ေခါင္းေလွ်ာ္မယ္ဆို ဆိုင္ေလးသြားၿပီး ဇိမ္ခံၿပီး ေလွ်ာ္လိုက္ရမွဆိုသူေတြ အေရးႀကီး သတိထားဖို႔


ေခတ္လည္းမွီတယ္ လြယ္လည္းလြယ္တယ္ဆိုၿပီး အမ်ားအားျဖင့္ ဆံေကသာ အတြက္ ဆိုင္မွာေလွ်ာ္ျခင္း ၊
ဆံပင္ ႏွင့္ပတ္သက္သည့္ေပါင္းတင္ျခင္း ၊ အေရာင္ဆိုးျခင္း အပါအဝင္ ဆံေကသာအလွတြက္ လုပ္ေဆာင္ေနၾကပါတယ္ ။

အားလုံးအတြက္ အစဥ္ေျပေပမဲ့ က်န္းမာေရး အတြက္ သတိေလးေတာ့ ေပးခ်င္လို႔ပါ ။

လူတစ္ဦးတိုင္းတြင္ ဓာတ္တည့္ျခင္း မတည့္ျခင္းဆိုသည့္ ဇီဝျဖစ္စဥ္ေတြအမ်ားအျပားရွိပါတယ္ ။
မ်ားေသာအားျဖင့္ အမ်ိဳးသမီးမ်ားတြင္ တစ္ေယာက္က ဆံေကသာကိုဒါေလးလုပ္ထားတယ္ လွတယ္ အစဥ္ေျပေပမဲ့ ေနာက္တစ္ေယာက္အတြက္က်ေတာ့

လူု႔အေရျပားမွာ တစ္ျခားတစ္ေယာက္သုံးစြဲေသာ ေခါင္းေလွ်ာ္ရည္ ၊ မိတ္ကပ္ ႏွင့္ အေရာင္ဆိုျခင္းေတြတြင္ ဓာတ္တည့္ခ်င္မွ တည့္ပါလိမ့္မယ္ ။အဲလိုမ်ိဳးေတြရွိပါတယ္ ။ ေခါင္းေလွ်ာ္ေနသည့္ ဦးေခါင္းအနီးတြင္ ပန္ကာေလခံျခင္း ၊ အဲယာကြန္းေလ တည့္တည့္က်ေရာက္ေနရာမ်ိဳးတြင္ ေခါင္းလုံးဝ ေလွ်ာ္ျခင္း မျပဳ႕လုပ္သင့္ပါ ။

ေလွ်ာ္ေပးသူသည္ တစ္ကိုယ္ရည္သန္႔ရွင္းရန္လည္း လိုအပ္ပါတယ္ ။ လူအမ်ားအျပားဥိးေခါင္းကို ကိုင္တယ္ရသျဖင့္

အေရျပားကူးစက္ပိုးမ်ားသည့္ လက္သည္းၾကားအတြင္းမွေန တစ္ျခားကို ဝင္ေရာက္ကူးေစတက္လို႔ပါ ။

လက္သည္ရွည္ထားၿပိး မသန္႔ရွင္းျခင္း ၊ တစ္ဦးေလွ်ာ္ၿပီးလွ်င္ လက္ကို ပိုးသတ္ေဆးရည္မ်ားျဖင့္ မေဆးေၾကာျခင္းေၾကာင့္ တစ္ျခားတစ္ဦးကို ေရာဂါ ကူးေစတက္သည္ ။

ေခါင္းေလွ်ာ္ၿပီးလို႔ ႏွိပ္နယ္ေပးျခင္းသည္ အလြန္သတိထားဖြယ္ ကိစၥတစ္ခုျဖစ္ပါတယ္ ဒါကို မသိနားမည္ဘဲ ေခါင္းနဲ႔ဂုတ္ပိုးမ်ားကို ႏွိပ္နယ္ခံယူတက္ၾကပါတယ္ ။

ေခါင္းေလွ်ာ္စင္ေပၚတြင္ အိပ္ေနသည့္ေနအထားျဖစ္ေနၿပီး ေခါင္းကိုမၿပီး ႏွိပ္နယ္ေပးျခင္း နားေနာက္ေနရာတြင္ ႏွိပ္နယ္ေပးျခင္း နားထင္မ်ားကို ႏွိပ္နယ္ေပးျခင္း အမ်ားဆုံးလုပ္ေဆာင္ျခင္း ခံၾကရပါတယ္ ။

တစ္ခ်ိဳ႕က အဲလိုလုပ္မွ ေကာင္းတယ္ လူကိုေပါ့သြားတယ္ အေၾကာေတြေျပတယ္ ေခါင္းၾကည္တယ္လို႔ေျပာပါတယ္ ။နားထဲ့ကိုလည္း ေရဝင္ေအာင္လုပ္လည္း လုပ္ေဆာင္နည္းတစ္မ်ိဳးထပ္လုပ္ၾကပါတယ္ ။ က်န္းမာေရးအတြက္ အထူးသတိထားရန္ အေရးႀကီးပါတယ္ ။အေၾကာဆိုင္ရာ အာ႐ုံေၾကာဆိုင္ရာ ေရာဂါမ်ိဳးျဖစ္တက္ပါတယ္ ။

အသက္အ႐ြယ္ရလာသည့္အခါတြင္ အဲလိုမ်ိဳးေတြ မ်ားေနခဲ့ရင္ ဦးေခါင္းပိုင္း တုန္တုန္ျဖစ္ေနျခင္း ၊ အၾကားအာ႐ုံအလြန္နည္းလာျခင္း ၊ ေခါင္းက်င္ေဝဒနာစြဲကပ္လာႏိုင္ျခင္းတို႔ျဖစ္လာတက္ပါတယ္ ။နားအတြင္းေရဝင္ျခင္းေၾကာင့္ က်န္ရွိေနခဲ့ပါက မႈိေရာဂါက်ေရာက္တက္သလို နားအူျခင္း ၊ နားကိုက္ျခင္း ႏွင့္ နားျပည္တည္ျခင္း တို႔ျဖစ္တက္ပါတယ္ ။

ဆံေကသာအေရာင္ဆိုျခင္းသင့္လုပ္ေဆာင္ပါက လူတစ္ခ်ိဳ႕တြင္ ဦးေခါင္းယားယံျခင္း ၊ ပူစပ္သလို ခံစားမိျခင္း ၊ေခါင္းကိုက္ေခါင္းခဲသလို ေခါင္းမၾကည္ျခင္းသုံးရက္ေက်ာ္ေက်ာ္ ခံစားေနရလွ်င္နီးစပ္ရာေဆးခန္းတစ္ခုကိုျပသေပးရန္ လိုအပ္ပါသည္ ။ရက္ၾကာလာပါက ဦးေခါင္းအေရျပားနီရဲၿပီး ကုတ္ျခစ္ရာမ်ားေၾကာင့္ ပိုးဝင္ၿပီး မႈိတက္ေရာဂါျဖစ္လာတက္ပါသည္ ။

ေဘာက္ဖတ္လိုလို အနာဖတ္မ်ားျဖစ္လာၿပီး ဦးေရတစ္ခုလုံး အနာမ်ားေပါက္ၿပိး ကုသမႈ႕ၾကာရွည္တက္ပါတယ္ ။အသက္ရာေက်ာ္ ရွည္ပါေစ

Credit - Burmese.asia


Unicode Version 


ခေတ်လည်းမှီတယ် လွယ်လည်းလွယ်တယ်ဆိုပြီး အများအားဖြင့် ဆံကေသာ အတွက် ဆိုင်မှာလျှော်ခြင်း ၊
ဆံပင် နှင့်ပတ်သက်သည့်ပေါင်းတင်ခြင်း ၊ အရောင်ဆိုးခြင်း အပါအဝင် ဆံကေသာအလှတွက် လုပ်ဆောင်နေကြပါတယ် ။

အားလုံးအတွက် အစဉ်ပြေပေမဲ့ ကျန်းမာရေး အတွက် သတိလေးတော့ ပေးချင်လို့ပါ ။

လူတစ်ဦးတိုင်းတွင် ဓာတ်တည့်ခြင်း မတည့်ခြင်းဆိုသည့် ဇီဝဖြစ်စဉ်တွေအများအပြားရှိပါတယ် ။
များသောအားဖြင့် အမျိုးသမီးများတွင် တစ်ယောက်က ဆံကေသာကိုဒါလေးလုပ်ထားတယ် လှတယ် အစဉ်ပြေပေမဲ့ နောက်တစ်ယောက်အတွက်ကျတော့

လူု့အရေပြားမှာ တစ်ခြားတစ်ယောက်သုံးစွဲသော ခေါင်းလျှော်ရည် ၊ မိတ်ကပ် နှင့် အရောင်ဆိုခြင်းတွေတွင် ဓာတ်တည့်ချင်မှ တည့်ပါလိမ့်မယ် ။အဲလိုမျိုးတွေရှိပါတယ် ။ ခေါင်းလျှော်နေသည့် ဦးခေါင်းအနီးတွင် ပန်ကာလေခံခြင်း ၊ အဲယာကွန်းလေ တည့်တည့်ကျရောက်နေရာမျိုးတွင် ခေါင်းလုံးဝ လျှော်ခြင်း မပြု့လုပ်သင့်ပါ ။

လျှော်ပေးသူသည် တစ်ကိုယ်ရည်သန့်ရှင်းရန်လည်း လိုအပ်ပါတယ် ။ လူအများအပြားဥိးခေါင်းကို ကိုင်တယ်ရသဖြင့်

အရေပြားကူးစက်ပိုးများသည့် လက်သည်းကြားအတွင်းမှနေ တစ်ခြားကို ဝင်ရောက်ကူးစေတက်လို့ပါ ။

လက်သည်ရှည်ထားပြိး မသန့်ရှင်းခြင်း ၊ တစ်ဦးလျှော်ပြီးလျှင် လက်ကို ပိုးသတ်ဆေးရည်များဖြင့် မဆေးကြောခြင်းကြောင့် တစ်ခြားတစ်ဦးကို ရောဂါ ကူးစေတက်သည် ။

ခေါင်းလျှော်ပြီးလို့ နှိပ်နယ်ပေးခြင်းသည် အလွန်သတိထားဖွယ် ကိစ္စတစ်ခုဖြစ်ပါတယ် ဒါကို မသိနားမည်ဘဲ ခေါင်းနဲ့ဂုတ်ပိုးများကို နှိပ်နယ်ခံယူတက်ကြပါတယ် ။

ခေါင်းလျှော်စင်ပေါ်တွင် အိပ်နေသည့်နေအထားဖြစ်နေပြီး ခေါင်းကိုမပြီး နှိပ်နယ်ပေးခြင်း နားနောက်နေရာတွင် နှိပ်နယ်ပေးခြင်း နားထင်များကို နှိပ်နယ်ပေးခြင်း အများဆုံးလုပ်ဆောင်ခြင်း ခံကြရပါတယ် ။

တစ်ချို့က အဲလိုလုပ်မှ ကောင်းတယ် လူကိုပေါ့သွားတယ် အကြောတွေပြေတယ် ခေါင်းကြည်တယ်လို့ပြောပါတယ် ။နားထဲ့ကိုလည်း ရေဝင်အောင်လုပ်လည်း လုပ်ဆောင်နည်းတစ်မျိုးထပ်လုပ်ကြပါတယ် ။ ကျန်းမာရေးအတွက် အထူးသတိထားရန် အရေးကြီးပါတယ် ။အကြောဆိုင်ရာ အာရုံကြောဆိုင်ရာ ရောဂါမျိုးဖြစ်တက်ပါတယ် ။

အသက်အရွယ်ရလာသည့်အခါတွင် အဲလိုမျိုးတွေ များနေခဲ့ရင် ဦးခေါင်းပိုင်း တုန်တုန်ဖြစ်နေခြင်း ၊ အကြားအာရုံအလွန်နည်းလာခြင်း ၊ ခေါင်းကျင်ဝေဒနာစွဲကပ်လာနိုင်ခြင်းတို့ဖြစ်လာတက်ပါတယ် ။နားအတွင်းရေဝင်ခြင်းကြောင့် ကျန်ရှိနေခဲ့ပါက မှိုရောဂါကျရောက်တက်သလို နားအူခြင်း ၊ နားကိုက်ခြင်း နှင့် နားပြည်တည်ခြင်း တို့ဖြစ်တက်ပါတယ် ။

ဆံကေသာအရောင်ဆိုခြင်းသင့်လုပ်ဆောင်ပါက လူတစ်ချို့တွင် ဦးခေါင်းယားယံခြင်း ၊ ပူစပ်သလို ခံစားမိခြင်း ၊ခေါင်းကိုက်ခေါင်းခဲသလို ခေါင်းမကြည်ခြင်းသုံးရက်ကျော်ကျော် ခံစားနေရလျှင်နီးစပ်ရာဆေးခန်းတစ်ခုကိုပြသပေးရန် လိုအပ်ပါသည် ။ရက်ကြာလာပါက ဦးခေါင်းအရေပြားနီရဲပြီး ကုတ်ခြစ်ရာများကြောင့် ပိုးဝင်ပြီး မှိုတက်ရောဂါဖြစ်လာတက်ပါသည် ။

ဘောက်ဖတ်လိုလို အနာဖတ်များဖြစ်လာပြီး ဦးရေတစ်ခုလုံး အနာများပေါက်ပြိး ကုသမှု့ကြာရှည်တက်ပါတယ် ။အသက်ရာကျော် ရှည်ပါစေ

Credit - Burmese.asia

Post a Comment

0 Comments