ခ်စ္သူမသိေအာင္ အကာအကြယ္ခၽြတ္ၿပီး ခ်စ္တင္းေႏွာတဲ့အမ်ိဳးသား ေထာင္ဒဏ္ခ်မွတ္ခံရ


ရဲအရာရွိေဟာင္း အမ်ိဳးသားတစ္ဦးဟာ ခ်စ္သူအမ်ိဳးသမီးနဲ႔ ခ်စ္တင္းေႏွာ္ေနစဥ္ သူမ မသိေအာင္ အကာအကြယ္ကို ခၽြတ္ၿပီး ခ်စ္တင္းေႏွာခဲ့ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးမွာ ထင္မွတ္မထားဘဲ ကုိယ္ဝန္ေဆာင္ခဲ့ရၿပီး၊ ဒီအတြက္ ေက်နပ္မႈမရွိလုိ႔ တုိင္ၾကားခဲ့ပါတယ္။

သူတုိ႔ႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ ႏုိဝင္ဘာလက ခ်စ္တင္းေႏွာခဲ့တာျဖစ္ၿပီး၊ အဆုိပါ ရဲအရာရွိကို အမ်ိဳးသမီးျဖစ္သူက အကာအကြယ္နဲ႔ ခ်စ္တင္းေႏွာဖုိ႔ ေတာင္းဆုိခဲ့တာပါ။ အေတာအတြင္းမွာ ရဲအရာရွိက ခ်စ္သူအမ်ိဳးသမီးကို အသိမေပးဘဲ အကာအကြယ္ကုိ ဖယ္ရွားလုိက္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဂ်ာမနီႏုိင္ငံမွာ ျဖစ္ခဲ့တာပါ။ ခ်စ္တင္းေႏွာရာမွာ အမ်ိဳးသမီးရဲ႕ အလုိတူေသာ္လည္း သူမ သေဘာမတူရဲ႕ လုပ္ရပ္ကို က်ဴးလြန္ခဲ့လုိ႔ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈအတြက္ တရား႐ုံးက အဲဒီရဲအရာရွိကို ဆုိင္းငံ့ေထာင္ဒဏ္ (၈)လ ခ်မွတ္ခဲ့ပါတယ္။

ဘာလင္မွာေနထုိင္တဲ့ အဲဒီရဲအရာရွိဟာ တရား႐ုံးကို ဒဏ္ေၾကးေငြ ေပါင္ (၂၇၁၂) ေပးေခ်ခဲ့ရၿပီး နစ္နာသူ ခ်စ္သူအမ်ိဳးသမီးရဲ႕ က်န္းမာေရးစစ္ေဆးမႈ ကုန္က်စာရိတ္အျဖစ္ (၈၉)ေပါင္ ေပးေခ်ခဲ့ရေၾကာင္း သိရပါတယ္။ ကနဦးတုန္းကေတာ့ အဓမၼမႈနဲ႔ တရားစြဲခဲ့တာေပမယ့္ ကံေကာင္းစြာ လြတ္ေျမာက္ခဲ့ပါတယ္။

Credit - လင္းေဇာ္ကို (MyanmarNote)


Unicode Version   


ရဲအရာရှိဟောင်း အမျိုးသားတစ်ဦးဟာ ချစ်သူအမျိုးသမီးနဲ့ ချစ်တင်းနှော်နေစဉ် သူမ မသိအောင် အကာအကွယ်ကို ချွတ်ပြီး ချစ်တင်းနှောခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးမှာ ထင်မှတ်မထားဘဲ ကိုယ်ဝန်ဆောင်ခဲ့ရပြီး၊ ဒီအတွက် ကျေနပ်မှုမရှိလို့ တိုင်ကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ချစ်တင်းနှောခဲ့တာဖြစ်ပြီး၊ အဆိုပါ ရဲအရာရှိကို အမျိုးသမီးဖြစ်သူက အကာအကွယ်နဲ့ ချစ်တင်းနှောဖို့ တောင်းဆိုခဲ့တာပါ။ အတောအတွင်းမှာ ရဲအရာရှိက ချစ်သူအမျိုးသမီးကို အသိမပေးဘဲ အကာအကွယ်ကို ဖယ်ရှားလိုက်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဂျာမနီနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ချစ်တင်းနှောရာမှာ အမျိုးသမီးရဲ့ အလိုတူသော်လည်း သူမ သဘောမတူရဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့လို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တရားရုံးက အဲဒီရဲအရာရှိကို ဆိုင်းငံ့ထောင်ဒဏ် (၈)လ ချမှတ်ခဲ့ပါတယ်။

ဘာလင်မှာနေထိုင်တဲ့ အဲဒီရဲအရာရှိဟာ တရားရုံးကို ဒဏ်ကြေးငွေ ပေါင် (၂၇၁၂) ပေးချေခဲ့ရပြီး နစ်နာသူ ချစ်သူအမျိုးသမီးရဲ့ ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစာရိတ်အဖြစ် (၈၉)ပေါင် ပေးချေခဲ့ရကြောင်း သိရပါတယ်။ ကနဦးတုန်းကတော့ အဓမ္မမှုနဲ့ တရားစွဲခဲ့တာပေမယ့် ကံကောင်းစွာ လွတ်မြောက်ခဲ့ပါတယ်။

Credit - လင်းဇော်ကို (MyanmarNote)

Post a Comment

0 Comments