Game of Thrones ဇာတ္လမ္းတြဲမွ လူထြားႀကီး MAG THE MIGHTY ကြယ္လြန္


နာမည္ႀကီး တီဗီဇာတ္လမ္းတြဲ Game of Thrones မွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ၿဗိတိန္ႏုိင္ငံရဲ႕ အရပ္အ႐ွည္ဆုံး အမ်ဳိးသား မင္းသားနီးလ္ဖင္ဂ္လီတန္ဟာ ႏွလုံး ေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ေၾကာင္း လန္ဒန္အေျခစိုက္ Tall Persons Club က ေျပာပါတယ္။ အရပ္အျမင့္ ၇ ေပ ၇ လက္မ႐ွိတဲ့ နီးလ္ဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၃၆ ႏွစ္အ႐ြယ္ျဖစ္ၿပီး HBO က ထုတ္လႊင္ျပသတဲ့ Game of Thrones မွာ အရပ္ျမင့္မားတဲ့ လူထြားႀကီး Mag The Mighty ဇာတ္ေကာင္ေနရာမွ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ၿဗိတိန္ႏုိင္ငံရဲ႕ အရပ္အျမင့္ဆုံးအမ်ဳိးသား နီးလ္ဟာ စေနေန႕ (ေဖေဖၚဝါရီ ၂၅ ရက္) က ကြယ္လြန္သြားခဲ့ေၾကာင္း Tall Person Club က ၎တုိ႕ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Game of Thrones မွ လူထြားႀကီး Mag The Mighty
နီးလ္ဟာ အဂၤလန္ေျမာက္ပိုင္း ဒါဟမ္မွာ ၁၉၈၀ ျပည့္ႏွစ္က ေမြးဖြားခဲ့သူျဖစ္ပါတယ္။ ေျမာက္ကာ႐ိုလိုင္းနား တကၠသုိလ္မွာ ပညာသင္ဆုရ႐ွိခဲ့ၿပီးေနာက္ ပေရာ္ဖက္႐ွင္နယ္ ဘက္စကက္ေဘာ ကစားသမားအျဖစ္ အေမရိကန္နဲ႕ စပိန္ႏုိင္ငံမွ အသင္းေတြမွာ ကစားခဲ့သူျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္မွာ ဒဏ္ရာရ႐ွိခဲ့ၿပီးေနာက္ ဘက္စကက္ေဘာ ကစားသမားအျဖစ္မွ ေစာစီးစြာ အနားယူခဲ့ရပါတယ္။ ဘက္စကက္ေဘာ ကစားသသမားအျဖစ္မွ အနားယူခဲ့ၿပီးေနာက္ နီးလ္က သ႐ုပ္ေဆာင္အျဖစ္ ေျခလွမ္းစတင္ခဲ့ပါတယ္။ X-Men: First Class နဲ႕ Jupiter Ascending ဇာတ္ကားေတြမွာ နီးလ္ ပါဝင္ခဲ့ၿပီး Doctor Who သိပၸံဇာတ္လမ္းတြဲမွာလည္း သ႐ုပ္ေဆာင္ထားပါတယ္။

ၿဗိတိန္ႏုိင္ငံရဲ႕ အရပ္အျမင့္ဆုံး အမ်ဳိးသား နီးလ္
နီးလ္ဟာ ၂၀၁၄ ခုႏွစ္မွာ နာမည္ႀကီး Game of Thrones တီဗီဇာတ္လမ္းတြဲမွာ Mag The Mighty အျဖစ္ စတင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ နီးလ္ဟာ အသက္ ၁၁ အ႐ြယ္မွာ အရပ္ ၆ ေပ ၉ လက္မ ႐ွိခဲ့ၿပီး ဆက္လက္ျမင့္လာခဲ့ရာ အသက္ ၁၈ ႏွစ္အ႐ြယ္မွာ အရပ္႐ွည္မႈ ရပ္တန္႕သြားခဲ့ေၾကာင္း ၂၀၀၆ ခုႏွစ္က Guiness Book of Records နဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျဖၾကားထားပါတယ္။ “ကၽြန္ေတာ့္ အရပ္အျမင့္နဲ႕ ပတ္သက္ၿပီး ဘယ္တုန္းကမွ ကုိယ့္ဘာသာ သတိထားမေနခဲ့ပါဘူး” လုိ႕ နီးလ္က အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ “အရပ္႐ွည္တာက ကၽြန္ေတာ့္ဘဝမွာ ဘယ္တုန္းကမွ မေကာင္းတဲ့အေျခအေန မျဖစ္ခဲ့ဘူး၊ အဓိပၸါယ္မ႐ွိတဲ့ မွတ္ခ်က္ေတြ၊ ေမးခြန္းေတြကသာ အရပ္႐ွည္ျခင္းရဲ႕ မေကာင္းတဲ့အခ်က္ ျဖစ္ပါတယ္၊ ဒါေတြကလြဲရင္ အရပ္႐ွည္တာဟာ အလြန္ေကာင္းပါတယ္” လုိ႕လည္း နီးလ္က ဆုိပါတယ္။
တစ္ခ်ိန္က ဘက္စကက္ေဘာ ကစားသမား နီးလ္

ကမာၻ႕အရပ္အ႐ွည္ဆုံး သက္႐ွိထင္႐ွား ႐ွိေနေသးသူမ်ား

၁။ တူရကီႏုိင္ငံမွ ဆူလ္တန္ ကုိစန္ (Sultan Kosen) – ၈ ေပ ၃ လက္
၂။ ေမာ္႐ုိကုိႏုိင္ငံမွ ဘရာဟမ္တကီအုိလာ (Brahim Takioullah) – ၈ ေပ ၁ လက္မ
၃။ အီရန္ႏုိင္ငံမွ ေမာ္တီဇာ မီဟဇက္ဒ္ (Morteza Mehrzad) – ၈ ေပ ၁ လက္မ
၄။ အိႏၵိယႏုိင္ငံမွ ဒါမင္ဒရာပရာတက္ပ္ဆင္း (Dharmendra Pratap Singh) – ၈ ေပ ၁ လက္မ
၅။ တ႐ုတ္ႏိုင္ငံမွ ဇန္ဂ်ဴကုိင္း (Zhang Juncai) – ၇ ေပ ၁၁ လက္မေက်ာ္

Source & Photo: HBO, FoxNews
Credit - Duwun


Unicode Version     


နာမည်ကြီး တီဗီဇာတ်လမ်းတွဲ Game of Thrones မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဗြိတိန်နိုင်ငံရဲ့ အရပ်အရှည်ဆုံး အမျိုးသား မင်းသားနီးလ်ဖင်ဂ်လီတန်ဟာ နှလုံး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း လန်ဒန်အခြေစိုက် Tall Persons Club က ပြောပါတယ်။ အရပ်အမြင့် ၇ ပေ ၇ လက်မရှိတဲ့ နီးလ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်အရွယ်ဖြစ်ပြီး HBO က ထုတ်လွှင်ပြသတဲ့ Game of Thrones မှာ အရပ်မြင့်မားတဲ့ လူထွားကြီး Mag The Mighty ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အရပ်အမြင့်ဆုံးအမျိုးသား နီးလ်ဟာ စနေနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) က ကွယ်လွန်သွားခဲ့ကြောင်း Tall Person Club က ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Game of Thrones မှ လူထွားကြီး Mag The Mighty
နီးလ်ဟာ အင်္ဂလန်မြောက်ပိုင်း ဒါဟမ်မှာ ၁၉၈၀ ပြည့်နှစ်က မွေးဖွားခဲ့သူဖြစ်ပါတယ်။ မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှာ ပညာသင်ဆုရရှိခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ဘက်စကက်ဘော ကစားသမားအဖြစ် အမေရိကန်နဲ့ စပိန်နိုင်ငံမှ အသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဘက်စကက်ဘော ကစားသမားအဖြစ်မှ စောစီးစွာ အနားယူခဲ့ရပါတယ်။ ဘက်စကက်ဘော ကစားသသမားအဖြစ်မှ အနားယူခဲ့ပြီးနောက် နီးလ်က သရုပ်ဆောင်အဖြစ် ခြေလှမ်းစတင်ခဲ့ပါတယ်။ X-Men: First Class နဲ့ Jupiter Ascending ဇာတ်ကားတွေမှာ နီးလ် ပါဝင်ခဲ့ပြီး Doctor Who သိပ္ပံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်ထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အရပ်အမြင့်ဆုံး အမျိုးသား နီးလ်
နီးလ်ဟာ ၂၀၁၄ ခုနှစ်မှာ နာမည်ကြီး Game of Thrones တီဗီဇာတ်လမ်းတွဲမှာ Mag The Mighty အဖြစ် စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ နီးလ်ဟာ အသက် ၁၁ အရွယ်မှာ အရပ် ၆ ပေ ၉ လက်မ ရှိခဲ့ပြီး ဆက်လက်မြင့်လာခဲ့ရာ အသက် ၁၈ နှစ်အရွယ်မှာ အရပ်ရှည်မှု ရပ်တန့်သွားခဲ့ကြောင်း ၂၀၀၆ ခုနှစ်က Guiness Book of Records နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။ “ကျွန်တော့် အရပ်အမြင့်နဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ကိုယ့်ဘာသာ သတိထားမနေခဲ့ပါဘူး” လို့ နီးလ်က အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် “အရပ်ရှည်တာက ကျွန်တော့်ဘဝမှာ ဘယ်တုန်းကမှ မကောင်းတဲ့အခြေအနေ မဖြစ်ခဲ့ဘူး၊ အဓိပ္ပါယ်မရှိတဲ့ မှတ်ချက်တွေ၊ မေးခွန်းတွေကသာ အရပ်ရှည်ခြင်းရဲ့ မကောင်းတဲ့အချက် ဖြစ်ပါတယ်၊ ဒါတွေကလွဲရင် အရပ်ရှည်တာဟာ အလွန်ကောင်းပါတယ်” လို့လည်း နီးလ်က ဆိုပါတယ်။
တစ်ချိန်က ဘက်စကက်ဘော ကစားသမား နီးလ်

ကမ္ဘာ့အရပ်အရှည်ဆုံး သက်ရှိထင်ရှား ရှိနေသေးသူများ

၁။ တူရကီနိုင်ငံမှ ဆူလ်တန် ကိုစန် (Sultan Kosen) – ၈ ပေ ၃ လက်
၂။ မော်ရိုကိုနိုင်ငံမှ ဘရာဟမ်တကီအိုလာ (Brahim Takioullah) – ၈ ပေ ၁ လက်မ
၃။ အီရန်နိုင်ငံမှ မော်တီဇာ မီဟဇက်ဒ် (Morteza Mehrzad) – ၈ ပေ ၁ လက်မ
၄။ အိန္ဒိယနိုင်ငံမှ ဒါမင်ဒရာပရာတက်ပ်ဆင်း (Dharmendra Pratap Singh) – ၈ ပေ ၁ လက်မ
၅။ တရုတ်နိုင်ငံမှ ဇန်ဂျူကိုင်း (Zhang Juncai) – ၇ ပေ ၁၁ လက်မကျော်

Source & Photo: HBO, FoxNews
Credit - Duwun

Post a Comment

0 Comments