Amazon ပိုင်ရှင် Jeff Bezos ရဲ့ အောင်မြင်ခြင်း လျှို့ဝှက်ချက်များ


ဂျက်ဘီဇော့ (Jeff Bezos)
     
               ဂျက်ဘီဇော့ဟာ ကမ္ဘာ့အကြီးဆုံး အွန်းလိုင်းဈေးကွက်ဖြစ်တဲ့ Amazon ကိုပိုင်ဆိုင်ရုံသာမက အမေရိကန်ရဲ့ နာမည်အကြီးဆုံးဂျာနယ်ထဲကတစ်ခုဖြစ်တဲ့ The Washington Post ရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။ ဒါ့အပြင် Blue Origin ရဲ့တည်ထောင်သူလည်းဖြစ်ပါတယ်။
               Forbes 2018 Billionaires List ထဲမှာ ထိပ်တည်ပြီး ကမ္ဘာ့အချမ်းသာဆုံးသူလည်း ဖြစ်ပါတယ်။ လက်ရှိဒီစာကိုရေးနေချိန်မှာ သူပိုင်ဆိုင်တဲ့ငွေပမာဏကတော့ 135.6 billion USD ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရသလဲဆိုတာ မတွေးမိနိုင်အောင်ပါပဲ။ ဒီတော့သူလုပ်နေကျဖြစ်တဲ့ တနေ့တာလုပ်ငန်းတွေကို ပရိသတ်ကြီး သိချင်မိမယ် ထင်တာကြောင့် ရေးပေးလိုက်ပါတယ်။

မနက်ပိုင်းသမား

                 Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook လိုပဲ ဂျက်ဘီဇော့ဟာလဲ စောစောအိပ်ပြီး မနက်စောစောအိပ်ယာထတဲ့သူ ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ သတင်းတွေကိုနားဆင်ပါတယ်။ ထို့နောက် မိသာစုနဲ့အတူတူ မနက်စာကိုသုံးဆောင်ပါတယ်။ ကော်ဖီကတော့မပါမဖြစ်ပါ။ စားသောက်ပြီး သူ့ပန်ကန်ကို ကိုယ်တိုင်ဆေးကြောပါတယ်။

အရေးကြီးသောဆွေးနွေးမှုနဲ့ အလုပ်စလုပ်ခြင်း

             သူရဲ့ပထမဆုံးဆွေးနွေးမှုကတော့ မနက် ၁၀ နာရီမှာစတင်ပါ။ ဒီဆွေးနွေးမှုမှာတော့ IQ level မြှင့်သူတွေ အဆင့်မြှင့် အကြံပေးအရာရှိတွေ ပါဝင်ပါတယ်။ ဒီမီတင်းမှာ Amazon ရဲ့အနာဂတ်ကိုဦးစားပေး ဆွေးနွေးပါတယ်။


၅ နာရီနောက်ပိုင်း ဆုံးဖြတ်ချက်လုံးဝမချခြင်း

           ဂျက်ဘီဇော့ဟာ ဆုံးဖြတ်ချက်တွေချဖို့ ဘယ်အချိန်ကသူ့အတွက် အကောင်းဆုံးလဲဆိုတာ သူ့ကိုယ်သူသိပါတယ်။ ဒါ့ကြောင့် ညနေ ၅ နာရီနောက်ပိုင်းမှာ သူဟာလုံးဝ ဆုံးဖြတ်ချက်မချတတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲအချိန်မှာသူဟာ စိတ်ရောကိုယ်ပါ မောပန်းနွယ်နယ်နေပြီး ဖြစ်ပါတယ်။
ထိုဆုံးဖြတ်ချက်တွေကို မနက် ၁၀ နာရီ ဆွေးနွေးပြီး ဆုံးဖြတ်ပါတယ်။ မနက် ၁၀ နာရီဟာ လူတဦးအတွက် စိတ်ကြည်လင်ဆုံးနဲ့ အတက်ကြွဆုံးအချိန်ဖြစ်တယ်လို့ သူကမှတ်ယူထားပါတယ်။

အိပ်ချိန်ကို လုံးဝအစားမထိုးဘူး

            စိတ်ကြည်လင်ဖို့နဲ့ ခန္ဓာကိုယ်အားအင်ပြည့်ပြီး လန်းဆန်းနေဖို့ဆိုတာ သူ့အတွက်အလိုအပ်ဆုံးပါ။ တစ်ရက်ကို ၈ နာရီအိပ်ချိန်ပုံမှန်ပေးပါတယ်။ ဒီအတောအတွင်း ဘယ်လောက်ပဲ အရေးကြီးတဲ့ အလုပ်ဖြစ်ပါစေ လုံးဝမလုပ်သင့်ဘူးလို့ သူ့ကိုယ်သူထင်မြင်ပါတယ်။ အချိန်မှန်မှန်အိပ်စက်ခြင်းဟာ သူ့အတွက်တော့ မဖြစ်မနေလုပ်ရမယ့်တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။

အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်

            ဂျက်ဘီဇော့ရဲ့ ပြောချက်အရ
 အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ သေးမွှားသောကိစ္စကိုတောင်မှ သေချာဂဂဏဏ ဆုံးဖြတ်ခြင်းပဲဖြစ်ပါတယ်။ ကိစ္စအများအပြားကို ဖြစ်သလိုဆုံးဖြတ်ခြင်းဖြင့် လုံးဝမအောင်မြင်နိုင်ပါ
            အကယ်၍ လူတဦးဟာ မောပန်းပြီး အားအင်းကုန်ခမ်းနေရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာမဟုတ်ဘူး။

               ကြည့်ရသလောက်တော့ ကျွန်ုပ်တို့ဟာ ဂျက်ဘီဇော့ဆီကသင်ယူဖို့အများကြီးကျန်ပါသေးတယ်။ တကယ်လို့ သူ့ရဲ့စည်းမျဉ်းစည်းတွေကို မိမိကိုယ်တိုင်အကောင်ထည်ဖော်ရင် အောင်မြင်ဖို့ဆိုတာ မဝေးကွာပါဘူး။ ဒါ့နဲ့ ခင်ဗျာကရော ဒီစဉ်မျည်းအတိုင်း ကျင့်သုံးသွားဖို့ရှိသလား ???

Thu Rein (GK Kabar Team)

Post a Comment

0 Comments