ေယာက္်ားေလးေတြ လမ္းခြဲ သြားတတ္တဲ့ မိန္းကေလး တစ္ေယာက္ရဲ႕ အေျခအေနနဲ႕ စ႐ိုက္(၆) ခ်က္


ေယာက္်ားေလး ေတြဟာ မိန္းကေလး ေတြထက္ ပိုၿပီးခ်စ္တတ္တယ္လို႔ထင္စရာရွိေပမယ့္ တစ္စံုတစ္ေယာက္ကို ႏွစ္ႏွစ္ကာကာခ်စ္မိဖို႔အတြက္ကေတာ့ မိန္းကေလး ေတြထက္ ပိုမိုခက္ခဲပါတယ္။ တကယ္လို႔ သူတို႔ အ႐ူးအမူး ခ်စ္မိတဲ့အခါမွာေတာ့ သူ႔ရဲ႕အခ်စ္ကိုအစြမ္းကုန္ျပသၾကေပမယ့္ စိတ္ကုန္သြားရင္ေတာ့ မိန္းကေလး ေတြထက္ ပိုမိုျပတ္သားတတ္ၾကပါတယ္။ဒါေၾကာင့္ မိန္းကေလး ေတြရဲ႕ ဘယ္လိုအျပဳအမူေတြက ေယာက္်ားေလး ေတြကို စိတ္ကုန္ေစလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သူမကသူ႔ကို ျပဳျပင္ ဖို႔ႀကိဳးစားေနတယ္ဆုိတာကိုသိရင္

တကယ္လို႔ အဲဒီလိုခံစားမႈမ်ိဳးကို ေယာက္်ားေလးေတြ ခံစားရတဲ့အခါ သူတို႕ဟာကိုယ့္ အားနည္းခ်က္ ကို ႀကီးႀကီးမားမားစဥ္းစားတတ္ၾကၿပီး သူတို႕ကိုယ္သူတို႔ ေ၀ဖန္မယ့္အစား ထြက္ေပါက္ကိုစတင္ၿပီး ရွာေဖြပါလိမ့္မယ္။ ဒါေၾကာင့္ သူတို႔ရဲ႕လုပ္ငန္းစဥ္ ေတြကို အရမ္းႀကီးဂ႐ုစိုက္ျခင္းျဖင့္ သင့္အတြက္မထိေရာက္တဲ့အျပင္ ပိုမိုၿပီးအခက္ေတြ႕ေစပါတယ္။ ဒါဟာဘာေၾကာင့္လည္းဆိုေတာ့ ေယာက်္ားေလး အမ်ားစုဟာ ခ်စ္သူရဲ႕ အထင္ႀကီးမႈကို လိုခ်င္တာေၾကာင့္ျဖစ္ပါတယ္။ အယ္ဘတ္အိုင္စတိုင္းက ” ေယာက်္ားေလး ေတြဟာ သူတို႕ဘယ္ေတာ့မွမေျပာင္းလဲဘူးဆိုတဲ့စိတ္နဲ႕ မိန္းကေလး ေတြကိုလ က္ထပ္ၾကေပမယ့္၊ မိန္းကေလး ေတြကေတာ့ သူတို႕ေျပာင္းလဲလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ လက္ထပ္ ၾကတယ္” ေျပာခဲ့ဖူးတယ္။ ဒါေၾကာင့္ ေယာက်္ားေလး ေတြဟာ သူတို႕ကိုျပဳျပင္ေပးမယ့္လူအစား သူတို႕အေပၚကို ယံုၾကည္ အားကိုးတဲ့ ခ်စ္သူ ကို ရွာေဖြၾကတာဟာ အဆန္းေတာ့မဟုတ္ပါဘူး။

၂။ ခ်စ္သူ ေကာင္မေလး ရဲ႕ ေအာင္ျမင္မႈ က သူ႔ကိုၿခိမ္းေျခာက္လာတဲ့အခါ

ဖေလာရီဒါ တကၠသိုလ္ ရဲ႕ ေလ့လာမႈ တစ္ခုအရ မိန္းကေလး ေတြရဲ႕ေအာင္ျမင္မႈ ဟာ သူတို႔ရဲ႕လက္တြဲေဖာ္ အေပၚကို ႀကီးမားစြာအက်ိဳးသက္ေရာက္တတ္ေၾကာင္းေလ့လာေတြရွိရပါတယ္။ဒါဟာ တိုက္႐ိုက္ ယွဥ္ၿပိဳင္ျခင္း တာမ်ိဳးမဟုတ္ပဲ ေယာက်္ားေလးေတြရဲ႕ ကိုယ့္ကိုကိုယ္တန္ဖိုးထားမႈကို ႀကီးမားစြာထိခိုက္ေစတတ္ပါတယ္။ ေယာက္်ားေလး ေတြဟာ ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ကို စတင္ခ်စ္မိတဲ့အခါမွာ သူတို႕ရဲ႕အနာဂတ္ခရီးလမ္းအတြက္ အႏုတ္သေဘာဖက္ကို စတင္စဥ္းစားေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ ခ်စ္သူ ေကာင္မေလး ရဲ႕ ေအာင္ျမင္မႈေတြကို ေပ်ာ္ရမယ့္အစား သူ႔ရဲ႕႐ႈံးနိမ့္မႈ ေတြနဲ႔ႏႈိင္းယွဥ္ၿပီး ၀မ္းနည္းစြာ လမ္းခြဲ ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။

၃။ အခ်ိန္တိုင္း နားပူနားဆာလုပ္တဲ့အခါ

ေယာက်္ားေလး ေတြဟာ သူတို႕ရဲ႕ခ်စ္သူ ကို တတ္ႏိုင္သေလာက္ သည္းခံခြ င့္လႊတ္ၿပီး လိုက္ေလ်ာတတ္ၾကပါတယ္။ ဒါေပမယ့္တခ်ိဳ႕မိန္းကေလး ေတြက မူယာမာယာနဲ႕ ခၽြဲႏြဲ႕ျခင္း ကို ဆြဲေဆာင္မႈ တစ္ခုလို႕ မွားယြင္းစြာယူဆေနၾကတယ္။ တကယ္ေတာ့ ကမၻာေပၚမွာ လိင္ဆြဲေဆာင္မႈ အနည္းဆံုး မိန္းမ ေတြဟာ ပူညံပူညံနဲ႕ နားပူနားဆာလုပ္တတ္သူေတြပဲ ျဖစ္ပါတယ္။

၄။ ရင္းႏွီး မရွိျခင္း

ေယာက်္ားေလး ေတြဟာလည္း မိန္းကေလး ေတြကဲ့သို႕ ရင္းႏွီး ကၽြမ္း၀င္မႈကို တပ္မက္ၾကပါတယ္။ တကယ္လို႕ ေယာက်္ားေလး သူ႕ရဲ႕ခ်စ္သူ ကို ဖက္ကဲတလင္းေနတဲ့အခါ မိန္းကေလး က သူ႕ကို တဏွာ႐ူး ကဲ့သို႕ထင္ျခင္း၊ အလြန္အမင္းျငင္းပယ္ျခင္းေၾကာင့္လည္း ေယာက်္ားေလး ေတြဟာ စြန္ခြာသြားတတ္ၾကပါတယ္။ ေယာက်္ားေလး ေတြဟာ မိန္းမတစ္ေယာက္ကိုဘာေၾကာင့္ ရင္းရင္းႏွီးႏွီး ေနခ်င္လဲဆိုတာအေၾကာင္းျပခ်က္ရွိပါတယ္။ အဲ့ဒါဟာ သူ႕ရဲ႕ခ်စ္သူ ေကာင္မေလး က သူ႕ကို သူမ ဘ၀ ႕ဆြဲေဆာင္မႈအရွိဆံုး ေယာက်္ား တစ္ေယာက္အျဖစ္ ထာ၀ရအသိအမွတ္ျပဳေစခ်င္တာေၾကာင့္ ျဖစ္ပါတယ္။

၅။ တစ္ျခား ေယာက်္ားေလး ေတြနဲ႔ ႏႈိင္းယွဥ္ျခင္း

ခ်စ္သူ ေကာင္မေလး ဟာ သူမ ရဲ႕အရင္ရ ည္းစားေဟာင္း အေၾကာင္းေျပာတာေလာက္ စိတ္အေႏွာက္အယွက္ျဖစ္စရာေလာကမွာ ထပ္မရွိေတာ့ပါဘူး။ တကယ္လို႕ သူမကအရင္ ရည္းစား နဲ႕ သူ႕ကိုႏႈိင္းယွဥ္ၿပီးေျပာရင္ေတာ့ ဇာတ္သိမ္းခန္းေရာက္ခါနီးပါၿပီ။ ဘယ္ေယာက်္ားေလးကမွ သူတို႕ခ်စ္သူ ရဲ႕အတိတ္ကို ခြဲျခမ္းစိတ္ျဖာျခင္း မလုပ္ခ်င္ၾကပါဘူး။ ေယာက်္ားေလးေတြဟာ လက္ရွိမွာပဲ သူတို႕သာအေရးအပါဆံုးသူလို႕ ယံုၾကည္ေစခ်င္ၾကပါတယ္။ ဒါေၾကာင့္ ခ်စ္သူရဲ႕အရင္ရည္းစားက ဘာလဲ ဘာေတြလုပ္ခဲ့လဲဆိုတာကို မၾကားခ်င္သလို သူယခုလုပ္ေနတာေတြဟာ ျပည့္စံုရဲ႕လားဆိုတာကိုပဲ သိခ်င္ပါတယ္။

၆။ အရာရာကို လိုက္လံထိန္းခ်ဳပ္တတ္ရင္

ေယာက်္ားေလး ေတြဟာ သူတို႕ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ နယ္ပယ္ လိုအပ္သလို အျခားတစ္ေယာက္က ၀င္ေရာက္စြတ္ဖက္ျခင္းကိုလည္း မလိုအပ္ပါဘူး။ ဒါေၾကာင့္ သူတို႕ရဲ႕အားကစားလုပ္ငန္းေတြ၊ သူငယ္ခ်င္းေတြနဲ႕ လူမႈေရးအရ ေတြဆံုပြဲေတြကို မိန္းကေလး က လိုက္လံ၍ပိတ္ပင္တဲ့အခါ သူတို႔အရမ္းကို စိတ္ပ်က္တတ္ၾကပါတယ္။ ေကာင္းမြန္တဲ့ အခ်စ္ေရးမွာ ႏွစ္ေယာက္စလံုးရဲ႕၀ါသနာ နဲ႕ သူငယ္ခ်င္းအေပါင္းအသင္းေတြအတြက္ ကိုယ္ပိုင္လြတ္လပ္ခြင့္ စည္းတစ္ခုထားသင့္ပါတယ္။ ဒါေၾကာင့္ ေယာက်္ာေလး ေတြကို ထိန္းခ်ဳပ္ျခင္းဟာ သူတို႔အတြက္ အက်ဥ္းက်သလို ခံစားရႏိုင္ၿပီး သူတို႕ရဲ႕ လြတ္လပ္ခြင့္ကို ဆံုး႐ႈံးမွာေၾကာက္တာေၾကာင့္ ေနာက္ထပ္လက္တြဲေဖာ္တစ္ေယာက္ကို ထပ္မံရွာေဖြၾကျခင္းျဖစ္ပါတယ္။

Credit - LifeStyleMyanmar


Unicode Version 


ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီးချစ်တတ်တယ်လို့ထင်စရာရှိပေမယ့် တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိဖို့အတွက်ကတော့ မိန်းကလေးတွေထက် ပိုမိုခက်ခဲပါတယ်။ တကယ်လို့ သူတို့အရူးအမူးချစ်မိတဲ့အခါမှာတော့ သူ့ရဲ့အချစ်ကိုအစွမ်းကုန်ပြသကြပေမယ့် စိတ်ကုန်သွားရင်တော့ မိန်းကလေးတွေထက် ပိုမိုပြတ်သားတတ်ကြပါတယ်။ဒါကြောင့် မိန်းကလေးတွေရဲ့ ဘယ်လိုအပြုအမူတွေက ယောက်ျားလေးတွေကို စိတ်ကုန်စေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူမကသူ့ကို ပြုပြင်ဖို့ကြိုးစားနေတယ်ဆိုတာကိုသိရင်

တကယ်လို့ အဲဒီလိုခံစားမှုမျိုးကို ယောက်ျားလေးတွေ ခံစားရတဲ့အခါ သူတို့ဟာကိုယ့်အားနည်းချက်ကို ကြီးကြီးမားမားစဉ်းစားတတ်ကြပြီး သူတို့ကိုယ်သူတို့ ဝေဖန်မယ့်အစား ထွက်ပေါက်ကိုစတင်ပြီး ရှာဖွေပါလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့လုပ်ငန်းစဉ်တွေကို အရမ်းကြီးဂရုစိုက်ခြင်းဖြင့် သင့်အတွက်မထိရောက်တဲ့အပြင် ပိုမိုပြီးအခက်တွေ့စေပါတယ်။ ဒါဟာဘာကြောင့်လည်းဆိုတော့ ယောကျ်ားလေးအများစုဟာ ချစ်သူရဲ့ အထင်ကြီးမှုကို လိုချင်တာကြောင့်ဖြစ်ပါတယ်။ အယ်ဘတ်အိုင်စတိုင်းက ” ယောကျ်ားလေးတွေဟာ သူတို့ဘယ်တော့မှမပြောင်းလဲဘူးဆိုတဲ့စိတ်နဲ့ မိန်းကလေးတွေကိုလက်ထပ်ကြပေမယ့်၊ မိန်းကလေးတွေကတော့ သူတို့ပြောင်းလဲလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ထပ်ကြတယ်” ပြောခဲ့ဖူးတယ်။ ဒါကြောင့်ယောကျ်ားလေးတွေဟာ သူတို့ကိုပြုပြင်ပေးမယ့်လူအစား သူတို့အပေါ်ကိုယုံကြည်အားကိုးတဲ့ ချစ်သူကို ရှာဖွေကြတာဟာ အဆန်းတော့မဟုတ်ပါဘူး။

၂။ ချစ်သူကောင်မလေးရဲ့ အောင်မြင်မှုက သူ့ကိုခြိမ်းခြောက်လာတဲ့အခါ

ဖလောရီဒါတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ မိန်းကလေးတွေရဲ့အောင်မြင်မှုဟာ သူတို့ရဲ့လက်တွဲဖော်အပေါ်ကို ကြီးမားစွာအကျိုးသက်ရောက်တတ်ကြောင်းလေ့လာတွေရှိရပါတယ်။ဒါဟာ တိုက်ရိုက်ယှဉ်ပြိုင်ခြင်းတာမျိုးမဟုတ်ပဲ ယောကျ်ားလေးတွေရဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုကို ကြီးမားစွာထိခိုက်စေတတ်ပါတယ်။ ယောက်ျားလေးတွေဟာ အောင်မြင်နေတဲ့အမျိုးသမီးတစ်ယောက်ကို စတင်ချစ်မိတဲ့အခါမှာ သူတို့ရဲ့အနာဂတ်ခရီးလမ်းအတွက် အနုတ်သဘောဖက်ကို စတင်စဉ်းစားလေ့ရှိကြပါတယ်။ ဒါကြောင့်ချစ်သူကောင်မလေးရဲ့ အောင်မြင်မှုတွေကို ပျော်ရမယ့်အစား သူ့ရဲ့ရှုံးနိမ့်မှုတွေနဲ့နှိုင်းယှဉ်ပြီး ဝမ်းနည်းစွာလမ်းခွဲဖို့ ကြိုးစားတတ်ကြပါတယ်။

၃။ အချိန်တိုင်း နားပူနားဆာလုပ်တဲ့အခါ

ယောကျ်ားလေးတွေဟာ သူတို့ရဲ့ချစ်သူကို တတ်နိုင်သလောက်သည်းခံခွင့်လွှတ်ပြီး လိုက်လျောတတ်ကြပါတယ်။ ဒါပေမယ့်တချို့မိန်းကလေးတွေက မူယာမာယာနဲ့ ချွဲနွဲ့ခြင်းကို ဆွဲဆောင်မှုတစ်ခုလို့ မှားယွင်းစွာယူဆနေကြတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ လိင်ဆွဲဆောင်မှုအနည်းဆုံး မိန်းမတွေဟာ ပူညံပူညံနဲ့ နားပူနားဆာလုပ်တတ်သူတွေပဲ ဖြစ်ပါတယ်။

၄။ ရင်းနှီးမှုမရှိခြင်း

ယောကျ်ားလေးတွေဟာလည်း မိန်းကလေးတွေကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုကို တပ်မက်ကြပါတယ်။ တကယ်လို့ ယောကျ်ားလေးက သူ့ရဲ့ချစ်သူကို ဖက်ကဲတလင်းနေတဲ့အခါ မိန်းကလေးကသူ့ကို တဏှာရူးကဲ့သို့ထင်ခြင်း၊ အလွန်အမင်းငြင်းပယ်ခြင်းကြောင့်လည်း ယောကျ်ားလေးတွေဟာ စွန်ခွာသွားတတ်ကြပါတယ်။ ယောကျ်ားလေးတွေဟာ မိန်းမတစ်ယောက်ကိုဘာကြောင့် ရင်းရင်းနှီးနှီး နေချင်လဲဆိုတာအကြောင်းပြချက်ရှိပါတယ်။ အဲ့ဒါဟာ သူ့ရဲ့ချစ်သူ ကောင်မလေးက သူ့ကို သူမဘဝရဲ့ဆွဲဆောင်မှုအရှိဆုံး ယောကျ်ားတစ်ယောက်အဖြစ် ထာဝရအသိအမှတ်ပြုစေချင်တာကြောင့် ဖြစ်ပါတယ်။

၅။ တစ်ခြားယောကျ်ားလေးတွေနဲ့ နှိုင်းယှဉ်ခြင်း

ချစ်သူကောင်မလေးဟာ သူမရဲ့အရင်ရည်းစားဟောင်းအကြောင်းပြောတာလောက် စိတ်အနှောက်အယှက်ဖြစ်စရာလောကမှာ ထပ်မရှိတော့ပါဘူး။ တကယ်လို့ သူမကအရင်ရည်းစားနဲ့ သူ့ကိုနှိုင်းယှဉ်ပြီးပြောရင်တော့ ဇာတ်သိမ်းခန်းရောက်ခါနီးပါပြီ။ ဘယ်ယောကျ်ားလေးကမှ သူတို့ချစ်သူရဲ့အတိတ်ကို ခွဲခြမ်းစိတ်ဖြာခြင်း မလုပ်ချင်ကြပါဘူး။ ယောကျ်ားလေးတွေဟာ လက်ရှိမှာပဲ သူတို့သာအရေးအပါဆုံးသူလို့ ယုံကြည်စေချင်ကြပါတယ်။ ဒါကြောင့် ချစ်သူရဲ့အရင်ရည်းစားက ဘာလဲ ဘာတွေလုပ်ခဲ့လဲဆိုတာကို မကြားချင်သလို သူယခုလုပ်နေတာတွေဟာ ပြည့်စုံရဲ့လားဆိုတာကိုပဲ သိချင်ပါတယ်။

၆။ အရာရာကို လိုက်လံထိန်းချုပ်တတ်ရင်

ယောကျ်ားလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့် နယ်ပယ်လိုအပ်သလို အခြားတစ်ယောက်က ဝင်ရောက်စွတ်ဖက်ခြင်းကိုလည်း မလိုအပ်ပါဘူး။ ဒါကြောင့် သူတို့ရဲ့အားကစားလုပ်ငန်းတွေ၊ သူငယ်ချင်းတွေနဲ့ လူမှုရေးအရ တွေဆုံပွဲတွေကို မိန်းကလေးက လိုက်လံ၍ပိတ်ပင်တဲ့အခါ သူတို့အရမ်းကို စိတ်ပျက်တတ်ကြပါတယ်။ ကောင်းမွန်တဲ့ အချစ်ရေးမှာ နှစ်ယောက်စလုံးရဲ့ဝါသနာနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့် စည်းတစ်ခုထားသင့်ပါတယ်။ ဒါကြောင့် ယောကျ်ာလေးတွေကို ထိန်းချုပ်ခြင်းဟာ သူတို့အတွက် အကျဉ်းကျသလို ခံစားရနိုင်ပြီး သူတို့ရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးမှာကြောက်တာကြောင့် နောက်ထပ်လက်တွဲဖော်တစ်ယောက်ကို ထပ်မံရှာဖွေကြခြင်းဖြစ်ပါတယ်။

Credit - LifeStyleMyanmar

Post a Comment

0 Comments