သဘာဝရှားစောင်းလက်ပပ်ကို အသုံးပြုပြီး လုပ်နိုင်မယ့် မျက်နှာပေါင်းတင်နည်း (၃)မျိုး




ပါဝင်ပစ္စည်းများ 

ပါဝင်ပစ္စည်းများ 

ပါဝင်ပစ္စည်းများ

Credit - Hannwe Soe


Unicode Version 


မျက်နှာအသားအရေအတွက်ပဲဖြစ်ဖြစ် ၊ ဆံပင်အတွက်ပဲဖြစ်ဖြစ် ရှားစောင်းလက်ပပ် က အစွမ်းထက်ပါတယ်။ ဒါကြောင့် အသားအရေပြုပြင်ပိုင်းတွေမှာ ရှားစောင်းလက်ပပ်ကို သုံးကြတာပါ။
(၁) ရှားစောင်းလက်ပပ် ၊ ပျားရည် နဲ့ သံပရိုရည်
ပါဝင်ပစ္စည်းများ
– ရှားစောင်းလက်ပပ် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (လက်ဖက်ရည် ဇွန်း ၁ ဇွန်း) ။
– ပါဝင်ပစ္စည်းတွေအားလုံးကို ရောပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။
– လိမ်းပေးပြီး (၁၀)မိနစ်လောက်နှပ်ပေးထားပါ။
– ပြီးရင် မျက်နှာသစ်ပေးပါ။

(၂) သခွားသီး နဲ့ ရှားစောင်းလက်ပပ်
ပါဝင်ပစ္စည်းများ
– ရှားစောင်းလက်ပပ် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ၊ သခွားသီး (အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း )။
– ပါဝင်ပစ္စည်းတွေအားလုံးကို ရောပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။
– (၁၅)မိနစ်လောက်နှပ်ပေးထားပြီးရင် မျက်နှာသစ်ပေးပါ။

(၃) ရှားစောင်းလက်ပပ်နဲ့ ငှက်ပျောသီး
ပါဝင်ပစ္စည်းများ
– ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ငှက်ပျောသီး (၃-၄ ပိုင်း) ။
– ငှက်ပျောသီးကို ချေပေးပြီး ရှားစောင်းလက်ပပ် နဲ့ရောပေးပါ။
– မျက်နှာပေါ်လိမ်းပေးပြီး (၁၀)မိနစ်လောက်နှပ်ထားပေးပါ။
– ရေနွေးနဲ့ မျက်နှာသစ်ပေးပါ။

Credit - Hannwe Soe

Post a Comment

0 Comments