ကွယ်လွန်သွားတဲ့ဦးမင်းစိန်အတွက် အသက်အာမခံကြေးအဖြစ် ငွေ(၁၀)သိန်းကျပ်ကိုရရှိခဲ့တဲ့ ဦးမင်းစိန်ဇနီးနဲ့သမီးလေး


                   ချွဲကြပ်ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ ဦးမင်းစိန်နဲ့ ပတ်သက်ပြီး မိသားစုတွေကသာမကဘဲ ပရိသတ်တွေကပါ အရမ်းကို စိတ်မကောင်း ဝမ်းနည်းဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါတယ်။ မပြည့်စုံတဲ့ဘဝမှာပဲ မိသားစုကိုထားပြီး ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ရတဲ့ ဦးမင်းစိန်ကတော့ ဆင်းရဲတဲ့ ဘဝက လွတ်မြောက်သွားခဲ့ရပေမယ့် ကျန်ရှိနေသေးတဲ့ မိသားစုလေးကတော့ ဆင်းရဲဒုက္ခကိုခံရရင်း ကိုယ်တိုင်ရုံးကန် ဖြေရှင်းနေခဲ့ရတာပဲ ဖြစ်ပါတယ်။


                     ဦးမင်းစိန် ကွယ်လွန်သွားပြီးနောက် အခက်အခဲတွေကို ကြိုးစားရုံးကန်ဖြတ်သန်းနေခဲ့ရတဲ့ ဦးမင်းစိန်ရဲ့ ဇနီးနဲ့ သမီးလေးကို အားလုံးက ဂရုဏာစိတ်ဖြစ်မိပြီး အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့အတွက် ဆုမွန်ကောင်းလေးတွေနဲ့ ဆုတောင်းပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အားလုံးနဲ့ ဆုတောင်းနဲ့ ပြည့်စုံသွားတယ် ဆိုရလောက်အောင် ကွယ်လွန်သူ ဦးမင်းစိန်ရဲ့ ကျန်ရှိသူ မိသားစုလေးမှ ငွေကြေးအထောက်အပံ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

                     ဦးမင်းစိန်ရဲ့ ကျန်ရှိသူ မိသားစုမှ ငွေကြေးအထောက်အပံ့ ရရှိခဲ့ကြောင်းကို ဦးဝင်းမြိုင်က ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ စက်မှုအဖွဲ့ နှင့် ကိုလူချောအဖွဲ့တို့ကို နယ်ထွက်ရိုက်ကူးရေးကာလ အသက်အာမခံထားရှိပေးရာ နယ်ထွက်ရိုက်ကူးရာမှအပြန် ရောဂါဖြင့်ကွယ်လွန်သော ကိုလူချောအဖွဲ့ဝင် ကိုမင်းစိန် အတွက်အာမခံကြေး ၁၀သိန်း ကို ICB မှ လာရောက်ပေးအပ်စဉ် ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
                      ကွယ်လွန်သူ ဦးမင်းစိန်နဲ့ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုမှ အသက်အာမခံကြေးငွေ ရရှိခဲ့တဲ့အတွက် ဝမ်းသာပီတိလေး ဖြစ်မိပါတယ်နော်။
ကွယ်လွန်သူ ဦးမင်းစိန်နဲ့ပတ်သက်ပြီး ကျန်ရစ်သူမိသားစုမှ အသက်အာမခံကြေးအဖြစ် ငွေ ၁၀ သိန်း ရရှိခဲ့တဲ့ ဇနီးနဲ့ သမီးလေးအတွက် ဝမ်းသာပီတိဖြစ်မိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref: Win Myaing’s Facebook
Credit: MOMOLAY

Post a Comment

0 Comments