မိမိသွေးကြောအတွင်း သုတ်ရည်သွင်းသူ ဆေးရုံတက်ခဲ့ရ

သုတ်ရည်သွင်းမှုကြောင့် အသားအတွင်းလေခိုနေမှု X-ray ပုံ

            Dublin မြို့တွင်တနေရာမှာ အသက် ၃၃ နှစ်ရှိသော လူတစ်ဦးဟာ ကိုယ်လက်ကိုက်ခဲမှုဒဏ်ပြောက်ကင်းသွားအောင်ဆိုပြီး မိမိသွေးကြောအတွင်း မိမိရဲ့သုတ်ရည်ကိုအခါခါထိုးသွင်းခဲ့ပါတယ်။
            "ဒီလိုသုတ်ရည်ကို ကျန်းမာရေးကောင်းစားဖို့အတွက် ဆေးရည်အနေနဲ့ထိုးသွင်းခဲ့တာဟာ လုံးဝမကြားဖူးတဲ့ ပထမဆုံးဖြစ်စဉ်ပါ"  လို့ Dublin မြို့ရဲ့ဆရာဝန်တွေက ပြောခဲ့ကြပါတယ်။
           ဆေးရုံရောက်လို့စစ်ဆေးတော့ ဆရာဝန်က လူနာရဲ့ညာဘက်လက်မောင်းဟာ သာမန်ထက်ပိုပြီးဖောင်ကြွနေတာကို သတိပြုမိခဲ့တယ်။ ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲလို့မေးတော့ လူနာပေးတဲ့အကြောင်းပြချက်ဟာ ဆရာဝန်အားလုံးကို အံ့အားသင့်စေခဲ့တယ်။
            " သူဟာ ခါးနာဝေဒနာရည်ရှည် ခံစားနေရတာကို ပျောက်ကင်းသွားအောင် သုတ်ရည်သွင်းခဲ့တာပါ " လို့လူနာရဲ့အကြောင်းပြချက်ကို ဆရာဝန်က ထပ်ဆင့်ပြန်ရှင်းပြခဲ့ပါတယ်။
             နောက်ထပ်မေးမြန်းချက်အရလူနာဟာ ဆေးထိုးအပ်ကို online ကနေ၀ယ်ယူခဲ့တာဖြစ်ပြီး တစ်လတစ်ခါ ပုံမှန်သုတ်ရည်ထိုးသွင်းခဲ့ပါတယ်။ ဒီလို လုပ်လာတာ ၁၈ အတွင်း ၁၈ ခါလုပ်ခဲ့တာပါ။ ဆေးရုံမပြခင်မှာ သူဟာ ခါးနာတာကို အရမ်းခံစားခဲ့တာကြောင့် သုံးကြိမ်ဆက်တိုက်သုတ်ရည် သွင်းခဲ့တယ်လို့ပြောပြခဲ့ပါတယ်။


            သူသွင်းခဲ့တဲ့သုတ်ရည်ဟာ သွေးကြောကတစ်ဆင့် သွေးကြောမွှာလေးနဲ့ ကြွက်သားတွေဆီကိုရောက်သွားပါတယ်။ ဆေးခန်းပြပြီး X-ray ရိုက်ကြည့်တော့ အသားအတွင်း လေခိုနေတာတွေ့လို့ ချက်ချင်းဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံမှာတော့ ရက်အနည်းငယ်ကုသခံခဲ့ရပြီး ဆေးရုံပြန်ဆင်းခဲ့ပါတယ်။
              ဆေးဝါးပိုင်းနှင့်ပတ်သတ်ပြီး စမ်းသက်မှုဟာ အရမ်းပင်အန္တရာယ်များလှပါတယ်။ ထိုအဖြစ်အပျက်ကြောင့်ဆရာဝန်တွေဟာ ကြေညာချက်တစ်ခုထုတ်ခဲ့ပါတယ်။ ဘယ်လိုအရည်မျိုးကိုမှ ဆရာဝန်ခွင့်ပြုချက်မယူပဲ သွေးကြောအတွင်းသို့မထိုးသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Thu Rein (GK Kabar Team)

Post a Comment

0 Comments