ဆီးချိုရောဂါရှိသူတိုင်း သရက်ရွက်ကို မဖြစ်မနေစားသုံးပေးသင့်


Centers for Disease Control and Prevention (CDC) ရဲ့ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံရဲ့ လူပေါင်း သန်းတစ်ရာကျော်မှာ ဆီးချို သို့မဟုတ် ဆီးချိုရဲ့ရှေ့ပြေးလက္ခဏာတွေကို တွေ့ရှိနေရကြောင်း သိရှိရပါတယ်။

တစ်နိုင်ငံလုံးနီးပါး ဆီးချိုဖြစ်နိုင်ချေ လက္ခဏာတွေကို တွေ့ရှိရတဲ့အတွက် ဘယ်လိုအရာကများ အကျိုးပြုနိုင်မလဲလို့ ရှာဖွေကြတဲ့အခါ သရက်ရွက်က အထူးပင်ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

၂၀၁၀ ခုနှစ်ရဲ့ သုတေသနတစ်ခုမှာ ဖော်ပြထားတာကတော့ သရက်သီးမှာ ဆီးချိုရောဂါကို တိုက်ထုတ်နိုင်တဲ့ အာနိသင်တွေရှိနေပြီး anti-oxidant, ဗိုင်းရပ်စ်ကာကွယ်ခြင်း၊ နှလုံးကို ကျန်းမာစေခြင်း၊ သွေးဖိအားကျစေခြင်းအပြင် ရောင်ရမ်းခြင်းကို လျော့ကျစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးဖိအားကို ကျစေပြီး ဆီးချိုသွေးချိုကိုလည်း ထိန်းပေးနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။


တိရိစ္ဆာန်တွေကိုလည်း စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အခါ သရက်ရွက် ပုံမှန်စားသုံးတဲ့ တိရိစ္ဆာန်လေးတွေမှာ အချိုဓာတ်စုပ်ယူနိုင်မှု နည်းသွားတာကြောင့် သွေးတွင်းရှိသကြားဓာတ်တွေ လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဆီးချိုဖြစ်ဖြစ်ချင်းမှာ သရက်ရွက် ပုံမှန်စားပေးခြင်းဖြင့် အလျင်းပျောက်ကင်းစေနိုင်ပါတယ်။ သရက်ရွက်မှာ taraxerol 3-beta နဲ့ ethyl acetate ပါဝင်တာကြောင့် ဆီးချိုရောဂါအတွက် အထူးကောင်းမွန်ပါတယ်။ ဒါကြောင့် သရက်ရွက်နုနုလေးတွေကို တို့စရာအနေနဲ့ပဲဖြစ်ဖြစ်၊ ရေနွေးထဲ ခပ်ပြီးတော့ပဲဖြစ်ဖြစ် အဆင်ပြေသလို စားသုံးပေးနိုင်ပါတယ်။

နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါရှိတဲ့သူတွေတွက် ထူးခြားကောင်းမွန်တဲ့ ရလဒ်တွေ ရရှိမယ်လို့ ယုံကြည်ပါတယ်။

Em Em
Credit - Aunty May

Post a Comment

0 Comments