အဝတ္အစား ဝယ္တိုင္း ပစၥည္းေကာင္းတာေလးရဖို႔ ဒီလိုေလး ေ႐ြးလိုက္ပါ။


ေဈးဝယ္ထြက္တယ္ ဆိုတာဟာ စိတ္ကိုအပန္းေျပေအာင္ ထြက္ေပါက္ေပးတာမ်ိဳးတင္ မဟုတ္ဘဲ ကိုယ္ေပးလိုက္ရတဲ့ တန္ဖိုးနဲ႔ ကိုက္ညီတဲ့ အရည္အေသြးရွိ ပစၥည္းကို ပိုင္ဆိုင္ရဖို႔ကလည္း အေရးႀကီးပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြအေနနဲ႔ အဝတ္အစားေတြ၊ အသုံးအေဆာင္ေတြ ဝယ္ယူတဲ့အခါ ကုန္အမွတ္တံဆိပ္၊ ဒီဇိုင္း ေတြအျပင္ အရည္အေသြး အမွန္တကယ္ေကာင္းမြန္ၿပီး တကယ္လည္း အသုံးခံတဲ့ပစၥည္းမ်ိဳးကို ဝယ္ယူမိဖို႔ လိုအပ္ပါတယ္။ မဟုတ္ရင္ေတာ့ ေငြကုန္၊လူပန္းျဖစ္ၿပီး အသုံးမခံတဲ့ အရည္အေသြးညံ့ပစၥည္းေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ရတတ္ပါတယ္။ ဒါေၾကာင့္ ပ်ိဳေမတို႔ ေဈးဝယ္ထြက္မယ္ဆိုရင္ ပစၥည္းေကာင္းေလးေတြ ဘယ္လိုေ႐ြးယူရမလည္းဆိုတဲ့အခ်က္ကေလးေတြ မွ်ေဝေပးလိုက္ပါတယ္။

ဘာပစၥည္း နဲ႔ လုပ္ထားတယ္ဆိုတာ အရင္စစ္ေဆးပါ။

အသုံးအေဆာင္တစ္ခုဟာ ဘာပစၥည္းနဲ႔ ျပဳလုပ္ထားတယ္ဆိုတဲ့ အခ်က္ေပၚမူတည္ၿပီး သူ႔ရဲ႕အရည္အေသြးက ကြာသြားပါတယ္။ အဝတ္အစားမွာဆိုရင္ သဘာဝခ်ည္မွ်င္ေတြျဖစ္တဲ့ ခ်ည္သား၊ ပိုးသား၊ သိုးေမြးတို႔လို သဘာဝကုန္ၾကမ္းေတြနဲ႔ ျပဳလုပ္ထားတဲ့ အဝတ္ေတြဟာ Acrylic လို လူကျပဳလုပ္ဖန္တီးထားတဲ့ အဝတ္ေတြထက္ ပိုမိုၾကာရွည္ခံသလို အၾကမ္းလည္းခံပါတယ္။ သဘာဝနဲ႔ဓာတုပစၥည္း ေပါင္းစပ္ထားတဲ့ အဝတ္ေတြဟာလည္း သဘာဝပစၥည္းက ပါဝင္မႈမ်ားေလ အရည္အေသြး ေကာင္းေလ ျဖစ္ပါတယ္။

ခ်ဳပ္႐ိုးခ်ဳပ္သားကို ၾကည့္ပါ။

အရည္အေသြးေကာင္းမြန္တဲ့ အဝတ္အထည္ဆိုတာဟာ ခ်ဳပ္႐ိုးခ်ဳပ္သားက အင္မတန္ေသသပ္ပါတယ္။ ခ်ဳပ္႐ိုးေၾကာင္းေတြမွာ ခ်ည္ၿငိတာေတြ၊ ထပ္တာေတြ မရွိတာမ်ိဳး၊ ခ်ဳပ္႐ိုးလိုင္းက ေသသပ္ၿပီး ညီညာေနတာမ်ိဳးကို ေသေသခ်ာခ်ာ ၾကည့္ရႈစစ္ေဆးၿပီးမွ ဝယ္ယူသင့္ပါတယ္။ ခ်ဳပ္႐ိုးခ်ဳပ္သား ေကာင္းမြန္တဲ့ အဝတ္အထည္ေတြဟာ ကာလရွည္ၾကာစြာ အေကာင္းပကတိအတိုင္း အဝတ္ခံပါတယ္။

ခႏၶာကိုယ္နဲ႔ ကြက္တိျဖစ္၊မျဖစ္

အရည္အေသြး ေကာင္းမြန္ျမင့္မားတဲ့ အဝတ္အထည္ဆိုတာဟာ ခႏၶာကိုယ္မွာ သူ႔ေနရာနဲ႔သူ ခ်ပ္ခ်ပ္ရပ္ရပ္နဲ႔ ပုံက်လွပၿပီး ဝတ္ဆင္လိုက္တဲ့အခါမွာလည္း အင္မတန္မွ သက္ေသာင့္သက္သာရွိလွၿပီး ခႏၶာကိုယ္နဲ႔ တစ္သားတည္း ျဖစ္ေနဖို႔ လိုအပ္ပါတယ္။ လည္ပင္းေပါက္ေနရာေတြဟာ ကပ္ကပ္ကေလး ျဖစ္မေနဘဲ ဟေနတာမ်ိဳး၊ ပုခုံးသားေနရာေတြမွာ ေဒါက္က်က်ေလး ျဖစ္မေနဘဲ ပုခုံးႀကီးက ေလွ်ာေနတာမ်ိဳး၊ ခ်ိဳင္းေနရာမွာ ေဖာင္းေဖာင္းပြပြႀကီး ျဖစ္ေနတာမ်ိဳးေတြကို ေရွာင္က်ဥ္သင့္ပါတယ္။ ကိုယ့္ရဲ႕ခႏၶာကိုယ္ဆိုဒ္နဲ႔ ကြက္တိ၊ အပိုအလိုမရွိ ကိုယ္နဲ႔တစ္သားတည္း ျဖစ္ေနမယ့္ အဝတ္အထည္မ်ိဳးဟာ ပ်ိဳေမတို႔ ဝယ္ယူသင့္တဲ့ အေကာင္းဆုံးေသာ ေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။

အဆင္ေနရာမွန္ရဲ႕လား ၾကည့္ပါ။

တကယ္လို႔ ပ်ိဳေမတို႔ ဝယ္ယူမယ့္ အိတ္၊ ဒါမွမဟုတ္ အဝတ္အထည္ဟာ အဆင္ေတြ၊ အကြက္ေတြလို ဒီဇိုင္းမ်ိဳးဆိုရင္ အေသးစိတ္ စစ္ေဆးဖို႔လိုတာ တစ္ခုရွိပါတယ္။ ဇစ္ေနရာ၊ ၾကယ္သီးေနရာ၊ အိတ္ကပ္ေနရာေတြမွာ တစ္ထည္လုံးက ခ်ဳပ္ထားတဲ့ အဆင္ရဲ႕ သေဘာတရားအတိုင္း ရွိရဲ႕လားဆိုတာ ေစ့ေစ့စပ္စပ္ ၾကည့္ပါ။ ဒီေနရာေလးေတြဟာ အေသးစိတ္က်တဲ့ ေနရာေလးေတြ ျဖစ္တာေၾကာင့္ အဆင္ရဲ႕လားရာ ေျပာင္းျပန္ျဖစ္ေနတာမ်ိဳး၊ ေစာင္းေနတာမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။

ေဈးေပါတိုင္း မဝယ္လိုက္ပါနဲ႔။

ေဈးခ်ထားတယ္ဆိုတိုင္း၊ ေဈးေပါတယ္ဆိုတိုင္း အားရဝမ္းသာ မဝယ္လိုက္ပါနဲ႔။ တကယ္တမ္းမွာ အရည္အေသြးက မေကာင္းခဲ့ရင္ ဘယ္ေလာက္မွ မသုံးရဘဲ ပ်က္စီးယိုယြင္းသြားတာေၾကာင့္ ေငြကုန္တာသာ အဖတ္တင္ပါလိမ့္မယ္။ ဒီလို ေဈးေပါတဲ့ပစၥည္းေတြကို ခဏခဏဝယ္ၿပီး အရည္အေသြးညံ့တဲ့ပစၥည္းေတြခ်ည္း ဗီ႐ိုထဲမွာ ေခ်ာင္ထိုးထားမယ့္အစား ေကာင္းေကာင္းေလးနဲ႔ အရည္အေသြးျမင့္တဲ့ ပစၥည္းတစ္ခုကို ဝယ္ထားလိုက္မယ္ဆိုရင္ အၿမဲတမ္းလည္း အသုံးခံၿပီး မ်က္ႏွာပန္းလည္းလွလို႔ ပ်ိဳေမတို႔အတြက္ တကယ္တြက္ေခ်ကိုက္ပါလိမ့္မယ္။

ပ်ိဳေမတို႔အတြက္ အဝတ္အစား၊ အသုံးအေဆာင္ဝယ္ယူရာမွာ ဒီအခ်က္ေလးေတြက အေထာက္အကူျပဳမယ္လို႔ ေမွ်ာ္လင့္ပါတယ္ေနာ္။ အားလုံးပဲ ေဈးဝယ္တိုင္း စိတ္ခ်မ္းသာႏိုင္ပါေစ။

Credit - Shwemom


Unicode Version  


ဈေးဝယ်ထွက်တယ် ဆိုတာဟာ စိတ်ကိုအပန်းပြေအောင် ထွက်ပေါက်ပေးတာမျိုးတင် မဟုတ်ဘဲ ကိုယ်ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ အရည်အသွေးရှိ ပစ္စည်းကို ပိုင်ဆိုင်ရဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေ ဝယ်ယူတဲ့အခါ ကုန်အမှတ်တံဆိပ်၊ ဒီဇိုင်း တွေအပြင် အရည်အသွေး အမှန်တကယ်ကောင်းမွန်ပြီး တကယ်လည်း အသုံးခံတဲ့ပစ္စည်းမျိုးကို ဝယ်ယူမိဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ငွေကုန်၊လူပန်းဖြစ်ပြီး အသုံးမခံတဲ့ အရည်အသွေးညံ့ပစ္စည်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ပျိုမေတို့ ဈေးဝယ်ထွက်မယ်ဆိုရင် ပစ္စည်းကောင်းလေးတွေ ဘယ်လိုရွေးယူရမလည်းဆိုတဲ့အချက်ကလေးတွေ မျှဝေပေးလိုက်ပါတယ်။

ဘာပစ္စည်း နဲ့ လုပ်ထားတယ်ဆိုတာ အရင်စစ်ဆေးပါ။

အသုံးအဆောင်တစ်ခုဟာ ဘာပစ္စည်းနဲ့ ပြုလုပ်ထားတယ်ဆိုတဲ့ အချက်ပေါ်မူတည်ပြီး သူ့ရဲ့အရည်အသွေးက ကွာသွားပါတယ်။ အဝတ်အစားမှာဆိုရင် သဘာဝချည်မျှင်တွေဖြစ်တဲ့ ချည်သား၊ ပိုးသား၊ သိုးမွေးတို့လို သဘာဝကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်တွေဟာ Acrylic လို လူကပြုလုပ်ဖန်တီးထားတဲ့ အဝတ်တွေထက် ပိုမိုကြာရှည်ခံသလို အကြမ်းလည်းခံပါတယ်။ သဘာဝနဲ့ဓာတုပစ္စည်း ပေါင်းစပ်ထားတဲ့ အဝတ်တွေဟာလည်း သဘာဝပစ္စည်းက ပါဝင်မှုများလေ အရည်အသွေး ကောင်းလေ ဖြစ်ပါတယ်။

ချုပ်ရိုးချုပ်သားကို ကြည့်ပါ။

အရည်အသွေးကောင်းမွန်တဲ့ အဝတ်အထည်ဆိုတာဟာ ချုပ်ရိုးချုပ်သားက အင်မတန်သေသပ်ပါတယ်။ ချုပ်ရိုးကြောင်းတွေမှာ ချည်ငြိတာတွေ၊ ထပ်တာတွေ မရှိတာမျိုး၊ ချုပ်ရိုးလိုင်းက သေသပ်ပြီး ညီညာနေတာမျိုးကို သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ ချုပ်ရိုးချုပ်သား ကောင်းမွန်တဲ့ အဝတ်အထည်တွေဟာ ကာလရှည်ကြာစွာ အကောင်းပကတိအတိုင်း အဝတ်ခံပါတယ်။

ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်၊မဖြစ်

အရည်အသွေး ကောင်းမွန်မြင့်မားတဲ့ အဝတ်အထည်ဆိုတာဟာ ခန္ဓာကိုယ်မှာ သူ့နေရာနဲ့သူ ချပ်ချပ်ရပ်ရပ်နဲ့ ပုံကျလှပပြီး ဝတ်ဆင်လိုက်တဲ့အခါမှာလည်း အင်မတန်မှ သက်သောင့်သက်သာရှိလှပြီး ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်နေဖို့ လိုအပ်ပါတယ်။ လည်ပင်းပေါက်နေရာတွေဟာ ကပ်ကပ်ကလေး ဖြစ်မနေဘဲ ဟနေတာမျိုး၊ ပုခုံးသားနေရာတွေမှာ ဒေါက်ကျကျလေး ဖြစ်မနေဘဲ ပုခုံးကြီးက လျှောနေတာမျိုး၊ ချိုင်းနေရာမှာ ဖောင်းဖောင်းပွပွကြီး ဖြစ်နေတာမျိုးတွေကို ရှောင်ကျဉ်သင့်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်ဆိုဒ်နဲ့ ကွက်တိ၊ အပိုအလိုမရှိ ကိုယ်နဲ့တစ်သားတည်း ဖြစ်နေမယ့် အဝတ်အထည်မျိုးဟာ ပျိုမေတို့ ဝယ်ယူသင့်တဲ့ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပါတယ်။

အဆင်နေရာမှန်ရဲ့လား ကြည့်ပါ။

တကယ်လို့ ပျိုမေတို့ ဝယ်ယူမယ့် အိတ်၊ ဒါမှမဟုတ် အဝတ်အထည်ဟာ အဆင်တွေ၊ အကွက်တွေလို ဒီဇိုင်းမျိုးဆိုရင် အသေးစိတ် စစ်ဆေးဖို့လိုတာ တစ်ခုရှိပါတယ်။ ဇစ်နေရာ၊ ကြယ်သီးနေရာ၊ အိတ်ကပ်နေရာတွေမှာ တစ်ထည်လုံးက ချုပ်ထားတဲ့ အဆင်ရဲ့ သဘောတရားအတိုင်း ရှိရဲ့လားဆိုတာ စေ့စေ့စပ်စပ် ကြည့်ပါ။ ဒီနေရာလေးတွေဟာ အသေးစိတ်ကျတဲ့ နေရာလေးတွေ ဖြစ်တာကြောင့် အဆင်ရဲ့လားရာ ပြောင်းပြန်ဖြစ်နေတာမျိုး၊ စောင်းနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ဈေးပေါတိုင်း မဝယ်လိုက်ပါနဲ့။

ဈေးချထားတယ်ဆိုတိုင်း၊ ဈေးပေါတယ်ဆိုတိုင်း အားရဝမ်းသာ မဝယ်လိုက်ပါနဲ့။ တကယ်တမ်းမှာ အရည်အသွေးက မကောင်းခဲ့ရင် ဘယ်လောက်မှ မသုံးရဘဲ ပျက်စီးယိုယွင်းသွားတာကြောင့် ငွေကုန်တာသာ အဖတ်တင်ပါလိမ့်မယ်။ ဒီလို ဈေးပေါတဲ့ပစ္စည်းတွေကို ခဏခဏဝယ်ပြီး အရည်အသွေးညံ့တဲ့ပစ္စည်းတွေချည်း ဗီရိုထဲမှာ ချောင်ထိုးထားမယ့်အစား ကောင်းကောင်းလေးနဲ့ အရည်အသွေးမြင့်တဲ့ ပစ္စည်းတစ်ခုကို ဝယ်ထားလိုက်မယ်ဆိုရင် အမြဲတမ်းလည်း အသုံးခံပြီး မျက်နှာပန်းလည်းလှလို့ ပျိုမေတို့အတွက် တကယ်တွက်ချေကိုက်ပါလိမ့်မယ်။

ပျိုမေတို့အတွက် အဝတ်အစား၊ အသုံးအဆောင်ဝယ်ယူရာမှာ ဒီအချက်လေးတွေက အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်နော်။ အားလုံးပဲ ဈေးဝယ်တိုင်း စိတ်ချမ်းသာနိုင်ပါစေ။

Credit - Shwemom

Post a Comment

0 Comments