သင့်ချစ်သူက သင့်ကို အရူးအမူးချစ်နေကြောင်း ဘယ်လိုနိုင်သိနိုင်မလဲ???


(1)သူကြိုက်သောအစာများကို သင်နဲ့ခွဲဝေစားခြင်း


အထူးသဖြင့် ယောက်ျားတွေဟာ သူများနဲ့အစားဝေမျှစားရတာ မကြိုက်ပါဘူး။ သင့်ချစ်သူဟာ သင် သူ့ပန်းကန်ထဲက ဟင်းတွေနှိုက်စားတာကို ချစ်စနိုးကြည့်နေတတ်ရင် သင့်ကိုအရမ်းချစ်လို့ပါနော်။
(2)အသံဖိုင်များပို့ခြင်း
ရိုးရိုးစာရိုက်ခြင်းထက် အသံဖိုင်များပို့တယ်ဆိုပါက သင့်ကို ပိုအလေးအနက်ထားကြောင်း သိသာပါတယ်။
(3)သူ့ဖုန်းကို သင်နဲ့စိတ်ချလက်ချထားခဲ့ခြင်း
သူ toilet သွားစဉ် သင့်ထံ ဖုန်းကိုစိတ်ချစွာထားခဲ့ ခြင်း သို့မဟုတ် သင်တောင်းဆိုလို့ သူ့ဖုန်းကိုပြခြင်းဟာ သူ့မှာ သင့်အပြင်တခြားသူမရှိလို့ဖြစ်ပြီး သင့်ကိုဘယ်လောက်ချစ်မှန်း ပေါ်လွင်နေပါပီ။
(4)သင်တောင်းဆိုတဲ့အသစ်အဆန်းများအတွက် အမြဲအသင့်ဖြစ်ခြင်
ချစ်သူ၂ဦးကြားမှ အကြိုက်တူတာကော မတူတာကော ရှိတတ်ပါတယ်။ သူမကြိုက်ပေမယ့် သင်ကြိုက်တဲ့ ၀ါသနာနဲ့စိတ်ဝင်စားမှုတွေကို အတူတကွပါဝင်ဆောင်ရွက်တယ်ဆိုပါက သင့်ကိုသူအရမ်းချစ်လို့ပါ။
(5)မျှော်လင့်မထားသော လက်ဆောင်များ၊ စာတိုလေးများ ပေးခြင်း
ခန်းနားတဲ့ လက်ဆောင်တွေ Dateတွေမှ မဟုတ်ပါဘူး။ အချစ်သင်္ကေတ ကတ်ကလေးတွေ သင့်ကုတ်အင်္ကျီထဲထည့်ပေးခြင်း၊စာတိုလေးများကပ်ထားခြင်းတို့က တကယ်ချစ်သူတွေရဲ့ ရိုဆန်မှုပါပဲ။ 


(6)သူတို့ရဲ့ အကျင့်တွေကိုပြောင်းလဲပေးတယ်
မီးပိတ်အိပ်တာကြိုက်တဲ့သင့်အတွက် သူရဲ့ အလင်းကြိုက်မှုကို ပြောင်းလဲပေးတယ်။ အခန်းရှုပ်ပွတာမကြိုက်သူအတွက် စနစ်တကျသပ်ရပ်စွာနေဖို့ ပြောင်းလဲလာတယ်စတာတွေက တကယ်ချစ်သူတွေမှာသာရှိတဲ့ သင်္ကေတစ်ခုပါ။
(7)စိတ်ပျက်စရာအခြေအနေတွေမှာ အတူတကွရှိပေးတယ်
ဒါက အဓိကသိသာတဲ့အချက်ပါ။ သင်ကျရှုံးနေချိန် ရှောင်ထွက်မသွားပဲ အခက်အခဲတိုငိးကို တူတူအားပေးတဲ့ချစ်သူဟာ သင့်ကို အလေးအနက်ချစ်လို့ပါ။
(8)စကားဝိုင်းကိုမတိတ်ဆိတ်စေသူ
တကယ်ချစ်နေသူဟာ သင်မပျင်းဖို့ အာရုံစိုက်နေတတ်တာကြောင့် စကားဝိုင်းတစ်ခုကိုမတိတ်ဆိတ်အော်င် အမျိုးမျိုးကြိုးစားတတ်ပါတယ်။ သင်တို့ကြားမှာ ပြောစရာစကားနည်းပြီးတိတ်ဆိတ်လာပါက အချစ်တွေလျော့နည်းစပြူလာပီပဲ ဖြစ်ပါတယ်။
(9)သင်နဲ့တူတူရှိတာကိုဂုဏ်ယူသူ
သင့်ကိုပိုင်ဆိုင်ရခြင်းအတွက် ဂုဏ်ယူတဲ့ချစ်သူရှိနေပြီလား။ သင်ဟာ perfect မဖြစ်ပေမယ့် သင့်လက်ကို တွဲပြီး လူပုံအလယ်ရဲရဲသွားတတ်ရင် သေချာပါတယ်။ သင့်ကိုအရမ်းချစ်တဲ့သူပါ။
(10)လိုအပ်ချိန်တိုင်း အနားမှာနေပေးသူ
သင်နေမကောင်းချိန် သို့ သူ့ကိုလိုအပ်ချိန်တွေမှာ အလုပ်အကြောင်းပြ ကိုယ်ရေးကိုယ်တာ အကြောင်းပြနေသူ၊ ဂိမ်းကစားနေသူ၊ သူငယ်ချင်းတွေနဲ့အချိန်ဖြူန်းနေသူဟာ သင့်ကိုတကယ်မချစ်လို့ဆိုတာ လက်ခံမယ်ထင်ပါတယ်။
(11)သင့်အကြံဥာဏ်တွေကိုနားထောင်သူ
ကိုယ့်ကိုတကယ်ချစ်မြတ်နိုးသူဟာ ကိုယ်ပေးတဲ့ အကြံတိုင်းကို တလေးတစားနားထောင်ပါတယ်။ တကယ်လို့ သင်ဘာပြောပြော ခေါင်းထဲမထည့်ဘူးဆိုရင်တော့ သင်လဲ လျစ်လျူရှုသင့်နေပါပီ။
(12)သင့်ကို ၂ကိုယ်တူရှိချိန်တိုင်း ပွတ်သီးပွတ်သပ်နေချင်သူ
လေ့လာချက်များအရ ၂ကိုယ်တည်းရှိချိန်မှာ နမ်းခြင်း၊ပွေ့ဖက်ခြင်း၊ထိတွေ့ကိုင်တွယ်ခြင်းတွေဟာ နွေးထွေးတဲ့ဆက်ဆံရေးကိုပြသနေပါတယ်။သင့်အနားမှာ တိုးဝှေ့ယုယနေလိုသူဟာ သင့်ကိုတကယ်ချစ်နေသူဆိုတာ သင်လဲလက်ခံမှာပါနော်။ ။
Credit_Dr Jue (Daily Hot News) 

Post a Comment

0 Comments