သင့္ကားကို သက္တမ္းပိုမို ၾကာျမင့္စြာ အသုံးျပဳႏိုင္ရန္ လိုက္နာရမည့္ အခ်က္ ( ၇ ) ခ်က္


ေမာ္ေတာ္ကား ကိုေမာင္းႏွင္သူမ်ားဟာ ေမာင္းႏွင္ေနသည့္ကားကို သင့္ေတာ္စြာ ဂ႐ုစိုက္ရမည္ကို မစဥ္းစားမိၾကပါဘူးသို႔ေသာ္လည္း ေအာက္ေဖာ္ျပပါ အသုံးတည့္လြယ္ကူမည့္ နည္းလမ္းမ်ားကို လိုက္နာပါက ကားအတြက္ ေဈးႀကီးေသာဝန္ေဆာင္မႈႏွင့္ ျပဳျပင္ထိန္းသိမ္းမႈမ်ားကို လုပ္စရာမလိုပဲ ကားကို အထိအခိုက္မရွိ အသုံးျပဳႏိုင္ပါလိမ့္မယ္။

၇. တာယာ ေလဖိအား ကို အရမ္း နည္းလြန္း မ်ားလြန္းထားျခင္းမွ ေရွာင္ၾကဥ္ပါ

ရံဖန္ရံခါ ကားတာယာေလဖိအားကို အရမ္းနည္းလြန္း မ်ားလြန္းစြာထားတတ္ၾကပါတယ္ ၊ ထိုသို႔ေသာအေျခအေနကေမာ္ေတာ္ယာဥ္၏ေလွာင္စာဆီကို ပိုမိုအသုံးျပဳေစၿပီး ေမာ္ေတာ္ယာဥ္ေမာင္းႏွင္မႈကိုပါ ဆိုးက်ိဳးသက္ေရာက္ေစပါတယ္။ ဥပမာအားျဖင့္ ကားဘီးေခ်ာ္ျခင္းႏွင့္ ယာဥ္မေတာ္တဆမႈပါ ျဖစ္ပြားေစႏိုင္ပါတယ္။ထိုသို႔ေသာအေျခအေနကိုေရွာင္ရွားႏိုင္ရန္ သင့္ကားတာယာကို အခ်ိန္နဲ႔လိုက္ၿပီး ေျပာင္းလဲဖို႔လိုအပ္ပါတယ္။ ဦးစြာပထမအခ်က္မွာ သင့္ကားတာယာကို ရာသီအလိုက္လဲေပးဖို႔မေမ့ပါနဲ႔။ ဒုတိယအခ်က္အေနျဖင့္ ေရွ႕ကားတာယာႏွင့္ ေနာက္ကားတာယာကို တစ္ႏွစ္လွ်င္ အနည္းဆုံးတစ္ႀကိမ္လဲေပးပါ။

၆. ႐ုတ္တရက္ ဘရိတ္အုပ္ျခင္းႏွင့္ အရွိန္ျမႇင့္ေမာင္းႏွင္ျခင္းကို ေရွာင္ၾကဥ္ပါ

အရွိန္ျမႇင့္ေမာင္းႏွင္ျခင္းႏွင့္ ႐ုတ္တရက္ ဘရိတ္အုပ္ျခင္းသည္ ကားကို ဆိုးဝါးစြာ ထိခိုက္ေစပါတယ္။ ေမာ္ေတာ္ယာဥ္၏ အမ်ိဳးမ်ိဳးေသာ စနစ္တြင္ ဆိုးက်ိဳးသက္ေရာက္ေစပါတယ္။ဥပမာအားျဖင့္ ဂီယာအုံႏွင့္ အင္ဂ်င္ကို ဆိုးဝါးစြာ ထိခိုက္ေစသည့္အျပင္ ဘရိတ္စနစ္တြင္ပါဝင္ေသာ အစိတ္အပိုင္းမ်ားသည္လည္း ျမန္ျမန္ဆန္ဆန္ ယိုယြင္းသြားႏိုင္ပါတယ္။ဒါ့အျပင္ ဘရိတ္၏စြမ္းေဆာင္ရည္လည္းက်ဆင္းသြားသည့္အတြက္ ယာဥ္မေတာ္တဆမႈကိုပါျဖစ္ေပၚေစပါတယ္။

၅. မွန္ကန္စြာ ပါကင္ထိုးပါ

ကားပါကင္ထိုးျခင္းက လြယ္ကူေသာကိစၥေတာ့မဟုတ္ပါ။ အထူးသျဖင့္ ေမာင္းတတ္ခါစ ယာဥ္ေမာင္းမ်ားအတြက္ ခက္ခဲေသာအရာျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ယာဥ္ေမာင္းသူမ်ားက ကားပါကင္ထိုးသည့္အခါ ကားကို လုံးဝမရပ္ပဲ ဂီယာကို Drive မွ Reverse သို႔ေျပာင္းတတ္ပါတယ္။ထိုသို႔ေသာအျပဳအမူမ်ားကို ေရွာင္ၾကဥ္သင့္ပါတယ္။ထိုသို႔လုပ္ေဆာင္ပါက ေအာ္တိုဂီယာေျပာင္းမႈကို ထိခိုက္ေစၿပီး ေဈးႀကီးေသာ ျပင္ဆင္မႈကိုပါ လုပ္ေဆာင္ရႏိုင္ပါတယ္။ ထို႔ေၾကာင့္ ကားပါကင္ထိုးသည့္အခါ ကားကို လုံးဝရပ္လိုက္ၿပီးမွသာ ဂီယာေျပာင္းသင့္ပါတယ္။

၄. ကားဒိုင္ခြက္ေပၚရွိ အခ်က္ေပးသေကၤတမ်ားကို လ်စ္လ်ဴမရႈပါႏွင့္

သင့္ကားဒိုင္ခြက္ေပၚကအခ်က္ေပးသေကၤတမ်ားကသင့္ကား တစ္ခုခု မွားယြင္းေနေၾကာင္းကို သတိေပးေနပါတယ္။ဥပမာအားျဖင့္ ကားအင္ဂ်င္၏ အပူခ်ိန္ ျမင့္လြန္းေနျခင္း၊ လွ်ပ္စစ္ပိုင္းဆိုင္ရာ စနစ္မွားယြင္းေနျခင္း၊ ဘရိတ္ဆီပမာဏနည္းလြန္းေနျခင္းစသည့္ အေျခအေနမ်ားကို ေဖာ္ျပေနပါတယ္။ ထိုသို႔အခ်က္ျပမႈကို ေတြ႕ရွိပါက လ်င္ျမန္စြာ ကားျပင္ဆိုင္ကို သြားပါ။ထိုသို႔လုပ္ေဆာင္ပါကေဈးႀကီးေသာ ျပင္ဆင္မႈမ်ား လုပ္ရန္မလိုသည့္အျပင္ မေတာ္တဆမႈကိုပါ ေရွာင္ရွားႏိုင္ပါတယ္။

၃. ေမာ္ေတာ္ယာဥ္ကို စစ္ေဆးဖို႔ႏွင့္ ျပင္ဆင္ေပးဖို႔မေမ့ပါႏွင့္

ေမာ္ေတာ္ယာဥ္ပ်က္ဆီးျခင္းတြင္ေတြ႕ရမ်ားေသာ အေၾကာင္းျပခ်က္မွာ ယာဥ္ေမာင္းသူမ်ားသည္ေမာ္ေတာ္ယာဥ္ကိုထိန္းသိမ္းမႈျပဳလုပ္ဖို႔လ်စ္လ်ဴရႈ ျခင္းျဖစ္ပါတယ္။ေမာ္ေတာ္ယာဥ္ထိန္းသိမ္းမႈျပဳလုပ္ျခင္းကစရိတ္စက ႀကီးမားေသာ ကားျပင္ဆင္မႈကို ေရွာင္ရွားနိင္ေသာ အေရးပါေသာနည္းလမ္းျဖစ္ပါတယ္။ဥပမာအားျဖင့္ ေမာ္ေတာ္ယာဥ္ကို မိုင္ေပါင္း ၆၂၀ ေမာင္းႏွင္ၿပီးပါက ဆီပမာဏကို ျပန္လည္ စစ္ေဆးသင့္ၿပီး မိုင္ေပါင္း ၂၅၀ ေမာင္းႏွင္ၿပီးပါက ကားအင္ဂ်င္ေလေပါက္ကို လဲေပးဖို႔လိုအပ္ပါတယ္။ ႏွစ္စဥ္ စစ္ေဆးမႈကို ျပဳလုပ္သင့္အျပင္ ေန႔တိုင္းစစ္ေဆးမႈ(အင္ဂ်င္ဆီပမာဏ၊ တာယာေလဖိအား၊ေလကာမွန္ စသည္ျဖင့္) ကိုလုပ္ေဆာင္ဖို႔မေမ့ပါႏွင့္။ လုပ္႐ိုးလုပ္စဥ္စစ္ေဆးမႈမ်ားသည္ ရာသီဥတုႏွင့္ေမာင္းႏွင္သည့္ ခရီးမိုင္ေပၚမူတည္သည္ကို အမွတ္ရပါ။

၂. ပစၥည္းဝန္ပိုတင္ေမာင္းႏွင္ျခင္းကို ေရွာင္ရွားပါ

ဝန္ပိုတင္ေမာင္းႏွင္ျခင္းကကား၏ ေအာက္ပိုင္းစနစ္၊ စတီယာရင္စနစ္၊ဂီယာစနစ္၊တာယာႏွင့္ အင္ဂ်င္စသည့္ စနစ္အားလုံးလိုလိုကို ထိခိုက္ေစပါတယ္။ဒါ့အျပင္ ဒီလိုဝန္ပိုတင္ေမာင္းႏွင္ျခင္းကသင့္ကားရဲ႕ ေလာင္စာဆီ ကိုပိုမိုသုံးစြဲမႈျဖစ္ေစသည့္အျပင္ လမ္းမေပၚတြင္ ကား၏ေမာင္းႏွင္ႏိုင္စြမ္းကိုပါ ဆိုးက်ိဳးျဖစ္ေစပါတယ္။ ဒီလိုမျဖစ္ေစရန္ ယာဥ္ေမာင္းသူသည္ ေမာင္းႏွင္မည့္ယာဥ္၏ အမ်ားဆုံးတင္ႏိုင္ေသာဝန္ပမာဏအတိုင္းသာတင္ေဆာင္ၿပီး ေမာင္းႏွင္သင့္ပါတယ္။ထို႔အျပင္ ကားတြင္ အသုံးမလိုေသာ ပစၥည္းမ်ား ေလွ်ာ့ခ်ၿပီး အမွန္အသုံးဝင္ေသာပစၥည္းကိုသာတင္သင့္ပါတယ္။

၁. ကား၏ကလပ္ခ်္ (clutch) ကို အမ်ားႀကီး အလုပ္မေပးပါႏွင့္

ထိုသို႔ေသာ အမွားသည္ လက္ထိုးဂီယာစနစ္ရွိေသာ ကားကိုေမာင္းႏွင္သူမ်ားတြင္ အေတြ႕မ်ားေသာ အမွားျဖစ္ပါတယ္။ မီးပြိဳင့္ အၾကာႀကီးမိေနခ်ိန္တြင္ကလပ္ခ်္ကိုအၾကာႀကီးမနင္းထားပါႏွင့္။ကားရပ္နားသင့္ေသာအခ်ိန္တြင္ အနားမေပးပဲ ကလပ္ခ်္နင္းကာ ကားကို အလုပ္ပိုလုပ္ေစသည့္အတြက္စက္ပိုင္းဆိုင္ရာစနစ္ကိုလ်င္ျမန္စြာခ်ိဳ႕ယြင္းေစပါတယ္။ တိုေတာင္းေသာရပ္တန္႔ခ်ိန္တြင္ ဂီယာကို ပုံမွန္(Neutral) စနစ္သို႔ေျပာင္းၿပီး စတင္ေမာင္းႏွင္ေတာ့မည္ဆိုမွ ကလပ္ခ်္ကိုနင္းပါ။

အပိုေဆာင္းလွည့္ကြက္- ကားေလကာမွန္အက္ရာကို ၾကက္သြန္ျဖဴသုံးၿပီး ဘယ္လိုျပင္ႏိုင္မလဲ

ဟင္းပြဲကို ပိုၿမိန္ေစသည့္ ၾကက္သြန္ျဖဴ၏အရသာႏွင့္ အနံ႔ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားၾကက္သြန္ျဖဴကိုႀကိဳက္ႏွစ္သက္ၾကပါတယ္။ သို႔ေသာ္ ၾကက္သြန္ျဖဴ၏ကားျပင္ဆင္မႈအတြက္အံ့ၾသဖြယ္လုပ္ေဆာင္မႈကိုသင္သိပါသလား။ၾကက္သြန္ျဖဴတစ္မႊာယူၿပီး ၾကက္သြန္ျဖဴကိုေဒါင္လိုက္လွီးခ်လိုက္ပါ။ ထို႔ေနာက္ လွီးထားေသာၾကက္သြန္ျဖဴျဖင့္ ေလကာမွန္အက္ရာကိုပြတ္ၿပီး ထြက္လာေသာအရည္ကို စကၠဴ သို႔မဟုတ္ လက္သုတ္ပုဝါျဖင့္ သုတ္လိုက္ပါ။ပေရာ္ဖက္ရွင္နယ္က်က် ျပင္ဆင္ျခင္းမဟုတ္ေသာ္ျငားလည္း ထိုအက္ရာကို ျပန္မျပင္မွီအခ်ိန္အထိ အက္ရာပိုမဆိုးသြားႏိုင္ေအာင္ထိန္းထားႏိုင္ပါတယ္။

စာဖတ္သူတို႔လည္းကားကိုတစ္သက္လုံးၾကာရွည္စြာ သုံးႏိုင္ေသာနည္းလမ္းရွိပါက ေကာမန္႔တြင္မွ်ေဝေပးပါဦး…

Credit – Min Thu (Daily Hot News)


Unicode Version   


မော်တော်ကား ကိုမောင်းနှင်သူများဟာ မောင်းနှင်နေသည့်ကားကို သင့်တော်စွာ ဂရုစိုက်ရမည်ကို မစဉ်းစားမိကြပါဘူးသို့သော်လည်း အောက်ဖော်ပြပါ အသုံးတည့်လွယ်ကူမည့် နည်းလမ်းများကို လိုက်နာပါက ကားအတွက် ဈေးကြီးသောဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုများကို လုပ်စရာမလိုပဲ ကားကို အထိအခိုက်မရှိ အသုံးပြုနိုင်ပါလိမ့်မယ်။

၇. တာယာ လေဖိအား ကို အရမ်း နည်းလွန်း များလွန်းထားခြင်းမှ ရှောင်ကြဉ်ပါ

ရံဖန်ရံခါ ကားတာယာလေဖိအားကို အရမ်းနည်းလွန်း များလွန်းစွာထားတတ်ကြပါတယ် ၊ ထိုသို့သောအခြေအနေကမော်တော်ယာဉ်၏လှောင်စာဆီကို ပိုမိုအသုံးပြုစေပြီး မော်တော်ယာဉ်မောင်းနှင်မှုကိုပါ ဆိုးကျိုးသက်ရောက်စေပါတယ်။ ဥပမာအားဖြင့် ကားဘီးချော်ခြင်းနှင့် ယာဉ်မတော်တဆမှုပါ ဖြစ်ပွားစေနိုင်ပါတယ်။ထိုသို့သောအခြေအနေကိုရှောင်ရှားနိုင်ရန် သင့်ကားတာယာကို အချိန်နဲ့လိုက်ပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဦးစွာပထမအချက်မှာ သင့်ကားတာယာကို ရာသီအလိုက်လဲပေးဖို့မမေ့ပါနဲ့။ ဒုတိယအချက်အနေဖြင့် ရှေ့ကားတာယာနှင့် နောက်ကားတာယာကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်လဲပေးပါ။

၆. ရုတ်တရက် ဘရိတ်အုပ်ခြင်းနှင့် အရှိန်မြှင့်မောင်းနှင်ခြင်းကို ရှောင်ကြဉ်ပ

အရှိန်မြှင့်မောင်းနှင်ခြင်းနှင့် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ကားကို ဆိုးဝါးစွာ ထိခိုက်စေပါတယ်။ မော်တော်ယာဉ်၏ အမျိုးမျိုးသော စနစ်တွင် ဆိုးကျိုးသက်ရောက်စေပါတယ်။ဥပမာအားဖြင့် ဂီယာအုံနှင့် အင်ဂျင်ကို ဆိုးဝါးစွာ ထိခိုက်စေသည့်အပြင် ဘရိတ်စနစ်တွင်ပါဝင်သော အစိတ်အပိုင်းများသည်လည်း မြန်မြန်ဆန်ဆန် ယိုယွင်းသွားနိုင်ပါတယ်။ဒါ့အပြင် ဘရိတ်၏စွမ်းဆောင်ရည်လည်းကျဆင်းသွားသည့်အတွက် ယာဉ်မတော်တဆမှုကိုပါဖြစ်ပေါ်စေပါတယ်။

၅. မှန်ကန်စွာ ပါကင်ထိုးပါ

ကားပါကင်ထိုးခြင်းက လွယ်ကူသောကိစ္စတော့မဟုတ်ပါ။ အထူးသဖြင့် မောင်းတတ်ခါစ ယာဉ်မောင်းများအတွက် ခက်ခဲသောအရာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ယာဉ်မောင်းသူများက ကားပါကင်ထိုးသည့်အခါ ကားကို လုံးဝမရပ်ပဲ ဂီယာကို Drive မှ Reverse သို့ပြောင်းတတ်ပါတယ်။ထိုသို့သောအပြုအမူများကို ရှောင်ကြဉ်သင့်ပါတယ်။ထိုသို့လုပ်ဆောင်ပါက အော်တိုဂီယာပြောင်းမှုကို ထိခိုက်စေပြီး ဈေးကြီးသော ပြင်ဆင်မှုကိုပါ လုပ်ဆောင်ရနိုင်ပါတယ်။ ထို့ကြောင့် ကားပါကင်ထိုးသည့်အခါ ကားကို လုံးဝရပ်လိုက်ပြီးမှသာ ဂီယာပြောင်းသင့်ပါတယ်။

၄. ကားဒိုင်ခွက်ပေါ်ရှိ အချက်ပေးသင်္ကေတများကို လျစ်လျူမရှုပါနှင့်

သင့်ကားဒိုင်ခွက်ပေါ်ကအချက်ပေးသင်္ကေတများကသင့်ကား တစ်ခုခု မှားယွင်းနေကြောင်းကို သတိပေးနေပါတယ်။ဥပမာအားဖြင့် ကားအင်ဂျင်၏ အပူချိန် မြင့်လွန်းနေခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်မှားယွင်းနေခြင်း၊ ဘရိတ်ဆီပမာဏနည်းလွန်းနေခြင်းစသည့် အခြေအနေများကို ဖော်ပြနေပါတယ်။ ထိုသို့အချက်ပြမှုကို တွေ့ရှိပါက လျင်မြန်စွာ ကားပြင်ဆိုင်ကို သွားပါ။ထိုသို့လုပ်ဆောင်ပါကဈေးကြီးသော ပြင်ဆင်မှုများ လုပ်ရန်မလိုသည့်အပြင် မတော်တဆမှုကိုပါ ရှောင်ရှားနိုင်ပါတယ်။

၃. မော်တော်ယာဉ်ကို စစ်ဆေးဖို့နှင့် ပြင်ဆင်ပေးဖို့မမေ့ပါနှင့်

မော်တော်ယာဉ်ပျက်ဆီးခြင်းတွင်တွေ့ရများသော အကြောင်းပြချက်မှာ ယာဉ်မောင်းသူများသည်မော်တော်ယာဉ်ကိုထိန်းသိမ်းမှုပြုလုပ်ဖို့လျစ်လျူရှု ခြင်းဖြစ်ပါတယ်။မော်တော်ယာဉ်ထိန်းသိမ်းမှုပြုလုပ်ခြင်းကစရိတ်စက ကြီးမားသော ကားပြင်ဆင်မှုကို ရှောင်ရှားနိင်သော အရေးပါသောနည်းလမ်းဖြစ်ပါတယ်။ဥပမာအားဖြင့် မော်တော်ယာဉ်ကို မိုင်ပေါင်း ၆၂၀ မောင်းနှင်ပြီးပါက ဆီပမာဏကို ပြန်လည် စစ်ဆေးသင့်ပြီး မိုင်ပေါင်း ၂၅၀ မောင်းနှင်ပြီးပါက ကားအင်ဂျင်လေပေါက်ကို လဲပေးဖို့လိုအပ်ပါတယ်။ နှစ်စဉ် စစ်ဆေးမှုကို ပြုလုပ်သင့်အပြင် နေ့တိုင်းစစ်ဆေးမှု(အင်ဂျင်ဆီပမာဏ၊ တာယာလေဖိအား၊လေကာမှန် စသည်ဖြင့်) ကိုလုပ်ဆောင်ဖို့မမေ့ပါနှင့်။ လုပ်ရိုးလုပ်စဉ်စစ်ဆေးမှုများသည် ရာသီဥတုနှင့်မောင်းနှင်သည့် ခရီးမိုင်ပေါ်မူတည်သည်ကို အမှတ်ရပါ။

၂. ပစ္စည်းဝန်ပိုတင်မောင်းနှင်ခြင်းကို ရှောင်ရှားပါ

ဝန်ပိုတင်မောင်းနှင်ခြင်းကကား၏ အောက်ပိုင်းစနစ်၊ စတီယာရင်စနစ်၊ဂီယာစနစ်၊တာယာနှင့် အင်ဂျင်စသည့် စနစ်အားလုံးလိုလိုကို ထိခိုက်စေပါတယ်။ဒါ့အပြင် ဒီလိုဝန်ပိုတင်မောင်းနှင်ခြင်းကသင့်ကားရဲ့ လောင်စာဆီ ကိုပိုမိုသုံးစွဲမှုဖြစ်စေသည့်အပြင် လမ်းမပေါ်တွင် ကား၏မောင်းနှင်နိုင်စွမ်းကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဒီလိုမဖြစ်စေရန် ယာဉ်မောင်းသူသည် မောင်းနှင်မည့်ယာဉ်၏ အများဆုံးတင်နိုင်သောဝန်ပမာဏအတိုင်းသာတင်ဆောင်ပြီး မောင်းနှင်သင့်ပါတယ်။ထို့အပြင် ကားတွင် အသုံးမလိုသော ပစ္စည်းများ လျှော့ချပြီး အမှန်အသုံးဝင်သောပစ္စည်းကိုသာတင်သင့်ပါတယ်။

၁. ကား၏ကလပ်ချ် (clutch) ကို အများကြီး အလုပ်မပေးပါနှင့်

ထိုသို့သော အမှားသည် လက်ထိုးဂီယာစနစ်ရှိသော ကားကိုမောင်းနှင်သူများတွင် အတွေ့များသော အမှားဖြစ်ပါတယ်။ မီးပွိုင့် အကြာကြီးမိနေချိန်တွင်ကလပ်ချ်ကိုအကြာကြီးမနင်းထားပါနှင့်။ကားရပ်နားသင့်သောအချိန်တွင် အနားမပေးပဲ ကလပ်ချ်နင်းကာ ကားကို အလုပ်ပိုလုပ်စေသည့်အတွက်စက်ပိုင်းဆိုင်ရာစနစ်ကိုလျင်မြန်စွာချို့ယွင်းစေပါတယ်။ တိုတောင်းသောရပ်တန့်ချိန်တွင် ဂီယာကို ပုံမှန်(Neutral) စနစ်သို့ပြောင်းပြီး စတင်မောင်းနှင်တော့မည်ဆိုမှ ကလပ်ချ်ကိုနင်းပါ။

အပိုဆောင်းလှည့်ကွက်- ကားလေကာမှန်အက်ရာကို ကြက်သွန်ဖြူသုံးပြီး ဘယ်လိုပြင်နိုင်မလဲ

ဟင်းပွဲကို ပိုမြိန်စေသည့် ကြက်သွန်ဖြူ၏အရသာနှင့် အနံ့ကြောင့် လူတော်တော်များများကြက်သွန်ဖြူကိုကြိုက်နှစ်သက်ကြပါတယ်။ သို့သော် ကြက်သွန်ဖြူ၏ကားပြင်ဆင်မှုအတွက်အံ့သြဖွယ်လုပ်ဆောင်မှုကိုသင်သိပါသလား။ကြက်သွန်ဖြူတစ်မွှာယူပြီး ကြက်သွန်ဖြူကိုဒေါင်လိုက်လှီးချလိုက်ပါ။ ထို့နောက် လှီးထားသောကြက်သွန်ဖြူဖြင့် လေကာမှန်အက်ရာကိုပွတ်ပြီး ထွက်လာသောအရည်ကို စက္ကူ သို့မဟုတ် လက်သုတ်ပုဝါဖြင့် သုတ်လိုက်ပါ။ပရော်ဖက်ရှင်နယ်ကျကျ ပြင်ဆင်ခြင်းမဟုတ်သော်ငြားလည်း ထိုအက်ရာကို ပြန်မပြင်မှီအချိန်အထိ အက်ရာပိုမဆိုးသွားနိုင်အောင်ထိန်းထားနိုင်ပါတယ်။

စာဖတ်သူတို့လည်းကားကိုတစ်သက်လုံးကြာရှည်စွာ သုံးနိုင်သောနည်းလမ်းရှိပါက ကောမန့်တွင်မျှဝေပေးပါဦး…

Post a Comment

0 Comments