ခ်စ္သူကိုသတ္ၿပီး အေလာင္းကို ဆုိဖာခုံထဲမွာထည့္ကာ၊ ထုိင္ခုံလုပ္ခဲ့တဲ့ အမ်ိဳးသား


အမ်ိဳးသားတစ္ေယာက္ဟာ သူ႕အေပၚမွာ အနစ္နာခံလြန္းတဲ့ ခ်စ္သူအမ်ိဳးသမီးကို သတ္ျဖတ္ၿပီးေနာက္ အေလာင္းကို ဆုိဖာခုံထဲမွာ ထည့္ၿပီး ထုိင္ေနခဲ့ေၾကာင္း သိရပါတယ္။ တရားခံရဲ႕အမည္မွာ Evgeny Malakhov ျဖစ္ၿပီး ႐ုရွားႏုိင္ငံသားပါ။

Evgeny ဟာ ခ်စ္သူ Marina Abdulina ရဲ႕ (၂၅)ႏွစ္ျပည့္ ေမြးေန႔မွာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမ်ား ရန္ျဖစ္ခဲ့ၿပီး ဓားနဲ႔ထုိးသတ္ခဲ့ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ စက္မႈၿမိဳ႕ေတာ္ Nizhny Tagil မွာ ေနထုိင္ၾကပါတယ္။ Marina ကုိ သတ္ၿပီးေနာက္ သူမရဲ႕ အေလာင္းကို ဆုိဖာထဲကိုထည့္လုိက္ပါတယ္။

ေလးရက္ၾကာသည္အထိ အေလာင္းကို ဆုိဖာထဲမွာထည့္ကာ စိတ္ရွိလက္ရွိ ထုိင္ၿပီးေနာက္၊ ဘယ္သူမွ သူ႕ကုိ သတိမထားမိခ်ိန္မွာ အေလာင္းကို တိတ္တဆိတ္သယ္ၿပီး သြားေရာက္စြန္႔ပစ္ခဲ့တာပါ။ Evgeny ဟာ ယခင္ကလည္း Marina ကုိ ႐ုိက္မႈနဲ႔ ယခင္ကလည္း ေထာင္က်ဖူးပါတယ္။

ဒါေပမယ့္ Marina က သူ႕ကုိသာ တန္းတန္းစြဲခ်စ္မိခဲ့တာေၾကာင့္ မျပတ္ႏုိင္ဘဲ ဆက္ၿပီး လက္တြဲခဲ့ရာ အခုလုိ အသတ္ခံခဲ့ရတာပါ။ သူမဟာ ကေလးႏွစ္ေယာက္မိခင္ Single မိခင္တစ္ဦး ျဖစ္ပါတယ္။ အဆက္သြယ္ျပတ္ေနလုိ႔ သူမရဲ႕ သူငယ္ခ်င္းျဖစ္သူက လူေပ်ာက္တုိုင္မွ အမႈေပၚခဲ့တာပါ။

Evgeny ဟာ က်ဴးလြန္ခဲ့တဲ့ ျပစ္ဒဏ္ေၾကာင့္ ေထာင္ဒဏ္ (၁၅)ႏွစ္ ခ်မွတ္ခံခဲ့ရဖုိ႔ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အမႈကို စစ္ေဆးေနဆဲျဖစ္ၿပီး၊ အေလာင္းကို ဆုိဖာခုံကေန ထုတ္ယူသြားၿပီးေနာက္ ဘယ္မွာ စြန္႔ပစ္ခဲ့တယ္ဆုိတာ အခုထိ မေပၚေပါက္ေသးပါဘူး။

Credit - လင္းေဇာ္ကို (MyanmarNote) 


Unicode Version   


အမျိုးသားတစ်ယောက်ဟာ သူ့အပေါ်မှာ အနစ်နာခံလွန်းတဲ့ ချစ်သူအမျိုးသမီးကို သတ်ဖြတ်ပြီးနောက် အလောင်းကို ဆိုဖာခုံထဲမှာ ထည့်ပြီး ထိုင်နေခဲ့ကြောင်း သိရပါတယ်။ တရားခံရဲ့အမည်မှာ Evgeny Malakhov ဖြစ်ပြီး ရုရှားနိုင်ငံသားပါ။

Evgeny ဟာ ချစ်သူ Marina Abdulina ရဲ့ (၂၅)နှစ်ပြည့် မွေးနေ့မှာ၊ တစ်ယောက်နဲ့တစ်ယောက် စကားများ ရန်ဖြစ်ခဲ့ပြီး ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ စက်မှုမြို့တော် Nizhny Tagil မှာ နေထိုင်ကြပါတယ်။ Marina ကို သတ်ပြီးနောက် သူမရဲ့ အလောင်းကို ဆိုဖာထဲကိုထည့်လိုက်ပါတယ်။

လေးရက်ကြာသည်အထိ အလောင်းကို ဆိုဖာထဲမှာထည့်ကာ စိတ်ရှိလက်ရှိ ထိုင်ပြီးနောက်၊ ဘယ်သူမှ သူ့ကို သတိမထားမိချိန်မှာ အလောင်းကို တိတ်တဆိတ်သယ်ပြီး သွားရောက်စွန့်ပစ်ခဲ့တာပါ။ Evgeny ဟာ ယခင်ကလည်း Marina ကို ရိုက်မှုနဲ့ ယခင်ကလည်း ထောင်ကျဖူးပါတယ်။

ဒါပေမယ့် Marina က သူ့ကိုသာ တန်းတန်းစွဲချစ်မိခဲ့တာကြောင့် မပြတ်နိုင်ဘဲ ဆက်ပြီး လက်တွဲခဲ့ရာ အခုလို အသတ်ခံခဲ့ရတာပါ။ သူမဟာ ကလေးနှစ်ယောက်မိခင် Single မိခင်တစ်ဦး ဖြစ်ပါတယ်။ အဆက်သွယ်ပြတ်နေလို့ သူမရဲ့ သူငယ်ချင်းဖြစ်သူက လူပျောက်တိုင်မှ အမှုပေါ်ခဲ့တာပါ။

Evgeny ဟာ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ကြောင့် ထောင်ဒဏ် (၁၅)နှစ် ချမှတ်ခံခဲ့ရဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အမှုကို စစ်ဆေးနေဆဲဖြစ်ပြီး၊ အလောင်းကို ဆိုဖာခုံကနေ ထုတ်ယူသွားပြီးနောက် ဘယ်မှာ စွန့်ပစ်ခဲ့တယ်ဆိုတာ အခုထိ မပေါ်ပေါက်သေးပါဘူး။

Post a Comment

0 Comments