Game Of Thrones မကြည့်မီ ကြိုတင်သိထားသင့်သည့် အချက်များ

   

                     Game of Thrones (season 1, episode 1) မစခင်မှာ ဘယ်လိုတွေဖြစ်သွားခဲ့သလဲဆိုတာ Viwer's guide လိုသဘောမျိုး နည်းနည်းပြောပြချင်တယ်။ ကျွန်တော်လည်းစကြည့်တုန်းကတော်တော်ရှုပ်ခဲ့တယ်။ အဲ့လောက် ဇာတ်ကောင်များတဲ့ကား တခါမှ မကြည့်ဖူးဘူး။ အဲ့ဒါကြောင့် ခုမှ စ ကြည့်မယ် လူတွေ အဆင်ပြေအောင် လို့၊ ပြီးတော့ ဒီ တနှစ်မှ စ ကြည့်တဲ့လူတွေ တော်တော် များလာတယ်လို့ သတိ ထားမိတယ်။ အတက်နိုင် ဆုံး Spoil မဖြစ်အောင် ရေးထားတယ်။

                     ပြီးတော့ ကျွန်တော် က ဒီလို စာ အရှည်ကြီးတွေ ရေးနေကြမဟုတ်လို့ ဖတ် ရတာ ထောက်ထောက် ကြီး ဖြစ်နေရင် တောင်းပန်ပါတယ်၊ အဲ့ဒါကို ပြင်ပေးချင်တယ် ဖြစ်ဖြစ်၊ စာလုံး ပေါင်း အမှား၊ information အမှား ကို ပြင် ပေးချင်တယ် ဖြစ်ဖြစ် comment မှာ ရေး ခဲ့ပါ၊ ကျွန်တော် ပြန် ပြီး edit လုပ်ပေးပါ့မယ်။

Westeros and Essos
                     မြေပုံ ကို အရင် စ ပြောမယ် Westeros နဲ့ Essort ဆိုပြီး တိုက် ကြီး နှစ်ခု ရှိတယ်။ အဲ့တိုက် ကြီး နှစ်ခု ကို ကြား မှာ The Narrow Sea ဆိုတဲ့ ပင်လယ်ကြီး ရှိတယ်။ အမေရိက တိုက် နဲ့ ဥရောပ တိုက် ကို ကြား ကနေ အတ္တလန်တိတ် သမုဒ္ဒရာ ကြီး နဲ့ ခြားထား သလိုပဲ။ Essort မှာ တော့ Meereen၊ Braavoos နဲ့ တခြား လွတ်လပ်တဲ့ (free cities) မြို့လေးတွေ ရှိတယ်၊ အဓိက ဇာတ်လမ်း နဲ့ ဇာတ် ကောင် တွေက Westeros မှာ ဖြစ်တာ ဆိုတော့ Westeros ကိုပဲ အဓိက ထားပြောသွားမယ်။ Westeros မှာက House (အိမ်တော်) တွေ ဖွဲ့ ပြီးနေထိုင်ကြတယ်။ တချို့ House တွေ စု ပြီး Kingdom တခု တည်ထောင်ပြီး အင်အား အကြီးဆုံး House က အုပ်ချူပ်တယ်။

GOT map
                   နောက်ထက် အရေးကြီး တာ တခု က Westeros ရဲ့ မြောက်ဖက် အစွန်ဆုံးမှာ အမြဲတမ်း ဆောင်းတွင်း ဖြစ်နေတဲ့ နေရာတခု ရှိတယ် အဲ့မှာ လူရိုင်း တွေ နေကြတယ်။ အဲ့ဒီ လူရိုင်းတွေ ဒီဖက် ထဲကို လာလို့ မရအောင် The Wall ဆိုတဲ့ ဘယ်သူက ဆောက်ထားမှန်း မသိတဲ့ နံရံ အမြင့်ကြီး တခု ရှိတယ်။
                  နောက်ထက် မှတ်ထား ရမှာက Westeros ထဲ က Noble House တွေ။ House တွေ က အရမ်းများလို့ ဇာတ်လမ်းထဲမှာ အများဆုံး ပါလာမယ့် House တွေကို ပဲ ရွေး ပြီး ပြောသွားမယ်။

1. House Targaryen
House Targaryen
*သင်္ကေတ* မီးမှူတ် နေတဲ့ ခေါင်းသုံးလုံး နဂါး။
*ဆောင်ပုဒ်* Fire And Blood (မီးနဲ့သွေး)။

                 တကယ်တော့ Targaryen တွေက Westeros က မဟုတ်ဘူး။ Essort က ရှေးဟောင်း မြို့ တခု ဖြစ်တဲ့ Valyrian မှာ နေကြ တယ်။ မီးတောင် ပေါက်ကွဲမူ့ ရယ် တခြား မသိရသေး တဲ့ အကြောင်း ရင်း တွေကြောင့် Westeros ကို ပြောင်း ရွေ့ လာ ကြ တယ်။ Targaryen တွေက နဂါးကို ထိန်းချူပ်နိုင်တယ်၊ နဂါးသွေးရော နေတယ် မီး မလောင် နိုင်ဘူး လို့ ပြောကြတယ်။

2. House Stark
House Stark
*သင်္ကေတ* Direwolf (ဝံပလွေ တမျိုး) ရဲ့ ဦးခေါင်း။
*ဆောင်ပုဒ်* Winter is Coming (ဆောင်းရာသီ ရောက်တော့မယ်)။


                 တခြား House တွေရဲ့ ဆောင်ပုဒ် က ကိုယ့်ကိုကို ချီးမြောက်ကြတယ်၊ Stark ကြတော့ လူတွေကို သတိ ပေးနေတဲ့ ဆောင်ပုဒ် ဖြစ်တယ်။ အဲ့တော့ သူတို့ ရဲ့ ဆောင်းရာသီက တခုခု ထူးခြားလိမ့်မယ်။ အဓိက ဇာတ်ကောင်တွေ အများ ကြီးပါဝင် တဲ့ House ဖြစ်တယ်။ The Wall နဲ့ တော်တော် လေး နီးတဲ့ Winterfell မှာ နေကြတယ်။


3. House Arryn   
  
House Arryn
*သင်္ကေတ* လခြမ်း နဲ့ သိမ်းငှက်။
*ဆောင်ပုဒ်* As High as Honor (ဂုဏ်သရေ ကဲ့သို့ မြင့်မားသော)။

                 ဆောင်ပုဒ် ရဲ့ ဆိုလို ရင်းက သူတို့ နေတဲ့ နေရာ မြင့်သလောက် ကို ဂုဏ်သရေ ဟာလည်း မြင့်မားတယ်၊ နေတဲ့ နေရာ က တော်တော့် ကို မြင့်တယ် တိမ် တွေ ရဲ့ အထက်မှာ ကို ရှိတာ၊ အပြစ် ပေးလို့ ရှိရင် လည်း အဲ့ပေါ် ကနေ ပြစ်ချတာ၊ အဲ့နေရာကို Season 4 မှာ မြင်ရလိမ့်မယ်။ ဒီ House ရဲ့ နာမည် ကြီး တဲ့ လူ ကတော့ Jon Arryn၊ ဘုရင် Robert ရဲ့ ညာလက် ရုံး Season 1 မစခင်မှာကို သေသွားတယ်။

4.House Greyjoy
House Greyjoy
*သင်္ကေတ* Kraken လို့ခေါ်တဲ့ အကြီးစား ရေဘဝဲ။
*ဆောင်ပုဒ်* official ကတော့ We Do Not Sow (ဘယ်တော့မှ မျိုးစေ့ မပျိုးဘူး)။ အပြောများတာတော့ What is Dead May Never Die။


                 Iron Islands မှာ နေ ထိုင် ကြ တယ်၊ Viking တွေ နဲ့တူတယ်၊ ပင်လယ် ထဲမှာ ရှိတဲ့ မကောင်းဆိုးဝါးတွေ ကို သွားရောက် နိမ်နှင်း ရတယ်လို့ ပြောကြတယ်။ အဲ့မကောင်းဆိုးဝါး ကို Kraken လို့ ခေါ်တယ်၊ အဲ့ဒါကြောင့်ပဲ House ရဲ့ သင်္ကေတ က အဲ့ အကောင် ဖြစ်နေတာ။
                 We Do Not Sow ဆိုတဲ့ ဆောင်ပုဒ် အတိုင်းပဲ Byron Greyjoy က ကိုယ့်သား အရင်း ဖြစ်တဲ့ Theon Greyjoy ကိုတောင် စစ်ရုံးလို့ ဆိုပြီး Stak တို့ကို လျော်ကြေး အဖြစ် ငယ်ငယ်လေး ကတည်းက ပေးလိုက်တယ်။



5. House Tully   

House Tully
*သင်္ကေတ* ရေပေါ် ကို ခုန်တက် နေတဲ့ ငါး။
*ဆောင်ပုဒ်* Family, Duty, Honor (မိသားစု၊ တာဝန်၊ ဂုဏ်ထူး)။ 


                  ဒီ House က တာဝန် ကို အရမ်းတန်ဖိုးထားတယ် ဘာပဲ ဖြစ်နေဖြစ်နေ တာဝန် ကို အရင်ဆုံးမှာထားတယ်။ ဒီ House ရဲ့ အဓိက ဇာတ်ကောင် ဖြစ်တဲ့ Catelyn နဲ့ Lysa ဆိုတဲ့ ညီမ နစ်ယောက် ရှိတယ်။ Catelyn က Ned Stark နဲ့ လက်ထပ်ပြီး Winterfell ကို ရောက်သွားတယ်။ Lysa ကတော့ Jon Arryn နဲ့ လက်ထပ်ပြီး Vale ကိုရောက်သွားတယ်။


6. House Lannister  


House Lannister
*သင်္သေတ* ရွှေရာင် ခြသေ့င်္။
*ဆောင်ပုဒ်* official ကတော့ Hear Me Roar! (ငါ့ဟစ်ကြွေး သံ ကို နားထောင်ကြ)။ ခနခန ကြားရမှာကတော့ A Lannister Always Pays His Debts။


                  Westeros မှာ အချမ်းသာ ဆုံး၊ ကြောက်စရာ အကောင်းဆုံး နဲ့ လူမုန်း အများ ဆုံး House၊ ဖြစ်တယ်။ အဓိက ဇာတ်ကောင် တွေ အများကြီး ပါတယ် Mad King ကို သတ်လိုက်တဲ့ Ser Jaime၊ မိဖုရား ဖြစ်တဲ့ Cersei၊ ကျွန်တော် အကြိုက်ဆုံး ကတော့ Tyrion ဂျပု၊ အစပိုင်း တုန်းကတော့ လေကြီးလို့ သိပ်မကြိုက်ခဲ့ဘူး နောက်တော့ သူ့ကို တော်တော် အားပေးဖြစ်တယ်။ ဒီ House ရဲ့ နောက်ထပ် ထူးခြား ချက်က သွေးကို အရမ်း ထိန်းသိမ်းတယ်၊ အပြင်သွေး မရော အောင် ဆို ပြီး မောင်နှမ ခြင်း လက်ထပ် လေ့ ရှိတယ်။ King’s Landing မှာ တော့ အဲ့ဒါက တရားမဝင်ဘူး။



7. House Tyrell  


House Tyrell
*သင်္သေတ* ရွှေရောင် နှင်းဆီ ပန်းပွင့်။
*ဆောင်ပုဒ်* Growing Strong (ကြံခိုင်စွာရှင်သန်သော) သို့မဟုတ် (ကြီးလေမာလေ) 😆။ 


                  အရမ်းကို စိမ်းလန်း ဆိုပြေတဲ့ Highgarden ဆိုတဲ့ နေရာ မှာ နေထိုင်ကြတယ်။ ဒီ House က ဇာတ်ကောင်တွေ က ဆောင်ပုဒ် နဲ့ သင်္သေတ နဲ့ တော်တော် လိုက်ဖက် တယ်။ ကြည့်လိုက်ရင် နုညံ တယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ မဟုတ်ဘူး။ Loras Tyrell ဆိုတဲ့ နှင်းဆီပန်း သူရဲကောင်း ကလည်း တိုက်တာ ခိုက်တာ အရမ်းကောင်း။ Margaery Tyrell ဆိုရင်လည်း ဥာဏ်နီ ဥာဏ်နက် အရမ်းများ။


8. House Baratheon           


House Baratheon
*သင်္သေတ* သမင် ဂျို။ (အလံ မှာတော့ သမင် တစ်ကောင်လုံး)
*ဆောင်ပုဒ်* Ours is the Fury (ငါတို့ဟာ ယုတ်ရင့်ကြမ်းတမ်းတဲ့သူတွေဖြစ်တယ်)။


                  ဒီ House ရဲ့ အောက်ကမှ House နှစ်ခု ထပ် ခွဲတယ်၊ House Baratheon of King's Landing နဲ့ House Baratheon of Dragonstone။ အသုံးပြုတဲ့ ဆောင်ပုဒ် ခြင်း တူပေမယ့် သင်္သေတ ကတော့ မတူပါဘူး။ အဓိက ဇာတ်ကောင်တွေ ကတော့ Mad King ကို သတ်ပြီး ဘုရင် လုပ် နေတဲ့ Robert၊ သူ့ညီ နှစ်ယောက် ဖြစ်တဲ့ Stannis ရယ် House Tyrell က Margaery နဲ့ လက်ထပ် ထားတဲ့ Renly။ ညီကို သုံးယောက်လုံး တယောက်နဲ့ တယောက် မတည့်ကြဘူး။




9. House Martell  


House Martell
*သင်္သေတ* လှန်နဲ့ စိုက် ထားတဲ့ နေလုံး အနီ ရောင်။
*ဆောင်ပုဒ်* Unbowed, Unbent, Unbroken မြန်မာလို ဆို မညွှတ်၊ မကွေး၊ မကျိုး ဖြစ်မယ်ထင်တယ် lol 🤣။ 


                  Unbroken ဆိုတဲ့ အတိုင်းပဲ Targaryen တွေ Westeros ကို ဝင် တိုက်တော့ အသိမ်း မခံ ရတဲ့ House ဖြစ်တယ်၊ ဒါမယ့် စစ်ပွဲ တခု ရှူံးဖူးတယ်။ နှစ်ဖက် အထိ ခိုက် အရမ်း များ တော့ Targaryen တွေကလည်း နိုင်တယ် ဆိုပေမယ့် ဆုံးရှူံး တာ ပိုများ နေလို့ သားသမီး ခြင်း ပေးစား ပြီး ချစ် ကြည်ရေးယူလိုက်ကြတယ်။ Oberyn ဆိုတဲ့ လူ ကြိုက် များတဲ့ ဇာတ်ကောင် ပါတယ်။ တိုက်ခိုက်တဲ့ နေရာမှာလည်း လှန်ကို အဓိက ထား အသုံးပြုတယ်၊ Season 4 မှာ မြင်ရလိမ့်မယ်။





Houses of GOT
                    ပြောချင်တာ ခုမှ စတာ အပေါ်မှာ ပြောခဲ့ သလို ပဲ Valyrian ကျရှူံး ခြင်းနဲ့ အတူ နဂါးတွေလည်းပါသွားတယ်။ ဒါမယ့် နောက်ဆုံလက်ကျန် သုံး ကောင် တော့ ရှိသေးတယ်။ အဲ့ သုံး ကောင် ကို Aegon, Visenya, Rhaenys ဆိုတဲ့ Targaryen သုံးယောက်က ထိန်းချူပ် ပြီး စစ်တပ် နဲ့ အတူ Westeros ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်လိုက်တယ်။
                    Targaryen တွေ Westeros ကို သိမ်းပြီး ခေတ် အဆက်ဆက် အုပ်ချူပ်လာကြတယ်။ အဲ့မှာ ဒုတိယ မြောက် မျိုးဆက် ဖြစ်တဲ့ Aerys Targaryen ခေတ် ကို ရောက်လာတယ်၊ သူ့ကို Mad King ဆိုပြီးလူသိများတယ်။ နဂါး မေမေ Dany ရဲ့ အဖေ လည်းဖြစ်တယ်။ ပြသနာ အစကတော့ Mad King ရဲ့ သား ဖြစ်တဲ့ Rhaegar Targaryen က Elia Martell နဲ့ လက်ထပ် ပြီးထားကို Lyanna Stark ကို ထပ် ပြီး ခိုးပြေးတယ်၊ Lyanna Stark က Robert Baratheon နဲ့ စေ့ဆပ်ပြီးထား၊ အဲ့တော့ Lyanna အကို ဖြစ်တဲ့ Brandon က ဘုရင် ကြီး ဆီကနေ တရားမျှတ မူ့ကို တောင်းဆို မယ် ဆိုပြီး Winterfell ကနေ မြို့ တော် King's Landing ကို ရောက်လာတယ်၊ ဒါပေမယ့် ဘုရင် ကြီးက သူ့ စကား ကို ဂရုမစိုက်ဘူး၊ အဲ့အပြင် ဘုရင် မျိုး နွယ် ကို စော်ကား တယ် ဆိုပြီး ဖမ်းထားလိုက်တယ်၊ ဒါကို သူ့အဖေဖြစ်တဲ့ Rickard Stark က သိတော့ ချက်ခြင်းလိုက်လာတယ်၊ နောက်ဆုံး နှစ်ယာက်စလုံး အသတ်ခံလိုက်ရတယ်။ 

                   အဲ့ကိစ္စကို လုံးဝ သီးမခံ နိုင်တော့ လို့ Stark, Baratheon, Arryn တို့ House တွေ အားလုံး လူစုပြီး Kings’ Landing ကို ဝင်တိုက်ကြတယ်၊ အဲ့ဒီ အချိန် အခါ ကို Robert's Rebellion (Robert ပုန်ကန်ထကြွခြင်း) လို့ ခေါ်တယ်၊ နောက်ဆုံးတော့ Robert တို့ အုပ်စုက က အနိုင် ရသွားတယ်။ Targaryen မှန်သမျှတ အကုန်သတ်တယ်။ ဒါပေမယ့် Daenerys နဲ့သူ့အကို Viserys ကတော့ မသေပဲ ကျန်ခဲ့တယ်။ Robert ကိုယ်တိုင်က ပဲ ဘုရင် ဖြစ်သွားတယ်။ အဲ့ဒါပြီးတော့ Game of Thrones (Season 1 Episode 1) စတော့တာပဲ။




--------------------------------------------




NOTE : အထက်ပါ post ကို Kyaw Kyaw Soe Facebook Account မှကူးယူဖော်ပြထားခြင်းဖြစ်သည်။

Post a Comment

0 Comments