသင္တန္းဖိုးေတြ၊ ေက်ာင္းစရိတ္ေတြ၊ ကြ်န္မအေဖနဲ႔အေမေပးခဲ့ရတဲ့အရာေတြအားလံုးကို ကြ်န္မဘာသာေပးနုုိင္ေလာက္ေအာင္ ေျပာင္းလဲခဲ့တယ္”လို႔ သူမကဆိုပါတယ္။

Game of Thronesရဲ့ seasonအသစ္က ျပန္စေတာ့မွာျဖစ္ျပီးေနာက္ဆံုးျပီးခဲ့တဲ့အခန္းမွာေတာ့ Arya ဟာ မ်က္လံုးကန္းသြားခဲ့ပါတယ္။ အခုေတာ့ ဘာဆက္ျဖစ္မလဲဆိုတာ စိတ္လႈပ္ရွားစြာ ဆက္လက္ၾကည့္ရႈရေတာ့မွာပါ။ သူမဟာGame of Thrones အျပင္ The Devil And The Deep Blue Sea မွာ Jessica Biel, Jason Sudeikisတုိ႔နဲ႔ ပါဝင္သရုပ္ေဆာင္ရဖို႔ရွိေနပါတယ္။

Credit - Shwemom


Unicode Version   


Game of Thrones ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာသူတစ်ယောက်ဖြစ်တဲ့ Maisie Williiamsဟာ သူမအနေနဲ့လပ်ပ်တော့တစ်လုံးလိုချင်လို့ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ Game of Thronesဇာတ်ကားမှာ သူစတင်သရုပ်ဆောင်ခဲ့တဲ့အချိန်က အသက်၁၂နှစ်အရွယ်ပဲ ရှိပါသေးတယ်။

အခုအသက်၁၉ နှစ်ဖြစ်လာခဲ့တဲ့အထိ သူပါဝင်ခဲ့တဲ့ Game of Thrones ကအောင်မြင်နေဆဲပါပဲ။ သူမအနေနဲ့Saturn Awardဆိုတဲ့ လူငယ်သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့ပြီးဖြစ်သလို အခြားဆုတွေလည်းရရှိထားပါတယ်။ဒါပေမယ့် ဒီလိုမျိုးအောင်မြင်ဖို့ အစကရည်မှန်းပြီး သရုပ်ဆောင်ဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းတွဲအတွက်သရုပ်ဆောင်တွေရွေးတော့ သူဝင်ပြိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ လပ်တော့အသစ်တစ်လုံးလိုချင်လို့ပါတဲ့။


“ကျွန်မအရမ်းကို စိတ်ဝင်စားခဲ့တဲ့အရာက ကျွန်မပိုက်ဆံနဲ့ကျွန်မ လက်ပ်တော့တစ်လုံးဝယ်ချင်ခဲ့တာပါ။ ကျွန်မရဲ့ပထွေး Garyက ကျွန်မကိုကြည့်ပြီး Maisieရေ လပ်တော့၂လုံး၊ သုံလုံးလောက်အထိ ပိုက်ဆံနင်ရနိုင်တယ်နော်”လို့ ကျွန်မကို ပြောခဲ့ပါတယ်။

“ရုတ်တရက်ကြီး ကျွန်မရဲ့အကသင်တန်းဖိုးတွေ၊ ကျောင်းစရိတ်တွေ၊ ကျွန်မအဖေနဲ့အမေပေးခဲ့ရတဲ့အရာတွေအားလုံးကို ကျွန်မဘာသာပေးနိုင်လောက်အောင် ပြောင်းလဲခဲ့တယ်”လို့ သူမကဆိုပါတယ်။

Game of Thronesရဲ့ seasonအသစ်က ပြန်စတော့မှာဖြစ်ပြီးနောက်ဆုံးပြီးခဲ့တဲ့အခန်းမှာတော့ Arya ဟာ မျက်လုံးကန်းသွားခဲ့ပါတယ်။ အခုတော့ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရတော့မှာပါ။ သူမဟာGame of Thrones အပြင် The Devil And The Deep Blue Sea မှာ Jessica Biel, Jason Sudeikisတို့နဲ့ ပါဝင်သရုပ်ဆောင်ရဖို့ရှိနေပါတယ်။

Credit - Shwemom

Post a Comment

0 Comments