အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈမျဖစ္ခ်င္ရင္ ဆင္ျခင္ရမယ့္အက်င့္ (၅)မ်ိဳး


အသက္ႀကီးလာတဲ့အခါ မွတ္ဉာဏ္ခ်ိဳ႕ယြင္းလာၿပီး လြယ္လြယ္ေမ့တတ္လာၾကပါတယ္။ တကယ္ေတာ့ ေမ့တတ္တာ၊ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာေတြဟာ အသက္အ႐ြယ္ေၾကာင့္ဆိုတာထက္ သင့္ရဲ႕ ေန႔စဥ္ဘဝအမူအက်င့္ေတြေၾကာင့္ျဖစ္ပါတယ္။ တခ်ိဳ႕ေတြဆို အသက္ငယ္ေသးေပမယ့္ အရမ္းကိုေမ့တတ္ေနၿပီး ပညာသင္တဲ့ေနရာမွာ၊ အလုပ္လုပ္တဲ့ေနရာေတြမွာ အေႏွာင့္အယွက္ျဖစ္ရပါတယ္။ ဒါေၾကာင့္ အခုကစၿပီး သတိထားျပဳျပင္ႏိုင္ဖို႔ သင့္ကို မွတ္ဉာဏ္ခ်ိဳ႕ယြင္းေစတဲ့အမူအက်င့္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


(၁) အိပ္ခ်ိန္မမွန္ျခင္း


အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္က တစ္ေန႔မွာ ပ်မ္းမွ်(၈)နာရီေလာက္ အိပ္ရမွာပါ။ အိပ္ခ်ိန္က (၈)နာရီထက္ အရမ္းနည္းေနရင္လည္း မေကာင္းသလို အရမ္းမ်ားသြားရင္လည္း မေကာင္းပါဘူး။ အိပ္ခ်ိန္ပုံမွန္ မဟုတ္တာက ဦးေႏွာက္နဲ႔မွတ္ဉာဏ္ကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။


(၂) နားက်ပ္နဲ႔သီခ်င္းနားေထာင္ျခင္း


နားက်ပ္တပ္ၿပီး သီခ်င္းနားေထာင္တဲ့အခါ အသံကို အရမ္းမက်ယ္သင့္ပါဘူး။ နားက်ပ္ထဲက လာတဲ့အသံက အရမ္းက်ယ္လြန္းတဲ့အခါ အၾကားအာ႐ုံထိခိုက္မႈကို အရင္ျဖစ္ေစၿပီး ေနာက္ပိုင္းမွာ မွတ္ဉာဏ္ကိုပါ ထိခိုက္လာပါလိမ့္မယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ Speaker နဲ႔ဖြင့္ၿပီး နားေထာင္ပါ၊ နားက်ပ္နဲ႔ နားေထာင္မယ္ဆိုရင္လည္း အသံအရမ္းမက်ယ္ပါနဲ႔။


(၃) လႈပ္ရွားမႈနည္းျခင္း


ကိုယ္လက္လႈပ္ရွားမႈ မရွိဘဲ အိမ္ထဲမွာပဲ တစ္ခ်ိန္လုံးေနေနတာကလည္း လူကို ထိုင္းမႈိင္းေလးလံေစပါတယ္။ ဒီလိုေနတာမ်ားတဲ့အခါ ဦးေႏွာက္ကပါ ထိုင္းမႈိင္းလာၿပီး မွတ္ဉာဏ္ခ်ိဳ႕ယြင္းလာႏိုင္ပါတယ္။


(၄) အစားအေသာက္ပုံစံေၾကာင့္


အစားအေသာက္ ပုံမမွန္ျခင္းနဲ႔ အသင့္စားအစားအစာေတြ အၿမဲစားတာကလည္း ဦးေႏွာက္နဲ႔ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ျဖစ္ေစႏိုင္တာေၾကာင့္ တစ္ေန႔တာအတြက္ လိုအပ္တဲ့ ဗီတာမင္ေတြ မွ်တေအာင္ စားေပးဖို႔ လိုပါတယ္။ ဒါေၾကာင့္ အသင့္စားအစားအစာေတြကို တတ္ႏိုင္သေလာက္ ေလွ်ာ့စားပါ။


(၅) အလြန္အကြၽံေတြးပူတတ္တဲ့အက်င့္


စိတ္ရႈပ္ေထြးေစတဲ့ အေတြးေတြနဲ႔ စိုးရိမ္ေၾကာင့္က်စိတ္ေတြ မ်ားတာကလည္း မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ရႈပ္ေထြးမႈေတြ ျဖစ္လာရင္ လက္မခံဘဲ စိတ္ရွင္းရွင္းထားႏိုင္ေအာင္ ႀကိဳးစားပါ။ ၿပီးေတာ့ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ေတြမွာ အရမ္းစဥ္းစားရတဲ့ အလုပ္မ်ိဳးေတြကို မလုပ္သင့္ပါဘူး။
Credit - Aunty May


Unicode Version


အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းလာပြီး လွယ်လွယ်မေ့တတ်လာကြပါတယ်။ တကယ်တော့ မေ့တတ်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာတွေဟာ အသက်အရွယ်ကြောင့်ဆိုတာထက် သင့်ရဲ့ နေ့စဉ်ဘဝအမူအကျင့်တွေကြောင့်ဖြစ်ပါတယ်။ တချို့တွေဆို အသက်ငယ်သေးပေမယ့် အရမ်းကိုမေ့တတ်နေပြီး ပညာသင်တဲ့နေရာမှာ၊ အလုပ်လုပ်တဲ့နေရာတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါကြောင့် အခုကစပြီး သတိထားပြုပြင်နိုင်ဖို့ သင့်ကို မှတ်ဉာဏ်ချို့ယွင်းစေတဲ့အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 
(၁) အိပ်ချိန်မမှန်ခြင်း
           
အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့မှာ ပျမ်းမျှ(၈)နာရီလောက် အိပ်ရမှာပါ။ အိပ်ချိန်က (၈)နာရီထက် အရမ်းနည်းနေရင်လည်း မကောင်းသလို အရမ်းများသွားရင်လည်း မကောင်းပါဘူး။ အိပ်ချိန်ပုံမှန် မဟုတ်တာက ဦးနှောက်နဲ့မှတ်ဉာဏ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၂) နားကျပ်နဲ့သီချင်းနားထောင်ခြင်း

နားကျပ်တပ်ပြီး သီချင်းနားထောင်တဲ့အခါ အသံကို အရမ်းမကျယ်သင့်ပါဘူး။ နားကျပ်ထဲက လာတဲ့အသံက အရမ်းကျယ်လွန်းတဲ့အခါ အကြားအာရုံထိခိုက်မှုကို အရင်ဖြစ်စေပြီး နောက်ပိုင်းမှာ မှတ်ဉာဏ်ကိုပါ ထိခိုက်လာပါလိမ့်မယ်။ ဒါကြောင့် ဖြစ်နိုင်ရင် Speaker နဲ့ဖွင့်ပြီး နားထောင်ပါ၊ နားကျပ်နဲ့ နားထောင်မယ်ဆိုရင်လည်း အသံအရမ်းမကျယ်ပါနဲ့။
(၃) လှုပ်ရှားမှုနည်းခြင်း

ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အိမ်ထဲမှာပဲ တစ်ချိန်လုံးနေနေတာကလည်း လူကို ထိုင်းမှိုင်းလေးလံစေပါတယ်။ ဒီလိုနေတာများတဲ့အခါ ဦးနှောက်ကပါ ထိုင်းမှိုင်းလာပြီး မှတ်ဉာဏ်ချို့ယွင်းလာနိုင်ပါတယ်။
(၄) အစားအသောက်ပုံစံကြောင့်

အစားအသောက် ပုံမမှန်ခြင်းနဲ့ အသင့်စားအစားအစာတွေ အမြဲစားတာကလည်း ဦးနှောက်နဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်တွေ မျှတအောင် စားပေးဖို့ လိုပါတယ်။ ဒါကြောင့် အသင့်စားအစားအစာတွေကို တတ်နိုင်သလောက် လျှော့စားပါ။
(၅) အလွန်အကျွံတွေးပူတတ်တဲ့အကျင့်

စိတ်ရှုပ်ထွေးစေတဲ့ အတွေးတွေနဲ့ စိုးရိမ်ကြောင့်ကျစိတ်တွေ များတာကလည်း မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှုပ်ထွေးမှုတွေ ဖြစ်လာရင် လက်မခံဘဲ စိတ်ရှင်းရှင်းထားနိုင်အောင် ကြိုးစားပါ။ ပြီးတော့ နေမကောင်းဖြစ်နေတဲ့အချိန်တွေမှာ အရမ်းစဉ်းစားရတဲ့ အလုပ်မျိုးတွေကို မလုပ်သင့်ပါဘူး။
Credit - Aunty May

Post a Comment

0 Comments