သူ့ဆန္ဒမပါပဲ သူ့ကိုမွေးခဲ့လို့ဆိုပြီး မိဘတွေကို တရားစွဲဖို့ပြင်ဆင်နေတဲ့ အမျိုးသား


          အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှာနေထိုင်တဲ့ အသက်(၂၇)နှစ်အရွယ် အမျိုးသားဟာ အခုအခါမှာ မိဘတွေကို တရားပြန်ဆွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်… အကြောင်းကတော့ သူရဲ့ မိဘတွေဟာ သူ့ကို သူ့ဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်လာလို့ဖြစ်ကြောင်း ဆိုပါတယ်…

           သူ့အဆိုအရတော့ သူဟာ Anti-natalism လို့ခေါ်တဲ့ အယူကို လက်ခံ ကျင့်သုံးသူဖြစ်လို့ သူ့ကို မတရား လူဖြစ်စေခဲ့တဲ့ မိဘတွေကို တရားစွဲဆိုမှာ ဖြစ်တယ်လို့ ပြောပါတယ်… Anti-natalism ဆိုသည်မှာ မွေးဖွားခြင်း၏ (အသက်ရှင်ခြင်း၏)ကို ဆန့်ကျင်တဲ့ ဒဿနိကဆိုင်ရာ ခပ်ကြောင်ကြောင် အယူအဆပါ…



         သူ့အမည်ကတော့ Raphael Samuel ဖြစ်ပြီး၊ လက်ရှိမှာ ဒီအယူအဆမျိုးကို လက်ခံလာကြသူတွေလည်း မနည်းပါဘူး… ဒီအယူအဆဟာ (၁၉)ရာစုလောက်ကတည်းက စခဲ့တာဖြစ်ပြီး Anti-natalism ဆိုတဲ့စကားလုံးကိုတော့ (၁၉၆၈)ထုတ်-ဒဿနဆရာကြီး Théophile de Giraud ရဲ့ L’art de guillotiner les procréateurs: Manifeste anti-nataliste စာအုပ်ထဲမှာ ပထမဆုံးအကြိမ် ထည့်သွင်းပုံနှိပ်ခဲ့တာလို့ သမိုင်းကြောင်းအရ သိရပါတယ်… အဲဒီကတည်းက အငြင်းပွားမှုတွေ ဖြစ်စေခဲ့တဲ့ စကားလုံးပါ…


         သူက “ကလေးတွေကို ကျွန်တော်ပြောချင်တာက မင်းတို့တစ်တွေဟာ မိဘတွေကို ဘာကျေးဇူးမှ ဆပ်စရာမလိုဘူး… ငါ့ဘဝကတော့ အတော် အံသြစရာကောင်းတယ်… ငါဘာဖြစ်လို့ တစ်ခြား အလုပ်အကိုင်ကောင်းနိုင်တဲ့ ဘဝမျိုး ကျောင်းကောင်းကောင်း တက်နိုင်တဲ့ဘဝမျိုးကို… မရောက်ခဲ့တာလဲဆိုတာ…
         နောက် ကျွန်တော့်ခွင့်ပြုချက်မရဘဲ သူတို့ လူ့လောကထဲကို ခေါ်လာတယ်… ဒါဟာ စိတ်ပျက်စရာပါ… ဒီတော့ ပြောချင်တာက တစ်ခြားလူတွေ အနေနဲ့ ဒါဟာ ကလေးမယူဖို့ အကြောင်းပြချက် ဖြစ်သလို… တစ်ချို့အတွက်တော့ မင်းကို သူတို့ ဘာလို့ မွေးလိုက်တာလဲဆိုတဲ့ ဖြေရှင်းချက်မျိုး တောင်းဖို့ အချိန်ပါ”လို့ ပြောပါတယ်…
        Alok Kumar လို့အမည်ရတဲ့ အသက် (၃၄) နှစ် အရွယ် အမျိုးသားကလည်း ဒီအဆိုကို ထောက်ခံထားပြီး သူက မသန်စွမ်းအမျိုးသမီး Shweta နဲ့ လက်ဆက်ထားသူပါ… ဒါပေမယ့် သူတို့ဟာ Child Free လို့ သတ်မှတ်ထားပြီး၊ ဇနီးဖြစ်သူကလည်း Anti-natalism တစ်ယောက်ပါတဲ့…..
Credit - နတ်စည်တော် (MyanmarNote)

Post a Comment

0 Comments