ချစ်ရည်လူးပြီးနောက် အားအင်းပြန်လည်ပြည့်ဝဖို့ ဘာတွေလုပ်သင့်သလဲ


             အိမ်ထောင်မှု တစ်ခုရယ် ဖြစ်လာတဲ့ အချိန်မှာ ပျော်ရွှင်စရာ ကြည်နူးစရာတွေရှာဖွေဖို့ရာ  နေ့စဉ် သွားလာလည်ပတ်မယ်၊ ဝါသနာ တူတာလေးတွေ လုပ်ကြမယ်၊ ဒါတွေအပြင် အိပ်ရာ ပေါ်က ကိစ္စလေးတွေပါ ဖန်တီးကြတာပေါ့… ဒီလို ချစ်ရည်လူးပြီးကြတဲ့အခါမှာ အားအင် ကုန်ခမ်းတာမျိုးတွေ ရှိတတ်တာမို့ ပြန်လည်ဖြည့်တင်းဖို့ရာ နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်…

          သာမန် လိင်မှုကိစ္စပြုလုပ်ကြခြင်းဟာ အားအင်အများကြီး မကုန်ခမ်းနိုင်သလို စိတ်ကျေနပ်မှုကိုလဲ ဖြစ်စေပါတယ် …အကယ်၍ အားအင် ကုန်ခမ်းသွားပါကလည်း ပုံမှန်စားသောက်ခြင်းဖြင့် အားအင် ပြန်ပြည့်စေနိုင်ပါတယ် …

       သို့သော် မိမိကို ပိုမိုအားကောင်းစေတဲ့ အစားအသောက်လေးတွေလည်း ရှိပါတယ်..

      ကော်ဖီ၊ green tea ၊ ဝိုင်နီ စတာတွေဟာ စိတ်ကို ပိုမို အားသန်စေပါတယ်…

      ဟင်းနုနွယ်ရွက်၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုပ်ကောင်း၊ငရုပ်ပွ ၊ အာလူးစတဲ့ နေ့စဉ်ဟင်းလျာထဲတွင် အသုံးပြုနေကျ အသီးအရွက်တွေမှာ အားကောင်းစေသော အာနိသင်တွေ ပါပါသတဲ့..

      ငှက်ပျောသီး ၊ ဖရဲသီး ၊ထောပတ်သီး၊ ၊သလဲသီး၊ ဘယ်ရီသီးတွေနဲ့ ဗိုက်တာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေဟာဆိုရင်လဲ အကျိုးထူးစေပါတယ်..



      ချောကလက်နက်(dark chocalate) ဟာဆိုရင်လည်း စိတ်ပင်ပန်းမှုကို လျော့ကျစေပြီး သွေးလည်ပတ်မှုအား ကောင်းစေတဲ့အပြင် ဆန္ဒ ပိုမိုပြီးမြောက်ရန် အသုံးဝင်ပါတယ်…

      ကြက်ဥ ဟာဆိုရင်လည်း အားကောင်းစေတယ်.. စိတ်ပင်ပန်းမှုကို လျော့ကြစေသလို တခြားသောကျန်းမာရေးအတွက်လဲ ကောင်းမွန်စေတာမို့ စားသုံးသင့်တာပေါ့…

      ပုဇွန်၊ ဂဏန်း၊ ကမာကောင် အစရှိတဲ့ ပင်လယ်စာတွေမှာလဲ ဆီရိုတိုနင်ဆိုတဲ့ ဓာတ်ကို ပိုအားကောင်းစေပြီး စိတ်ကို ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ်…

      ထို့ပြင် ခံတွင်းကျန်းမာရေးအတွက်ကောင်းစေသလို အနံ့အသက်လဲ ပျောက်လွယ်စေတဲ့ ” ပန်းသီး” ကို စားလိုက်ရင် ပိုသင့်တော်ပါတယ်…

ဒီလို အစားအသောက်တွေ အပြင် မိမိရဲ့ စိတ်ကို ပိုမိုကောင်းမွန်စေဖို့ရန် …

sport drinks သောက်လို့ရပါတယ်

sport drink ဟာဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ electrolyte ဓာတ်နဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ် …
အနားပေးပါ..

ကုန်ဆုံးသွားခဲ့တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ လုံလောက်တဲ့ အနားယူမှုရှိပါစေ…

တီးတိုးစကားပြောပါ..

မိမိစိတ်ခံစားမှုတွေကို မိမိချစ်သူအား ရင်ဖွင့်မယ်၊ တီးတိုးပြောမယ် …. ဒီလိုအားဖြင့် စိတ်ပင်ပန်းမှုလဲ ပြေပျောက်စေသလို နှစ်ကိုယ်ကြား ရင်းနှီးမှုလဲ ပိုရစေပါတယ်…

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

သက်လုံကောင်းစေတဲ့အပြင် မိမိကိုယ်ကို ပိုမို ယုံကြည်မှုရှိစေပြီး စိတ်ကိုလဲ ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ်…

ဒီလိုအားဖြင့် ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးသုခကို ခံစားနိုင်ပြီး အချစ်တွေ တိုးပွားနိုင်မယ်လို့ အကြံပြုလျက်….


#ပိုင်နီမောင်

Credit - Original

Post a Comment

0 Comments