အသည်းနဲ့ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးမယ့် ဖျော်ရည်လုပ်နည်း (၅)မျိုး


ကြိုတင်ကာကွယ်ထားလို့ရရဲ့သားနဲ့ ပေါ့ပေါ့ဆဆနေမိလို့ ရောဂါကြီးတွေဖြစ်လာတဲ့အထဲမှာ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေက အဆိုးဆုံးလို့ ပြောလို့ရပါတယ်။ အသည်းနဲ့ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး ဆဲလ်အသစ်ပြန်ဖြစ်မှု အကောင်းဆုံးကိုယ်တွင်းအင်္ဂါတွေဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့တွေ ပျက်စီးသွားရင်တော့ ပြန်ကောင်းအောင် ကုဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အသည်းနဲ့ကျောက်ကပ်အတွင်းမှာ မချေဖျက်နိုင်ဘဲ ကျန်နေတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးမယ့် အိမ်မှာ ကိုယ်တိုင်လုပ်နိုင်မယ့် ဖျော်ရည်လုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ပန်းသီးရှာလကာရည်


ရေတစ်ခွက်ထဲကို ပန်းသီးရှာလကာရည် (၅)ဇွန်းထည့်ပြီး ထမင်းမစားခင်တိုင်းမှာ သောက်ပေးမယ်ဆိုရင် ကျောက်ကပ်ထဲမှာ ကျောက်မတည်အောင် တားဆီးပေးပါတယ်။


(၂) ချင်းရည်


ချင်းအနည်းငယ်ကို ဆယ်မိနစ်လောက် ပြုတ်ပေးပြီး ပြုတ်ရည်ထဲကို ပျားရည်နဲ့ သံပရိုရည်နည်းနည်း ထည့်ပေးပါ။ အအေးခံထားပြီးရင် တစ်နေ့နှစ်ခွက် တစ်ပတ်လောက် ဆက်သောက်ပေးရမှာပါ။ ဒါဆို အသည်းမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်ပါတယ်။


(၃) သံပရိုရည်


ရေအေးတစ်ခွက်ထဲကို သံပရိုသီးတစ်လုံး ညှစ်ထည့်ပြီး ထမင်းမစားခင်တိုင်း သောက်ပေးမယ်ဆိုရင် အသည်းအဆီဖုံးခြင်းနဲ့ ကျောက်ကပ်ကျောက်တည်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းက သံပရိုသီး (၃) လုံးနဲ့ လိမ္မောသီးသုံးလုံးတို့ကို အရည်ညှစ်ပြီး ရလာတဲ့ အရည်ထဲကို ရေအေးအနည်းငယ်ရောပြီး သောက်ပေးရမှာပါ။ ဒီဖျော်ရည်က အသည်းရဲ့ အဆိပ်အတောက် ချေဖျက်နိုင်စွမ်းကို တိုးစေပြီး အသည်းဆဲလ်အသစ်တွေဖြစ်လာအောင် ကူညီပေးပါတယ်။


(၄) ဖရဲသီးရည်


ဖရဲသီးတစ်စိတ်ကို အရည်ရအောင် ကြိတ်ပါ၊ ပြီးရင် ပျားရည်အနည်းငယ်နဲ့သံပရာသီး (၂) စိတ်လောက် ညှစ်ထည့်ပေးလိုက်ပါ။ ညစာထမင်းစားပြီးချိန်တိုင်း ဒီဖျော်ရည်ကို သောက်ပေးရင် အသည်းနဲ့ကျောက်ကပ်ကို သန့်စင်စေပါတယ်။


(၅) ဟင်းနုနွယ်



ဟင်းနုနွယ်ရွက်ကို ကြိတ်ချေပြီး ရလာတဲ့ အရည်ကို ရေအေးအနည်းငယ်ရောကာ သောက်ပေးမယ်ဆိုရင် အသည်းကို သန့်စင်ပေးပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုအင်ဇိုင်းတွေ ထုတ်လုပ်ဖို့ ကူညီပေးပါတယ်။

Credit - Aunty May

Post a Comment

0 Comments