သင်မသိသေးသော စတန်လီအကြောင်း

စတန်လီ
စတန်လီရဲ့သေဆုံးတဲ့သတင်းဟာ လူအားလုံးကိုအံအားသင့်စေခဲ့တယ်။သူ့နေရာကိုအစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။သူနဲ့ပတ်သတ်ပြီးလူသိနည်းတဲ့အချက်(၁၁)ကိုအောက်မှာရေးပေးထားပါတယ်။


(၁) သူရဲ့အကြိုက်ဆုံးစူပါဟီးရိုးကတော့ Spider-Man ပဲဖြစ်ပါတယ်။

(၂) သူဟာ အသက် ၁၇ နှစ်အရွယ်မှာ အယ်ဒီတာတာဝန်ကိုစတင်ထမ်းဆောင်ခဲ့ပါတယ်။

(၃) Iron-Man ဇာတ်ကောင်ကို လူတွေလုံးဝကြိုက်မှာမဟုတ်ဘူးလို့ သူထင်ခဲ့ပါတယ်။

(၄) သူဟာတချိန်က အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းခဲ့ဖူးသူပါ။

(၅) သူရဲ့အကြိုက်ဆုံးစူပါဗီလန်(လူဆိုး)ကတော့ Dr.Doom ပဲဖြစ်ပါတယ်။


(၆) သူဟာ Captain America မှာစတင် သရုပ်ဆောင်ခဲ့ပါတယ်။

(၇) Timely Comics မှာတော့ ၁၉၄၁ ခုနှစ်မှာ အယ်ဒီတာတာဝန်ကိုစတင်ထမ်းဆောင်ခဲ့ပါတယ်။

(၈) စတန်လီဟာ Hulk ကို ခဲရောင်နဲ့တီထွင်ခဲ့ပါတယ်။ဒါပေမယ့် ပုံနှိပ်စက်ချွင်းချက်ကြောင့် Hulk ဟာ အစိမ်းရောင်ပြောင်းသွားခဲ့ရပာတယ်။

(၉) စတန်လီရဲ့နာမည်အပြည့်အစုံကတော့ စတန်လီမာတင်လီဗာ (Stanley Martin Lieber) ဖြစ်ပါတယ်။

(၁၀) သူပါဝင်ဖန်တီးခဲ့တဲ့ဇာတ်ကောင်တွေကတော့ Spider-Man, Hulk, Doctor Strange, Iron Man, Thor, X-Men အပြင် တခြားနာမည်ကြီးဇာတ်ကောင်တွေပါဝင်ပါတယ်။

(၁၁) စတန်လီဟာ အသက်(၁၆)နှစ်မှာပဲ ဘွဲ့ရခဲ့တာပါ။

Thu Rein (GK Kabar Team)

Post a Comment

0 Comments