‘မ နဲ့ မောင်’ စုံတွဲတွေမှာ တွေ့ရတတ်တဲ့ အလွဲအမှားများ


            မိန်းကလေးက ယောက်ျားလေးထက် အသက်ပိုကြီးနေတယ်ဆိုရင် မိန်းကလေးဘက်ကပိုပြီး အနစ်နာခံကြရတာများတယ်။ သူတို့စုံတွဲတွေမှာ တွေ့ရတတ်တဲ့ အလွဲတွေကတော့ ဒီအချက်တွေပဲဖြစ်ပါတယ်။
  • နင်နဲ့ငါ လို့ သုံးကြတာများတယ်


  • မ နဲ့ မောင် စုံတွဲတွေမှာ တွေ့ရတဲ့ အမှားတွေက နင်နဲ့ငါ လို့ သုံးကြတာပါပဲ။ မိန်းကလေးက အသက်ပိုကြီးတယ်ဆိုရင် နင်နဲ့ငါ လို့ သုံးကြတယ်။ မိန်းကလေးက ယောက်ျားလေးထက် တစ်နှစ်ပဲပိုကြီးရင် ပိုဆိုးပါတယ်။


  • တစ်ယောက်နဲ့တစ်ယောက်က သူငယ်ချင်းလိုမျိုး သုံးနှုန်းလာကြတာများတယ်။ အဲဒါက မှားပါတယ်။




  • တစ်ယောက်နဲ့တစ်ယောက် ဆရာအလုပ်မခံကြဘူး။

           မိန်းကလေးကလည်း “ငါက အသက်ကြီးတော့ ငါစကားကပိုမှန်တယ်” ယောက်ျားလေးကလည်း ” ငါ့မှာ မာနရှိတယ်” ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ဆရာအလုပ်မခံကြဘူး။ ယောက်ျားလေးတွေက သူတို့ကငယ်တယ်ဆိုပြီးတော့ ဆိုးကြတယ်။
  • မိန်းကလေးကလည်း “ငါက မိန်းကလေးလေ” ဆိုပြီးတော့ မာနတွေထားကြတယ်။ အဲ့လိုတွေ တစ်ယောက်နဲ့တစ်ယောက် မခံချင်စိတ်တွေများနေကြတာ မှားပါတယ်။


  • ပုံမှန်ထက်ရန်ပိုဖြစ်ကြတယ်။


  • အသက်တစ်နှစ်ပဲကြီးတဲ့ မိန်းကလေးနဲ့ တစ်နှစ်ပဲငယ်တဲ့ယောက်ျားလေးတို့ တွေ့ကြရင် တစ်ယောက်နဲ့တစ်ယောက် အလျော့မပေးတတ်တော့ဘူး။ မာနပြိုင်ကြရင်းနဲ့ ရန်ပိုဖြစ်ကြတယ်။ ကြောင်နဲ့ကြွက်လို အမြဲရန်ဖြစ်ကြတယ်။


  • ပြတ်နိုင်ကြလားဆိုတော့ မပြတ်နိုင်ကြဘဲနဲ့ကို တွေ့တိုင်းရန်ဖြစ်ကြတာ မ နဲ့ မောင် စုံတွဲတွေပါ။ ဒါက သူတို့ဆီမှာတွေ့ရတတ်တဲ့ အလွဲအမှားတွေပါ။
Credit : Hannwe Soe (Auntymay)

Post a Comment

0 Comments