သင့္ရဲ႕ လက္တြဲေဖာ္အတြက္ လိင္ ဆက္ဆံလိုစိတ္ ျမင့္တက္ေအာင္ ဘယ္လို လုပ္ေပးမလဲ


သင့္ရဲ႕ လက္တြဲေဖာ္အတြက္ လိင္ဆက္ဆံလိုစိတ္ အတက္အက်က သင့္ရဲ႕ စိတ္ခံစားမႈ၊ အေျခအေနနဲ႔ မၾကာေသးမွီက သင္တို႔ရဲ႕ ရင္းႏွီးမႈအတြက္ ဘယ္ေလာက္အားထုတ္ထားလဲအေပၚမွာ မူတည္ပါတယ္။

လက္ေတြ႕မွာ လိင္ဆက္ဆံလိုစိတ္ က်ဆင္းလာတာကို အတူေနလာတာၾကာလို႔ဆိုၿပီး အေၾကာင္းျပတာက ႐ိုးလြန္းပါတယ္။ တကယ္ေတာ့ ပတ္သက္မႈတစ္ခုမွာ လိင္ဆက္ဆံလိုစိတ္ က်ဆင္းလာတာဟာ ဒီပတ္သက္မႈကို အေလးမထားျဖစ္တာ အခ်ိန္တစ္ခု ၾကာခဲ့လို႔ ျဖစ္တာပါ။

အခ်ိန္ၾကာတာက အျပစ္မဟုတ္ပါဘူး။ ဒီပတ္သက္မႈအေပၚ အခ်ိန္ေပး အားထုတ္မႈ ရွိမရွိေပၚ မူတည္တာပါ။

ေအာက္မွာ သင့္ရဲ႕ လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္တဲ့ တြန္းအား ျမင့္တက္ေအာင္၊ လိင္ဆက္ဆံမႈနဲ႔ ပတ္သက္တဲ့ စိတ္ဆႏၵ တိုးတက္ေအာင္ နည္းလမ္း ၇မ်ိဳးကို ေဖာ္ျပထားပါတယ္။

၁။ သင့္လိင္စိတ္ဆႏၵနဲ႔ ပတ္သက္တဲ့ အဆီးအတားမ်ားကို ဖယ္ရွားပါ
သင့္စိတ္ထဲမွာရွိေနတဲ့ လိင္စိတ္ဆႏၵနဲ႔ ပတ္သက္တဲ့ အဆီးအတားေတြကို မဖယ္ရွားဘဲနဲ႔ သင့္အခက္အခဲကို မသက္သာေစႏိုင္ပါဘူး။

ယခင္က လိင္ကိစၥနဲ႔ ပတ္သက္ၿပီး ျပင္းထန္တဲ့ ထိခိုက္ခံစားမႈ အေတြ႕အႀကဳံ၊ စြမ္းေဆာင္ရည္ ျမင့္ျခင္းနဲ႔ ပတ္သက္တဲ့ အခက္အခဲ၊ လိင္ကိစၥဆိုတာ မေကာင္းတဲ့အရာလို႔ တနည္းနည္းနဲ႔ သင့္မိဘ၊ သူငယ္ခ်င္း၊ အေပါင္းအသင္းေတြရဲ႕ ေျပာတာေတြနဲ႔ ႀကီးျပင္းလာတာေတြက သင့္ရဲ႕ လိင္စိတ္ဆႏၵျမင့္တက္မႈကို ပိတ္ပင္တတ္ပါတယ္။

နားလည္တတ္ကြၽမ္းတဲ့နည္းျပနဲ႔ ေဆြးေႏြးတာ ျဖစ္ေစ၊ အထူးကုဆရာဝန္ရဲ႕ ကုထုံးတစ္ခုခုနဲ႔ ကုသတာျဖစ္ေစ၊ ကိုယ့္ဘာသာ သုေတသနလုပ္တာျဖစ္ေစ၊ သင့္ရဲ႕ လိင္ပိုင္းဆိုင္ရာ အဆီးအတားကို လက္ခံၿပီး ကုသတာက သင့္အေဖာ္အတြက္ လိင္စိတ္ဆႏၵ ျမင့္ေစဖို႔ ပထမေျခလွမ္းပါပဲ။

၂။ ခႏၶာကိုယ္ ႏိုးႏိုးၾကားၾကားရွိပါ
ေခတ္သစ္လူမႈအဖြဲ႕အစည္းထဲ ဝင္ဆံ့မႈနဲ႔အတူ တခါတေလ ကြၽန္ေတာ္တို႔ဟာ အသက္မဲ့ေနသလို ခံစားရတတ္ပါတယ္။ အေတြးေတြထဲမွာ ေမ်ာေနၿပီး ခႏၶာကိုယ္၊ ႏွလုံးသားတို႔နဲ႔ အဆက္အသြယ္ ျပတ္ေနတတ္ၾကပါတယ္။

ကြၽန္ေတာ္ေျပာေနတဲ့ အခ်ိန္မွာပဲ သင့္ကိုယ္ခႏၶာနဲ႔ တစ္သားတည္းျဖစ္ဖို႔ မျဖစ္မေနလိုအပ္သလို သင့္ႏွလုံးသားနဲ႔အတူရွိဖို႔ကလည္း လိုအပ္ပါတယ္။

ဒါကို သင္ဘယ္လို လုပ္မလဲ။ လႈပ္လႈပ္ရွားရွားေနပါ။ ေလ့က်င့္ခန္းလုပ္ပါ။ လမ္းေလွ်ာက္ပါ။ အႏွိပ္ခံပါ။ တစ္ကိုယ္ရည္အာသာေျဖျခင္းကို မၾကာမၾကာလုပ္ပါ။

သင့္စိတ္ႀကိဳက္ ေရမၾကာခဏခ်ိဳးပါ။ ဒါက သင့္အသားစိုင္ေတြအေပၚ စီးဆင္းသြားတဲ့ေရစီးေၾကာင္းေလးေတြကို ခံစားရေစပါတယ္။

သိပ္မၾကာခင္မွာပဲ သင္ဟာ ယုံၾကည္မႈ အျပည့္နဲ႔ လႈပ္ရွားသြားလာႏိုင္မယ္။ တေန႔ထက္တေန႔ စိတ္ဖိအားေတြ ေလ်ာ့နည္းလာမယ္။ ၿပီးေတာ့ သင့္ရဲ႕ လိင္စိတ္ဆႏၶဟာလည္း တိုးတက္လာပါလိမ့္မယ္။

၃။ လိင္ဆႏၵၿပီးေျမာက္ျခင္းကို ေမ့ထားပါ
လိင္ဆႏၵၿပီးေျမာက္ျခင္းကို အမ်ိဳးသားျဖစ္ေစ အမ်ိဳးသမီးျဖစ္ေစ သူတို႔ရဲ႕လိင္မႈဘဝေတြကို စိုးရိမ္ေၾကာင့္ၾကမႈ အလြန္ေပးတတ္ၾကပါတယ္။

လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္တိုင္စိတ္ေက်နပ္မႈအတြက္ သူတို႔ရဲ႕ အေဖာ္ျဖစ္သူ လိင္ဆႏၵျပည့္ဝမႈအႀကိမ္ေရ လုံလုံေလာက္ေလာက္ရတာနဲ႔ ပတ္သက္ၿပီး ေတြးပူတတ္ၾကပါတယ္။

တခါတေလမွာ ခ်စ္တင္းေႏွာၿပီး အေဖာ္ရဲ႕ အလိုျပည့္ဝမႈ ရမရကိုပါ စိတ္ေရာက္ေနတတ္ၾကပါတယ္။ အလိုျပည့္ဝျခင္းရွိမရွိကို ေမ့လိုက္ပါ။

တခ်ိဳ႕ညေတြမွာ အဲ့လိုလုပ္ၿပီးေတာ့ ေ႐ြးခ်ယ္စရာမရွိေအာင္ စမ္းၾကည့္ပါ။ အဲ့လိုနည္းနဲ႔ ႏွစ္ေယာက္လုံး ခ်စ္မႈေရးရာေပ်ာ္႐ႊင္မႈကို လြတ္လြတ္လပ္လပ္ခံစားလိုက္ပါ။

မျဖစ္မေနေရာက္ရမယ့္ပန္းတိုင္မရွိတဲ့အတြက္ သင္တို႔ရဲ႕ ခႏၶာကိုယ္ေတြကလည္း အလြယ္တကူ ခံစားမႈကို ရလာေစမွာပါ။ အကယ္၍ သင္တို႔ဟာ လိင္ဆႏၵျပည့္ဝမႈကို ဦးမတည္တဲ့ ဆက္ဆံမႈမ်ိဳးကို မစမ္းသပ္ဖူးပါက စမ္းသပ္ၾကည့္ပါ။

အဲ့ဒါက သင္နဲ႔ သင့္အေဖာ္အတြက္ ၾကည္ႏူးဖို႔ေကာင္းတဲ့၊ သေဘာက်မယ့္၊ ႏွစ္ေယာက္သား အလြန္တရာတြယ္ၿငိေစမယ့္ ေလ့က်င့္ခန္းတစ္ခု ျဖစ္ေနမွာပါ။

၄။ လႈံေဆာ္မႈအသစ္နဲ႔ လုပ္ေလ့လုပ္ထမရွိတာေတြကို အိပ္ရာေပၚမွာ လုပ္ယူၾကည့္ပါ
အခ်ိန္စာရင္းေတြက ကြၽန္ေတာ္တို႔ရဲ႕ လိင္မႈဘဝေတြကို ေဘးကင္းစိတ္ခ်မႈေပးေနခ်ိန္မွာ လုပ္႐ိုးလုပ္စဥ္ေတြက ကြၽန္ေတာ္တို႔ရဲ႕ လိင္စိတ္ဆႏၵကို ေပ်ာက္ပ်က္ေစပါတယ္။

သင့္အခန္းကို ပုံစံေျပာင္းၿပီး ျပင္ဆင္တာက သင့္ခ်စ္မႈေရးရာဘဝရဲ႕ သစ္လြင္လန္းဆန္းမႈအေပၚ အေျပာင္းအလဲတစ္ခု ျဖစ္ေစမွာပါ။ ေနာက္လုပ္ႏိုင္တာတစ္ခုကေတာ့ သင့္အေဖာ္ရဲ႕ ခႏၶာကိုယ္ကို ႏွိပ္နယ္ေပးတာပါ။

သီခ်င္းတစ္မ်ိဳးမ်ိဳးဖြင့္ထားတာ၊ စိတ္လႈပ္ရွားေစႏိုင္မယ့္ အတြင္းခံတစ္မ်ိဳးမ်ိဳး ဝတ္ဆင္ထားတာ၊ ဒါမွမဟုတ္ သင္ဝတ္ေစခ်င္တဲ့ အဝတ္အစားတစ္မ်ိဳးမ်ိဳးကို ဝယ္ထားေပးတာေတြ ျပဳလုပ္ႏိုင္ပါတယ္။

၅။ သင့္ရဲ႕ လိင္ကိစၥမွာ သင္ကိုယ္တိုင္လဲ စိတ္လႈပ္ရွားခံစားမႈ ရွိပါေစ
ကြၽန္ေတာ္တို႔ လိင္စိတ္ဆႏၵ အတက္အက်က ကြၽန္ေတာ္တို႔ မထိန္းခ်ဳပ္ႏိုင္တဲ့ တခ်ိဳ႕ေနထိုင္မႈပုံစံေတြေပၚမွာ မူတည္တာ အမွန္ပါပဲ။ အကယ္၍ သင္ဟာ သင္မထိန္းခ်ဳပ္ႏိုင္တဲ့ ေသာကနဲ႔ ေရရွည္ခံစားလာရတဲ့ စိတ္ဖိအားေတြရဲ႕ ႐ိုက္ခတ္မႈဒဏ္ကိုခံစားရၿပီဆိုရင္ သင့္ရဲ႕ခ်စ္မႈေရးရာ ဘဝအေပၚလဲ ႐ိုက္ခတ္မႈေတြ ရွိလာမွာပါ။ ဒါ သင့္အမွားမဟုတ္ပါဘူး။

ကံေကာင္းရင္ေတာ့ သင့္အေဖာ္က သင္ဒီအေျခအေနကို ျဖတ္ေက်ာ္ဖို႔ အၾကင္နာေတြ လုံလုံေလာက္ေလာက္ေပးႏိုင္မွာပါ။ ေျပာခ်င္တာကေတာ့ ဒီအတြက္ တတ္ႏိုင္သမွ် ႀကိဳတင္ျပင္ဆင္ထားပါ။

သင္ကိုယ္တိုင္ရဲ႕ လိင္မႈဘဝအေပၚ ေက်နပ္တာနဲ႔ ဒါဟာ သင္အေကာင္းဆုံးလုပ္ႏိုင္တယ္ ဆိုတဲ့ အခ်ိန္လိုမ်ိဳးေပါ့။

၆။ ၃မိနစ္ေလာက္ ေပြ႕ဖက္ထားပါ
ဒီအေၾကာင္းအရာက သင့္လ ိင္စိတ္ဆႏၵကို အစပ်ိဳးဖို႔ မဟုတ္ပါဘူး။ သင္တို႔ရဲ႕ ရင္းႏွီးမႈ ရင္ခုန္ႏႈန္းေတြ တိုးေစဖို႔ပါ။

အကယ္၍ သင္ဟာ သင့္အေဖာ္ကို မိနစ္အနည္းငယ္ေလာက္ ဖက္ထားမယ္ဆိုရင္ အဲ့အခ်ိန္မွာ ႏွစ္ေယာက္လုံးအတြက္ စိတ္လႈပ္ရွားေစမယ့္ တခ်ိဳ႕သဲလြန္စေလးေတြကို ခံစားသိရွိႏိုင္ပါလိမ့္မယ္။

ဒီေပြ႕ဖက္မႈက ကြၽန္ေတာ္တို႔ရဲ႕ ရင္းႏွီးမႈအတိုင္းအတာကို ေဖာ္ျပႏိုင္ပါတယ္။ သင္တို႔ႏွစ္ေယာက္ရဲ႕ စိတ္ခံစားမႈ အဆီးအတားေတြက သင္တို႔ရဲ႕ လိင္မႈဘဝအေပၚ လႊမ္းမိုးမႈအားႀကီးပါတယ္။

ဒါေၾကာင့္ ဒီေလ့က်င့္ခန္းက သင္တို႔ရဲ႕ ခံစားခ်က္ေတြ ဆက္သြယ္ဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာ လမ္းျပေပးႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။
ေရးသားသူ Wathun Myat Chal
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar.
Hello Health Group မွ အျခားေသာေဆးဘက္ဆိုင္ရာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ား၊ ကုသမႈမ်ားမေပးပါ။

Credit - Hello Sayarwon


Unicode Version    


သင့်ရဲ့ လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် အတက်အကျက သင့်ရဲ့ စိတ်ခံစားမှု၊ အခြေအနေနဲ့ မကြာသေးမှီက သင်တို့ရဲ့ ရင်းနှီးမှုအတွက် ဘယ်လောက်အားထုတ်ထားလဲအပေါ်မှာ မူတည်ပါတယ်။

လက်တွေ့မှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာကို အတူနေလာတာကြာလို့ဆိုပြီး အကြောင်းပြတာက ရိုးလွန်းပါတယ်။ တကယ်တော့ ပတ်သက်မှုတစ်ခုမှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာဟာ ဒီပတ်သက်မှုကို အလေးမထားဖြစ်တာ အချိန်တစ်ခု ကြာခဲ့လို့ ဖြစ်တာပါ။

အချိန်ကြာတာက အပြစ်မဟုတ်ပါဘူး။ ဒီပတ်သက်မှုအပေါ် အချိန်ပေး အားထုတ်မှု ရှိမရှိပေါ် မူတည်တာပါ။

အောက်မှာ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ တွန်းအား မြင့်တက်အောင်၊ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ စိတ်ဆန္ဒ တိုးတက်အောင် နည်းလမ်း ၇မျိုးကို ဖော်ပြထားပါတယ်။

၁။ သင့်လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားများကို ဖယ်ရှားပါ
သင့်စိတ်ထဲမှာရှိနေတဲ့ လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားတွေကို မဖယ်ရှားဘဲနဲ့ သင့်အခက်အခဲကို မသက်သာစေနိုင်ပါဘူး။

ယခင်က လိင်ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ထိခိုက်ခံစားမှု အတွေ့အကြုံ၊ စွမ်းဆောင်ရည် မြင့်ခြင်းနဲ့ ပတ်သက်တဲ့ အခက်အခဲ၊ လိင်ကိစ္စဆိုတာ မကောင်းတဲ့အရာလို့ တနည်းနည်းနဲ့ သင့်မိဘ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ ပြောတာတွေနဲ့ ကြီးပြင်းလာတာတွေက သင့်ရဲ့ လိင်စိတ်ဆန္ဒမြင့်တက်မှုကို ပိတ်ပင်တတ်ပါတယ်။

နားလည်တတ်ကျွမ်းတဲ့နည်းပြနဲ့ ဆွေးနွေးတာ ဖြစ်စေ၊ အထူးကုဆရာဝန်ရဲ့ ကုထုံးတစ်ခုခုနဲ့ ကုသတာဖြစ်စေ၊ ကိုယ့်ဘာသာ သုတေသနလုပ်တာဖြစ်စေ၊ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အဆီးအတားကို လက်ခံပြီး ကုသတာက သင့်အဖော်အတွက် လိင်စိတ်ဆန္ဒ မြင့်စေဖို့ ပထမခြေလှမ်းပါပဲ။

၂။ ခန္ဓာကိုယ် နိုးနိုးကြားကြားရှိပါ
ခေတ်သစ်လူမှုအဖွဲ့အစည်းထဲ ဝင်ဆံ့မှုနဲ့အတူ တခါတလေ ကျွန်တော်တို့ဟာ အသက်မဲ့နေသလို ခံစားရတတ်ပါတယ်။ အတွေးတွေထဲမှာ မျောနေပြီး ခန္ဓာကိုယ်၊ နှလုံးသားတို့နဲ့ အဆက်အသွယ် ပြတ်နေတတ်ကြပါတယ်။

ကျွန်တော်ပြောနေတဲ့ အချိန်မှာပဲ သင့်ကိုယ်ခန္ဓာနဲ့ တစ်သားတည်းဖြစ်ဖို့ မဖြစ်မနေလိုအပ်သလို သင့်နှလုံးသားနဲ့အတူရှိဖို့ကလည်း လိုအပ်ပါတယ်။

ဒါကို သင်ဘယ်လို လုပ်မလဲ။ လှုပ်လှုပ်ရှားရှားနေပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။ အနှိပ်ခံပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းကို မကြာမကြာလုပ်ပါ။

သင့်စိတ်ကြိုက် ရေမကြာခဏချိုးပါ။ ဒါက သင့်အသားစိုင်တွေအပေါ် စီးဆင်းသွားတဲ့ရေစီးကြောင်းလေးတွေကို ခံစားရစေပါတယ်။

သိပ်မကြာခင်မှာပဲ သင်ဟာ ယုံကြည်မှု အပြည့်နဲ့ လှုပ်ရှားသွားလာနိုင်မယ်။ တနေ့ထက်တနေ့ စိတ်ဖိအားတွေ လျော့နည်းလာမယ်။ ပြီးတော့ သင့်ရဲ့ လိင်စိတ်ဆန္ဓဟာလည်း တိုးတက်လာပါလိမ့်မယ်။

၃။ လိင်ဆန္ဒပြီးမြောက်ခြင်းကို မေ့ထားပါ
လိင်ဆန္ဒပြီးမြောက်ခြင်းကို အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူတို့ရဲ့လိင်မှုဘဝတွေကို စိုးရိမ်ကြောင့်ကြမှု အလွန်ပေးတတ်ကြပါတယ်။

လူတော်တော်များများဟာ ကိုယ်တိုင်စိတ်ကျေနပ်မှုအတွက် သူတို့ရဲ့ အဖော်ဖြစ်သူ လိင်ဆန္ဒပြည့်ဝမှုအကြိမ်ရေ လုံလုံလောက်လောက်ရတာနဲ့ ပတ်သက်ပြီး တွေးပူတတ်ကြပါတယ်။

တခါတလေမှာ ချစ်တင်းနှောပြီး အဖော်ရဲ့ အလိုပြည့်ဝမှု ရမရကိုပါ စိတ်ရောက်နေတတ်ကြပါတယ်။ အလိုပြည့်ဝခြင်းရှိမရှိကို မေ့လိုက်ပါ။

တချို့ညတွေမှာ အဲ့လိုလုပ်ပြီးတော့ ရွေးချယ်စရာမရှိအောင် စမ်းကြည့်ပါ။ အဲ့လိုနည်းနဲ့ နှစ်ယောက်လုံး ချစ်မှုရေးရာပျော်ရွှင်မှုကို လွတ်လွတ်လပ်လပ်ခံစားလိုက်ပါ။

မဖြစ်မနေရောက်ရမယ့်ပန်းတိုင်မရှိတဲ့အတွက် သင်တို့ရဲ့ ခန္ဓာကိုယ်တွေကလည်း အလွယ်တကူ ခံစားမှုကို ရလာစေမှာပါ။ အကယ်၍ သင်တို့ဟာ လိင်ဆန္ဒပြည့်ဝမှုကို ဦးမတည်တဲ့ ဆက်ဆံမှုမျိုးကို မစမ်းသပ်ဖူးပါက စမ်းသပ်ကြည့်ပါ။

အဲ့ဒါက သင်နဲ့ သင့်အဖော်အတွက် ကြည်နူးဖို့ကောင်းတဲ့၊ သဘောကျမယ့်၊ နှစ်ယောက်သား အလွန်တရာတွယ်ငြိစေမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်နေမှာပါ။

၄။ လှုံဆော်မှုအသစ်နဲ့ လုပ်လေ့လုပ်ထမရှိတာတွေကို အိပ်ရာပေါ်မှာ လုပ်ယူကြည့်ပါ
အချိန်စာရင်းတွေက ကျွန်တော်တို့ရဲ့ လိင်မှုဘဝတွေကို ဘေးကင်းစိတ်ချမှုပေးနေချိန်မှာ လုပ်ရိုးလုပ်စဉ်တွေက ကျွန်တော်တို့ရဲ့ လိင်စိတ်ဆန္ဒကို ပျောက်ပျက်စေပါတယ်။

သင့်အခန်းကို ပုံစံပြောင်းပြီး ပြင်ဆင်တာက သင့်ချစ်မှုရေးရာဘဝရဲ့ သစ်လွင်လန်းဆန်းမှုအပေါ် အပြောင်းအလဲတစ်ခု ဖြစ်စေမှာပါ။ နောက်လုပ်နိုင်တာတစ်ခုကတော့ သင့်အဖော်ရဲ့ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးတာပါ။

သီချင်းတစ်မျိုးမျိုးဖွင့်ထားတာ၊ စိတ်လှုပ်ရှားစေနိုင်မယ့် အတွင်းခံတစ်မျိုးမျိုး ဝတ်ဆင်ထားတာ၊ ဒါမှမဟုတ် သင်ဝတ်စေချင်တဲ့ အဝတ်အစားတစ်မျိုးမျိုးကို ဝယ်ထားပေးတာတွေ ပြုလုပ်နိုင်ပါတယ်။

၅။ သင့်ရဲ့ လိင်ကိစ္စမှာ သင်ကိုယ်တိုင်လဲ စိတ်လှုပ်ရှားခံစားမှု ရှိပါစေ
ကျွန်တော်တို့ လိင်စိတ်ဆန္ဒ အတက်အကျက ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ တချို့နေထိုင်မှုပုံစံတွေပေါ်မှာ မူတည်တာ အမှန်ပါပဲ။ အကယ်၍ သင်ဟာ သင်မထိန်းချုပ်နိုင်တဲ့ သောကနဲ့ ရေရှည်ခံစားလာရတဲ့ စိတ်ဖိအားတွေရဲ့ ရိုက်ခတ်မှုဒဏ်ကိုခံစားရပြီဆိုရင် သင့်ရဲ့ချစ်မှုရေးရာ ဘဝအပေါ်လဲ ရိုက်ခတ်မှုတွေ ရှိလာမှာပါ။ ဒါ သင့်အမှားမဟုတ်ပါဘူး။

ကံကောင်းရင်တော့ သင့်အဖော်က သင်ဒီအခြေအနေကို ဖြတ်ကျော်ဖို့ အကြင်နာတွေ လုံလုံလောက်လောက်ပေးနိုင်မှာပါ။ ပြောချင်တာကတော့ ဒီအတွက် တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားပါ။

သင်ကိုယ်တိုင်ရဲ့ လိင်မှုဘဝအပေါ် ကျေနပ်တာနဲ့ ဒါဟာ သင်အကောင်းဆုံးလုပ်နိုင်တယ် ဆိုတဲ့ အချိန်လိုမျိုးပေါ့။

၆။ ၃မိနစ်လောက် ပွေ့ဖက်ထားပါ
ဒီအကြောင်းအရာက သင့်လ ိင်စိတ်ဆန္ဒကို အစပျိုးဖို့ မဟုတ်ပါဘူး။ သင်တို့ရဲ့ ရင်းနှီးမှု ရင်ခုန်နှုန်းတွေ တိုးစေဖို့ပါ။

အကယ်၍ သင်ဟာ သင့်အဖော်ကို မိနစ်အနည်းငယ်လောက် ဖက်ထားမယ်ဆိုရင် အဲ့အချိန်မှာ နှစ်ယောက်လုံးအတွက် စိတ်လှုပ်ရှားစေမယ့် တချို့သဲလွန်စလေးတွေကို ခံစားသိရှိနိုင်ပါလိမ့်မယ်။

ဒီပွေ့ဖက်မှုက ကျွန်တော်တို့ရဲ့ ရင်းနှီးမှုအတိုင်းအတာကို ဖော်ပြနိုင်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ စိတ်ခံစားမှု အဆီးအတားတွေက သင်တို့ရဲ့ လိင်မှုဘဝအပေါ် လွှမ်းမိုးမှုအားကြီးပါတယ်။

ဒါကြောင့် ဒီလေ့ကျင့်ခန်းက သင်တို့ရဲ့ ခံစားချက်တွေ ဆက်သွယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းပြပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Credit - Hello Sayarwon

Post a Comment

0 Comments