သရက္သီး အေၾကာင္း တေစ့တေစာင္း


“အသီး မွာ သရက္၊ အသားမွာ ဝက္၊ အ႐ြက္မွာ လက္ဖက္” ဆိုတဲ့ ျမန္မာ့ဆို႐ိုးစကား အတိုင္း အသီးထဲမွာ စားလို႔ အေကာင္းဆုံးက သရက္သီး ပါ။ သရက္သီး က စားတဲ့အခါ အနံ႔ေရာ အရသာ ပါ ျပည့္စုံသလို အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္လည္း ေကာင္းမြန္တဲ့ အသီးပါ။

ျမန္မာႏိုင္ငံမွာ သရက္သီး အမ်ိဳးအစား အမ်ားႀကီးရွိပါတယ္။ စိုက္ပ်ိဳးတဲ့ ေဒသ၊ သရက္သီး ထြက္ရွိရာ နယ္ေျမနဲ႔ သရက္သီးမ်ိဳး၊ အ႐ြယ္အစား အလုံး ပုံသ႑ာန္ေပၚ မူတည္ၿပီး အေခၚအေဝၚ အမ်ိဳးမ်ိဳး ကြဲျပားပါတယ္။
ျမန္မာေတြရဲ႕ သရက္သီးက စားသုံးပုံကလည္း အမ်ိဳးမ်ိဳးရွိပါတယ္။ အသီးခ်ည္းပဲ ဒီတိုင္းသက္သက္ စားၾကသလို သရက္သီးေဖ်ာ္ရည္၊ သရက္သီးဒိန္ခ်ဥ္၊ သရက္သီးကိတ္၊ သရက္သီးယို၊ သရက္သီး ပူတင္း၊ သရက္သီးေရခဲမုန႔္ စသျဖင့္ စားသုံးေလ့ ရွိၾကပါတယ္။ သရက္သီးကို ထမင္း၊ ေကာက္ညႇင္း စတာေတြနဲ႔လည္း တြဲဖက္လည္း စားေလ့ရွိပါတယ္။

သရက္သီး အစိမ္း ဆိုရင္ ငပိရည္ နဲ႔ တို႔စရာအျဖစ္ စားသုံးသလို၊ အခ်ဥ္ေပါင္း အျဖစ္လည္း င႐ုပ္သီး၊ ငံျပာရည္တို႔နဲ႔ ခ်ဥ္ခ်ဥ္စပ္စပ္ လုပ္စားေလ့ ရွိၾကပါတယ္။ သရက္သီးအစိမ္းကိုမွ သရက္ခ်ဥ္၊ သရက္ျပား၊ သရက္သီး ဆားရည္စိမ္၊ သရက္သီးသနပ္ စသျဖင့္ သရက္သီးကို အခ်ဥ္တည္ၿပီး အမ်ိဳးမ်ိဳး စားၾကပါေသးတယ္။

သရက္သီး အမွည့္ဆိုရင္ေတာ့ ဝါဝါ၀င္းဝင္းနဲ႔ အဆင္းလွၿပီး အနံ႔ေရာ အရသာပါေကာင္းမြန္တဲ့ “စိန္တလုံး” သရက္သီးက လူႀကိဳက္အမ်ားဆုံးပါပဲ။ စိန္တလုံး သရက္သီးက လူႀကိဳက္အမ်ားဆုံးနဲ႔ ေဈးကြက္ထဲမွာဆိုရင္လည္း ေရာင္းအားအေကာင္းဆုံး၊ သရက္သီး ထဲမွာ အလုံးအထည္ အလွဆုံးပါ။

“စိန္တလုံး” သရက္သီး ကို အမ်ားစု အရသာခ်ိဳၿမိန္တာေၾကာင့္ အခ်ိဳတည္းတဲ့ အစားအစာအျဖစ္ စားသုံးေလ့ရွိၾကပါတယ္။ စိန္တလုံးနဲ႔အတူ အျခား လူသိမ်ားတဲ့ ျမန္မာ့ သရက္သီး ေတြက “ေ႐ႊဟသၤာ၊ ပတၱျမားငေမာက္၊ မခ်စ္စု၊ ရင္ကြဲ၊ ေ႐ႊက်ည္ေတာင့္၊ ၾကက္တူေ႐ြး၊ သုံးထပ္၊ သုံးလုံးတေတာင္၊ ေ႐ႊဝါ၊ ျမေက်ာက္” စတဲ့ သရက္သီး ေတြပါ။ တျခားနာမည္ႀကီး မ်ိဳးကြဲ သရက္သီး ေတြ မ်ားစြာရွိပါေသးတယ္။

ျမန္မာ့ သရက္သီး ေတြထဲမွာ ႏိုင္ငံတကာကို တင္ပို႔ႏိုင္တဲ့ သရက္သီးက “စိန္တလုံး” သရက္သီး ပါ။ စိန္တလုံး အျပင္ “ပတၱျမားငေမာက္၊ ေ႐ႊဟသၤာ” စတဲ့ သရက္သီး ေတြကိုလည္း ႏိုင္ငံတကာ ကို တင္ပို႔ ေနတယ္လို႔ သိရပါတယ္။ ျမန္မာ့ သရက္သီး ေတြကို ျပည္တြင္းေရာ၊ ျပည္ပမွာပါ ထုတ္ပိုးမႈ စနစ္ ေကာင္းေကာင္းနဲ႔ ေဈးကြက္ထဲမွာ အခုဆို ျမင္ေတြ႕ေနရပါၿပီ။

Credit : The Irrawaddy


Unicode Version     


“အသီး မှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့ မြန်မာ့ဆိုရိုးစကား အတိုင်း အသီးထဲမှာ စားလို့ အကောင်းဆုံးက သရက်သီး ပါ။ သရက်သီး က စားတဲ့အခါ အနံ့ရော အရသာ ပါ ပြည့်စုံသလို အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ အသီးပါ။

မြန်မာနိုင်ငံမှာ သရက်သီး အမျိုးအစား အများကြီးရှိပါတယ်။ စိုက်ပျိုးတဲ့ ဒေသ၊ သရက်သီး ထွက်ရှိရာ နယ်မြေနဲ့ သရက်သီးမျိုး၊ အရွယ်အစား အလုံး ပုံသဏ္ဍာန်ပေါ် မူတည်ပြီး အခေါ်အဝေါ် အမျိုးမျိုး ကွဲပြားပါတယ်။
မြန်မာတွေရဲ့ သရက်သီးက စားသုံးပုံကလည်း အမျိုးမျိုးရှိပါတယ်။ အသီးချည်းပဲ ဒီတိုင်းသက်သက် စားကြသလို သရက်သီးဖျော်ရည်၊ သရက်သီးဒိန်ချဉ်၊ သရက်သီးကိတ်၊ သရက်သီးယို၊ သရက်သီး ပူတင်း၊ သရက်သီးရေခဲမုန့် စသဖြင့် စားသုံးလေ့ ရှိကြပါတယ်။ သရက်သီးကို ထမင်း၊ ကောက်ညှင်း စတာတွေနဲ့လည်း တွဲဖက်လည်း စားလေ့ရှိပါတယ်။

သရက်သီး အစိမ်း ဆိုရင် ငပိရည် နဲ့ တို့စရာအဖြစ် စားသုံးသလို၊ အချဉ်ပေါင်း အဖြစ်လည်း ငရုပ်သီး၊ ငံပြာရည်တို့နဲ့ ချဉ်ချဉ်စပ်စပ် လုပ်စားလေ့ ရှိကြပါတယ်။ သရက်သီးအစိမ်းကိုမှ သရက်ချဉ်၊ သရက်ပြား၊ သရက်သီး ဆားရည်စိမ်၊ သရက်သီးသနပ် စသဖြင့် သရက်သီးကို အချဉ်တည်ပြီး အမျိုးမျိုး စားကြပါသေးတယ်။

သရက်သီး အမှည့်ဆိုရင်တော့ ဝါဝါဝင်းဝင်းနဲ့ အဆင်းလှပြီး အနံ့ရော အရသာပါကောင်းမွန်တဲ့ “စိန်တလုံး” သရက်သီးက လူကြိုက်အများဆုံးပါပဲ။ စိန်တလုံး သရက်သီးက လူကြိုက်အများဆုံးနဲ့ ဈေးကွက်ထဲမှာဆိုရင်လည်း ရောင်းအားအကောင်းဆုံး၊ သရက်သီး ထဲမှာ အလုံးအထည် အလှဆုံးပါ။

“စိန်တလုံး” သရက်သီး ကို အများစု အရသာချိုမြိန်တာကြောင့် အချိုတည်းတဲ့ အစားအစာအဖြစ် စားသုံးလေ့ရှိကြပါတယ်။ စိန်တလုံးနဲ့အတူ အခြား လူသိများတဲ့ မြန်မာ့ သရက်သီး တွေက “ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ မချစ်စု၊ ရင်ကွဲ၊ ရွှေကျည်တောင့်၊ ကြက်တူရွေး၊ သုံးထပ်၊ သုံးလုံးတတောင်၊ ရွှေဝါ၊ မြကျောက်” စတဲ့ သရက်သီး တွေပါ။ တခြားနာမည်ကြီး မျိုးကွဲ သရက်သီး တွေ များစွာရှိပါသေးတယ်။

မြန်မာ့ သရက်သီး တွေထဲမှာ နိုင်ငံတကာကို တင်ပို့နိုင်တဲ့ သရက်သီးက “စိန်တလုံး” သရက်သီး ပါ။ စိန်တလုံး အပြင် “ပတ္တမြားငမောက်၊ ရွှေဟင်္သာ” စတဲ့ သရက်သီး တွေကိုလည်း နိုင်ငံတကာ ကို တင်ပို့ နေတယ်လို့ သိရပါတယ်။ မြန်မာ့ သရက်သီး တွေကို ပြည်တွင်းရော၊ ပြည်ပမှာပါ ထုတ်ပိုးမှု စနစ် ကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာ အခုဆို မြင်တွေ့နေရပါပြီ။

Credit : The Irrawaddy

Post a Comment

0 Comments