ၿဗိတိန္ႏုိင္ငံတြင္းမွာ လွည့္ပတ္ၿပီး အကူအညီေပးေနတဲ့ သုတ္အလွဴရွင္ဆရာသမား


ၿဗိတိန္ႏုိင္ငံတြင္းမွာေနထုိင္တဲ့ ကုိင္လ္ ေဂၚဒီ ဆုိသူအမ်ိဳးသားရဲ႕အျဖစ္ကုိ ၾကားရရင္ နည္းနည္းမ်ား ထူးဆန္းေနမလားမသိဘူး။

အသက္ (၂၇)ႏွစ္အရြယ္ ေဂၚဒီ ဟာ ၿပီးခဲ့တဲ့ (၄)ႏွစ္အၾကာ (၂၀၁၄)ခုႏွစ္မွာ သူ႕ရဲ႕ခ်စ္သူနဲ႔ လမ္းခြဲခဲ့ၿပီး သူ႕အေနနဲ႔ ဆက္ဆံေရးတစ္ခုကုိ ေကာင္းေကာင္း မတည္ေဆာက္ႏုိင္ဘူးလုိ႔ လက္ခံထားခဲ့သူပါ။ အဲဒီေနာက္မွာေတာ့ သူ႕အေနနဲ႔ သမီးရည္းစားေတြအၾကား ပတ္သက္မႈေတြလုိမ်ိဳး မဟုတ္ပဲ အမ်ိဳးသမီးေတြနဲ႔ တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္ အတူအိပ္ဖုိ႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေဂၚဒီအေနနဲ႔ တစ္ေယာက္ေလာက္နဲ႔ အဆင္ေျပဖုိ႔ကုိေတာင္ အခ်ိန္ေတာ္ေတာ္ ယူေနရၿပီး ထင္တုိင္းမကုိက္ျဖစ္ခဲ့တယ္။

ေနာက္ဆုံးမွာေတာ့ သူက အႀကံတစ္ခုရသြားခဲ့ပါတယ္။ အဲဒါကေတာ့ ကေလးလုိခ်င္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ သုတ္ပုိး(မ်ိဳးဥသေႏၶသား)အကူအညီေပးဖုိ႔ပါပဲ။ သူက Facebook Page တစ္ခု ဖြင့္လွစ္လုိက္ၿပီး သူ႕အေနနဲ႔ ဒီလုိ၀န္ေဆာင္မႈမ်ိဳးေပးေနေၾကာင္း အသိေပးခဲ့ပါတယ္။ သူ႕ကုိ ခရီးစရိတ္ေပးဖုိ႔ပဲ လုိၿပီး ဘယ္ေလာက္ပဲေ၀းေ၀း လာကူညီေပးမယ္လုိ႔ အသိေပးခဲ့တာပါ။

အစပုိင္းမွာေတာ့ ေဂၚဒီကုိ ဘယ္သူမွ အေရးလုပ္ၿပီး မဆက္သြယ္ၾကေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ သူဟာ ကမာၻေပၚမွာ လူေျပာအမ်ားဆုံး သုတ္ပုိးအလွဴရွင္ႀကီးျဖစ္ေနပါၿပီ။ သူနဲ႔အတူအိပ္ၿပီး ရင္ေသြးရသြားတဲ့ အမ်ိဳးသမီးေတြက သူတုိ႔ရဲ႕အေၾကာင္းေတြကုိ ဆုိရွယ္မီဒီယာေတြမွာ ေျပာျပၾကရင္းက ေဂၚဒီဟာ အမ်ိဳးသမီးေတြၾကားထဲမွာ ေရပန္းစားသြားခဲ့ပါတယ္။

သူက တစ္လကုိ (၅)ႀကိမ္ေလာက္ အလွဴလုပ္ေလ့ရွိၿပီး သူ႕နဲ႔အတူအိပ္ခ်င္တဲ့ အမ်ိဳးသမီးေဖာက္သည္ေတြ အမ်ားႀကီးပါပဲ။ အခုဆုိရင္ ၿဗိတိန္မွာတင္မကပဲ တျခားႏုိင္ငံေတြကပါ သူ႕ကုိ ကမ္းလွမ္းမႈေတြရွိေနခဲ့ပါၿပီ။

“ကၽြန္ေတာ္က အရမ္းကုိနာမည္ႀကီးေနၿပီဆုိတာ သိပါတယ္။ လတုိင္းမွာ လူတစ္ရာေလာက္က ကၽြန္ေတာ့္ကုိအၿမဲဆက္သြယ္ၾကတယ္။ ဒါေပမယ့္ ကၽြန္ေတာ္လူတုိင္းကုိေတာ့ မကူညီႏုိင္ဘူးေလ။ တစ္လကုိ (၂)ေယာက္ကေန (၅)ေယာက္ေလာက္အထိပဲ ကူညီႏုိင္တယ္” လုိ႔ ေဂၚဒီက ဆုိပါတယ္။

ေဂၚဒီက သူကုိယ္တုိင္လည္း ကေလးတစ္ေယာက္ လုိခ်င္ေပမယ့္ ခ်စ္သူေတြၾကားက ႏွစ္ေယာက္ၾကား ဆက္ဆံေရးေတြကို အခ်ိန္ခဏေလးနဲ႔ စိတ္ကုန္သြားတတ္တယ္လုိ႔ ၀န္ခံသြားခဲ့ပါတယ္။

လက္ရွိိအခ်ိန္မွာေတာ့ ၿဗိတိန္တစ္၀ွမ္းက ကေလး(၁၈)ေယာက္ဟာ သူတုိ႔ရဲ႕ဖခင္နာမည္မွာ ေဂၚဒီ ဆုိၿပီးျဖစ္ေနပါၿပီ။

သူက အသက္ (၄၂)ႏွစ္ကေန (၁၈)ႏွစ္အတြင္း အမ်ိဳးသမီးေတြကုိသာ ကူညီေပးေနတာျဖစ္ၿပီး အဲဒီထက္အသက္ႀကီးတဲ့ ဒါမွမဟုတ္ အသက္ငယ္တဲ့အမ်ိဳးသမီးေတြကုိေတာ့ ကုိယ္၀န္မေဆာင္ေစခ်င္ေတာ့ဘူးလုိ႔ ဖြင့္ဟပါတယ္။

Credit - Linn


Unicode Version   


ဗြိတိန်နိုင်ငံတွင်းမှာနေထိုင်တဲ့ ကိုင်လ် ဂေါ်ဒီ ဆိုသူအမျိုးသားရဲ့အဖြစ်ကို ကြားရရင် နည်းနည်းများ ထူးဆန်းနေမလားမသိဘူး။

အသက် (၂၇)နှစ်အရွယ် ဂေါ်ဒီ ဟာ ပြီးခဲ့တဲ့ (၄)နှစ်အကြာ (၂၀၁၄)ခုနှစ်မှာ သူ့ရဲ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး သူ့အနေနဲ့ ဆက်ဆံရေးတစ်ခုကို ကောင်းကောင်း မတည်ဆောက်နိုင်ဘူးလို့ လက်ခံထားခဲ့သူပါ။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ သမီးရည်းစားတွေအကြား ပတ်သက်မှုတွေလိုမျိုး မဟုတ်ပဲ အမျိုးသမီးတွေနဲ့ တစ်ကြိမ်လောက်ဖြစ်ဖြစ် အတူအိပ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂေါ်ဒီအနေနဲ့ တစ်ယောက်လောက်နဲ့ အဆင်ပြေဖို့ကိုတောင် အချိန်တော်တော် ယူနေရပြီး ထင်တိုင်းမကိုက်ဖြစ်ခဲ့တယ်။

နောက်ဆုံးမှာတော့ သူက အကြံတစ်ခုရသွားခဲ့ပါတယ်။ အဲဒါကတော့ ကလေးလိုချင်နေတဲ့ အမျိုးသမီးတွေအတွက် သုတ်ပိုး(မျိုးဥသန္ဓေသား)အကူအညီပေးဖို့ပါပဲ။ သူက Facebook Page တစ်ခု ဖွင့်လှစ်လိုက်ပြီး သူ့အနေနဲ့ ဒီလိုဝန်ဆောင်မှုမျိုးပေးနေကြောင်း အသိပေးခဲ့ပါတယ်။ သူ့ကို ခရီးစရိတ်ပေးဖို့ပဲ လိုပြီး ဘယ်လောက်ပဲဝေးဝေး လာကူညီပေးမယ်လို့ အသိပေးခဲ့တာပါ။

အစပိုင်းမှာတော့ ဂေါ်ဒီကို ဘယ်သူမှ အရေးလုပ်ပြီး မဆက်သွယ်ကြပေမယ့် လက်ရှိအချိန်မှာတော့ သူဟာ ကမ္ဘာပေါ်မှာ လူပြောအများဆုံး သုတ်ပိုးအလှူရှင်ကြီးဖြစ်နေပါပြီ။ သူနဲ့အတူအိပ်ပြီး ရင်သွေးရသွားတဲ့ အမျိုးသမီးတွေက သူတို့ရဲ့အကြောင်းတွေကို ဆိုရှယ်မီဒီယာတွေမှာ ပြောပြကြရင်းက ဂေါ်ဒီဟာ အမျိုးသမီးတွေကြားထဲမှာ ရေပန်းစားသွားခဲ့ပါတယ်။

သူက တစ်လကို (၅)ကြိမ်လောက် အလှူလုပ်လေ့ရှိပြီး သူ့နဲ့အတူအိပ်ချင်တဲ့ အမျိုးသမီးဖောက်သည်တွေ အများကြီးပါပဲ။ အခုဆိုရင် ဗြိတိန်မှာတင်မကပဲ တခြားနိုင်ငံတွေကပါ သူ့ကို ကမ်းလှမ်းမှုတွေရှိနေခဲ့ပါပြီ။

“ကျွန်တော်က အရမ်းကိုနာမည်ကြီးနေပြီဆိုတာ သိပါတယ်။ လတိုင်းမှာ လူတစ်ရာလောက်က ကျွန်တော့်ကိုအမြဲဆက်သွယ်ကြတယ်။ ဒါပေမယ့် ကျွန်တော်လူတိုင်းကိုတော့ မကူညီနိုင်ဘူးလေ။ တစ်လကို (၂)ယောက်ကနေ (၅)ယောက်လောက်အထိပဲ ကူညီနိုင်တယ်” လို့ ဂေါ်ဒီက ဆိုပါတယ်။

ဂေါ်ဒီက သူကိုယ်တိုင်လည်း ကလေးတစ်ယောက် လိုချင်ပေမယ့် ချစ်သူတွေကြားက နှစ်ယောက်ကြား ဆက်ဆံရေးတွေကို အချိန်ခဏလေးနဲ့ စိတ်ကုန်သွားတတ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဗြိတိန်တစ်ဝှမ်းက ကလေး(၁၈)ယောက်ဟာ သူတို့ရဲ့ဖခင်နာမည်မှာ ဂေါ်ဒီ ဆိုပြီးဖြစ်နေပါပြီ။

သူက အသက် (၄၂)နှစ်ကနေ (၁၈)နှစ်အတွင်း အမျိုးသမီးတွေကိုသာ ကူညီပေးနေတာဖြစ်ပြီး အဲဒီထက်အသက်ကြီးတဲ့ ဒါမှမဟုတ် အသက်ငယ်တဲ့အမျိုးသမီးတွေကိုတော့ ကိုယ်ဝန်မဆောင်စေချင်တော့ဘူးလို့ ဖွင့်ဟပါတယ်။

Credit - Linn

Post a Comment

0 Comments