ကလေးရှိခါစ မိဘတိုင်း မဖြစ်မနေ သိထားရမယ့်အရာများ


မိမိတို့ရဲ့ရင်သွေးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာရေးဟာ မိဘတိုင်းရဲ့တူညီတဲ့ ရည်မှန်းချက်တစ်ခုပါ။ သို့ပေမယ့် အခန့်မသင့်လို့ ကိုယ့်ရင်သွေးလေးတွေ ဖျားနာ၊နေထိုင်မကောင်ြး်ဖစ်ပြီဆိုရင်တော့ မိဘတွေမှာ မီးခဲခုထိုင်မိသလိုပဲ ယောက်ယက်ခတ်ပြီး စိုးရိမ်ပူလောင်ကြရပါတယ်။ ဒါကြောင့် ကလေးရှိတဲ့မိဘတိုင်း သိထားသင့်တဲ့ အချက်ကလေးတွေကို မျှဝေပေးချင်ပါတယ်။


ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ ဖျားနာမှုတွေကို သတိပြုပါ


         ရာသီအပြောင်းအလဲမှာ ခုခံအားမြင့်တဲ့ လူကြီးတွေတောင် ဖျားနာတတ်ကြတယ်ဆိုရင် အရွယ်ရောက်ပြီး လူကြီးတွေလောက် ကိုယ်ခံအားမမြင့်သေးတဲ့ ကလေးအရွယ်တွေမှာ ပိုပြီးဖျားနာနိုင်ချေ မြင့်မားပါတယ်။ အများအားဖြင့် အထက်လန်အောက်လျှော၊ ဝမ်းလျှောဝမ်းပျက်တို့လို အစာအိမ်၊အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ၊ အအေးမိ၊တုပ်ကွေးနဲ့ လည်ချောင်းနာစတဲ့ ဘက်တီးရီးယားတွေကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ခံစားရတတ်ပါ တယ်။ ကလေးငယ်အများစု ခံစားကြရတဲ့ ရာသီပေါ်ဖျားနာမှုတွေဟာ မမြင်ရတဲ့ ဘက်တီးရီးယားတွေကတစ်ဆင့် ကူးစက်မှုကြောင့်က အများဆုံးဖြစ်ပြီး ယေဘူယျအားဖြင့် ကလေးအချင်းချင်း ဆော့ရင်းပြုရင်း ပူးကပ်နေရာမှ ကူးစက်ခြင်း၊ အရာဝတ္ထုတွေ၊ ကစားစရာတွေနဲ့ လက်တွေကို ပါးစပ်ထဲထည့်ရာမှ ကူးစက်ခြင်းတို့ ဖြစ်တတ်ပါတယ်။


ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိထားပါ


       ဖျားနာမှုတွေ ဘယ်လိုဖြစ်တယ်ဆိုတာ သိပြီးရင် ကာကွယ်ရမယ့်နည်းလေးတွေကိုလည်း သိထားသင့်ပါတယ်။ အရင်ဆုံး သင့်ကလေးကို ခုခံအားစနစ်ကောင်းမွန်နေအောင် အိပ်ရေး၀၀အိပ်စေခြင်း၊ အာဟာရညီညွတ်မျှတတဲ့ အစားအစာတွေကို လုံလောက်စွာ စားသုံးစေခြင်းတို့ စောင့်ကြည့်ပြုလုပ်ပေးသင့်ပါတယ်။ ပြီးရင်တော့ ပြင်ပ ပရောဂဖြစ်တဲ့ မမြင်ရတဲ့ ရောဂါပိုးမွှားတွေ မကူးစက်နိုင်အောင် ကြပ်မတ်ဂရုစိုက်သင့်ပါတယ်။ အများအားဖြင့် ကလေးတွေကို ဖျားနာစေတဲ့ ရောဂါပိုးမွှားတွေဟာ သူတို့လေးတွေရဲ့လက်တွေမှာ ကပ်ငြိနေတတ်ပြီး မျက်လုံး၊နှာခေါင်း၊ မျက်စိတို့ကို အဲ့ဒီ့လက်နဲ့ပွတ်သပ်မိတဲ့အခါ၊ ဒါမှမဟုတ် အစားအစာတွေကို အဲ့ဒီ့လက်တွေနဲ့ ကိုင်တွယ်စားသောက်မိတဲ့အခါမှာ ကိုယ်တွင်းကို ဝင်ရောက်ပြီး ဖျားနာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးတစ်ယောက်လို အခြားစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ခိုင်းလို့ မရသေးတဲ့ ကလေးအရွယ်မှာ သူတို့ရဲ့လက်ကလေးတွေ ပိုးမွှားကင်းစင်ပြီး သန့်ရှင်းနေအောင် ဂရုစိုက်ရပါ လိမ့်မယ်။ လိုအပ်တဲ့ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးထားရမှာ ဖြစ်ပါတယ်။


မိသားစုစည်းမျဉ်းလေးတွေ ချမှတ်ထားပါ


        ကလေးတွေ ကျန်းမာကြံ့ခိုင်နေဖို့ဆိုရင် လူကြီးတွေကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထိုင်တွေ လိုက်နာဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ကလေးတွေဖျားနာရခြင်းဟာ လူကြီးတွေရဲ့ မေ့လျော့ပေါ့ဆ မှုကြောင့်လည်း ဖြစ်နိုင်တာကြောင့် မိသားစုရဲ့နေထိုင်မှုပုံစံကို အထူးဂရုစိုက်သင့်ပါတယ်။ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ကြိမ်လောက် ပုံမှန်လဲလှယ်ပေးသင့်ပြီး အခန်းကိုလည်း သန့်ရှင်းနေအောင်၊ လေဝင်လေထွက်ကောင်းအောင် အမြဲထားသင့်ပါတယ်။ ဒါ့အပြင် မိသားစုဝင် အားလုံး ချေးညှော်ကင်းစင်အောင် နေ့စဉ်ရေချိုးသန့်စင်ခြင်း၊ အိမ်သာဝင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့သေချာစွာဆေးခြင်း၊ အစာမစားမီနဲ့ အစာစားပြီးတိုင်းမှာ လက်ဆေးခြင်းစတဲ့ ကျန်းမာရေးအလေ့အထတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ကလေးတွေကို အနီးကပ် ပွေ့ပိုက်ချော့မြူမယ့်အချိန်တိုင်းမှာ လက်ကို ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးကြောခြင်းအားဖြင့် မလိုလားအပ်တဲ့ ဖျားနာမှုတွေ ကလေးငယ်မှာ မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။ ဒီအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သင့်ကလေးကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်ဖို့အတွက် လက်သန့်ရှင်းရေးက အင်မတန် အရေးကြီးတယ်ဆိုတာ သိသာစေပါတယ်။ ဒါကြောင့် မိသားစုအများစု အသုံးပြုနေကြတဲ့ Lifebuoy လို အစွမ်းထက်ဆပ်ပြာနဲ့ လက်ဆေးခြင်းအားဖြင့် တုပ်ကွေး၊ ဝမ်းလျှော၊ မျက်စိနာ၊ လည်ချောင်းနာ၊ အရေပြားရောဂါ၊ ဝမ်းကိုက်၊ နားကိုက်၊ အဖုအပိန့်ထွက်၊ ဝက်ခြံနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုတဲ့ ရောဂါပိုး (၁၀)မျိုးရန်ကနေ ကာကွယ်ပေးနိုင်ပြီး သင်နဲ့သင့်ရင်သွေးအတွက် ပျော်ရွှင်ကျန်းမာတဲ့ ဘဝအချိန်တွေကို ရယူသင့်ပါတယ်။

မိဘတိုင်းပဲ ကျန်းမာပျော်ရွှင်ပြီး သွက်လက်ထက်မြက်တဲ့ ရင်သွေးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit - Aunty May

Post a Comment

0 Comments