ဆံပင္ေကာက္သားအလွၾကာရွည္ခံေအာင္ ထိန္းသိမ္းႏုိင္မယ့္ အေကာင္းဆံုးနည္းလမ္း (၅)မ်ိဳး


ပ်ိဳေမေလးတို႕ ဆံပင္ေျဖာင့္ထားတာပဲျဖစ္ျဖစ္၊ ဆံပင္ေကာက္ထားတာပဲျဖစ္ျဖစ္ ဆံပင္ပံုစံနဲ႕ လိုက္ဖက္တဲ့ ထိန္းသိမ္းေစာင့္ေရွာက္မႈေလးေတြလုပ္ေပးဖို႕ လိုအပ္တယ္ေနာ္။ ဆံပင္ေကာက္ထားတဲ့ ပ်ိဳေမေလးေတြ ေကာက္တာမၾကာေသးေပမယ့္ ေကာက္သားမလွေတာ့တာ၊ ပံုပ်က္သြားတာမ်ိဳးေတြျဖစ္လာရင္ အရမ္းစိတ္္ညစ္ရပါတယ္။ ဒီေတာ့ ေကာက္သားလွပတဲ့ဆံေကသာကို အခ်ိန္အၾကာၾကီးထိပိုင္ဆုိင္နိုင္ေအာင္ ဒီလိုထိန္းသိမ္းေစာင့္ေရွာက္မႈ(၅)မ်ိဳးကို ပံုမွန္လုပ္ေပးလိုက္ေနာ္။

(၁) ေရစိုဆံပင္ကို တဘက္နဲ႕မေပါင္းပါနဲ

ေကာက္ထားတဲ့ ဆံပင္ေတြကို ေလွ်ာ္ျပီးတဲ့အခါ တဘက္နဲ႕ေပါင္းထားလိုက္မယ္ဆိုရင္ ေကာက္သားေတြေျပသြားျပီး ပံုသြင္းတဲ့အခါ အေကာက္လွလွေလးေတြ မရနိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ျပီးရင္ တဘက္နဲ႕ေပါင္းထားမယ့္အစား တီရွပ္အေဟာင္းေလးနဲ႕ေပါင္းေပးပါ။ ဒါမွ ဆံပင္အေျခာက္ခံျပီး ပံုသြင္းတဲ့အခါ ေကာက္သားလွလွေလးေတြ ရမွာပါ။

(၂) ဆံပင္ရႈပ္ပြေနတဲ့အခါ လက္ေခ်ာင္းေလးေတြနဲ႕ရွင္းေပးပါ

ဆံပင္စည္းထားျပီး ေျဖခ်တဲ့အခါမ်ိဳးမွာ ဘီးနဲ႕မျဖီးဘဲနဲ႕ လက္ေခ်ာင္းေလးေတြနဲ႕ပဲ ရွင္းေပးပါ။ ဘီးအၾကဲသံုးတယ္ဆိုေပမယ့္ ဘီးနဲ႕ျဖီးခ်တာက ေကာက္သားေတြကို ေျပသြားေစျပီး ပံုမက်ပန္းမက်ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဆံပင္အရင္းနားေလးေတြကိုပဲ ဘီးအက်ဲနဲ႕ျဖီးေပးျပီး ေကာက္ထားတဲ့ေနရာေတြကို လက္ေခ်ာင္းေလးေတြနဲ႕ထိုးျပီး ရွင္းေပးပါ။

(၃) ေခါင္းေလွ်ာ္တိုင္းေပါင္းေဆးသံုးေပးပါ

ဆံပင္ေကာက္ထားတဲ့သူေတြ ေပါင္းေဆးသံုးလိုက္ရင္ အေကာက္ေတြေျပသြားမွာစိုးလို႕ဆိုျပီး ေပါင္းေဆးမသံုးဘဲ မေနလိုက္ပါနဲ႕ေနာ္။ ဆံပင္ေကာက္သားေလးေတြေခ်ာေမြ႕လွပဖို႕ ေခါင္းေလွ်ာ္တဲ့အခါတိုင္း ေပါင္းေဆးသံုးေပးဖို႕လိုပါတယ္။

(၄) ဆံပင္ေကာက္ဆီလိမ္းေပးဖို႕လိုပါတယ္

ရိုးရိုးေကာက္တာပဲျဖစ္ျဖစ္ ဒစ္ဂ်စ္တယ္အေကာက္ပဲျဖစ္ျဖစ္ ဆံပင္ေကာက္ထားျပီးရင္ ေကာက္ဆီလိမ္းေပးဖို႕လိုပါတယ္။ ေကာက္ဆီမလိမ္းဘဲေနမယ္ဆိုရင္ ဆံပင္အေကာက္ေတြေျပလာျပီး ဆံသားလည္းၾကမ္းဖြာလာပါလိမ့္မယ္။ ဒါေၾကာင့္ ဆံပင္ေကာက္ျပီးရင္ ေကာက္ဆီေလးနဲ႕ အျမဲပံုသြင္းေပးရမွာပါ။

(၅) ေျခာက္ေသြ႕ေနတဲ့ဆံပင္ကို ဘီးနဲ႕မျဖီးပါနဲ႕

ေကာက္ထားတဲ့ဆံပင္ေတြ အရမ္းေျခာက္ေနတဲ့အခါ ဆံပင္ေတြက အရမ္းကိုၾကြပ္ဆတ္ျပီး ပ်က္စီးလြယ္တဲ့ အေျခအေနမွာရွိမွာပါတယ္။ ဒါေၾကာင့္ ေျခာက္ေသြ႕ျပီးၾကြပ္ဆတ္ေနတဲ့အခ်ိန္မွာ ဘီးနဲ႕ျဖီးလိုက္မယ္ဆိုရင္ ဆံပင္ေတြျပတ္ထြက္သြားျပီး ဆံသားေတြ ပ်က္စီးသြားပါလိမ့္မယ္။ ဒါေၾကာင့္ ဆံပင္ေကာက္ထားတယ္ဆိုရင္ ဆံပင္ေတြ အရမ္းေျခာက္ေသြ႕ေနခ်ိန္မွာ ဘီးနဲ႕မျဖီးပါနဲ႕ေနာ္။
Credit - MAY THAZINHTOO


Unicode Version  


ပျိုမေလေးတို့ ဆံပင်ဖြောင့်ထားတာပဲဖြစ်ဖြစ်၊ ဆံပင်ကောက်ထားတာပဲဖြစ်ဖြစ် ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုလေးတွေလုပ်ပေးဖို့ လိုအပ်တယ်နော်။ ဆံပင်ကောက်ထားတဲ့ ပျိုမေလေးတွေ ကောက်တာမကြာသေးပေမယ့် ကောက်သားမလှတော့တာ၊ ပုံပျက်သွားတာမျိုးတွေဖြစ်လာရင် အရမ်းစိတ်ညစ်ရပါတယ်။ ဒီတော့ ကောက်သားလှပတဲ့ဆံကေသာကို အချိန်အကြာကြီးထိပိုင်ဆိုင်နိုင်အောင် ဒီလိုထိန်းသိမ်းစောင့်ရှောက်မှု(၅)မျိုးကို ပုံမှန်လုပ်ပေးလိုက်နော်။

(၁) ရေစိုဆံပင်ကို တဘက်နဲ့မပေါင်းပါနဲ
ကောက်ထားတဲ့ ဆံပင်တွေကို လျှော်ပြီးတဲ့အခါ တဘက်နဲ့ပေါင်းထားလိုက်မယ်ဆိုရင် ကောက်သားတွေပြေသွားပြီး ပုံသွင်းတဲ့အခါ အကောက်လှလှလေးတွေ မရနိုင်တော့ပါဘူး။ ဒါကြောင့် ခေါင်းလျှော်ပြီးရင် တဘက်နဲ့ပေါင်းထားမယ့်အစား တီရှပ်အဟောင်းလေးနဲ့ပေါင်းပေးပါ။ ဒါမှ ဆံပင်အခြောက်ခံပြီး ပုံသွင်းတဲ့အခါ ကောက်သားလှလှလေးတွေ ရမှာပါ။

(၂) ဆံပင်ရှုပ်ပွနေတဲ့အခါ လက်ချောင်းလေးတွေနဲ့ရှင်းပေးပါ
ဆံပင်စည်းထားပြီး ဖြေချတဲ့အခါမျိုးမှာ ဘီးနဲ့မဖြီးဘဲနဲ့ လက်ချောင်းလေးတွေနဲ့ပဲ ရှင်းပေးပါ။ ဘီးအကြဲသုံးတယ်ဆိုပေမယ့် ဘီးနဲ့ဖြီးချတာက ကောက်သားတွေကို ပြေသွားစေပြီး ပုံမကျပန်းမကျဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်အရင်းနားလေးတွေကိုပဲ ဘီးအကျဲနဲ့ဖြီးပေးပြီး ကောက်ထားတဲ့နေရာတွေကို လက်ချောင်းလေးတွေနဲ့ထိုးပြီး ရှင်းပေးပါ။

(၃) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ
ဆံပင်ကောက်ထားတဲ့သူတွေ ပေါင်းဆေးသုံးလိုက်ရင် အကောက်တွေပြေသွားမှာစိုးလို့ဆိုပြီး ပေါင်းဆေးမသုံးဘဲ မနေလိုက်ပါနဲ့နော်။ ဆံပင်ကောက်သားလေးတွေချောမွေ့လှပဖို့ ခေါင်းလျှော်တဲ့အခါတိုင်း ပေါင်းဆေးသုံးပေးဖို့လိုပါတယ်။

(၄) ဆံပင်ကောက်ဆီလိမ်းပေးဖို့လိုပါတယ်
ရိုးရိုးကောက်တာပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ်အကောက်ပဲဖြစ်ဖြစ် ဆံပင်ကောက်ထားပြီးရင် ကောက်ဆီလိမ်းပေးဖို့လိုပါတယ်။ ကောက်ဆီမလိမ်းဘဲနေမယ်ဆိုရင် ဆံပင်အကောက်တွေပြေလာပြီး ဆံသားလည်းကြမ်းဖွာလာပါလိမ့်မယ်။ ဒါကြောင့် ဆံပင်ကောက်ပြီးရင် ကောက်ဆီလေးနဲ့ အမြဲပုံသွင်းပေးရမှာပါ။

(၅) ခြောက်သွေ့နေတဲ့ဆံပင်ကို ဘီးနဲ့မဖြီးပါနဲ့
ကောက်ထားတဲ့ဆံပင်တွေ အရမ်းခြောက်နေတဲ့အခါ ဆံပင်တွေက အရမ်းကိုကြွပ်ဆတ်ပြီး ပျက်စီးလွယ်တဲ့ အခြေအနေမှာရှိမှာပါတယ်။ ဒါကြောင့် ခြောက်သွေ့ပြီးကြွပ်ဆတ်နေတဲ့အချိန်မှာ ဘီးနဲ့ဖြီးလိုက်မယ်ဆိုရင် ဆံပင်တွေပြတ်ထွက်သွားပြီး ဆံသားတွေ ပျက်စီးသွားပါလိမ့်မယ်။ ဒါကြောင့် ဆံပင်ကောက်ထားတယ်ဆိုရင် ဆံပင်တွေ အရမ်းခြောက်သွေ့နေချိန်မှာ ဘီးနဲ့မဖြီးပါနဲ့နော်။

Credit - MAY THAZINHTOO

Post a Comment

0 Comments