သူတို့ချစ်သူကောင်မလေးကို ယောကျာ်းလေးတွေက လုံးဝမ၀တ်စေချင်တဲ့ဖက်ရှင်(၈)မျိုး


ကိုကိုမောင်မောင်တွေက သူတို့ချစ်သူကောင်မလေးတွေကိုကျ အမြဲတမ်း လုံလုံခြုံခြုံ ဝတ်စေချင်ပေမယ့် တခြားကောင်မလေးတွေ လန်းရင်ကျ လိုက်ကြည့်တတ်ပါတယ်။ အခုဖော်ပြမှာကတော့ ယောကျာ်းလေးတွေမျက်လုံးထဲမှာ ဆွဲဆောင်မှုရှိတယ်လို့ ထင်ပြီး သူတို့ချစ်သူကိုကျမှ မဝတ်စေချင်တဲ့ ဖက်ရှင်တွေပါ။ ဒါတွေကို မဝတ်နဲ့လို့ပြောဖူးတယ်ဆိုရင်တော့ သင့်ကို မလှစေချင်လို့ မဟုတ်ပါဘူး၊ တခြားယောကျာ်းလေးတွေ ငေးမှာစိုးလို့ သဝန်တိုလို့ပါတဲ့။

(၁) စကတ်အတို
သူတို့ချစ်သူကိုသာ စကတ်နဲ့လက်ပြတ် မဝတ်ရဘူး ဆိုပြီးပြောပေမယ့် သူတို့ကတော့ စကတ်အတို ဝတ်ထားရင် သိပ်မိုက်တယ် ထင်ကြတာနော်။ စကတ်အတိုတွေက ခြေတံအလှကို လုံးဝဖော်ပြနိုင်တာကြောင့် ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြတာပါတဲ့။



(၂) Bra လှလှ
Bra လှတော့ ဘယ်သူမြင်တာမှတ်လို့ ဆိုပြီး မထင်လိုက်ပါနဲ့။ Bra အလှပေါ်တဲ့ အင်္ကျီတွေနဲ့ တွဲဝတ်လိုက်ရင် သေလောက်အောင် Hot တာပါ။ အဲ့ဒီလို ဝတ်စားထားတာကို ထိပ်ဆုံးကသတိထားမိတာလည်း သူတို့ ယောကျာ်းလေးတွေပါပဲ။ ဒါကြောင့်လည်း bra တောင် လှတာ မဝတ်စေချင်တာပေါ့။



(၃) အသားကပ်ဘောင်းဘီရှည်
မိန်းကလေးတွေက အသားကပ်ဘောင်းဘီရှည်တွေနဲ့ အင်္ကျီခါးရှည်တွေကို ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်ကြပါတယ်။ အဲ့ဒီဖက်ရှင်တွေကလည်း ယောကျာ်းလေးတွေကို လုံးဝဆွဲဆောင်နိုင်တာကြောင့် ကိုကို မောင်မောင်တို့ သူတို့ချစ်သူတွေကို ကျ မဝတ်စေချင်ပါဘူးတဲ့။



(၄) ကြိုးတစ်ချောင်းအင်္ကျီ
ဘယ်လောက်ပဲမလှတဲ့ မိန်းကလေးဖြစ်ပါစေ၊ အပေါ်ပိုင်းကို ကြိုးတစ်လုံးအင်္ကျီဝတ်လိုက်ရင် ဆွဲဆောင်မှုရှိသွားတာ အသေအချာပါပဲ (မယုံရင်ဝတ်ကြည့်လိုက်ပါ)။ ဒါကြောင့် ကောင်လေးတွေက သူတို့ချစ်သူကောင်မလေးဆွဲဆောင်မှုဘယ်လောက်ရှိတယ်ဆိုတာ လူသိသွားမှာစိုးလို့ ကြိုးတစ်ချောင်းအင်္ကျီမဝတ်ဖို့အသည်းအသန်တားမြစ်ကြတာပါ။



(၅) ဂါဝန်
ဂါဝန်ဆိုတာလည်း မိန်းကလေးတိုင်းနဲ့ လိုက်တဲ့ အဝတ်အစားပါ။ ဂါဝန်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ချစ်စရာလည်းကောင်းပြီး attractive လည်းဖြစ်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်နဲ့ကွက်တိချုပ်ထားတဲ့ ဂါဝန်တွေပေါ့။




(၆) crop top
ဒါကလည်း ကြိုးတစ်ချောင်းအင်္ကျီလိုပါပဲ ။ ခန္ဓာကိုယ်အလှကိုပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံကြောင့် ကောင်မလေးတွေ crop top ဝတ်လာရင် ချစ်သူကောင်လေးတွေ လုံးဝ သဝန်တိုကြတာပေါ့။



(၇) ဇာ
မိန်းကလေး ဆန်ဆန် နူးညံ့လှပမှုကို ပေါ်လွင်စေတဲ့ အဝတ်အစားကိုပြပါဆိုရင် ဇာ နဲ့ချုပ်ထားတဲ့ အဝတ်အစားတွေကို ပြရမှာပါပဲ။ ဇာ ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်က ချစ်စရာကောင်းပြီး တခြားသူတွေအားလုံးရဲ့ စိတ်အာရုံကိုလည်းဆွဲဆောင်နိုင်ပါတယ်။



(၈) ဘောင်းဘီအတို
လူငယ်ဆန်ဆန် လွတ်လပ်တဲ့ ဖက်ရှင်မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဘောင်းဘီတိုလေးတွေက အကောင်းဆုံးရွေးချယ်မှုပါပဲ။ ပေါ့ပါးတယ်၊ ခြေထောက်လှလှတွေကိုကြွားလို့ရတယ်၊ ခေတ်နဲ့အညီလန်းတယ် … အဲ့ဒါတွေကြောင့် ကောင်မလေးတွေကကြိုက်ကြတာဖြစ်ပြီး ကောင်လေးတွေကတော့ ကြည့်လို့ကောင်းလို့ ကြိုက်ကြပါတယ်။ ဒါပေမယ့် သူတို့ကောင်မလေးတွေကိုတော့ ဘောင်းဘီအတိုဝတ်ပြီး လမ်းမထွက်စေချင်ပါဘူးတဲ့။



Credit - MayThazinOo

Post a Comment

0 Comments