သင့္ကိုျပန္မခ်စ္တဲ့ Crush ကို ဒီနည္းလမ္းေတြနဲ႔ ျပန္ေခ်ခဲ့လိုက္ပါ


လူတိုင္းမွာ ကိုယ့္ဖက္က တစ္ဖက္သတ္ႀကိတ္ေႂကြေနရတဲ့ Crush ေလးတစ္ေယာက္ေတာ့ ရွိဖူးၾကမွာပါ။ လူတစ္ေယာက္ကို တစ္ဖက္သတ္ခ်စ္ရတာ လုံးဝကိုမလြယ္ကူမွန္း ခ်စ္ဖူးတဲ့သူတိုင္း သိၾကပါတယ္။ ကိုယ့္ဖက္က ဘယ္ေလာက္ခ်စ္ခ်စ္ ကိုယ့္ကိုေခ်ေနတာမ်ိဳး၊ ခ်စ္မွန္းသိလို႔ ကလိကလိျဖစ္ေအာင္ လုပ္ၿပီးမွ ေနာက္တစ္ေယာက္ တြဲသြားတာမ်ိဳးေတြကေတာ့ လုံးဝမခံခ်င္စရာပါပဲေနာ္။ ဒီေတာ့ ကိုယ့္ကိုျပန္မခ်စ္တဲ့ Crush ကိုျပန္ေခ်ႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လုံးဝစကားမေျပာပါနဲ႔ေတာ့
ကိုယ့္ကို လုံးဝျပန္မခ်စ္မွန္းေသခ်ာေနၿပီ၊ ကိုယ့္ကို ခ်စ္သလိုလို၊ ဟိုလိုလိုဒီလိုလို ေမွ်ာ္လင့္ခ်က္ေတြေပးၿပီး ႀကိဳးရွည္ရွည္နဲ႔ ဆြဲထားတဲ့ Crush မ်ိဳးဆိုရင္ေတာ့ ခုကစၿပီး စကားမေျပာပါနဲ႔ေတာ့။ ကိုယ့္ဖက္ကစၿပီး စကားသြားမေျပာမိေစဖို႔ သတိထားပါ။ ၿပီးရင္ သူ႔ရဲ႕ post ေတြေအာက္မွာ Like , comment ေတြေပးတာမ်ိဳး လုံးဝမလုပ္ပါနဲ႔။ သင့္ဖက္က ႐ုတ္တရက္ အဆက္ျဖတ္လိုက္တဲ့အခါ သူ႔စိတ္ထဲ ဟာတာတာျဖစ္ေနမွာပါ။

(၂) သူစကားလာေျပာတဲ့အခါ
သင့္ဖက္က စကားမေျပာေတာ့တဲ့အခါ သူ႔ဖက္က စကားလာေျပာပါလိမ့္မယ္။ ဘယ္လိုစကားမ်ိဳးပဲျဖစ္ျဖစ္ ဥပမာ-ရည္းစားရသြားၿပီ၊ အရမ္းလြမ္းတယ္ ဆိုရင္ေတာင္မွ လုံးဝ မ်က္စိပ်က္မ်က္ႏွာပ်က္ မျဖစ္မိေအာင္ အထူးသတိျပဳပါ။ ေအးေအးေဆးေဆးနဲ႔ ဘာမွမျဖစ္သလို တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္ေျပာပါ။ ဘယ္ေလာက္ပဲ ရင္ထဲမွာ ခံစားေနရရင္ေတာင္ အျပင္ပန္းမွာေတာ့ ေအးေအးေဆးေဆးပဲ ျပဳမူေနထိုင္ပါ။ Bye ဆိုတဲ့ စကားကို သူမေျပာခင္ ကိုယ့္ဖက္က စေျပာျဖစ္ေအာင္ေျပာပါ။


(၃) တျခားတစ္ေယာက္ကို ေျပာင္း Crush ေၾကာင္း အသိေပးလိုက္ပါ
အသိေပးလိုက္ပါ ဆိုတဲ့ေနရာမွာသူ႔ကို သြားေျပာခိုင္းတာမဟုတ္ပါဘူး။ FB မွာ တျခားတစ္ေယာက္နဲ႔ပတ္သက္တဲ့ ၾကည္ႏူးစရာခံစားခ်က္ေလးေတြ တင္တာမ်ိဳး၊ ကိုယ့္ Idol ပုံေလးေတြတင္ၿပီး သူ႔ကို ဘယ္ေလာက္ေႂကြတယ္ဆိုတာမ်ိဳးေလးေတြပဲ မ်ားမ်ားတင္ပါ။ Crush အေၾကာင္းေတြ၊ Crush နဲ႔ပတ္သက္တဲ့ ခံစားခ်က္ေတြ လုံးဝလုံးဝမတင္ပါနဲ႔။ တင္ခ်င္သပဆိုရင္ေတာင္ only me နဲ႔ပဲ တင္ပါ။ ဒါဆိုရင္ေတာ့ သူ႔စိတ္ထဲမွာ သူ႔ကို သင္မခ်စ္ေတာ့ဘူးဆိုတဲ့ စိုးရိမ္စိတ္မ်ိဳးေလးဝင္လာမွာျဖစ္ပါတယ္။

(၄) လုံးဝအၿပဳံးမပ်က္ပါနဲ႔
သူနဲ႔စကားမေျပာေတာ့တာနဲ႔ပဲ လြမ္းျပ၊ ေဆြးျပ၊ ဝမ္းနည္းျပစရာ လုံးဝမလိုပါဘူး။ ရင္ထဲမွာ ခံစားေနရရင္ေတာင္ လုံးဝအၿပဳံးမပ်က္ပါနဲ႔။ မဟုတ္ရင္ သူ႔စိတ္ထဲမွာ ဒီမိန္းကေလးက သူႀကိဳးဆြဲရာကမယ့္ အ႐ုပ္တစ္႐ုပ္လို႔ သင့္ကိုျမင္သြားမွာပါ။ ဒါေၾကာင့္ သင့္ရဲ႕ ေပ်ာ္႐ႊင္ျခင္းဟာ သူ႔အေပၚမွာ မူတည္ေနတာမဟုတ္ဘူးဆိုတာကို သူျမင္ေအာင္ျပလိုက္ပါ။

(၅) အရင္ထက္ပိုလွေအာင္ေနၿပီး ခပ္ေခ်ေခ်ပဲေနပါ
သင့္ရဲ႕ ပုံတုံးတုံးပုံစံ၊ ရႈပ္ပြေနတဲ့ ဆံပင္၊ အဝတ္အစားေတြအားလုံးကို ေျပာင္းလဲလိုက္ပါ။ ၿပီးရင္ေတာ့ အရင္ကနဲ႔မတူတဲ့ တက္ႂကြ၊ လန္းဆန္းတဲ့ ပုံစံအသစ္နဲ႔ လွလွပပေနလိုက္ပါ။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ ပုန္းကြယ္ေနတဲ့အလွကိုျမင္ၿပီး သင့္ကို ျပန္ Crush လာႏိုင္ပါတယ္။ ဒီလိုမဟုတ္ရင္ေတာင္ သင္ဟာ ေခသူမဟုတ္ဘူးဆိုတာကို သိသြားတာေပါ့။


Unicode Version


လူတိုင်းမှာ ကိုယ့်ဖက်က တစ်ဖက်သတ်ကြိတ်ကြွေနေရတဲ့ Crush လေးတစ်ယောက်တော့ ရှိဖူးကြမှာပါ။ လူတစ်ယောက်ကို တစ်ဖက်သတ်ချစ်ရတာ လုံးဝကိုမလွယ်ကူမှန်း ချစ်ဖူးတဲ့သူတိုင်း သိကြပါတယ်။ ကိုယ့်ဖက်က ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုချေနေတာမျိုး၊ ချစ်မှန်းသိလို့ ကလိကလိဖြစ်အောင် လုပ်ပြီးမှ နောက်တစ်ယောက် တွဲသွားတာမျိုးတွေကတော့ လုံးဝမခံချင်စရာပါပဲနော်။ ဒီတော့ ကိုယ့်ကိုပြန်မချစ်တဲ့ Crush ကိုပြန်ချေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လုံးဝစကားမပြောပါနဲ့တော့  
ကိုယ့်ကို လုံးဝပြန်မချစ်မှန်းသေချာနေပြီ၊ ကိုယ့်ကို ချစ်သလိုလို၊ ဟိုလိုလိုဒီလိုလို မျှော်လင့်ချက်တွေပေးပြီး ကြိုးရှည်ရှည်နဲ့ ဆွဲထားတဲ့ Crush မျိုးဆိုရင်တော့ ခုကစပြီး စကားမပြောပါနဲ့တော့။ ကိုယ့်ဖက်ကစပြီး စကားသွားမပြောမိစေဖို့ သတိထားပါ။ ပြီးရင် သူ့ရဲ့ post တွေအောက်မှာ Like , comment တွေပေးတာမျိုး လုံးဝမလုပ်ပါနဲ့။ သင့်ဖက်က ရုတ်တရက် အဆက်ဖြတ်လိုက်တဲ့အခါ သူ့စိတ်ထဲ ဟာတာတာဖြစ်နေမှာပါ။
(၂) သူစကားလာပြောတဲ့အခါ

သင့်ဖက်က စကားမပြောတော့တဲ့အခါ သူ့ဖက်က စကားလာပြောပါလိမ့်မယ်။ ဘယ်လိုစကားမျိုးပဲဖြစ်ဖြစ် ဥပမာ-ရည်းစားရသွားပြီ၊ အရမ်းလွမ်းတယ် ဆိုရင်တောင်မှ လုံးဝ မျက်စိပျက်မျက်နှာပျက် မဖြစ်မိအောင် အထူးသတိပြုပါ။ အေးအေးဆေးဆေးနဲ့ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပါ။ ဘယ်လောက်ပဲ ရင်ထဲမှာ ခံစားနေရရင်တောင် အပြင်ပန်းမှာတော့ အေးအေးဆေးဆေးပဲ ပြုမူနေထိုင်ပါ။ Bye ဆိုတဲ့ စကားကို သူမပြောခင် ကိုယ့်ဖက်က စပြောဖြစ်အောင်ပြောပါ။

(၃) တခြားတစ်ယောက်ကို ပြောင်း Crush ကြောင်း အသိပေးလိုက်ပါ

အသိပေးလိုက်ပါ ဆိုတဲ့နေရာမှာသူ့ကို သွားပြောခိုင်းတာမဟုတ်ပါဘူး။ FB မှာ တခြားတစ်ယောက်နဲ့ပတ်သက်တဲ့ ကြည်နူးစရာခံစားချက်လေးတွေ တင်တာမျိုး၊ ကိုယ့် Idol ပုံလေးတွေတင်ပြီး သူ့ကို ဘယ်လောက်ကြွေတယ်ဆိုတာမျိုးလေးတွေပဲ များများတင်ပါ။ Crush အကြောင်းတွေ၊ Crush နဲ့ပတ်သက်တဲ့ ခံစားချက်တွေ လုံးဝလုံးဝမတင်ပါနဲ့။ တင်ချင်သပဆိုရင်တောင် only me နဲ့ပဲ တင်ပါ။ ဒါဆိုရင်တော့ သူ့စိတ်ထဲမှာ သူ့ကို သင်မချစ်တော့ဘူးဆိုတဲ့ စိုးရိမ်စိတ်မျိုးလေးဝင်လာမှာဖြစ်ပါတယ်။
(၄) လုံးဝအပြုံးမပျက်ပါနဲ့
သူနဲ့စကားမပြောတော့တာနဲ့ပဲ လွမ်းပြ၊ ဆွေးပြ၊ ဝမ်းနည်းပြစရာ လုံးဝမလိုပါဘူး။ ရင်ထဲမှာ ခံစားနေရရင်တောင် လုံးဝအပြုံးမပျက်ပါနဲ့။ မဟုတ်ရင် သူ့စိတ်ထဲမှာ ဒီမိန်းကလေးက သူကြိုးဆွဲရာကမယ့် အရုပ်တစ်ရုပ်လို့ သင့်ကိုမြင်သွားမှာပါ။ ဒါကြောင့် သင့်ရဲ့ ပျော်ရွှင်ခြင်းဟာ သူ့အပေါ်မှာ မူတည်နေတာမဟုတ်ဘူးဆိုတာကို သူမြင်အောင်ပြလိုက်ပါ။
(၅) အရင်ထက်ပိုလှအောင်နေပြီး ခပ်ချေချေပဲနေပါ

သင့်ရဲ့ ပုံတုံးတုံးပုံစံ၊ ရှုပ်ပွနေတဲ့ ဆံပင်၊ အဝတ်အစားတွေအားလုံးကို ပြောင်းလဲလိုက်ပါ။ ပြီးရင်တော့ အရင်ကနဲ့မတူတဲ့ တက်ကြွ၊ လန်းဆန်းတဲ့ ပုံစံအသစ်နဲ့ လှလှပပနေလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ပုန်းကွယ်နေတဲ့အလှကိုမြင်ပြီး သင့်ကို ပြန် Crush လာနိုင်ပါတယ်။ ဒီလိုမဟုတ်ရင်တောင် သင်ဟာ ခေသူမဟုတ်ဘူးဆိုတာကို သိသွားတာပေါ့။

Post a Comment

0 Comments