လက္ထပ္ ၿပီးစမွာ ၃ လခံထိုးေဆး သုံးသင့္သလား


လက္ထပ္ေတာ့မယ့္ စုံတြဲေတြအတြက္ အသုံးျပဳလို႔ရမယ့္ သားဆက္ျခားနည္းေတြအေၾကာင္း ေရးလာခဲ့တာ ၃ ပုဒ္ရွိပါၿပီ။ ဒီလအတြက္ ေနာက္ဆုံးအေနနဲ႔ေတာ့ ခုမွ မဂၤလာေဆာင္မယ့္၊ ကေလးတစ္ခါမွ မေမြးဖူးေသးတဲ့ မိန္းကေလးအေနနဲ႔ ၃ လခံေဆး ထိုးသင့္သလား ဆိုတာကို ေျပာျပခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီထိုးေဆးမွာ ထူးျခားခ်က္ ရွိလို႔ပါ။ သားဆက္ျခားနည္းေတြအားလုံးထဲမွာမွ သူ႔တစ္ခုတည္းမွာ ရွိတဲ့ ျပႆနာေလးတစ္ခု ရွိပါတယ္။ အဲဒါကေတာ့ ေဆးထိုးရပ္လိုက္ေပမယ့္ ကေလးျပန္ရဖို႔ လအနည္းငယ္ ေစာင့္ရတယ္ဆိုတာပါပဲ။ လုံးဝကို ျပန္မရႏိုင္ေတာ့တာမ်ိဳး မဟုတ္ဘဲ အခိုက္အတန႔္သေဘာ ေစာင့္ရတာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ မတူပါဘူး။

တခ်ိဳ႕ ၆ လေလာက္ေနမွ ကိုယ္ဝန္ျပန္ရတယ္၊ တခ်ိဳ႕က ၁၀ လ၊ တခ်ိဳ႕က်ေတာ့လည္း ေဆးထိုးရပ္လိုက္ၿပီး သိပ္မၾကာဘူး၊ ကိုယ္ဝန္ရသြားတယ္။ ေနာက္ၿပီး အဲ့လို ေစာင့္ရတဲ့ကာလက ဘယ္ႏွႀကိမ္ထိုးခဲ့တယ္၊ ဘယ္ေလာက္ၾကာၾကာ ထိုးခဲ့တယ္ဆိုတာနဲ႔လည္း မဆိုင္ဘူး။ တစ္ႀကိမ္တည္း ထိုးခဲ့ေပမယ့္လည္း ေစာင့္ခ်င္ေစာင့္ရမယ္၊ ၃ႏွစ္ေလာက္ သုံးခဲ့ေပမယ့္လည္း လအနည္းငယ္ေလာက္အတြင္း ကိုယ္ဝန္ျပန္ရသြားတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ အဓိက သိေစလိုတာကေတာ့ ကေလးလုံးဝမရႏိုင္ေတာ့တာမ်ိဳး မျဖစ္ေစဘူး၊ အခိုက္အတန႔္သေဘာေတာ့ ေစာင့္ရႏိုင္တယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ ကိုယ္က ကေလးလိုခ်င္ၿပီဆို ခ်က္ခ်င္းရမွ ဆိုတာမ်ိဳး၊ ဒါမွမဟုတ္လည္း ကိုယ့္အိမ္ေထာင္ေရး အေျခအေနအရ၊ ဥပမာ ေယာက်ာ္းက ႏိုင္ငံျခားမွာ အလုပ္လုပ္ဖို႔ရွိလို႔ မသြားခင္ ကေလးယူသြားမယ္ ဆိုတာမ်ိဳးမ်ား အစီအစဥ္ရွိရင္ေတာ့ ဒါကိုမသုံးခင္ ေသခ်ာစဥ္းစားဖို႔ လိုပါမယ္။ အဲ့လိုမဟုတ္ဘူး၊ ေစာင့္ႏိုင္တယ္ဆိုခဲ့ရင္ေတာ့ အသုံးျပဳလို႔ ရပါတယ္။ ဒီေနရာမွာ ဆက္စပ္ၿပီး ေျပာလိုတာ ႏွစ္ခ်က္ရွိတယ္။ ပထမတစ္ခ်က္က ကေလးမရႏိုင္ဘူး ဆိုတဲ့ကိစၥဟာ ဘယ္အခ်ိန္မွာ ျပႆနာျဖစ္ႏိုင္လဲ ဆိုတာပါ။ စုံတြဲတစ္တြဲဟာ တစ္ႏွစ္တိတိ ဘာတားေဆး၊ ဘာအကာအကြယ္မွ မသုံးပါဘဲနဲ႔ ကိုယ္ဝန္မရေသးဘူး ဆိုေတာ့မွ ဒီစုံတြဲမွာ ျပႆနာတခုခုေတာ့ ရွိေနၿပီလို႔ စစဥ္းစားတာျဖစ္ပါတယ္။ မဂၤလာေဆာင္တယ္၊ ၄ လပဲရွိေသးတယ္၊ ကေလးမရေသးဘူး ဆိုတာမ်ိဳးက ဘာမွစိတ္ပူစရာ မလိုပါဘူး။ အခ်ိန္တန္ေတာ့ ရလာပါလိမ့္မယ္။ တစ္ႏွစ္ေက်ာ္တဲ့အထိ မရေသးဘူးဆိုမွသာ ေဆးခန္းျပၿပီး စစ္ေဆးၾကည့္သင့္တာပါ။ ဒါေၾကာင့္မို႔ ဒီေဆးထိုးၿပီး ရပ္လိုက္လို႔ လအနည္းငယ္ၾကာတဲ့အထိ ကိုယ္ဝန္မရေသးဘူးဆိုတာ တကယ္ေတာ့ စိုးရိမ္စရာ မလိုေသးဘူး။ ေဆးေၾကာင့္ လအနည္းငယ္ ေစာင့္ဆိုင္းရမွာကို တစ္ႏွစ္တိတိ ထပ္ေပါင္းလိုက္ရင္ ေယဘုယ်အားျဖင့္ ေဆးထိုးရပ္ၿပီး တစ္ႏွစ္ခြဲေလာက္အထိ အခ်ိန္ယူေစာင့္ၾကည့္ႏိုင္ပါတယ္။ အဲ့ေလာက္ၾကာတဲ့အထိ မရေသးေတာ့မွသာ ေဆးခန္းျပၾကည့္ဖို႔ လိုမွာပါ။ ဒါေလးကို သေဘာေပါက္ထားၿပီး အစိုးရိမ္မလြန္ၾကဖို႔ ေျပာလိုပါတယ္။ ေနာက္တစ္ခ်က္က အဲ့လိုေစာင့္ရတဲ့ကိစၥနဲ႔ ပတ္သက္တယ္။ ဒီလိုမ်ိဳး ေဆးထိုးၿပီး ရပ္လိုက္ရင္ ကေလးခ်က္ခ်င္း ျပန္မရတတ္ဘူး၊ ေစာင့္ရတတ္တယ္ ဆိုေတာ့ တခ်ိဳ႕အမ်ိဳးသမီးေတြက ေပါ့တယ္။ ေဆးကို ပုံမွန္မထိုးဘူး၊ ဘာလို႔ဆိုေတာ့ ဒီေဆးက ကိုယ္ဝန္ခ်က္ခ်င္း ျပန္မရႏိုင္ဘူး၊ အရွိန္က်န္တတ္တယ္ တဲ့။ ဟုတ္ေတာ့ဟုတ္ပါတယ္၊ ခ်က္ခ်င္းေတာ့ ျပန္မရတတ္ဘူး။ ဒါေပမယ့္ အဲဒါက ေသခ်ာေပါက္ ေျပာလို႔မရဘူး။

ေဆးတစ္ခါထိုးၿပီး ကေလးျပန္ရဖို႔ ၆ လေလာက္ က်ိန္းေသေစာင့္ရမယ္ဆိုရင္ ဘယ္သူက ၃လခံေဆးလို႔ ေျပာေတာ့မလဲ၊ ၉ လခံေဆးလို႔ပဲ ေခၚေတာ့မွာေပါ့။ ၃လခံေဆးလို႔ပဲ သတ္မွတ္ထားကတည္းက ဒီေဆးရဲ႕ အာနိသင္ကို စိတ္ခ်ရတာသည္ ၃ လပဲ။ အဲဒီေနာက္ပိုင္းက ေစာင့္ခ်င္လည္း ေစာင့္ရမယ္၊ မေစာင့္ခ်င္လည္း မေစာင့္ရဘူး။ အတိအက် ေျပာမရဘူး။ ဒါေၾကာင့္မို႔ ၃လျပည့္တိုင္း၊ ၃လျပည့္တိုင္းမွာ ရက္ခ်ိန္းအတိုင္း ေဆးျပန္ထိုးဖို႔လိုတယ္၊ အရွိန္က်န္တတ္တယ္ဆိုတိုင္း ေပါ့လို႔မရဘူး ဆိုတာကို သိေစခ်င္ပါတယ္။ ဒီ ၃ လခံထိုးေဆးဟာ ထိေရာက္မႈရွိတဲ့ သားဆက္ျခားနည္းေတြထဲက တစ္ခု ျဖစ္ပါတယ္။ မွန္မွန္ကန္ကန္သာ အသုံးျပဳမယ္ဆိုရင္ အသုံးျပဳၿပီး ပထမတစ္ႏွစ္အတြင္းမွာ ကိုယ္ဝန္ရႏႈန္းက အမ်ိဳးသမီးအေယာက္(၁,၀၀၀)မွာမွ (၃)ေယာက္ေလာက္ပဲ ရွိပါတယ္။ အားသာခ်က္ေတြအေနနဲ႔ သုံးလမွတစ္ခါ ထိုးရတဲ့အတြက္ ေန႔စဥ္ ေဆးေသာက္ေနရတာထက္စာရင္ေတာ့ အလုပ္ရႈပ္သက္သာတယ္။ ေသြးမေပၚတတ္တာမို႔ ေသြးေပၚရင္ အလုပ္ရႈပ္တယ္လို႔ ခံယူတတ္တဲ့ အမ်ိဳးသမီးေတြအတြက္ဆိုလည္း အဆင္ေျပပါတယ္။ အဲ့လို ေသြးမေပၚတာကလည္း သူ႔အာနိသင္ေၾကာင့္ပဲ။ အထဲမွာ အပုပ္ေတြေအာင္း၊ အလုံးေတြတည္၊ ကင္ဆာျဖစ္မွာမဟုတ္ဘူး၊ ေသြးအေနနဲ႔ ဆင္းလာစရာ မရွိလို႔သာ ျဖစ္တယ္။ ဒါေၾကာင့္ ေသြးမေပၚတာ စိတ္ပူစရာ မလိုဘူး။ စိတ္ေအးလက္ေအး ေနလို႔ရတယ္။ ေဟာ္မုန္းပါတဲ့အတြက္ ေဟာ္မုန္းေၾကာင့္ျဖစ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြေတာ့ ခံစားရႏိုင္ပါတယ္။ ေခါင္းမူးတာ၊ ဇက္ေၾကာတက္တာ၊ ပ်ိဳ႕အန္တာ၊ ကိုယ္အေလးခ်ိန္ အေျပာင္းအလဲျဖစ္တာ၊ ရင္သားေတြတင္းၿပီး နာတာ၊ ဒါေတြျဖစ္ႏိုင္ပါတယ္။ ေဆးထိုးစမွာ ေသြးကေမာက္ကမ ျဖစ္တာမ်ိဳး ရွိတတ္တယ္။ တအားမ်ားတယ္၊ ရက္ရွည္တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပန္ျပၿပီး လိုအပ္တဲ့ေဆးေတြ ေသာက္ဖို႔ လိုပါမယ္။ ဒါေၾကာင့္မို႔ မၾကာခင္လက္ထပ္ေတာ့မယ့္ အမ်ိဳးသမီးေတြအေနနဲ႔ ဒီ ၃ လခံထိုးေဆးရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကုိုု သိထားၿပီး ကိုယ့္နဲ႔ ကိုက္ညီတယ္၊ အဆင္ေျပတယ္ထင္ရင္ ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။ အဓိကကေတာ့ ဘယ္သူဘယ္ဝါက တိုက္တြန္းလို႔၊ ဘယ္သူနဲ႔ေတာ့ အဆင္ေျပလို႔ ဆိုတာထက္ ကိုယ္တိုင္ေ႐ြးခ်ယ္ဆုံးျဖတ္တာ ျဖစ္ဖို႔ပါပဲ။

Hello Health Group သည္ေဆးပညာအႀကံျပဳခ်က္မ်ား၊ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ားမျပဳလုပ္ေပးပါ။
Credit - Hello Sayarwon

Unicode Version 


လက်ထပ်တော့မယ့် စုံတွဲတွေအတွက် အသုံးပြုလို့ရမယ့် သားဆက်ခြားနည်းတွေအကြောင်း ရေးလာခဲ့တာ ၃ ပုဒ်ရှိပါပြီ။ ဒီလအတွက် နောက်ဆုံးအနေနဲ့တော့ ခုမှ မင်္ဂလာဆောင်မယ့်၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ မိန်းကလေးအနေနဲ့ ၃ လခံဆေး ထိုးသင့်သလား ဆိုတာကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုးဆေးမှာ ထူးခြားချက် ရှိလို့ပါ။ သားဆက်ခြားနည်းတွေအားလုံးထဲမှာမှ သူ့တစ်ခုတည်းမှာ ရှိတဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးထိုးရပ်လိုက်ပေမယ့် ကလေးပြန်ရဖို့ လအနည်းငယ် စောင့်ရတယ်ဆိုတာပါပဲ။ လုံးဝကို ပြန်မရနိုင်တော့တာမျိုး မဟုတ်ဘဲ အခိုက်အတန့်သဘော စောင့်ရတာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။

တချို့ ၆ လလောက်နေမှ ကိုယ်ဝန်ပြန်ရတယ်၊ တချို့က ၁၀ လ၊ တချို့ကျတော့လည်း ဆေးထိုးရပ်လိုက်ပြီး သိပ်မကြာဘူး၊ ကိုယ်ဝန်ရသွားတယ်။ နောက်ပြီး အဲ့လို စောင့်ရတဲ့ကာလက ဘယ်နှကြိမ်ထိုးခဲ့တယ်၊ ဘယ်လောက်ကြာကြာ ထိုးခဲ့တယ်ဆိုတာနဲ့လည်း မဆိုင်ဘူး။ တစ်ကြိမ်တည်း ထိုးခဲ့ပေမယ့်လည်း စောင့်ချင်စောင့်ရမယ်၊ ၃နှစ်လောက် သုံးခဲ့ပေမယ့်လည်း လအနည်းငယ်လောက်အတွင်း ကိုယ်ဝန်ပြန်ရသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဓိက သိစေလိုတာကတော့ ကလေးလုံးဝမရနိုင်တော့တာမျိုး မဖြစ်စေဘူး၊ အခိုက်အတန့်သဘောတော့ စောင့်ရနိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့် ကိုယ်က ကလေးလိုချင်ပြီဆို ချက်ချင်းရမှ ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း ကိုယ့်အိမ်ထောင်ရေး အခြေအနေအရ၊ ဥပမာ ယောကျာ်းက နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ရှိလို့ မသွားခင် ကလေးယူသွားမယ် ဆိုတာမျိုးများ အစီအစဉ်ရှိရင်တော့ ဒါကိုမသုံးခင် သေချာစဉ်းစားဖို့ လိုပါမယ်။ အဲ့လိုမဟုတ်ဘူး၊ စောင့်နိုင်တယ်ဆိုခဲ့ရင်တော့ အသုံးပြုလို့ ရပါတယ်။ ဒီနေရာမှာ ဆက်စပ်ပြီး ပြောလိုတာ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ကလေးမရနိုင်ဘူး ဆိုတဲ့ကိစ္စဟာ ဘယ်အချိန်မှာ ပြဿနာဖြစ်နိုင်လဲ ဆိုတာပါ။ စုံတွဲတစ်တွဲဟာ တစ်နှစ်တိတိ ဘာတားဆေး၊ ဘာအကာအကွယ်မှ မသုံးပါဘဲနဲ့ ကိုယ်ဝန်မရသေးဘူး ဆိုတော့မှ ဒီစုံတွဲမှာ ပြဿနာတခုခုတော့ ရှိနေပြီလို့ စစဉ်းစားတာဖြစ်ပါတယ်။ မင်္ဂလာဆောင်တယ်၊ ၄ လပဲရှိသေးတယ်၊ ကလေးမရသေးဘူး ဆိုတာမျိုးက ဘာမှစိတ်ပူစရာ မလိုပါဘူး။ အချိန်တန်တော့ ရလာပါလိမ့်မယ်။ တစ်နှစ်ကျော်တဲ့အထိ မရသေးဘူးဆိုမှသာ ဆေးခန်းပြပြီး စစ်ဆေးကြည့်သင့်တာပါ။ ဒါကြောင့်မို့ ဒီဆေးထိုးပြီး ရပ်လိုက်လို့ လအနည်းငယ်ကြာတဲ့အထိ ကိုယ်ဝန်မရသေးဘူးဆိုတာ တကယ်တော့ စိုးရိမ်စရာ မလိုသေးဘူး။ ဆေးကြောင့် လအနည်းငယ် စောင့်ဆိုင်းရမှာကို တစ်နှစ်တိတိ ထပ်ပေါင်းလိုက်ရင် ယေဘုယျအားဖြင့် ဆေးထိုးရပ်ပြီး တစ်နှစ်ခွဲလောက်အထိ အချိန်ယူစောင့်ကြည့်နိုင်ပါတယ်။ အဲ့လောက်ကြာတဲ့အထိ မရသေးတော့မှသာ ဆေးခန်းပြကြည့်ဖို့ လိုမှာပါ။ ဒါလေးကို သဘောပေါက်ထားပြီး အစိုးရိမ်မလွန်ကြဖို့ ပြောလိုပါတယ်။ နောက်တစ်ချက်က အဲ့လိုစောင့်ရတဲ့ကိစ္စနဲ့ ပတ်သက်တယ်။ ဒီလိုမျိုး ဆေးထိုးပြီး ရပ်လိုက်ရင် ကလေးချက်ချင်း ပြန်မရတတ်ဘူး၊ စောင့်ရတတ်တယ် ဆိုတော့ တချို့အမျိုးသမီးတွေက ပေါ့တယ်။ ဆေးကို ပုံမှန်မထိုးဘူး၊ ဘာလို့ဆိုတော့ ဒီဆေးက ကိုယ်ဝန်ချက်ချင်း ပြန်မရနိုင်ဘူး၊ အရှိန်ကျန်တတ်တယ် တဲ့။ ဟုတ်တော့ဟုတ်ပါတယ်၊ ချက်ချင်းတော့ ပြန်မရတတ်ဘူး။ ဒါပေမယ့် အဲဒါက သေချာပေါက် ပြောလို့မရဘူး။

ဆေးတစ်ခါထိုးပြီး ကလေးပြန်ရဖို့ ၆ လလောက် ကျိန်းသေစောင့်ရမယ်ဆိုရင် ဘယ်သူက ၃လခံဆေးလို့ ပြောတော့မလဲ၊ ၉ လခံဆေးလို့ပဲ ခေါ်တော့မှာပေါ့။ ၃လခံဆေးလို့ပဲ သတ်မှတ်ထားကတည်းက ဒီဆေးရဲ့ အာနိသင်ကို စိတ်ချရတာသည် ၃ လပဲ။ အဲဒီနောက်ပိုင်းက စောင့်ချင်လည်း စောင့်ရမယ်၊ မစောင့်ချင်လည်း မစောင့်ရဘူး။ အတိအကျ ပြောမရဘူး။ ဒါကြောင့်မို့ ၃လပြည့်တိုင်း၊ ၃လပြည့်တိုင်းမှာ ရက်ချိန်းအတိုင်း ဆေးပြန်ထိုးဖို့လိုတယ်၊ အရှိန်ကျန်တတ်တယ်ဆိုတိုင်း ပေါ့လို့မရဘူး ဆိုတာကို သိစေချင်ပါတယ်။ ဒီ ၃ လခံထိုးဆေးဟာ ထိရောက်မှုရှိတဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်(၁,၀၀၀)မှာမှ (၃)ယောက်လောက်ပဲ ရှိပါတယ်။ အားသာချက်တွေအနေနဲ့ သုံးလမှတစ်ခါ ထိုးရတဲ့အတွက် နေ့စဉ် ဆေးသောက်နေရတာထက်စာရင်တော့ အလုပ်ရှုပ်သက်သာတယ်။ သွေးမပေါ်တတ်တာမို့ သွေးပေါ်ရင် အလုပ်ရှုပ်တယ်လို့ ခံယူတတ်တဲ့ အမျိုးသမီးတွေအတွက်ဆိုလည်း အဆင်ပြေပါတယ်။ အဲ့လို သွေးမပေါ်တာကလည်း သူ့အာနိသင်ကြောင့်ပဲ။ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာ မရှိလို့သာ ဖြစ်တယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။ ဆေးထိုးစမှာ သွေးကမောက်ကမ ဖြစ်တာမျိုး ရှိတတ်တယ်။ တအားများတယ်၊ ရက်ရှည်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး လိုအပ်တဲ့ဆေးတွေ သောက်ဖို့ လိုပါမယ်။ ဒါကြောင့်မို့ မကြာခင်လက်ထပ်တော့မယ့် အမျိုးသမီးတွေအနေနဲ့ ဒီ ၃ လခံထိုးဆေးရဲ့ အားသာချက်၊ အားနည်းချက်တွေကုိုု သိထားပြီး ကိုယ့်နဲ့ ကိုက်ညီတယ်၊ အဆင်ပြေတယ်ထင်ရင် ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အဓိကကတော့ ဘယ်သူဘယ်ဝါက တိုက်တွန်းလို့၊ ဘယ်သူနဲ့တော့ အဆင်ပြေလို့ ဆိုတာထက် ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တာ ဖြစ်ဖို့ပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Credit - Hello Sayarwon

Post a Comment

0 Comments