လိင္ ကိစၥနဲ႔ပတ္သက္လို႔ သင္သိထားသင့္တဲ့အခ်က္ ၁၄ ခ်က္


လိင္မႈကိစၥဆိုတာ လူရယ္လို႔ျဖစ္လာရင္ အရြယ္ေရာက္လာသူတိုင္း သိထားသင့္တဲ့သဘာဝတစ္ခုပါ။ ဒါ့ေၾကာင့္ လူူ႕ဘဝမွာ အေရးပါတဲ့တစ္စိတ္တစ္ပိုင္းျဖစ္ေနတဲ့ လိင္မႈေရးရာကိစၥေတြကို လိင္ပညာေပးအျဖစ္နဲ႔ ေလ့လာသိရွိထားဖို႔ ရွက္ရြံ႔ေနစရာမလိုပါဘူး။ လိင္မႈကိစၥမွာဗဟုသုတရွိမထားတဲ့ မိန္းကေလးေတြဟာ မေတာ္တဆကိုယ္ဝန္ရသြားတာလိုမ်ိဳး လိင္ကိစၥေၾကာင့္မလိုလားအပ္တဲ့ေနာက္ဆက္တြဲေတြ ၾကံဳရတတ္တဲ့ အတြက္ ပိုျပီး သိထားသင့္ပါတယ္။

လိင္ဆက္ဆံမႈနဲ႔ လိင္က်န္းမာေရးအေၾကာင္းအရာေတြကို သိထားမွ ကိုယ့္ဘဝအတြက္ဆံုးျဖတ္ခ်က္မွန္ကန္ျပီး ပိုအဆင္ေျပ၊ပိုေဘးကင္းတဲ့ လိင္မႈဘဝကိုရရွိပိုင္ဆိုင္နိုင္မွာျဖစ္လို႔ အရြယ္ေရာက္ျပီးသူတိုင္း အတြက္ အေရးၾကီးပါတယ္။ လူတိုင္းသိထားသင့္တဲ့ လိင္မႈေရးရာအခ်က္ ၁၄ ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

၁ ။ လိင္ဆက္ဆံမႈမွာ ႏွစ္ဦးႏွစ္ဘက္ စိတ္ေပ်ာ္ရႊင္မႈတူညီတယ္

ေယာက်္ားေတြက မိန္းမေတြထက္ လိင္ကိစၥမွာပိုစိတ္ပါတယ္ဆိုတဲ႔ယူဆခ်က္ကို သိပၸံနည္းက်အေထာက္အထားရွိမေနပါဘူး။ လူ႔အဖြဲ႕အစည္းရဲ႕ေစာင့္ထိန္းရမယ့္ဓေလ့ထံုးစံေတြနဲ႔ ပံုေသအေတြးအေခၚေတြေၾကာင့္ပဲ မိန္းကေလးေတြဟာ သဘာဝအရလိင္ကိစၥမွာသာယာေပ်ာ္ရႊင္တဲ့ စိတ္ခံစားခ်က္ေတြကိုရွက္ရြံ႕စိတ္နဲ႔ဖံုးကြယ္ထားၾကပံုပါပဲ။ ဒါေပမယ့္ မိန္းကေလးေတြဟာ ေယာက်ာ္းေလးေတြေလာက္ လိင္ကိစၥကိုစိတ္မပါဘူးဆိုတာကေတာ့ မွားပါတယ္။

၂။ ပထမဆံုးအႀကိမ္ အတူေနရံုနဲ႔ ကိုယ္ဝန္ရႏိုင္ပါတယ္

မိန္းကေလးတစ္ေယာက္က ပထမဆံုးအႀကိမ္ ခ်စ္တင္းေႏွာရံုနဲ႔ ကိုယ္ဝန္မရႏိုင္ဘူးလို႔ ၾကားဖူးေကာင္း ၾကားဖူးပါလိမ့္မယ္။ အမွန္ကေတာ့ ေယာက်္ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ အကာအကြယ္မသံုးရင္ေတာ့ ပထမဆံုးအၾကိမ္မွာတင္ ကိုယ္ဝန္ရႏိုင္ပါတယ္။

ေယာက်္ားေလးက မိန္းကေလးတစ္ေယာက္နဲ႔ ပထမအႀကိမ္ အတူေနရံုနဲ႔ ကိုယ္ဝန္ရေစႏိုင္ပါတယ္။ မိန္းကေလးအတြက္က ပထမအႀကိမ္ ဓမၼတာလာၿပီးတဲ့အခ်ိန္ကစျပီး ကိုယ္ဝန္ေဆာင္နုိင္ေနျပီျဖစ္ပါတယ္။ ငယ္လြန္းတဲ့အရြယ္ပဲျဖစ္ျဖစ္၊ အရြယ္ေရာက္ျပီးသူပဲျဖစ္ျဖစ္ မလိုခ်င္တဲ့ကိုယ္ဝန္ရရွိျခင္းကို မျဖစ္ရေစဖို႔ အေရးေပၚသားဆက္ျခားေသာက္ေဆးေသာက္လို့ရပါတယ္။ ဒီေဆးကို ပံုမွန္သားဆက္ျခားေသာက္ေဆး ေသာက္ဖို႔ေမ့တာ၊ လိင္ဆက္ဆံစဥ္ ကြန္ဒံုးေပါက္ျပဲသြားတာ ၊လိင္အၾကမ္းဖက္ခံရတာ စသျဖင့္ ကိုယ္ဝန္ရရွိသြားေစႏိုင္တဲ့ အေျခအေနေတြမွာအေရးေပၚေသာက္သံုးႏိုင္ပါတယ္။ အကာအကြယ္မဲ့ လိင္ဆက္ဆံျပီး ၇၂နာရီအတြင္း ေသာက္သံုးပါက ၈၉% အက်ိဳးသက္ေရာက္မႈရွိႏုိင္ပါတယ္။

အိမ္ေထာင္သည္ေတြအေနနဲ႔ ကေလးမလိုခ်င္ေသးတဲ့အခ်ိန္မွာ သေႏၶတားေဆးသံုးျခင္းက ကိုယ္ဝန္မရနိုင္ေအာင္တားဆီးေပးနုိင္ပါတယ္။ ကြန္ဒံုး ကို အသံုးျပဳမယ္ဆိုရင္ေတာ့ လိင္ေၾကာင့္ကူးစက္တတ္တဲ့ေရာဂါ ေတြကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။ အတူမေနခင္မွာ သင့္အေဖာ္နဲ႔ ဘယ္လိုအကာအကြယ္သံုးမလဲဆိုတာ တုိင္ပင္ၿပီး ေသခ်ာအသံုးျပဳသင့္ပါတယ္။

၃။ သုက္မလႊတ္ခင္ လိင္တံအျပင္ထုတ္ျခင္းက ကိုယ္၀န္တားဖို႔ စိတ္ခ်ရတဲ့နည္းလမ္းမဟုတ္ပါဘူး။

ဆက္ဆံေဖာ္ အမ်ိဳးသားက သုက္မလႊတ္ခင္ လိင္တံ အျပင္ထုတ္ျခင္းျဖင့္လဲ ကိုယ္ဝန္ရရွိႏိုင္ျခင္းကို မတားဆီးႏိုင္ပါဘူး။ အမ်ိဳးသားေတြ သုက္မလႊတ္ခင္ လိင္စိတ္လႈပ္ရွားမႈေၾကာင့္သုက္မလႊတ္ခင္ ထြက္တဲ့ အရည္ၾကည္ ထဲမွာ သုက္္ေကာင္ေတြ ပါရွိတတ္ပါတယ္။ အမ်ိဳးသမီးတစ္ဦး ကိုယ္ဝန္ရဖို႔ သုက္ေကာင္ တစ္ေကာင္သာ လိုအပ္တာပါ။ ဒါ့အျပင္ ထိုအရည္ၾကည္ထဲမွာ လိင္ေၾကာင့္ ကူးစက္တတ္တဲ့ ေရာဂါပိုးမႊားေတြပါဝင္တာေၾကာင့္ သုက္မလႊတ္ခင္ အျပင္ထုတ္ျခင္းဟာလည္း လိင္ေၾကာင့္ကူးစက္တတ္တဲ့ ေရာဂါေတြ (STIs) ကိုလည္း မကာကြယ္ႏိုင္ပါဘူး။

တကယ္လို႔ သင့္ဆက္ဆံေဖာ္အမ်ိဳးသားက သုက္မလႊတ္ခင္ အျပင္ထုတ္ေပးမယ္လို႔ ေျပာရင္ မယံုပါနဲ႔။ ဘယ္သူမွ အဲ့ဒီစိတ္ကို မထိန္းႏိုင္ပါဘူး။ ဒါေၾကာင့္ ကြန္ဒံုးကို အသံုးျပဳပါ။ ကြန္ဒံုးက လိင္ဆက္ဆံျခင္းမွ တစ္ဆင့္ကူးစက္ေရာဂါ ကိုလည္း ကာကြယ္ေပးႏုိင္ပါတယ္။ ကိုယ္ဝန္မလိုခ်င္ပါက တျခား သားဆက္ျခား နည္းလမ္းမ်ားကိုလည္း အသံုးျပဳႏုိင္ပါတယ္။

၄။ ရာသီလာစဥ္ ခ်စ္တင္းေႏွာလွ်င္လည္း ကိုယ္ဝန္ရႏိုင္ပါတယ္

ရာသီလာစဥ္ အတူေနရင္ ကိုယ္ဝန္မရႏိုင္ဘူးဆိုတဲ့ ေကာလာဟလကို ၾကားဖူးမွာပါ။ အမွန္က အမ်ိဳးသမီးတစ္ဦးက ဘယ္အခ်ိန္မွာမဆို အကာအကြယ္မသံုးဘဲ အတူေနရင္ ကိုယ္ဝန္ရႏိုင္ပါတယ္္။ သုက္ေကာင္ေတြက သင့္ကိုယ္တြင္းမွာ ရက္အတန္ၾကာ အသက္ရွင္ႏိုင္တာေၾကာင့္ ရာသီလာစဥ္ အတူေနေသာ္လည္း အခ်ိန္အတန္ၾကာ အသက္ရွင္ႏိုင္တဲ့ သုက္ေကာင္ေတြက သင့္ကို ကိုယ္ဝန္ရသြားေစႏုိင္ပါတယ္။

ဒါ့ေၾကာင့္ သေႏၶတားဖို႔ စိတ္ခ်ခ်င္ရင္ ၃ လခံ သားဆက္ျခားထိုးေဆးကို ေရြးနိုင္ပါတယ္။ တစ္ခါထိုးျပီးရင္ ၃လသေႏၶတားႏိုင္စြမ္းရွိျပီး သားဆက္ပံုမွန္ျခားလိုပါက ၃လျပည့္တိုင္း ေနာက္တစ္ခါထပ္ထိုးေပးရမွာျဖစ္ပါတယ္။ကိုယ္ဝန္မလိုခ်င္ဘူးဆိုရင္ တားေဆး တစ္မ်ိဳးမ်ိဳး၊ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါမ်ား ကာကြယ္ရန္အတြက္ ကြန္ဒံုးတို႕ကို သံုးသင့္ပါတယ္။

၅။ အိပ္မေပ်ာ္ျခင္းကို ကုသနုိင္တယ္

လိင္ကိစၥအထြတ္အထိပ္ေရာက္တဲ့အခါ oxytocin ေဟာ္မုန္းထြက္လာတာက ေကာင္းက်ိဳးတစ္ခုပါ။ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ လိင္စိတ္ျပင္းထန္လာခ်္ိန္မွာ ဒီေဟာ္မုန္းထြက္လာတတ္ပါတယ္။ oxytocin က အနားယူေျပေလ်ာ့ျခင္းနဲ႔ အိပ္ခ်င္စိတ္ကို ပိုျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ပဲ ခ်စ္တင္းေႏွာျပီး ခ်က္ခ်င္းဆုိသလုိ အိပ္ေပ်ာ္သြားတတ္ၾကတာျဖစ္ပါတယ္။

၆။ ကြန္ဒံုးေတြမွာ သက္တမ္းကုန္ဆံုးရက္ပါရွိပါတယ္

တျခားကုန္ပစၥည္းေတြလိုပဲ ကြန္ဒံုးေတြမွာလည္း သက္တမ္းကုန္ဆံုးရက္ပါရွိျပီးျဖစ္ပါတယ္။ ကြန္ဒံုးတစ္ခုကို ၃ ႏွစ္ကေန ၅ ႏွစ္အတြင္း အသံုးျပဳလို႔ရပါတယ္။ အေကာင္းဆံုးကေတာ့ ကာကြယ္မႈအျပည့္အဝရေစဖို႔ ကြန္ဒံုးကုိအသံုးမျပဳခင္ သက္တမ္းကုန္ဆံုးရက္ကို ၾကည့္ပါ။

၇။ ခ်စ္တင္းေႏွာတဲ့ ပံုစံေတြကလည္း ကိုယ္ဝန္ရျခင္းကို မတားဆီးႏိုင္ပါဘူး။

ထိုင္ထလုပ္တာေတြ၊ မတ္တပ္ရပ္ခ်စ္တင္းေႏွာတာ၊ ထိုင္လ်က္ခ်စ္တင္းေႏွာတာေတြက ကိုယ္ဝန္မရေစႏိုင္ဘူးဆိုတဲ့ စကားအမွားေတြကိုလဲ မယံုသင့္ပါဘူး။ ကိုယ္ဝန္မရေအာင္ အတူေနလို႔ရတဲ့ ပံုစံ၊ ေနရာဆိုတာ မရွိပါဘူး။ အကာအကြယ္တစ္မ်ိဳးမ်ိုး၊ ကြန္ဒံုးသံုးမွသာ တားဆီးႏိုင္မွာပါ။ ဘယ္လိုပံုစံ ဘယ္လိုေနရာမွာ အတူေနပါေစ၊ သုက္ေကာင္နဲ႔ မ်ိဳးဥ ေပါင္းမိတာနဲ႔ ကိုယ္ဝန္ရရွိမွာပါ။

၈။ တစ္ကိုယ္ရည္အာသာေျဖတဲ့အခါ အမ်ိဳးသမီးေတြကလည္း အမ်ိဳးသားေတြနဲ႔ ၾကာခ်ိန္အတူတူပါပဲ။ ေလးမိနစ္ေလာက္ၾကာတတ္ပါတယ္။

၉ ။ ဒါေပမယ့္ လိင္စိတ္အထြတ္အထိပ္ေရာက္တဲ့အၾကိမ္ေရကေတာ့ ကြာျခားပါတယ္

အမ်ိဳးသားရဲ႕လိင္စိတ္အထြတ္အထိပ္ေရာက္တဲ့အၾကိမ္ေရက ၃ ၾကိမ္မွာ အမ်ိဳးသမီးဘက္က တစ္ၾကိမ္သာရွိပါတယ္။ အမ်ိဳးသမီးေတြရဲ႕ စိတ္သာယာမႈအေၾကာင္းကို ထုတ္ေျပာၾကေလ့မရွိတာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။

၁၀။ ကိုယ့္အေဖာ္နဲ႔ ပြင့္လင္းတဲ့ေျပာဆိုဆက္ဆံမႈရွိတာကလည္း လိင္ဆက္ဆံစဥ္အတြင္း လိင္စိတ္အထြတ္အထိပ္ေရာက္နိုင္ဖို႕ အခြင့္အလမ္းပိုမ်ားေစပါတယ္။

၁၁ ။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ရင္ ပိုစိတ္ပါေစတယ္

ပံုမွန္ေလ့က်င့္ခန္းလုပ္ေပးျခင္းက အမ်ိဳးသမီးေတြရဲ႕လိင္စိတ္နိုးၾကြမႈကို ျမွင့္တင္ေပးနိုင္ျပီး အေမာခံနိုင္စြမ္း၊ခြန္အားနဲ႔ ယံုၾကည္မႈကိုပိုရွိေစပါတယ္။

၁၂။ ခ်စ္တင္းေႏွာတာက ကယ္လိုရီေလာင္ကြ်မ္းေစပါတယ္

အိပ္ရာေပၚမွာ တစ္နာရီေလာက္ အလုပ္ရႈပ္ေနရတဲ့ ခ်စ္တင္းေႏွာျခင္းအမႈက အေျပးအားကစား မိနစ္ ၃၀ စာနဲ႔ ညီမွ်တဲ့ ကယ္လိုရီေလာင္ကြ်မ္းမႈရွိေစနိုင္တယ္လို႔ University of Quebec ရဲ႕သုေတသနမွာေဖာ္ျပထားပါတယ္။ လိင္မႈကိစၥအတြင္းမွာ အမ်ိဳးသားေတြက တစ္မိနစ္ကို ၄.၂ ကယ္လိုရီ ေလာင္ကြ်မ္းျပီး အမ်ိဳးသမီးေတြက တစ္မိနစ္ကို ၃.၁ ကယ္လိုရီေလာင္ကြ်မ္းတယ္လို႔ ဆိုပါတယ္။ တစ္ၾကိမ္ခ်စ္တင္းေႏွာရင္ အမ်ိဳးသားက စုစုေပါင္း ၁၀၁ ကယ္လိုရီနဲ႔ အမ်ိဳးသမီးက ၆၉ ကယ္လိုရီေလာင္ကြ်မ္းပါတယ္။

၁၃။ လိင္ဆက္ဆံတဲ့အၾကိမ္ေရမ်ားေလ၊ ပိုျပီးျဖစ္ခ်င္ လိုခ်င္ေလပါပဲ။ 

ဆန္႔က်င္ဘက္ေျပာရရင္လည္း ဒီအတိုင္းပဲ။ လိင္မဆက္ဆံဘဲ ေနတာ ၾကာလြန္းရင္လည္း လိင္ကိစၥမွာဘယ္ေလာက္သာယာခံစားခဲ့လဲဆိုတာ ေမ့သြားေလာက္ပါတယ္။

၁၄။ က်ီဂဲလ္ေလ့က်င့္ခန္းေတြက တင္ပါးဆံုၾကြက္သားေတြကိုသန္မာေစတယ္

ဒီၾကြက္သားေတြက အမ်ိဳးသမီးေတြအတြက္ လိင္ဆက္ဆံခ်ိန္အတြင္း ထိန္းခ်ဳပ္မႈပိုရေစသလို ခံစားခ်က္ကို ပိုျပင္းထန္ေစပါတယ္။ နည္းကေတာ့ ဆီးကိုေအာင့္ထားသလိုမ်ိဳး ၾကြက္သားကို ညွစ္ထားျပီးမွ ျပန္ေျဖေလ်ာ့ေပးရတာျဖစ္ပါတယ္။

Credit – Hello ဆရာ၀န္

Unicode Version     


လိင်မှုကိစ္စဆိုတာ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာသူတိုင်း သိထားသင့်တဲ့သဘာဝတစ်ခုပါ။ ဒါ့ကြောင့် လူူ့ဘဝမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ လိင်မှုရေးရာကိစ္စတွေကို လိင်ပညာပေးအဖြစ်နဲ့ လေ့လာသိရှိထားဖို့ ရှက်ရွံ့နေစရာမလိုပါဘူး။ လိင်မှုကိစ္စမှာဗဟုသုတရှိမထားတဲ့ မိန်းကလေးတွေဟာ မတော်တဆကိုယ်ဝန်ရသွားတာလိုမျိုး လိင်ကိစ္စကြောင့်မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ ကြုံရတတ်တဲ့ အတွက် ပိုပြီး သိထားသင့်ပါတယ်။

လိင်ဆက်ဆံမှုနဲ့ လိင်ကျန်းမာရေးအကြောင်းအရာတွေကို သိထားမှ ကိုယ့်ဘဝအတွက်ဆုံးဖြတ်ချက်မှန်ကန်ပြီး ပိုအဆင်ပြေ၊ပိုဘေးကင်းတဲ့ လိင်မှုဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်း အတွက် အရေးကြီးပါတယ်။ လူတိုင်းသိထားသင့်တဲ့ လိင်မှုရေးရာအချက် ၁၄ ချက်ကို ဖော်ပြလိုက်ပါတယ်။

၁ ။ လိင်ဆက်ဆံမှုမှာ နှစ်ဦးနှစ်ဘက် စိတ်ပျော်ရွှင်မှုတူညီတယ်

ယောကျ်ားတွေက မိန်းမတွေထက် လိင်ကိစ္စမှာပိုစိတ်ပါတယ်ဆိုတဲ့ယူဆချက်ကို သိပ္ပံနည်းကျအထောက်အထားရှိမနေပါဘူး။ လူ့အဖွဲ့အစည်းရဲ့စောင့်ထိန်းရမယ့်ဓလေ့ထုံးစံတွေနဲ့ ပုံသေအတွေးအခေါ်တွေကြောင့်ပဲ မိန်းကလေးတွေဟာ သဘာဝအရလိင်ကိစ္စမှာသာယာပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေကိုရှက်ရွံ့စိတ်နဲ့ဖုံးကွယ်ထားကြပုံပါပဲ။ ဒါပေမယ့် မိန်းကလေးတွေဟာ ယောကျာ်းလေးတွေလောက် လိင်ကိစ္စကိုစိတ်မပါဘူးဆိုတာကတော့ မှားပါတယ်။

၂။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်

မိန်းကလေးတစ်ယောက်က ပထမဆုံးအကြိမ် ချစ်တင်းနှောရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူးလို့ ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အကာအကွယ်မသုံးရင်တော့ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်ပါတယ်။

ယောကျ်ားလေးက မိန်းကလေးတစ်ယောက်နဲ့ ပထမအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရစေနိုင်ပါတယ်။ မိန်းကလေးအတွက်က ပထမအကြိမ် ဓမ္မတာလာပြီးတဲ့အချိန်ကစပြီး ကိုယ်ဝန်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ ငယ်လွန်းတဲ့အရွယ်ပဲဖြစ်ဖြစ်၊ အရွယ်ရောက်ပြီးသူပဲဖြစ်ဖြစ် မလိုချင်တဲ့ကိုယ်ဝန်ရရှိခြင်းကို မဖြစ်ရစေဖို့ အရေးပေါ်သားဆက်ခြားသောက်ဆေးသောက်လို့ရပါတယ်။ ဒီဆေးကို ပုံမှန်သားဆက်ခြားသောက်ဆေး သောက်ဖို့မေ့တာ၊ လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲသွားတာ ၊လိင်အကြမ်းဖက်ခံရတာ စသဖြင့် ကိုယ်ဝန်ရရှိသွားစေနိုင်တဲ့ အခြေအနေတွေမှာအရေးပေါ်သောက်သုံးနိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်သုံးပါက ၈၉% အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

အိမ်ထောင်သည်တွေအနေနဲ့ ကလေးမလိုချင်သေးတဲ့အချိန်မှာ သန္ဓေတားဆေးသုံးခြင်းက ကိုယ်ဝန်မရနိုင်အောင်တားဆီးပေးနိုင်ပါတယ်။ ကွန်ဒုံး ကို အသုံးပြုမယ်ဆိုရင်တော့ လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါ တွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အတူမနေခင်မှာ သင့်အဖော်နဲ့ ဘယ်လိုအကာအကွယ်သုံးမလဲဆိုတာ တိုင်ပင်ပြီး သေချာအသုံးပြုသင့်ပါတယ်။

၃။ သုက်မလွှတ်ခင် လိင်တံအပြင်ထုတ်ခြင်းက ကိုယ်ဝန်တားဖို့ စိတ်ချရတဲ့နည်းလမ်းမဟုတ်ပါဘူး။

ဆက်ဆံဖော် အမျိုးသားက သုက်မလွှတ်ခင် လိင်တံ အပြင်ထုတ်ခြင်းဖြင့်လဲ ကိုယ်ဝန်ရရှိနိုင်ခြင်းကို မတားဆီးနိုင်ပါဘူး။ အမျိုးသားတွေ သုက်မလွှတ်ခင် လိင်စိတ်လှုပ်ရှားမှုကြောင့်သုက်မလွှတ်ခင် ထွက်တဲ့ အရည်ကြည် ထဲမှာ သုက်ကောင်တွေ ပါရှိတတ်ပါတယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရဖို့ သုက်ကောင် တစ်ကောင်သာ လိုအပ်တာပါ။ ဒါ့အပြင် ထိုအရည်ကြည်ထဲမှာ လိင်ကြောင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေပါဝင်တာကြောင့် သုက်မလွှတ်ခင် အပြင်ထုတ်ခြင်းဟာလည်း လိင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) ကိုလည်း မကာကွယ်နိုင်ပါဘူး။

တကယ်လို့ သင့်ဆက်ဆံဖော်အမျိုးသားက သုက်မလွှတ်ခင် အပြင်ထုတ်ပေးမယ်လို့ ပြောရင် မယုံပါနဲ့။ ဘယ်သူမှ အဲ့ဒီစိတ်ကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို အသုံးပြုပါ။ ကွန်ဒုံးက လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်ရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်မလိုချင်ပါက တခြား သားဆက်ခြား နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါတယ်။

၄။ ရာသီလာစဉ် ချစ်တင်းနှောလျှင်လည်း ကိုယ်ဝန်ရနိုင်ပါတယ်

ရာသီလာစဉ် အတူနေရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ ကောလာဟလကို ကြားဖူးမှာပါ။ အမှန်က အမျိုးသမီးတစ်ဦးက ဘယ်အချိန်မှာမဆို အကာအကွယ်မသုံးဘဲ အတူနေရင် ကိုယ်ဝန်ရနိုင်ပါတယ်။ သုက်ကောင်တွေက သင့်ကိုယ်တွင်းမှာ ရက်အတန်ကြာ အသက်ရှင်နိုင်တာကြောင့် ရာသီလာစဉ် အတူနေသော်လည်း အချိန်အတန်ကြာ အသက်ရှင်နိုင်တဲ့ သုက်ကောင်တွေက သင့်ကို ကိုယ်ဝန်ရသွားစေနိုင်ပါတယ်။

ဒါ့ကြောင့် သန္ဓေတားဖို့ စိတ်ချချင်ရင် ၃ လခံ သားဆက်ခြားထိုးဆေးကို ရွေးနိုင်ပါတယ်။ တစ်ခါထိုးပြီးရင် ၃လသန္ဓေတားနိုင်စွမ်းရှိပြီး သားဆက်ပုံမှန်ခြားလိုပါက ၃လပြည့်တိုင်း နောက်တစ်ခါထပ်ထိုးပေးရမှာဖြစ်ပါတယ်။ကိုယ်ဝန်မလိုချင်ဘူးဆိုရင် တားဆေး တစ်မျိုးမျိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ကာကွယ်ရန်အတွက် ကွန်ဒုံးတို့ကို သုံးသင့်ပါတယ်။

၅။ အိပ်မပျော်ခြင်းကို ကုသနိုင်တယ်

လိင်ကိစ္စအထွတ်အထိပ်ရောက်တဲ့အခါ oxytocin ဟော်မုန်းထွက်လာတာက ကောင်းကျိုးတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ်ပြင်းထန်လာချိန်မှာ ဒီဟော်မုန်းထွက်လာတတ်ပါတယ်။ oxytocin က အနားယူပြေလျော့ခြင်းနဲ့ အိပ်ချင်စိတ်ကို ပိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်ပဲ ချစ်တင်းနှောပြီး ချက်ချင်းဆိုသလို အိပ်ပျော်သွားတတ်ကြတာဖြစ်ပါတယ်။

၆။ ကွန်ဒုံးတွေမှာ သက်တမ်းကုန်ဆုံးရက်ပါရှိပါတယ်

တခြားကုန်ပစ္စည်းတွေလိုပဲ ကွန်ဒုံးတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ပါရှိပြီးဖြစ်ပါတယ်။ ကွန်ဒုံးတစ်ခုကို ၃ နှစ်ကနေ ၅ နှစ်အတွင်း အသုံးပြုလို့ရပါတယ်။ အကောင်းဆုံးကတော့ ကာကွယ်မှုအပြည့်အဝရစေဖို့ ကွန်ဒုံးကိုအသုံးမပြုခင် သက်တမ်းကုန်ဆုံးရက်ကို ကြည့်ပါ။

၇။ ချစ်တင်းနှောတဲ့ ပုံစံတွေကလည်း ကိုယ်ဝန်ရခြင်းကို မတားဆီးနိုင်ပါဘူး။

ထိုင်ထလုပ်တာတွေ၊ မတ်တပ်ရပ်ချစ်တင်းနှောတာ၊ ထိုင်လျက်ချစ်တင်းနှောတာတွေက ကိုယ်ဝန်မရစေနိုင်ဘူးဆိုတဲ့ စကားအမှားတွေကိုလဲ မယုံသင့်ပါဘူး။ ကိုယ်ဝန်မရအောင် အတူနေလို့ရတဲ့ ပုံစံ၊ နေရာဆိုတာ မရှိပါဘူး။ အကာအကွယ်တစ်မျိုးမျိုး၊ ကွန်ဒုံးသုံးမှသာ တားဆီးနိုင်မှာပါ။ ဘယ်လိုပုံစံ ဘယ်လိုနေရာမှာ အတူနေပါစေ၊ သုက်ကောင်နဲ့ မျိုးဥ ပေါင်းမိတာနဲ့ ကိုယ်ဝန်ရရှိမှာပါ။

၈။ တစ်ကိုယ်ရည်အာသာဖြေတဲ့အခါ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့ ကြာချိန်အတူတူပါပဲ။ လေးမိနစ်လောက်ကြာတတ်ပါတယ်။

၉ ။ ဒါပေမယ့် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အကြိမ်ရေကတော့ ကွာခြားပါတယ်။

အမျိုးသားရဲ့လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အကြိမ်ရေက ၃ ကြိမ်မှာ အမျိုးသမီးဘက်က တစ်ကြိမ်သာရှိပါတယ်။ အမျိုးသမီးတွေရဲ့ စိတ်သာယာမှုအကြောင်းကို ထုတ်ပြောကြလေ့မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၁၀။ ကိုယ့်အဖော်နဲ့ ပွင့်လင်းတဲ့ပြောဆိုဆက်ဆံမှုရှိတာကလည်း လိင်ဆက်ဆံစဉ်အတွင်း လိင်စိတ်အထွတ်အထိပ်ရောက်နိုင်ဖို့ အခွင့်အလမ်းပိုများစေပါတယ်။

၁၁ ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ပိုစိတ်ပါစေတယ်

ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက အမျိုးသမီးတွေရဲ့လိင်စိတ်နိုးကြွမှုကို မြှင့်တင်ပေးနိုင်ပြီး အမောခံနိုင်စွမ်း၊ခွန်အားနဲ့ ယုံကြည်မှုကိုပိုရှိစေပါတယ်။

၁၂။ ချစ်တင်းနှောတာက ကယ်လိုရီလောင်ကျွမ်းစေပါတယ်

အိပ်ရာပေါ်မှာ တစ်နာရီလောက် အလုပ်ရှုပ်နေရတဲ့ ချစ်တင်းနှောခြင်းအမှုက အပြေးအားကစား မိနစ် ၃၀ စာနဲ့ ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းမှုရှိစေနိုင်တယ်လို့ University of Quebec ရဲ့သုတေသနမှာဖော်ပြထားပါတယ်။ လိင်မှုကိစ္စအတွင်းမှာ အမျိုးသားတွေက တစ်မိနစ်ကို ၄.၂ ကယ်လိုရီ လောင်ကျွမ်းပြီး အမျိုးသမီးတွေက တစ်မိနစ်ကို ၃.၁ ကယ်လိုရီလောင်ကျွမ်းတယ်လို့ ဆိုပါတယ်။ တစ်ကြိမ်ချစ်တင်းနှောရင် အမျိုးသားက စုစုပေါင်း ၁၀၁ ကယ်လိုရီနဲ့ အမျိုးသမီးက ၆၉ ကယ်လိုရီလောင်ကျွမ်းပါတယ်။

၁၃။ လိင်ဆက်ဆံတဲ့အကြိမ်ရေများလေ၊ ပိုပြီးဖြစ်ချင် လိုချင်လေပါပဲ။ 

ဆန့်ကျင်ဘက်ပြောရရင်လည်း ဒီအတိုင်းပဲ။ လိင်မဆက်ဆံဘဲ နေတာ ကြာလွန်းရင်လည်း လိင်ကိစ္စမှာဘယ်လောက်သာယာခံစားခဲ့လဲဆိုတာ မေ့သွားလောက်ပါတယ်။

၁၄။ ကျီဂဲလ်လေ့ကျင့်ခန်းတွေက တင်ပါးဆုံကြွက်သားတွေကိုသန်မာစေတယ်

ဒီကြွက်သားတွေက အမျိုးသမီးတွေအတွက် လိင်ဆက်ဆံချိန်အတွင်း ထိန်းချုပ်မှုပိုရစေသလို ခံစားချက်ကို ပိုပြင်းထန်စေပါတယ်။ နည်းကတော့ ဆီးကိုအောင့်ထားသလိုမျိုး ကြွက်သားကို ညှစ်ထားပြီးမှ ပြန်ဖြေလျော့ပေးရတာဖြစ်ပါတယ်။

Credit – Hello ဆရာ၀န္

Post a Comment

0 Comments